Is Myanmar Gov denial the completion of Genocide No 8th. Stage?

ကာတာနိုင်ငံအခြေစိုက်နာမည်ကြီး အယ်လ်ဂျဇီးရားသတင်းဌာနက ဒီဇင်ဘာလ (၈) ရက်နေ့ကစပြီး (၁၃) ရက်နေ့ထိ The Hidden Genocide လို့ခေါင်းစဉ်တပ်ထားတဲ့ မှတ်တမ်းဗီဒီယို တစ်ခု ပြသမည်ဖြစ်ကြောင်းကို  ဒီဇင်ဘာလ (၃) ရက်နေ့မှာ ကြေငြာခဲ့ပါတယ်။

အဲဒီဗီဒီယို မှတ်တမ်းမှာ
ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ၅ ရက်အတွင်း လူ(၂၀၀) ကျော်ကို သတ်ပြီး ကျင်းအကြီး(၂) ခုထဲတွင် မြုပ်နှံ့လက်စဖျောက်ခဲ့တဲ့အကြောင်း၊
စစ်တပ်၊ နစက၊ လုံထိန်းတွေကပစ်သတ်   လို့သေခဲ့ရတဲ့ ၃၅ ယောက် (ကလေး ၂၅ ယောက်) ကိုမြုပ် ထားတဲ့နေရာ၊
သတ်ဖြတ်ခံရတဲ့လူ ၁၀၀ ကျော်ရဲ့အလောင်းတွေကို ကုန်တင်ကားနဲ့သယ်သွားတာကိုမျက်စိနဲ့ ကိုယ်တိုင်မြင်ခဲ့ရတဲ့ မျက်မြင်သက်သေ၊
လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရိုဟင်ဂျာတွေရဲ့ နေအိမ်တွေထဲကို ဓါတ်ဆီပုလင်းနှင့် ပစ်ပေါက်ပြီး မီးရှို့တဲ့အကြောင်း၊
ဘာသာရေးပညာရှင် ၄၀ ကိုဗလီထဲကိုခေါ်ပြီး အားလုံးကိုသတ်ပစ်လိုက်တဲ့အကြောင်း၊
အသက် ၁၂ နှစ်အရွယ်မိန်းကလေးကို မောင်နှမ၀မ်းကွဲ ၅ ယောက်ရှေ့မှာ ရဲတွေက မီးပုံကြီးထဲကို မီးရှို့သတ်တဲ့အကြောင်း၊
အစုလိုက်အပြုံလိုက်ဖမ်းဆီးပြီး သေတဲ့အထိညှင်းပန်းနှိပ်စက်တဲ့အကြောင်း၊ ရဲစန်းမှာအလောင်း ၆ လောင်းမြင်ခဲ့ရတဲ့အကြောင်း၊
အမျိုးသမီး တစ်ယောက်ကို စစ်သား၊ လုံထိန်း၊ နစက အယောက် (၂၀) ယောက်က၀ိုင်းပြီး မုဒိန်း ကျင့်တဲ့ အကြောင်း၊

စသည်တို့ ပါဝင်မည်ဖြစ်ကြောင်းကို အယ်လ်ဂျဇီးရား သတင်းဌာနရဲ့ ကြော်ငြာမှာ တွေ့ရပါတယ်။

အဆိုပါ ဗီဒီယို မှတ်တမ်းပြသည့်မည့် အစီအစဉ်မှာ အယ်လ်ဂျဇီးရားသတင်းဌာန မှ လုပ်ကြံပုံကြီးချဲ့ပြီး မဟုတ်မမှန် လုပ်ဆောင်မှု ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဌာနမှ တဆင့် မြန်မာအစိုးရမှ ပြင်းထန်စွာ ကန့်ကွက်လိုက်တဲ့ ကြေငြာချက်တစောင်ကို ထုတ်ပြန်လိုက်ပါတယ်။ ကြေငြာချက် အပြည်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

Myanmar Gov response of denial is the completion of Genocide No 8th. Stage..Read here at; 8. DENIAL is the eighth stage that always follows a genocide. It is among the surest indicators of further genocidal massacres. The perpetrators of genocide dig up the mass graves, burn the bodies, try to cover up the evidence and intimidate the witnesses. They deny that they committed any crimes, and often blame what happened on the victims. They block investigations of the crimes, and continue to govern until driven from power by force, when they flee into exile. There they remain with impunity, like Pol Pot or Idi Amin, unless they are captured and a tribunal is established to try them. The response to denial is punishment by an international tribunal or national courts. There the evidence can be heard, and the perpetrators punished. Tribunals like the Yugoslav or Rwanda Tribunals, or an international tribunal to try the Khmer Rouge in Cambodia, or an International Criminal Court may not deter the worst genocidal killers. But with the political will to arrest and prosecute them, some may be brought to justice.

ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန်လုပ်ကြံ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့်ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို မြန်မာနိုင်ငံ အစိုးရအနေဖြင့် ပြင်းထန်စွာ ကန့်ကွက်

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
နိုင်ငံခြားရေးဝန်ကြီးဌာန
သတင်းထုတ်ပြန်ချက်

၁။ ကာတာနိုင်ငံအခြေစိုက်  အယ်လ်ဂျာဇီးရားသတင်းဌာနက မြန်မာနိုင်ငံရှိ ၄င်းတို့အခေါ် ရိုဟင်ဂျာများနှင့် ပတ်သက်သည့် သတင်းအစဉ်တစ်ခုကို ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ ၈ ရက်နေ့မှ ၁၂ ရက်နေ့အထိ အာရပ် ဘာသာဖြင့် လည်းကောင်း၊ ဒီဇင်ဘာလ(၉)ရက်နေ့မှ (၁၃)ရက်နေ့အထိ အင်္ဂလိပ်ဘာသာဖြင့် လည်းကောင်း၊  ထုတ်လွှင့် ပြသသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါအစီအစဉ်တွင် ၄င်းတို့အခေါ် ရိုဟင်ဂျာများအား လူမျိုး တုံးအောင် သတ်ဖြတ်လုပ်ဆောင်နေမှုများကို ထည့်သွင်း ဖော်ပြသွားမည်ဟုလည်း ဖော်ပြထားသည်ကို တွေ့ရှိ ရပါသည်။

၂။၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လတွင်လည်းကောင်း၊ ၂၀၁၂ ခုနှစ် အောက်တိုဘာလတွင်လည်းကောင်း ဖြစ်ပွား ခဲ့သော ရခိုင်ပြည်နယ်အတွင်း ဘင်္ဂ࿿ါလီလူမျိုးစုများနှင့် ဒေသခံရခိုင်တိုင်းရင်းသားများအကြား အကြမ်းဖက် မှုများနှင့် စပ်လျဉ်း၍ မြန်မာနိုင်ငံအစိုးရအနေဖြင့် အဆိုပါကိစ္စ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ ပွင့်လင်း မြင်သာ မှုရှိစွာ ကိုင်တွယ်ဖြေရှင်းဆောင်ရွက်ခဲ့ပါသည်။

၃။ အဆိုပါ လူမှုအုပ်စု နှစ်ခုအကြား ဖြစ်ပွားသည့် အကြမ်းဖက်မှုများ ဖြစ်ပွားရာနေရာများသို့ ကုလသမဂ္ဂ လက်အောက်ခံ အဖွဲ့အစည်းများ၊ အပြည်ပြည်ဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ၊ သံတမန်များ၊ Muslim Aidအဖွဲ့တို့အား ကိုယ်တိုင်သွားရောက် ကြည့်ရှုခွင့်ပေးခဲ့သည်။ ထိုအပြင် တူရကီ၊ အင်ဒိုနီးရှား၊ မလေးရှား စသည့်နိုင်ငံများနှင့် အစ္စလာမ်မစ် ပူးပေါင်း ဆောင်ရွက်ရေး အဖွဲ့(OIC )မှ နိုင်ငံခြားရေးဝန်ကြီး၊ အဆင့်မြင့် ကိုယ်စားလှယ်များကိုလည်း သွားရောက်ခွင့်ပြုခဲ့သည်။

၎။ထို့ပြင် ပဋိပက္ခကြောင့် အိုးမဲ့အိမ်မဲ့ဖြစ်နေသူများ ဒုက္ခသည်များအား နေရာချထားပေးရေး၊ ပြန်လည် ထူထောင်ရေး၊ စားနပ်ရိက္ခာ၊ ကျန်းမာရေးနှင့် အခြားလူမှုရေးလိုအပ်ချက်များ ပံ့ပိုးပေးရေး စသည့် လူသားချင်း စာနာထောက်ထားသည့် အကူအညီများကိုလည်း ခွဲခြားမှုမရှိဘဲ ထိခိုက်နစ်နာသူ အုပ်စုနှစ်ခုလုံး အတွက် မျှတစွာ ထောက်ပံ့ကူညီပေးအပ်ခဲ့သည်။

၅။နိုင်ငံတော်အစိုးရအနေဖြင့် အကြမ်းဖက်မှုများ ချုပ်ငြိမ်းရေးနှင့် တရားဥပဒေစိုးမိုးရေး အတွက် ဥပဒေနှင့ အညီထိန်းသိမ်း ဆောင်ရွက်ခဲ့ပြီး ဤကိစ္စနှင့်စပ်လျဉ်း၍ အသေးစိတ် စုံစမ်းစစ်ဆေးမှုပြုလုပ်နိုင်ရန် လွတ်လပ် သည့်  စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ရပ်ကိုလည်း ဖွဲ့စည်းပေးခဲ့ပြီးဖြစ်သည်။

၆။ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ဖြစ်စဉ်များအပေါ်တွင် သတင်းဌာနအချို့နှင့် အဖွဲ့အစည်းအချို့က စွပ်စွဲသကဲ့သို့ အစိုးရလုံခြုံရေးတပ်ဖွဲ့ဝင်များနှင့် အာဏာပိုင်တို့က ပူးပေါင်းပါဝင်ပတ်သက်ခြင်း၊ လူမျိုးရေး၊ ဘာသာရေး ခွဲခြားဖိနှိပ်ခြင်းများ လုံးဝမရှိကြောင်းကို ထပ်လောင်းအတည်ပြုဖော်ပြပါသည်။ ဤသို့ ပတ်သက်မှု မရှိကြောင်းကို နိုင်ငံတော်အကြီးအကဲနှင့်တာဝန်ရှိသူများက ကုလသမဂ္ဂအထွေထွေ ညီလာခံ တွင်း လည်းကောင်း၊ အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဘက်မလိုက်လှုပ်ရှားမှု ထိပ်သီး အစည်းအဝေးတွင် လည်းကောင်း ကမ္ဘာသို့ အတိအလင်းထုတ်ဖော်အသိပေးပြောကြားခဲ့ပြီးဖြစ်သည်။

၇။သို့ဖြစ်၍ ရခိုင်ပြည်နယ် ပဋိပက္ခကို မဟုတ်မမှန် လုပ်ကြံ၍ ပုံကြီးချဲ့ကာ သတင်းမှတ်တမ်းအဖြစ် ထုတ်လွှင့် ပြသရန် အယ်လ်ဂျာဇီးရား သတင်းဌာန၏ လုပ်ဆောင်ချက်များကို ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် အစိုးရ အနေဖြင့် ပြင်းထန်စွာ ဆန့်ကျင်ကန့်ကွက်လိုက်သည်။

နိုင်ငံခြားရေးဝန်ကြီးဌာန
နေပြည်တော်။
၂ဝ၁၂ခုနှစ်၊ ဒီဇင်ဘာလ ၆ရက်။

ကိုးကား- http://www.ministryofinformation.gov.mm/index.php/announcement/1591-2012-12-07-01-22-26.html

http://aljazeerapressoffice.tumblr.com/post/37105815318/expert-warns-of-rohingya-genocide

http://burmese.rohingyablogger.com/2012/12/blog-post_3.html

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: