ကရင်ပြည်အနှံ မွတ်စလင်မုန်းတီးရေး ၀ါဒဖြန့် စာရွက်များနှင့် စီဒီခွေများ ရွှေကျီး ရောင်းဝယ်ရေးမှ ဖြန့်ဝေခဲ့

ကရင်ပြည်အနှံ မွတ်စလင်မုန်းတီးရေး ၀ါဒဖြန့် စာရွက်များနှင့် စီဒီခွေများ ရွှေကျီး ရောင်းဝယ်ရေးမှ ဖြန့်ဝေခဲ့ Hate Crime စောင့်ကြည့်ရေး, သတင်းဆောင်းပါး ဇန်နဝါရီ ၉ ၊၂၀၁၃ M-Media နေသစ်ထွန်း

မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

အစ္စလာမ် ဘာသာ အား တိုက်ခိုက်စော်ကားထားသည့် မွတ်စလင် မုန်းတီးရေး ၀ါဒဖြန့် စာရွက်များ၊ ဗွီစီဒီ ခွေများကို မော်လမြိုင်မြို့ အခြေစိုက် ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေးမှ ဘားအံ ၊ ကော့ကရိတ် ၊ ကျုံဒိုး ၊ ရွှေဂွန်း မြို့များတွင် အခမဲ့ လိုက်လံ ဖြန့်ဝေခဲ့ကြောင်း သိရသည်။ “ရွှေကျီး အမှုန့်လုပ်ငန်းက ဖြန့်ချီရေး ကား နဲ့ လာပြီးတော့ မွတ်စလင် မုန်းတီးရေး အခွေတွေ ၊ စာရွက်စာတမ်းတွေ ကျုံဒိုးမှ ဝေပါတယ်။ ကျုံဒိုးဈေးနား မှာဆိုရင် တောက နေ ဈေးလာ ၀ယ်တဲ့ ကရင်လူမျိုးတွေကို လိုက်ပေးပါတယ်” ဟု မျက်မြင်တွေ့ခဲ့ရသူ ကျုံဒိုးမြို့ခံ တစ်ဦးက ပြောပါသည်။

ယင်းသို့ဖြန့်ဝေခဲ့ခြင်းကို အာဏာပိုင်များ သိရှိသော်လည်း မည်သို့မျှ တားမြစ် အရေးယူခြင်းမရှိကြောင်း ၄င်း ဒေသခံ က ပြောပါသည်။

ကျုံဒိုး မှာ ရွှေကျီးအမှုန့်ရောင်းဝယ်ရေးက မွတ်စလင်မုန်းတီးရေး စာ ၊ အခွေတွေ ဖြန့်ချီတဲ့ ရက်စွဲကတော့ တန်ဆောင်မုန်းလပြည့်နေ (28.11.12) ၊ ဘားအံ မြို့နယ် ဘက်မှာ ဖြန့်ဝေတဲ့ နေ့က 27.11.12 ၊ ကော့ကရိတ်မှာ ဖြန့်တဲ့ နေ့က 29.11.12 ရက်တွေဖြစ်ပါသည်။ ဖြန့်တဲ့ စာတွေ ၊ အခွေတွေကတော့ ၊ မုတ္တမ နန်းဦးဘုန်းကြီး ဟောထားတဲ့ အခွေ တွေရယ် အွန်လိုင်းပေါ်မှာ ပြန့်နေတဲ့ မွတ်စလင် ဆန့်ကျင်ရေး စာရွက်တွေ  ကြောင်းကို  ၄င်းမြို့များရှိ အစ္စလာမ် ဘာသာဝင်များက ပြောပါသည်။

မွတ်စလင်မုန်းတီးရေး ဝါဒဖြန့်လုပ်ရပ်များကို ငွေကြေးထောက်ပံ့ပေး လုပ်ဆောင်နေတဲ့ ရွှေကျီး(ရွှေဝတီ) ရောင်းဝယ်ရေး

၂၀၁၂ အောက်တိုဘာလမှ စ၍ သိသိသာသာ အားကောင်းလာသော ကရင်ပြည်နယ် မွတ်စလင်ဆန့်ကျင်ရေး လှုပ်ရှားမှုကို ဘုန်းကြီးအချို့  ဦးဆောင်နေပြီး ဒေသခံ စီးပွားရေး လုပ်ငန်းအချို့ ငွေကြေး ထောက်ပံ့ပေး ကြောင်း သိရသည်။

မော်လမြိုင်ဈေးကြိုပွဲရုံတန်းတွင် အခြေစိုက် ထားသော ရွှေကျီးရောင်းဝယ်ရေး လုပ်ငန်းသည် အမှုန်ကြိတ် လုပ်ငန်း၊ အဓိကထား လုပ်ကိုင်နေပြီး မွတ်စလင်ဆန့်ကျင်ရေး တရားဟောကြားသူ မုတ္တမမြို့ နန်းဦး စာသင်တိုက် ဘုန်းကြီးအား ထောက်ပံ့ပေးနေသူလည်းဖြစ်သည်

 

 

2 Responses to “ကရင်ပြည်အနှံ မွတ်စလင်မုန်းတီးရေး ၀ါဒဖြန့် စာရွက်များနှင့် စီဒီခွေများ ရွှေကျီး ရောင်းဝယ်ရေးမှ ဖြန့်ဝေခဲ့”

  1. Justic Myanmar Says:

    ဘာသာခြားတွေကို လူမျိုးစွဲဝါဒ၊ ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒဖြင့် မဟုတ်တမ်းစွပ်စွဲဝေဘန်ရေးသားအနိုင်ကျင့်ခြင်းဟာဗုဒ္ဓရဲ့ဂရုဏာတရားကိုဗြောင်ဆန့်ကျင်ခြင်း။ ဗုဒ္ဓရဲ့ဂရုဏာတရားကိုသေးသိမ်အောင်ပြုတာဘဲဖြစ်တယ်။
    “မသတ်၊ မခိုး၊ မမူး၊ မုဒိမ်းမကျင့် ၊မလိမ်”ဆိုသော“ငါးပါးသီလ”ကိုစောင့်ပြီး ဗုဒ္ဓကိုကိုးကွယ်ပါ။ဘာသာခြားတွေကို ဒုက္ခပေးသတ်မီးရှို့တာ၊ဗုဒ္ဓကိုကိုးကွယ်တာမဟုတ်။ဗုဒ္ဓကိုသိက္ခာချတာပါ။
    ကိုယ်ပြုလိုက်တဲ့ အကျိုးဆက် ကိုဘဲ ကိုယ်ပြန် ခံစားခွင့် ရကြမှာပါ။
    ဗုဒ္ဓလက်ထက်မှတောင် ဗုဒ္ဓကိုကြည်ညိုတာက ဆယ် ပုံ ကိုး ပုံ၊
    ဗုဒ္ဓတရားတော်အတိုင်းကျင့်ကြံတာက ဗုဒ္ဓကိုကြည်ညိုသူရဲတစ်သောင်း ပုံ တစ် ပုံဘဲရှိတယ်၊ဗုဒ္ဓဘာသာဆိုပြီးဗုဒ္ဓတရားတော်အတိုင်းကျင့်ကြံတာ တော်တော်နည်းတယ်။ဘာသာခြားတွေကို ဒုက္ခပေးပြီး ဗုဒ္ဓသာသနာကို အဓမ္မ ဒုက္ခပေးသာသနာ ဖြစ်အောင်မလုပ်ကြပါနှင့်။
    ခုချိန်မှာ ကိုယ်က လူအများစု အင်အားရှိသူအဖြစ် တခြားလူတစ်စုအပေါ် မတရားပြုမူလို့ရနေပေမဲ့.. ကမ္ဘာနဲ့ချီပြီး ကြည့်လိုက်ရင် ကိုယ်က လူအဖွဲ့အစည်းထဲမှာ မတရားမှုပြုမူနေတဲ့ အစွန်းရောက်လူတစ်စုအဖြစ်သာ ရှိနေတယ်ဆိုတာ တွေးကြည့်ကြပါ ..။

    • Aung Si Says:

      Agreed ..very rational and reflect the present situation . All Burmese should think rationally , No Religions teach you to hate the other people , who are not same as you . we should respect and love each other ..Religion should not be a tool of dirty politic.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: