ဝီရသူ ဘာလဲ? (အပိုင်း ၂)

WTI just share this although I don’t know how many percent of these facts are truth or even no truth at all but I am sure this is a character assassination as a propaganda warfare on the person who is publishing, spreading pamphlets, books, videos, giving speech with similar fake or  false news against Islam and Myanmar Muslims.

And as he is a convicted criminal responsible for killing dozens of Muslims in Kyauksae and Taungoo released with Presidential Pardon but keep on spreading Hate Speech on Myanmar Muslims he should be arrested and even charge at ICC.

Now read the posting in FB which quality is up to par the postings on FB of Wira Thu.

ဝီရသူ ဘာလဲ? (အပိုင်း ၂)

*********
အဲ့ဒီနောက်မှာတော့ တောင်ငူမှာ စာရေးတံမဲလိုပွဲတွေကျင်းပတဲ့အခါ ၀ိသူရကို တောင်ငူမှာ အဓိကရုဏ်းတွေ ဖန်တီးဖို့ ဗိုလ်ခင်ညွန့်က တောင်းဆိုတဲ့တာကြောင့် သူ့ရဲ့မစိုးရိမ်ကျောင်းကို ပြန်လည်ပြင်ဖို့ဆိုပြီး အကြောင်းပြကာ စာသင်သား ကိုရင်တွေကို သူ့ရဲ့စိတ်ချရတဲ့ လက်ထောက်တွေကတဆင့် တောင်ငူကိုသွားကြဖို့ လက်ထောက်တွေရဲ့ ကြီးကြပ်မှုဖြင့် ထောက်လှမ်းရေးတွေက စောင့်ရှောက်ရင်း ခရီးသည်တင် စင်းလုံးငှားကားကြီးသုံးစီးနဲ့ ပို့လိုက်ပါတယ်။ တောင်ငူမှာ မရမ်းကျောင်း၊ ၀ါးကျောင်း၊ နဂါးရုံကျောင်းတိုက် အစရှိတဲ့နေရာတွေမှာ နေရာဖြန့်ကျက်ချထားစေပြီး တောင်ငူအနီးတ၀ိုက်က ရွာငယ်၊ မြို့ငယ်မှ စာဖြေသားတွေ စာမေးပွဲဖြေဖို့ ရောက်လာတဲ့အခါ ဘယ်နေ့ ဘယ်ရက်မှာ မွတ်စလင်မ်တွေရဲ့ အိမ်တွေကို ဖျက်ရမယ်၊ မီးရှို့ရမယ်၊ ဗလီတွေကို ခဲနဲ့ပေါက်ရမယ် အစရှိတာတွေကို မန္တလေးကနေ ကွန်ပျူတာနဲ့ရိုက်ပြီး မိတ္တူကူးယူလာတယ်။ အဲ့ဒီစာရွက်ငယ်တွေကို အသိအမြင်ဗဟုသုတနည်းပါးတဲ့ ကျေးလက်က လူငယ်ကိုရင်တွေဆီ လက်သိပ်ထိုး ဖြန့်ဝေပေးပါတယ်။ အဲ့ဒီနောက်မှာ ဆရာတော်ကြီးတွေ တားမရတော့ဘဲ လက်လွန်ကုန်ပါတော့တယ်။

အဲ့ဒီနောက် မစိုးရိမ် စာသင်သားတွေကို တောင်ငူမြို့ရဲ့အနီးတ၀ိုက်က မြို့နယ်တွေဆီမှာ အဆင့်ဆင့် ဖန်တီးစေပြီးမှ နောက်ဆုံး မန္တလေးမြို့တော်ဆီကို ပြန်ခေါ်လိုက်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဘုန်းကြီးများအား စနစ်ကျ ပိရိစွာဖြင့် လုပ်ဆောင်နိုင်ခဲ့တဲ့ ၀ိသူရမြင့်မောင်ကို ဗိုလ်ချုပ်ခင်ညွန့်ဟာ ပိုမို ရင်းနှီးခင်မင်မှုလာခဲ့ပါတယ်။ နောက်ပိုင်းမှာ နှစ်ဦးတည်း စကားစမြည်ပြောတာမျိုး၊ ရံဖန်ရံခါတွင် နောက်ပြောင်ကျီစယ် ပြောဆိုတာမျိုးတွေ ဖြစ်လာပါတယ်။ ၀ိသူရမြင့်မောင်ကို ရင်းနှီးလွန်းတဲ့ ထောက်လှမ်းရေးများက “မာမီသူ”လို့ အပျော်ခေါ်လေ့ရှိပါတယ်။ နောက်ပိုင်းမှာတော့ “မီမီသူ”လို့ ခေါ်သူတွေ များလာရာက ဗိုလ်ချုပ်ခင်ညွန့်ကလည်း အဆိုပါအတိုင်း “မီမီသူ”လို့ ခေါ်ကာ မိမိရဲ့ ချစ်ခင်ရင်းနှီးမှုကို ထုတ်ပြခဲ့ဖူးတယ်လို့ ထောက်လှမ်းရေး အကျဉ်းသားဟောင်းတစ်ဦးက စာရေးသူကို ထောင်ထဲမှာ ပြောပြဖူးပါတယ်။ထို့နောက်ပိုင်းတွင် ၀ိသူရမြင့်မောင်ဟာ ယခုလို အစ္စလာမ်ဘာသာနှိပ်ကွက်ရေးကို လုပ်ပေးလိုက်ရသည့်အတွက် မိမိတွင် ဘုရင်တစ်ဆူမျှ ကျော်ကြားသူနှင့်လည်း ရင်းနှီးခွင့်ရသလို၊ မိမိလက်ညိုးညွှန်ရာ ရွှေဖြစ်ရသလို ဘာမဆို စိတ်ကူးယဉ်တာနဲ့ ဖြစ်လာရတဲ့လောကစည်းစိမ်တို့အပေါ် သဘောကျ ထိတွေမိပြီး အဆင့်အတန်းတွေကို ပိုမို မက်မောလာပါတော့တယ်။ တစ်ဖက်တွင်လည်း ကျော်ကြားသည့် အာဏာရှင် ဦးနေ၀င်းလက်ထက်ကတည်းက ပြည်သူများကို ဒုက္ခပေးနိုင်ရန်အတွက် အစ္စရေးနိုင်ငံမှာ ထောက်လှမ်းရေးပညာကို နှစ်ပေါင်းများစွာ သင်ယူခဲ့ရာက အစ္စရေးတို့ရဲ့ မှိုင်းတိုက်အယုံသွင်းမှုအရ အစ္စလာမ်မုန်းတီးစိတ်တွေဝင်ကာ ပြန်လာတဲ့ ပြည်တော်ပြန် ဗိုလ်ချုပ်ခင်ညွန့်မှ ၀ိသူရမြင့်မောင်၏ လုပ်ဆောင်ချက် အောင်မြင်ခဲ့သည့်အစွမ်းအစကို ယုံကြည်မိကာ တောင်းခံသမျှ လိုအပ်တာမှန်သမျှ မငြီးငွေဘဲ ပေးကမ်းထောက်ပံ့ခဲ့တာကြောင့် မိမိဘ၀တွင် ရာသက်ပန် ကလားတွေကို နှိပ်ကွပ်သွားတော့မယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။မိမိရဲ့ ဆုံးဖြတ်ချက်ကို တစ်ရက်မှာ မစိုးရိမ်ကျောင်းရဲ့ ကိုရင်ဦးပဇင်းများ ကျိန်းစက်ခါနီးအချိန်တွင် သြ၀ါဒချွေကာ ချပြခဲ့ပါတယ်။ မိမိတို့တွင် ယခင်က မစီးခဲ့ဘူးသော ကားအကောင်းစား (လိုင်စင်မဲ့) များလည်း ဒီဗိုလ်ချုပ်မင်းရဲ့ လှူဒါန်းမှုကြောင့် ရလေပြီ။ ခမ်းနားတဲ့ ကျောင်းဆောင်ကြီးတွေကိုလည်း ဘယ်ကျောင်းမှ လုပ်မပေးဘဲ ဒီကျောင်းကိုသာ လုပ်ပေးခဲ့လေပြီ။ ကြိုက်သလိုနေထိုင်နိုင်ကြတယ်။ သူ၏ ကျေးဇူးသည် သင် ခင်ဗျားတို့အပေါ် များစွာ တင်ရှိနေပါပြီ။ သူသည် အမျိုး၊ ဘာသာ၊ သာသနာအတွက် ရှေ့တန်းကထွက်နေသော လေးစားထိုက်သည့် ဒကာကြီးတစ်ယောက်ဖြစ်တယ်။ ဒါကြောင့် သူပြောသမျှ နားထောင်ပြီးလိုက်လျောပေးဖို့လိုမယ်။ သူကြည်ဖြူရင် ငါတို့တစ်သက် အေးအေးဆေးဆေး နေသွားနိုင်မယ်။ သူဟာ ဒီ တိုင်းပြည်မှာ အကြီးဆုံးဖြစ်တယ်။ သူ့ထက်ကြီးတာဆိုလို့ သကြားမင်းပဲ ရှိတော့မယ်။ သကြားမင်းဆိုတာက တကယ်မြင်ရတဲ့သူမဟုတ်ဘူး။ သူကတော့ သကြားမင်းလို ဘာမဆို စွမ်းနိုင်သူဖြစ်တယ်။ အခြားသူတွေကို သူက စိတ်ကြိုက် လဲလှယ်နိုင်တဲ့ ပါဝါကြီးတဲ့ ဘယ်တော့မှ ပြုတ်မသွားမည့်သူ ဖြစ်တယ်ဆိုတာ မင်းတို့ သဘောပေါက်ကြပါလို့ ပြောခဲ့ဘူးပါသည်။ဒီနေရာမှာ မေးစရာက ရှိလာပြန်ပါပြီ။ သူဟာ ဒီလောက် အစိုးရတဲ့ အာဏာရှင်ကို အပိုင်ပေါင်းထားအဲ့ဒီနောက်ပိုင်း ပြည်ပရဲ့ ဖိအားတွေအရ ပြည်သူတွေ လှုပ်ခတ်လှုပ်ရှားလာကြတာကြောင့် ထပ်မံပြီး ၀ိသူရမြင့်မောင်ကို အထက်မြန်မာပြည် မန္တလေးမြို့နားတ၀ိုက်မှာ ပြဿနာ ဖန်တီးဖို့ ညွှန်ကြားတာကြောင့် ကျောက်ဆည်ပြဿနာဟာလည်း ထိန်းမနိုင်သိမ်းမရ လက်လွန် ခြေလွန်တွေ ဖြစ်ကုန်ပါတယ်။ အဲ့ဒီနောက်ပိုင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ မိမိရဲ့ ဇာတိချက်ကြွေ မွေးရပ်မြေမှာ မိမိ ကြိုတင်မသိလိုက်ရဘဲ ကျောင်းနေဖက် ငယ်ပေါင်းကြီးဖော်တွေနဲ့ သားမြေးတွေကို အပြုံလိုက် မီးတိုက်သွင်းသတ်တဲ့အဖြစ်ကို စိတ်ဆိုးဒေါမန်ပွတာကြောင့် အတ္တကြီးသူပီပီ ဖြေရှင်းဖို့ ဗိုလ်ချုပ်ခင်ညွန့်ကို စေခိုင်းလိုက်တာပါ။ ဒါကြောင့် ဗိုလ်ချုပ်ခင်ညွန့်ဟာ ၀ိသူရမြင့်မောင်ကို တယ်လီဖုန်းဖြင့် သုံးနာရီနဲ့ တစ်ဆယ့်ငါးမိနစ်လောက်ကြာအောင် ဖျောင်းဖြခဲ့ရပါတယ်။ ဒီအချိန်မှာ ၀ိသူရမြင့်မောင်ဟာ အရမ်းကို ခြောက်ခြားနေခဲ့ပြီး နိုင်ငံခြားအရက် အပြင်းစားတွေကို အဆက်မပြတ်သောက်ရင်း ငိုကြွေးအော်မြည်နေခဲ့ရပါသည်။ မိမိသီတင်းသုံးရာ အခန်းတွင်းသို့ ၀င်ရောက်လာသူများကို သောက်လက်စ အရက်များဖြင့် လှမ်းပတ်ခြင်း၊ ဖန်ခွက်၊ ပုလင်း၊ အမြည်းပုဂံပြားတို့ဖြင့် နီးရာစပ်ရာ ပစ်ပေါက်နေခဲ့ပါသည်။

ထိုနေ့က မစိုးရိမ်တိုက်ရှိ ဖုန်းများ မအားလပ်တော့ပါ။ ထောက်လှမ်းရေးနဲ့ နယ်မြေခံစစ်တပ်၊ ရဲတို့ ၀င်ရောက်၍ စစ်ဆေးတော့မည်ဟု ထောက်လှမ်းရေးအကြီးအကဲများက သတင်းပေးနေခြင်းဖြစ်ပါသည်။ ဦးမြင့်မောင်ကို ဘယ်မှ ထွက်မသွားရန်။ ရှောင်မနေရန်၊ အားလုံးကို အဘ (ဗိုလ်ချုပ်ခင်ညွန့်) က တာဝန်ယူ၍ ဖြေရှင်းပေးမည်။ စိတ်ချလက်ချသာ နေထိုင်ပါ။ အေးအေးဆေးဆေးပဲ လာစစ်တဲ့အခါ အစစ်ဆေးခံလိုက်ပါ။ မည်သို့မျှ ပြန်လည် မတုန့်ပြန်ပါနဲ့။ အားလုံးကို အေးဆေးဖြစ်ရအောင် စစ်ဆေးရေးအဖွဲ့နဲ့ဆိုင်ရာလူကြီးတွေကို အဘအမိန့်ပေး ညွှန်ကြားထားပြီး ဖြစ်လို့ စိတ်မကောင်းမဖြစ်ဖို့။ အစရှိသည်တို့ကို မန္တလေးတိုင်းရှိ ထောက်လှမ်းရေးအကြီးအကဲများ တစ်ယောက်ပြီးတစ်ယောက် ဖုန်းဆက်၍ ဖျောင်းဖျနေခြင်း ဖြစ်ပါသည်။ ၀ိသူရမြင့်မောင်ဟာ ထိုသတင်းကို ကြားသိရပြီးနောက်ပိုင်းကတည်းက လွန်စွာ ကြောက်ရွံ့တုန်လှုပ်နေခဲ့ခြင်းကြောင့် ဆောက်တည်ရာ မရ ဖြစ်၍နေခဲ့ခြင်း ဖြစ်ပါသည်။ ငယ်စဉ်က ခိုးဆိုးလုယက်ခဲ့သူဖြစ်သော်လည်း ထိုအခြေအနေများနှင့်လွန်စွာ ကွာခြားသည့် လက်ရှိအခြေအနေများကြောင့် လူတိုင်းဟာ ယခုလို အချုပ်ရောက် ဂတ်ရောက်ရမည်ဆိုပါက သူကဲ့သို့ ဖြစ်ကြမှာ မလွဲပါ။

နောက်ဆုံး သူ့အား ဦးခင်ညွန့်ကာကွယ်နေသည့်ကြားမှပင် မလွန်ဆန်နိုင်သောကြောင့် ထောင်အချပြလိုက်ရပါတယ်။ သို့သော် ဗိုလ်ချုပ်ခင်ညွန့်မှ ၀ိသူရမြင့်မောင်အား ထောင်တွင်း၌ ပြင်ပကမ္ဘာကဲ့သို့ပင် လွတ်လပ်စွာ နေနိုင်ရန် များစွာ စီမံပေးခဲ့လေသည်။ ထောင်တွင်း၌လည်း ဦးမြင့်မောင်သည် ယောက်ျားချင်း လိင်ဆက်ဆံခြင်း၊ လိင်ဆိုင်ရာ ထောင်တွင်းဖျော်ဖြေရေးလုပ်ငန်းများ အခကြေးငွေယူ၍ ဆောင်ရွက်ခြင်း၊ မူးယစ်သေစာများ ရောင်းဝယ်ဖောက်ကားခြင်းတို့ကို ပြုလုပ်နိုင်ခဲ့လေသည်။ ထောင်တွင်း၌ တန်းစီးတာဝန်ယူထားသော လူဆိုးလူမိုက်များအား ဦးမြင့်မောင်သည် မိမိ၏ သက်တော်စောင့်များအဖြစ် ပြောင်းလဲခဲ့ပြီး ထောင်တွင်း ၀ါတာများအား မထီမဲ့မြင်လုပ်ခဲ့လေသည်။ ကပ်လျှက်တွင်ရှိသော အမျိုးသမီးထောင်ဆောင်တွင်းသို့ တံခါးမရှိ ဓားမရှိ လွတ်လပ်စွာ ၀င်ထွက်ခွင့် ပြုထားရလေသည်။ ထောင်တွင်းအမျိုးသမီးငယ်လေးများအား စာရိတ္တပျက်ယွင်းစေရန် လိင်ဆိုင်ရာ လှုံ့ဆော်ခြင်းများ ပြုလုပ်ပြီး အမျိုးသားအကျဉ်းသားများနှင့် အတင်းအကြပ် ပျော်ပါးစေခဲ့ပါသည်။ ထောင်တွင်း၌ အစွတ်စွဲခံရ၍ ထောင်ကျသူ၊ ဘ၀အတွက် ရပ်တည်ရန် အခက်အခဲတစ်ခုခုကြောင့် အကြောင်းမညီညွတ်ဘဲ ရောက်လာရသူ မိကောင်းဖခင်သမီး မိန်းမကောင်းများ များစွာ ရှိနေသော်လည်း ထိုမိန်းကလေးများအား အမျိုးသမီး တန်းစီးများမှတဆင့် လိင်ဖျော်ဖြေရေးများအား ခိုင်းစေခဲ့ပါသည်။ အမျိုးသား အကျဉ်းသားများတွင်လည်း ငွေပေါများသူ ချမ်းသာသူများ အကြောင်းကြောင်းကြောင့် ထောင်ကျလာသူများမှ ဈေးကြီးပေး၍ ပျော်ပါးနိုင်ခဲ့ကြပေသည်။ ဦးမြင့်မောင်မှာ ထောင်ဝါတာ အမျိုးသမီးများကိုပင် -င်ပုတ် ခေါင်းပုတ်လုပ်၍ ကနွဲ့ကလျ စကားပြောတတ်ကာ ငွေကြေးပေါများသူပီပီ နိုင်ငံ့ဝန်ထမ်းများကိုပါ ငွေဖြင့် ဖျားယောင်းသိမ်းသွင်းနိုင်ခဲ့သူ ဖြစ်ပေသည်။ လိင်ဆက်ဆံရန်ဈေးတန်းတစ်ခု၊ ဆက်ဆံသူအား ချောင်းမြောင်းကြည့်ရှုနိုင်ရန်ဈေးတန်းတစ်ခုဟူ၍ အသီးသီး ဈေးဖွင့်ကာ စီးပွားရှာခဲ့ပေသည်။

၎င်းထောင်တွင်းရှိနေစဉ် အစောပိုင်းတွင် ထောက်လှမ်းရေး စစ်ဗိုလ်များမှ ရဲဘက်စခန်းများ၌ လျှို့ဝှက်ခေါ်ယူကာ အားပေးခဲ့ကြပါတယ်။ ထောင်ကျနေစဉ် နောက်ပိုင်းတွင် ၀ိသူရမြင့်မောင်သည် အစ္စလာမ်ဘာသာဝင်များအား ပြန်လည် အာရုံထားလာခဲ့ပေသည်။ အစ္စလာမ်ဘာသာကြောင့် မိမိသည် ယခုကဲ့သို့ အကျဉ်းကျရခြင်းဖြစ်တာကြောင့် ကမ္ဘာမကျေဘူးလို့ ခံယူထားခဲ့ပေသည်။ အစ္စလာမ်ဘာသာဝင်များ ထောင်တွင်း၌ ၀တ်ပြုခြင်းများကို ပြုလုပ်ပါက ပြင်းထန်စွာ အပြစ်ပေးရန် ထောင်အာဏာပိုင်တို့အား ၀ိတ်သုံး၍ စေခိုင်းလေတော့သည်။ နှစ်ရှည်အကျဉ်းသား မွတ်စလင်မ်များ ထောင်တွင်း၌ ဥပုဒ်ဆောင့်သည်ဟု ကြားသိရပါက ထိုမွတ်စလင်မ်တို့အား ၀က်မွေးထားသော ခြံအနီးသို့ အတင်းခေါ်ယူ၍ ၀က်မစင်ဖြင့်စိုက်ပျိုးထားသော ကန်စွန်းရွက်စိမ်းများကို နှုတ်ယူ၍ ပါးစပ်အတွင်း ထိုးထည့်ခြင်း၊ ကိုယ်တိုင် ကြိမ်တုတ်ကိုင်၍ ရိုက်နှက်ခြင်းများ လုပ်ခဲ့သလို၊ နှစ်ရှည် အကျဉ်းသူ မွတ်စလင်မ်အမျိုးသမီးများအား ခေါ်ယူ၍ ဘ၀ပျက်အောင် ဒုက္ခအမျိုးမျိုး ပေးခဲ့သူ ဖြစ်ပါသည်။ ထောင်တွင်း၌ အဓမ္မ ဘာသာပြောင်းခိုင်းခြင်း၊ ကုရ်အာန်ကျမ်းစာများ တွေ့ရှိပါက ရက်ရက်စက်စက် နှိပ်စက်ခြင်း အစရှိသည်တို့ကို လုပ်ဆောင်ခဲ့ပါသည်။

ဗိုလ်ချုပ်ခင်ညွန့် နန်းကျပြီးနောက်တွင် ၀ိသူရမြင့်မောင် ပုံစံ လုံးဝပြောင်းသွားခဲ့ပါသည်။ ယခင် ၀ါတာများ၊ အာဏာပိုင်များလည်း ထောက်လှမ်းရေးနှင့်အဆက်ဆက်ရှိသည်ဟုသတ်မှတ်၍ အလုပ်ဖြုတ်ခြင်း၊ နေရာရွှေ့ခြင်းများ ပြုခဲ့ပြီးနောက် လူသစ်များ ရောက်လာခြင်းဖြစ်ရာ မြင့်မောင်သည် အနေအစားရှောင်လည်စေရန် ပုံစံတစ်မျိုးဖြင့် အာဏာပိုင်တို့အား ချဉ်းကပ်လေတော့သည်။ မိမိသည် ဘာသာတရားကို ကာကွယ်စောင့်ရှောက်သူ၊ ခံယူချက်ကြောင့် အကျဉ်းကျသူဖြစ်ကြောင်း ဖော်ပြလို၍ ထောင်တွင်းအဖြူရောင်ပိတ်များကို သင်္ဃန်းသဖွယ် လုပ်၍ ၀တ်ဆင်ပြီး ၀ါဒဖြန့် တရားများ ဟောကြားလေတော့သည်။ မိမိအနီးအပါးရှိ လူဆိုးလူမိုက်များကိုလည်း မိမိကဲ့သို့ လုပ်ခိုင်းကာ ထောင်တွင်း၌ သာသနာပြုသည်ဟု အကြောင်းပြကာ မိမိ၏ ပြင်ပမှ တပည့်တပန်းများထံ စားကောင်းသောက်ဖွယ်များ မှာယူခြင်း၊ လိင်အင်္ဂါအတုများကို ခိုးသွင်းခြင်းများ ထပ်မံပြုလုပ်ပြန်လေသည်။

ယခင်က သိကျွမ်းခဲ့သူ ထောက်လှမ်းရေးတချို့နှင့်လည်း ထောင်တွင်း၌ ပြန်ဆုံလေသည်။ ထိုသူများနှင့်ပေါင်း၍ ထောင်တွင်းဂိုဏ်းတစ်ခုထောင်ကာ ယခင်ကကဲ့သို့ပင် လုပ်ဆောင်ခဲ့ပေသည်။ ယခုအကြိမ်တွင်တော့ ယခင်ကဲ့သို့ ထင်ထင်ရှားရှား ပါဝင်ခြင်းမပြုဘဲ နောက်ကွယ်မှနေကာ ကြိုးကိုင်ရင်း စီးပွားရှာခဲ့လေသည်။ ယခင်ကဲ့သို့ မရှောင်လည်သောကြောင့် လိင်ဖျော်ဖြေရေးပစ္စည်းငယ်များကိုသာ ခိုးသွင်းရင်း ထောင်တွင်း စီးပွားရှာခဲ့လေသည်။ ထိုအရာများနှင့်အတူ ထောင်တွင်း လိုအပ်ချက်များအား ပြင်ပရှိတပည့်တပန်းများမှတဆင့် နေ့စဉ်ဆွမ်းပို့ဟန်ပြကာ ပြုလုပ်ခဲ့ခြင်းအပေါ် ထောင်အာဏာပိုင်တို့သည် မရိပ်မိခဲ့ကြပေ။ စစ်အစိုးရလက်ထပ် ကိုယ်ပိုင်အတွေးအခေါ်များကို ရိုက်ချိုးဖျက်ဆီးခဲ့ခြင်း၌ အထိနာခဲ့ရသူလူတန်းစားမှာ ၀န်ထမ်းများပင်ဖြစ်တယ်ဆိုတာ ဘယ်သူမှ ငြင်းမရပါ။ ထို ကိုယ်ပိုင်စဉ်းစားဟန် အသိဉာဏ်နည်းကြသော ၀န်ထမ်းများမှ ဦးမြင့်မောင်အား ဒကာ ဒကာမ ပေါသာ ဘုန်းကြီးတစ်ပါးဟု သတ်မှတ်၍ လွှတ်ပေးထားခဲ့ဟန် တူပါတယ်။

ထောက်လှမ်းရေးဟောင်းများ ထောင်တွင်းဝင်လာခဲ့စဉ်က စာရေးသူတို့ မြင်ခဲ့ရပါသည်။ ၀ိသူရမြင့်မောင်သည် ပျော်လွန်း၍ ကနေပါသည်။ မိန်းမမမြင်ရသော ထောင်တွင်းရှိ အကျဉ်းသားများသည် ၎င်းကို ကောင်းကင် နတ်သမီးကတုံးမလေးတစ်ဦး အိုပရာအကဖြင့် လာရောက် ဖျော်ဖြေနေသည့်အလား မှင်သက်၍ ငေးမောနေခဲ့မိကြဖူးသည်။ ၀ိသူရမြင့်မောင်သည် ခန္ဓာကိုအား ဖော့၍ ပေါ့ပါးစွာဖြင့် အဖြူရောင်ပိတ်ပတ်၍ ကားခနဲ့ ကားခနဲ့နေအောင် ကပြနေသည်မှာ အလွန်ကြည့်ကောင်းလှပါသည်။ ပြီးသောအခါ အားလုံးက လက်ခုပ်သြဘာပေးခဲ့ရသည်အထိ ဖြစ်ခဲ့ရပါသည်။ ကပြီးသောအခါ “အသည်းကျော်တွေကို လွမ်းနေတာ သေတော့မယ်”လို့ ပြောပြောပြီး ထောက်လှမ်းရေး စစ်ဗိုလ်ဟောင်း အကျဉ်းသားများကို “ပြွတ်ခနဲ့ ရွတ်ခနဲ့”နေအောင် အနမ်းဖြင့် ဂုဏ်ပြုခဲ့သည်ကို ဒီနေ့ထိ မြင်ယောင်နေမိပါသည်။ ထောက်လှမ်းရေးများက အဘလည်း ထောင်ကျပြီလို့ထင်တယ်လို့ပြောသောအခါ မျက်နှာမဲ့သွားခဲ့ဘူးပါသည်။

နောက်ပိုင်း ရံဖန်ရံခါတွင် ဗိုလ်ခင်ညွန်အကြောင်းပြောသည့်အခါ “ဗိုလ်ခင်”သာ ဒီရောက်လာရင် သိပ်ကောင်းမယ်နော်။ သူ့ကို လွမ်းတယ်ဟာဟု ပြောပြောနေတတ်ပါသည်။

ဦးသိန်းစိန် သမ္မတဖြစ်လာသည့်နောက်ပိုင်း အကျဉ်းသားများ လွတ်မြောက်ခွင့်ပေးသောအခါ ထောင်မှအပြင်သို့ထွက်ရန် အထုပ်များ ပြင်ဆင်ကြသည်။ ထိုအချိန်က မလွတ်မြောက်ဘဲ ကျန်ခဲ့တော့မည့် အိပ်ဖော် စားဖက်များနှင့် ထောက်လှမ်းရေးများအား မခွဲနိုင်ကြောင်း၊ ငိုကြီးချက်မဖြင့် ညပိုင်းတွင် နှုတ်ဆက်လေသည်။ ထိုညက ၀ိသူရမြင့်မောင်သည် စိတ်နှင့်ကိုယ် မကပ်နိုင်သောကြောင့် အပေါ်ပိုင်းဗလာကျင်းအနေအထားဖြင့် ဟိုလူ့အိပ်ယာဝင် ဒီလူ့အိပ်ယာသွားနဲ့ တစ်ညလုံး အချိန်ကုန်ဆုံးခဲ့ရပြီး အပြင်ရောက်သည့်အခါ လာရောက်ကြိုဆိုသူ တပည့်တပန်းများက “နေကောင်းလား”ဟု မေးသောအခါ လောလောဆယ်တော့ အားပျက်နေတယ်လို့ ပြောခဲ့တာ သတိရမိပါတယ်။

ဆက်ရန်…….

လွတ် မြောက် အကျဉ်းသားတဦး

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: