U Thein Sein, Daw Suu and good Generals of Myanmar Tatmadaw must stop our beloved country from going to the dogs

This is the time to react U Thein Sein and Daw Suu.

Please arrest all the radicals, hard liners who are sabotaging the peaceful democratizing of our beloved country.

If two of you, good Generals of Myanmar Tatmadaw, USA work together with the help of EU, UN, Muslim world, Myanmar could progress, prosper and peaceful even in a very near future.

If not whether you call Myanmar or Burma, our country would go to the dogs.

Read what my FRIEND wrote to me>>>

ကျနော်ထင်တာတော့ သိန်းစိန်ကို နောက်ကျောဓါးနဲ့ ထိုးလိုက်တာလို့မြင်တယ်။ နာမည်တတ်ရရင်တော့ ရွှေမန်းပေါ့။ သိန်းစိန် ICG က ဆုရပြီးနောက်တနေ့ ဒီကိစ္စဖြစ်သွားတာ။

ဝါစဉ်အရ သိန်းစိန်က ဂျူနီယာ၊ ရွှေမန်းက ခင်ညွှန့် ရှေ့မှာတောင်နေရာပေးခံခဲ့ရတဲ့သူ တပ်မှာ သြဇာရှိတယ်။ ကြည်း၊ရေ၊လေ ညှိနှိုင်းကွပ်ကဲရေးမှုး၊
သမ္မတဖြစ်မယ်ဆိုပြီး နာမည်ကြီး ထမင်းငတ်သွားတဲ့သူ၊
သိန်းစိန် သမ္မတဖြစ်လာပြိးကတည်းက လွှတ်တော်ကနေ တောက်လျောက် ပြဿနာလုပ်နေတာ

– ဝန်ထမ်းလစာပြဿနာ
– လွတ်တော်ကော်မရှင်တွေကို ပြည်ထောင်စု အဆင့် မသတ်မှတ်တဲ့ ပြဿနာ၊
– ခုံရုံးပြဿနာ
– အခုလဲ သိန်းစိန် လက်မှတ်မထိုးတဲ့ ဥပဒေ ၂ ခု ကို လွှတ်တော်ပါဝါနဲ့ အတည်ပြုလိုက်ပြီ

သိန်းစိန်က နိုင်ငံတကာမှာ မျက်နှာရနေတယ်။ ဆုတွေလဲ တဆုပြိးတဆုရတယ်။
နိုဘယ်ဆုတောင် စာရင်းသွင်းခံရတယ်။

ကြံဖွတ်ညီလာခံလုပ်တော့ သူက ဥက္ကဌရာထူးမှန်းတယ် ။ နောက်ဆုံး သိန်းစိန် ဥက္ကဌ ဆက်ဖြစ်တယ်။ အရင်က သူက ဒုက္ကဌ တယောက်ထဲ။ ညီလာခံမှာ နောက်ထပ် ဒု-ဥက္ကဌ ၂ ယောက်ထပ်ခံတယ်။ ဌေးဦးနဲ့ သူရအေးမြင့်၊

လွှတ်တော်မှာ ရခိုင်ကိစ္စကို ဝတ်ကျေတန်းကျေပဲဆွေးနွေးတယ်။ တဖက်မှာ သူခမည်းခမက် တော်တဲ့ ဇေကမ္ဘာခင်ရွှေလို ခရိုနီတွေရဲ့ ငွေကြေးအင်အားရှိတယ်။ ယခင်တပ်ထဲမှာ တတိယခေါင်းဆောင်ဖြစ်ခဲ့တော့ အခု စစ်တိုင်းမှူး ဖြစ်နေသူတွေမှာ သူသြဇာ ညောင်းသူတွေရှိနိုင်တယ်။ လက်ရှိအစိုးရအဖွဲ့ထဲမှာ ပြုပြင်ပြောင်းလဲရေး မလုပ်လိုတဲ့ ခေါင်းမာတဲ့ ဝန်ကြိးတချို့ကိုမွေးမယ်။ (ကျော်ဆန်းတို့ ပြုတ်သွားတဲ့ဇော်မင်းတို့လို) ၊
အစိုးရသစ်လက်ထက်မှာ နေရာမရတဲ့ ကြံဖွတ် ဗဟိုက အမှုဆောင်တချို့( အောင်သောင်း) တို့လို၊ အမျိုးသားေ၇းအစွန်းရောက် ဘုန်းကြိးတချို့ရယ်၊ ယခင်ထောက်လှမ်းရေး ပြုတ်ခင်ညွန့်အုပ်စု (ဇေကမ္ဘာခင်ရွှေက သူရဲ့ ဖောင်ဒေးရှင်းမှာ ခင်ညွှန့်ကို ခန့်ထားပါတယ်။ ) ဒီလူတွေအင်အားကို ပေါင်းပြီး သိန်းစိန်ကို နိုင်ငံရေးအကျပ်တွေ့အောင်၊ နိုင်ငံတကာမှာ သိက္ခာကျအောင်၊ ပြည်တွင်းမှာ အထွေထွေအုံကြွမှုတွေဖြစ်ပြီး သိန်းစိန်ပြုတ်ကြသွားအောင် လုပ်နေတဲ့ လမ်းကြောင်းလို့မြင်ပါတယ်။

သိရသလောက် –
တောင်ကုတ်မှာ လူ ၁၀ ယောက်သတ်ခံရတဲ့ ကိစ္စ သတင်းစာမှာ မွတ်စလင်မ် ကုလား လို့သုံးသွားတာ သိန်းစိန်အစိုးရမသိဘဲ ကျော်ဆန်းမွှေသွားတယ်ဆိုတာသိရတယ်။

အခု လက်ပတောင်းကိစ္စမှာ တဖက်မှာ ဆန္ဒပြတဲ့အုပ်စုတွေကို တဖက်လှည့်နဲ့ မြှောက်ပေး ၊ တဖက်မှာ သူလူတွေ ထည့်ပြိး သပိတ်ကို အကြမ်းဖက် နှိမ်နှင်းပြ၊ ပြည်တွင်းမှာလဲ သိန်းစိန်ကို ဆဲ ၊ နိုင်ငံတကာမှာလဲ သိန်းစိန်ကိုဆဲ၊

သိန်းစိန်အစိုးရအနေနဲ့ အဲဒီလောက် အမိုက်ခံပြိး အင်အားသုံးမယ်လို့ တော့ မထင်မိဘူး။

ရခိုင်ကိစ္စရယ်၊ ပြည်တွင်းက မွတ်စလင်မ်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေရယ်၊ အခု လက်ပတောင်းကိစ္စရယ် ရွှေမန်းဦးဆောင်တဲ့ အုပ်စုကြီးက ဖန်တီးကြိုးကိုင်နေတယ်လို့ မြင်မိပါတယ်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: