နိုင်ငံအဝှမ်း မွတ်စလင် အမြစ်ပြတ်သုတ်သင်ရေး စစ်အစိုးရ စီမံကိန်းရေးဆွဲနေသလား?
ထိုင်းနိုင်ငံမြောက်ပိုင်း အခြေစိုက် အလွတ်တန်း သတင်းထောက် ဖရန့်စစ် ဝေ့ဒ် (Francis Wade) ၏ “Asian Correspondent” တွင် နိုဝင်ဘာ (၇)ရက်နေ့က ဖော်ပြခဲ့သော “Burma’s potential for a nationwide religious war” ကို ဆီလျော်အောင်ပြန်ဆိုသည်။
ပြီးခဲ့တဲ့ ရက်သတ္တပတ်အတွင်း ဖြစ်ပွါးခဲ့တဲ့ ရိုဟင်ဂျာနဲ့ ရခိုင်တွေအကြား အကြမ်းဖက်မှုတွေဟာ အခုအချိန်မှာတော့ ဘာသာရေးစစ်ပွဲတစ်ခု အသွင်ကူးပြောင်းလာပြီး ရခိုင်ဒေသပြင်ပကိုပါ ကူးစက်လာဖွယ်ရာ ရှိပါတယ်။ ဒီလို သုံးသပ်ဖို့အတွက် အဓိက အကြောင်းအရင်း တစ်ခုကတော့ ရခိုင်တွေ၊ လုံခြုံရေးတပ်တွေရဲ့ တိုင်းရင်းသား ကမန်မွတ်ဆလင် လူမျိုးတွေအပေါ် တိုက်ခိုက်ခြင်းပါဘဲ။ ယခင်က ဗုဒ္ဓဘာသာဝင်တွေနဲ့ ဘာပြဿနာမှ မရှိခဲ့ဘူးတဲ့ ဒီတိုင်းရင်းသား ကမန်တွေဟာ မြန်မာနိုင်ငံသားတွေ ဖြစ်ပါတယ်။ (နိုင်ငံသား ဟုတ်-မဟုတ် ပြဿနာသည် ရိုဟင်ဂျာများအပေါ် ခွဲခြားဆက်ဆံရခြင်း၏ အဓိက အကြောင်းအရင်းတစ်ခု ဖြစ်သည်ဟု ရခိုင်အပါအဝင်၊ မြန်မာအစိုးရမှ ဖြေရှင်းပြောဆိုထား)
ယခု နိုဝင်ဘာလဆန်းက စစ်တွေမြို့မှာ ဗုဒ္ဓဘာသာဘုန်းကြီးတစ်စုက ဘင်္ဂါလီကုလား (ရိုဟင်ဂျာများအပေါ် နှိမ်ချသော အခေါ်အဝေါ်) တွေကို စာနာထောက်ထားမှု မပြုဖို့နဲ့ ဒီလူတွေဟာ အမျိုးသားသစ္စာဖောက်တွေ ဖြစ်ကြောင်း ဓါတ်ပုံတွေ၊ စာတွေကို ရခိုင်ပြည်နယ် အတွင်းရှိ တခြားမြို့တွေအထိရောက်အောင် ဖြန့်ဝေ နေတာ တွေ့ရှိရပါတယ်။ ဒီလို အလားတူ စာတွေကို မြန်မာနိုင်ငံ အရှေ့ဖက်ခြမ်းမှာရှိတဲ့ မွတ်ဆလင် လူနည်းစုတွေ နေထိုင်တဲ့ ကရင်ပြည်နယ်မှာလည်း ဗုဒ္ဓဘာသာဘုန်းကြီးတွေက ဖြန့်ဝေခဲ့ပါသေးတယ်။ မွတ်ဆလင်တွေနဲ့ အိမ်ထောင်ရေး၊ စီးပွါးရေး အပါအဝင် အခြားကိစ္စရပ်တွေမှာ လုံးဝ ဆက်ဆံမှု မပြုလုပ်ဖို့နဲ့၊ ပြုလုပ်ပါက ပြင်းထန်စွာ အရေးယူမယ်လို့လည်း ဒီစာတွေထဲမှာ ခြိမ်းခြောက် ဖော်ပြထားပါသေးတယ်။
အကြမ်းဖက်မှုတွေ ရပ်တန့်အောင်လုပ်ဖို့က တော့ အတော်လေးကို ခက်ခဲနေပါပြီ။ ရခိုင်ဒေသမှာ ရှိတဲ့ အခြားလူမျိုးတွေက သူတို့ မွတ်ဆလင်မဟုတ်ကြောင်း (မွတ်ဆလင် အဖြစ် အထင်လွဲမှားခံရခြင်းမှတဆင့် ဖြစ်ပေါ်လာမည့် အကြမ်းဖက်မှုများအား ရှောင်လွှဲနိုင်ရန်) အတိအလင်းကို ထုတ်ဖော်ပြသနေရတာတွေကို တွေ့ရပါတယ်။ “ဈေးထဲမှာ အလုပ်လုပ်နေတဲ့ ဟိန္ဒူကောင်လေးတွေကိုတွေ့တော့ (မွတ်စလင်နဲ့ မှားမှာစိုးလို့ သူတို့ ရပ်ကွက်လူကြီးက လက်မှတ်ထိုး ထုတ်ပေးထားတဲ့) သူတို့ဟိန္ဒူဖြစ်ကြောင်းနဲ့ အိမ်လိပ်စာပါတဲ့ တံဆိပ်တွေ လည်ပင်းမှာ ဆွဲထားတယ်။ သူတို့ကလည်း တကယ်တမ်း နိုင်ငံသား မဟုတ်ပါ”လို့ မကြာမီက စစ်တွေမြို့ကို ရောက်ခဲ့တဲ့ နိုင်ငံခြား NGO တစ်ခုမှ ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ခဲ့တဲ့ ထိုင်းနိုင်ငံအခြေစိုက် NGO ဝန်ထမ်းတစ်ဦးရဲ့ စိတ်ဝင်စားဖွယ် သတင်းပြောပြမှုအရ သူဟာ ဘင်္ဂလီကော၊ ရိုဟင်ဂျာကော၊ ရခိုင်ကော သတင်းထောက်အစုံ အပါအဝင် အစိုးရအရာရှိတွေနဲ့လည်း တွေ့ခဲ့ပါတယ်။ ဒီ NGO ဝန်ထမ်းရဲ့ ပြောပြချက်တွေ ထဲက အချို့ကို ကောက်နှုတ်တင်ပြ လိုက်ပါတယ်။
“ရိုဟင်ဂျာသတင်းသမား၊ ရခိုင်သတင်းသမား နှစ်ဘက်စလုံးရဲ့ ပြောပြပုံအရ လက်ရှိဖြစ်စဉ်တွေနဲ့ ပတ်သတ်ပြီး အရပ်သားဝတ်စုံနဲ့ ကွင်းဆင်းလှုပ်ရှားနေသူ အုပ်စုငယ်တစ်ခု ရှိကြောင်း၊ အာဏာပိုင်တွေရဲ့ လွှတ်ပေးထားမှုနဲ့ လုပ်ရှားနေတာဖြစ်ကြောင်း၊ ဘာသာရေးပြသနာ ဖြစ်ပွါးအောင် အထူးအာရုံစိုက် သွေးထိုးလုပ်ဆောင်နေကြောင်းတွေ သိရပါတယ်။ ကိုရမ်ကျမ်းစာတွေ မီးရှို့တာ၊ ဗလီဝတ်ကျောင်းနဲ့ စာသင်ကျောင်းတွေကို တိုက်ခိုက်ဖျက်စီးတာတွေ ထင်ထင်ပေါ်ပေါ် နေ့ခင်းကြောင်တောင်များမှာ ပြုလုပ်နေကြကြောင်း အသေးစိပ်ပြောပြတာတွေ ကြားသိရပါတယ်။”
ရခိုင် သတင်းသမားတွေကလည်း အချင်းချင်း ပြန်တိုက်ခိုက်ခံရမှာ ကြောက်နေပြီး ဒီအကြောင်းတွေကို မပြောရဲ၊ မရေးရဲကြပါဘူး။ ဒါပေမဲ့ အာဏာပိုင်တွေ အထူးသဖြင့် စစ်တပ်က မွတ်စလင် မုန်းတီး ဆန့်ကျင်ရေးတွေ ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေတာကို ရခိုင် သတင်းသမားတွေက ဝန်ခံပြောကြားပြီး အခြေအနေက ပိုမိုဆိုးရွား လာနေပါတယ်။ ပြီးခဲ့တဲ့ အကြမ်းဖက် အဓိကရုန်းတွေကြောင့် သူတို့လည်း ထိခိုက် ဆုံးရှုံးခဲ့ရတာကြောင့် ရခိုင်အကြီးအကဲ အတော်များများက ဒီအကြမ်းဖက်မှုတွေ ဆက်လက်ပြုလုပ်ဖို့ နောက်တွန့် နေကြတာကြောင့် ဗမာ(မြန်မာ)စစ်တပ်က ဘာသာရေး စစ်ပွဲဖြစ်အောင် အပြင်းအထန် သွေးထိုး လှုပ်ရှားနေပါတယ်။
အမည်မဖော်လိုတဲ့ NGO ဝန်ထမ်းတစ်ယောက်က အောက်တိုဘာလမှာ ကရင်ပြည်နယ်နဲ့ ကယား (ကရင်နီ)ပြည်နယ်တွေမှာ လုပ်ဖော်ကိုင်ဖက်တွေ လူမျိုးရေးခွဲခြားနှိမ့်ချ ခံရတဲ့ အဖြစ်အပျက်တွေ ပြန်ပြောပြပါတယ်။ ပြောပြချက်တွေ ထဲက အချို့ကို ကောက်နှုတ်တင်ပြလိုက်ပါတယ်။
“မကြာသေးခင်က မြန်မာမှတ်ပုံတင်တွေ သက်တမ်းတိုးဖို့ ကျနော်တို့လူတွေ ကရင်ပြည်နယ်နဲ့ ကယား(ကရင်နီ)ပြည်နယ်တွေကို ပြန်သွားခဲ့ကြတယ်။ အစိုးရရုံး နှစ်နေရာမှာ နှစ်ခါတိုင်တိုင် သူတို့တွေ မွတ်စလင် ဟုတ်မဟုတ် အမေးခံရတယ်။ သူတို့ မွတ်စလင် မဟုတ်ကြောင်း သက်သေပြပြီးတဲ့အခါ အာဏာပိုင်တွေက ဒီဒေသတွေမှာ မွတ်စလင်အားလုံးကို စာရင်းပြုစုနေကြောင်း သူတို့ကို ရှင်းပြတယ်။ ရုံးအရာရှိတစ်ယောက်က မွတ်စလင်တွေကို နိုင်ငံသားအဖြစ်က ရုပ်သိမ်းဖို့ ဒီစာရင်းပြုစုနေတာလို့ ပြောတယ်။”
သေချာတာကတော့ အတော်များများ ပြန့်နေတဲ့ သတင်းတွေက ပုံပြင်ဆန်သလို ဖြစ်နေပေမဲ့ အားလုံးပြန်ပြောင်း ပေါင်းစပ်ကြည့်လိုက်ရင် ဆင့်ကဲဖြစ်ပေါ်လာနေတဲ့ ဒီပြသနာ အခြေအနေတွေဟာ ပတ်သက် ဆက်စပ်နေသူ အားလုံးအတွက် အလွန် စိုးရိမ်စရာပါ။ လူမျိုးစု တစ်ခုမကတော့ဘဲ ကိုးကွယ် ယုံကြည်မှုတစ်ခု အပေါ် ပစ်မှတ် ထားလာနေပြီ ဆိုရင်တော့ သက်ရောက်လာမဲ့ ဆိုးကျိုးတွေက အလွန်တာသွား စိုးရိမ်ကြောက်ရွံ့ဖွယ်ပါပဲ။
Tags: Asia, Aung San Suu Kyi, Burma, Francis Wade, Myanmar, Non-governmental organization, Rakhine State, Rohingya people
November 9, 2012 at 4:46 am |
If my FRIEND’s Words are correct SOB Thein Sein and SOB Moo Zaw are planing for Nation wide Ethnic Cleansing…They wrongly thought that because they are friends of Obama, USA and West, they could do this on Myanmar Muslims…Becareful Bama Buddhist Nationalist Military…Your country could be invaded by Multi-National Forces and all the States and Muslims would be liberated>>>>ဦးသိန်းစိန် တလောက
ပြောသွားတာ မှတ်မိကြမယ်ထင်ပါတယ်။ ဗလီတွေကို ဥပဒေနည်းလမ်းနဲ့အညီ အရေအတွက် လျှော့ချသွားမယ်တဲ့ဗျ။
အခု သတိထားမိကြမယ်ထင်ပါတယ်။ ဗလီတွေထဲမှာ လက်နက်တွေ ဖမ်းမိလို့တဲ့။ ပိတ်ထားတဲ့ဗလီတွေကို ရှောင်တခင် ၀င်စစ်ပြီး လက်နက်တွေ သိမ်းကုန်ပြီတဲ့။ ဗလီဆရာတွေက သွေးထိုးသူတွေပါတဲ့။ ဦးဇော်ဌေးကလည်း မနေ့က BBC မှာ မွတ်စလင်မ်တွေအကြမ်းဖက်သူတွေပါလို့ တစ်ချိန်ချိန်မှာ သမုတ်ပြမယ်လို့ ကြုံးဝါးသွားပါတယ်။
ဒီစကားတွေကို ချိတ်ဆက်မိလိုက်တော့ ဦးသိန်းစိန်ရဲ့ စီမံကိန်းနဲ့ အခု အွန်လိုင်းပေါ်က မမှန်သတင်းတွေနဲ့ မှူးဇော်ရဲ့ကြုံးဝါးချက်တွေနဲ့ ချိတ်ဆက်မှုတွေဟာ သာမန်တိုက်ဆိုင်မှုတွေ မဟုတ်ကြောင်း စဉ်းစားမိလာပါတယ်။