နိုင်ငံတော်သမ္မတရုံးမှ စာရင်းလိမ်လည်၍ ထုတ်ပြန်ကြေညာခဲ့ခြင်းအား ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ၍ ကန့်ကွက်ကြောင်း ကြေညာချက်

View this document on Scribd

In the Name of Allah, The Most Gracious, The Most Merciful.

နိုင်ငံတော်သမ္မတရုံးမှ စာရင်းလိမ်လည်၍ ထုတ်ပြန်ကြေညာခဲ့ခြင်းအား
ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ၍ ကန့်ကွက်ကြောင်း ကြေညာချက်
=====================================

စာအမှတ်- ၈/၂၀၁၃

ရက်စွဲ- ၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ (၂၇) ရက်။

ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ နိုင်ငံတော်သမ္မတရုံးနေ၍ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၊ ၂၅ ရက်နေ့တွင် ရခိုင်ပြည်နယ် အတွင်း ပဋိပက္ခဖြစ်ပွားမှုအခြေအနေနှင့်စပ်လျဉ်း၍ အသိပေးကြေညာခြင်း ခေါင်းစဉ်ဖြင့် သတင်းထုတ်ပြန်ချက်(၁ /၂၀၁၂) အား ထုတ်ပြန် ကြေညာခဲ့ပါသည်။ ထိုကြေညာချက်တွင် ရခိုင်ပြည်နယ် လူမျိုးတုန်း သတ်ဖြတ်မှုကြီးအတွင်း၌ အကြမ်းဖက်သမားများ၏ အကြမ်းဖက် သတ်ဖြတ်ခြင်းခံခဲ့ရ၍ သေဆုံးခဲ့ရသော အပြစ်မဲ့ ပြည်သူများစာရင်းကို ဖော်ပြထားပါသည်။ ထိုစာရင်းအရ ပထမအ ကြိမ်ဖြစ်ပွားခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုကြီးတွင် ဇွန်လ (၁၄)ရက်အထိ သေဆုံးသူ (၅၀)ဦး၊ ဒုတိယအကြိမ်ဖြစ်ခဲ့သည့် လူမျိုးတုန်း သတ်ဖြတ်မှုကြီးတွင် ၂၀၁၂ ခုနှစ် အောက်တိုဘာလ (၂၄)ရက်အထိ သေဆုံးသူ (၁၂)ဦး သေဆုံးခဲ့သည်ဟု ပါရှိပါသည်။

သို့သော် ကျွန်ုပ်တို့ လက်ခံရရှိခဲ့သည့် စာရင်းအရ ပထမအကြိမ် ဖြစ်ပွားခဲ့သည့် လူမျိုးတုန်းသတ်ဖြတ်မှုကြီးအတွင်း အကြမ်းဖက်သမားများ၏ မတရားသတ်ဖြတ်ခြင်း ခံခဲ့ရသော အပြစ်မဲ့ မွတ်စလင်မ် လူဦးရေမှာ စစ်တွေမြို့တစ်မြို့တည်း၌ပင် (၄၈၂)နှစ်ဦး ရှိနေပြီး၊ မင်းပြား၊ ကျောက်တော်၊ မြောက်ဦး၊ ရမ်းဗြဲ၊ ပေါက်တော၊ ရသေ့တောင်တို့တွင် (၉၅) ဦး သတ်ဖြတ်ခြင်း ခံခဲ့ရပါသည်။ သို့ပါ၍ နိုင်ငံတော် သမ္မတရုံးမှ ပြည်သူလူထု တစ်ရပ်လုံးနှင့် နိုင်ငံတကာအစိုးရများ၊ အဖွဲ့အစည်းများအား လိမ်လည်လှည့်ဖြားရန် ရည်ရွယ်ချက်ရှိရှိ မဟုတ် မမှန် လုပ်ကြံ၍ သတင်းလိမ်ကာ ထုတ်ပြန်ကြေညာခဲ့ခြင်းကို ကျွန်ုပ်တို့ Burmese Muslim Youths For Human Rights And Justice အစည်းအရုံးမှ ပြင်းထန်စွာ ဆန့်ကျင်ရှုံ့ချ၍ ကန့်ကွက်ကြောင်း ကြေညာလိုက်ပါသည်။ ကျွန်ုပ်တို့ အမိမြန်မာနိုင်ငံတော်၏ ပြည်သူပြည် သားများအားလုံး မုသားဝါဒီ၊ သားသတ်သမား စစ်အာဏာရှင်ဟောင်းများ၏ အကြမ်းဖက်မှု ဘေးအန္တရာယ်အမျိုးမျိုးနှင့် မဟုတ်မမှန် လိမ်လည်ဝါဒဖြန့်၍ ပြည်သူ လူထုအား လှည့်စားမှုအသွယ်သွယ်တို့မှ ကင်းဝေး၍ ကိုယ်၊ စိတ်၊ ၀ိညာဉ် သုံးပါးစလုံး အေးချမ်းသာယာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ရှိပါသည်။

လေးစားစွာဖြင့်

ဦးမောင်မောင်လှ

အထွေထွေ အတွင်းရေးမှူး

Burmese Muslim For Human Rights And Justice
3248 Park Lane
Hawthorne, CA 90250
United States of America
Phone: +1 310 980 9111
E-mail: paletwa@yahoo.com, secretarybmy@gmail.com
http://www.facebook.com/BurmeseMuslimYouthsForHumanRightsAndJustice

PDF ဖိုင်ဖြင့် ဒေါင်း၍ ဖတ်လိုသူများအတွက် လင့်ခ်များ-

http://www.scribd.com/doc/122362830/BMY-Statement-8-2012

http://www.mediafire.com/view/?s8pq5qftm8mcyw9

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: