I agree with you ဧရာဝတီသား who wrote in The Voice Weekly.. Now it is seemed as Thein Sein is just a puppet as a PR personality to lie the world and people of Myanmar so that Military could rule and exploit Myanmar forever.
U Thein Sein should just copy the FORMER Senior General U Than Shwe in arresting Ne Win, Khin Nyunt and removing Saw Mg…If he and good Generals combined and remove the hardliners from Military and gov, Daw Suu led NLD and ALL the people of Myanmar including Ethnic Minorities would support him. Myanmar could progress, prosper and peaceful…Do it Mr President arrest the HARDLINERS immediately.
သို့
အယ်ဒီတာခင်ဗျာ
လက်ပန်တောင်းတောင် ကိစ္စ အကြမ်းဖက်ဖြိုခွင်းမှုနဲ့ ပတ်သက်ပြီး သို့လောသို့လော စဉ်းစားစရာတွေက အတော်များ နေပါတယ်။ မီးလောင်ဗုံးက သမ္မတရဲ့လမ်းညွှန်ချက် ဟုတ်မှ ဟုတ်ပါရဲ့လား။ သမ္မတအနေနဲ့ ဒီလောက်အထိ ရက်စက်တတ်တဲ့ နှလုံးသား ရှိလိမ့် မယ်လို့ မထင်ဘူး။
ဖြစ်တဲ့နေ့ ညနေ ၆ နာရီ သတင်းမှာ အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့က သတင်းထုတ်တာ မြင်တွေ့လိုက်ရတဲ့ ခဏတော့ တော်တော့ကို စိတ်ပျက်ဝမ်းနည်း ဒေါသပေါက်ကွဲ အဆိုး
ဟုတ်လည်း ဟုတ်ပါတယ်။ တကယ် မျက်ရည်ယိုဗုံးပါ။ ဒါပေမဲ့ အနံ့မွှန် မျက်စိစပ်ပြီး ယိုကျတဲ့ မျက်ရည်ယိုဗုံးတော့ မဟုတ်ပါဘူး။ အသည်းနှလုံး ကို လာထိလို့ မချိတင်ကဲနဲ့ ယိုကျ လာခဲ့ရတဲ့ မျက်ရည်ယိုဗုံးပါ။ နိုင်ငံတော်နဲ့ ပြည်သူလူထု အကျိုး ဆိုတာဟာလည်း လက်တစ်ဆုပ်စာ အကျိုးပါ။
အဓိက တရားခံ ဘယ်သူလဲ ဆိုတာ ဒီအချိန်မှာ အပူတပြင်း အရေးကြီး နေပါတယ်။ ၆ နာရီ သတင်းကြားတော့ သမ္မတ ပါဝင် ပတ်သက်တယ် လို့ သံသယ ဖြစ်ပါတယ်။ ၈ နာရီ သတင်းမှာ သတင်းထုတ်ပြန်ချက် ပြန်ရုပ်သိမ်း လိုက်တယ် ဆိုတော့ ဟာခနဲ ဟင်ခနဲ ဖြစ်ရပြန်တယ်။ တစ်ခါ စုံစမ်းရေး ကော်မရှင် ဆိုတာကို ထပ်ဖွဲ့မယ် ဆိုပြန်တော့ သံသယတွေ၊ စဉ်းစားစရာတွေ အများကြီး ဖြစ်လာ ရပြန်ရော။
သမ္မတ အမိန့်နဲ့ ဒီလို လုပ်ရပ်ကို လုပ်တယ် ဆိုရင် စုံစမ်းရေး အဖွဲ့ ဖွဲ့စရာ လိုမလား။ ဒါဆိုရင် ဘယ်သူ့အမိန့်နဲ့လဲ။
သမ္မတမဟုတ်ဘဲ တခြားတစ်ယောက်ယောက်ရဲ့ အမိန့် ဆိုရင် ဒီကနေ့ မြန်မာပြည်ရဲ့အုပ်ချုပ်ရေး ကဏ္ဍမှာ အခေါင်ဦးသျှောင် ဖြစ်တဲ့ သမ္မတရဲ့အနေအထားက ဘယ်လိုဖြစ်သွားပြီလဲ။ ဒီမိုကရေစီ အစိုးရသစ်ရဲ့နောက်မှာ တစ်စုံတစ်ရာ ရှိနေနိုင်တယ်လို့ တွေးထင် သံသယ ဖြစ်နေကြတာတွေ တကယ်များ ဖြစ်နေပြီလား။
အခုစုံစမ်းရေး ကော်မရှင် အနေနဲ့ ဒီဇင်ဘာလကုန်မှာ သမ္မတကို အစီရင်ခံ သုံးသပ် အကြံပြုမယ်ဆိုတော့ အဓိက အမိန့်ပေး စေခိုင်းသူ ဒါမှမဟုတ် အဓိက စီစဉ်သူကို လကုန်မှပဲ သိရတော့မှာလား ဆိုတာ မေးစရာ ဖြစ်နေပါတယ်။ စုံစမ်းရေး ကော်မရှင် အနေနဲ့ စုံစမ်း စစ်ဆေးနေတဲ့ အချိန်မှာ သမ္မတ အနေနဲ့ လုပ်သင့်တာက ဖြစ်နိုင်ခြေ ရှိသူတွေကို ခေတ္တခဏ ခေါ်ယူ ထိန်းသိမ်း ထားရမှာပါ။ ရွှေဖေါ့ရိုးလေးနဲ့ ဆုံးမ လိုက်ပါကွာလို့ ကိုယ်ပြောလိုက်တဲ့သူတွေ ရှိခဲ့မယ်ဆိုရင် ဥပမာ-သမ္မတရုံးက ဝန်ကြီး တစ်ဦးဦး(တစ်ဦးထက် ပိုရင်လည်း ပိုမယ်)ဒါမှမဟုတ် ပြည်ထဲရေး ဝန်ကြီးကို ခေါ်ထိန်းကို ထိန်းရမှာပါ။ ချက်ချင်း လုပ်ရမယ့် အလုပ်က အဲဒါပါ။
ဒါပေမဲ့ မြန်မာနိုင်ငံရဲ့ နိုင်ငံရေး အခြေအနေ အရပ်ရပ် မှန်သမျှဟာ ပြည်သူတွေ မျှော်လင့်သလို၊ ဖြစ်စေချင် သလို တွေ ဘယ်သော အခါမှ လွယ်လွယ်နဲ့ ဖြစ်မလာတတ်တဲ့ အစဉ်အလာကြီးက ရှိနေလေတော့ အဲဒီလိုဖြစ်ဖို့က ခကွေးရေးကသတ် ခက် နေဦးမှာပါပဲ။ တစ်ခုရှိတာက သမ္မတ အနေနဲ့ ရှိသင့်ရှိထိုက်တဲ့ သတ္တိ ဗျတ္တိ ရှိခဲ့မယ် ဆိုရင်တော့ မကောင်းတဲ့ အစဉ်အလာဆိုး တွေကို ပြောင်းပြန် လှန် နိုင်လိမ့်မယ်လို့ ထင်ပါတယ်။
သမ္မတအနေနဲ့ ပြည်သူလူထု သဘောကျ နှစ်သက်မယ့် လုပ်ရပ်တွေ၊ တစ်နည်းအားဖြင့် လုပ်သင့်လုပ်ထိုက်တဲ့ လုပ်ရပ်တွေ ကို သတ္တိရှိရှိ ရဲရဲရင့်ရင့် လုပ်ဆောင်နိုင်မယ် ဆိုရင်တော့ သမ္မတရဲ့နောက်မှာ ရှိနေနိုင်တယ် ထင်ရတဲ့ တစ်စုံတစ်ရာကို ပြည်သူလူထု တစ်ရပ်လုံးက သံပုံးတီးပြီး မောင်းထုတ်ပေးကြလိမ့်မယ်လို့ ရဲရဲကြီး အာမခံ ပါတယ်။ အားမလျှော့နဲ့ သမ္မတကြီး၊ နောက်မဆုတ်နဲ့ သမ္မတကြီး၊ နောက်ပြန်မလှည့်နဲ့ သမ္မတကြီး၊ နောက်ပြန်လှည့်အောင် ခြေကန်ဆွဲနေတဲ့ မကောင်းဆိုးဝါးတွေကို အပြုတ်တိုက်ပါ သမ္မတကြီး။
ဧရာဝတီသား
Tags: Asia, Burma, Daw Suu, ethnic minorities, Human rights, Khin Nyunt, Minority group, Muslim, Myanmar, Politics, Religion, Than Shwe, Thein Sein
Leave a Reply