ပျူလူမျိုးများ
(စာညွှန်း ရှေးဟောင်းပျူများ – စာမျက်နှာ (၃ နှင့် ၄)၊ ပါမောက္ခဦးသန်းထွန်း)
မြန်မာ(ဗမာ) လူမျိုးတို့မှာ ပျူ၊ ကမ်းရံ၊ သက် လူမျိုးတို့ပေါင်းစပ်၍ ဖြစ်ပေါ်လာပြီး ပျူတို့မှာ အင်အားအကောင်းဆုံးနှင့် အဓိက အကျဆုံး လူမျိုးဖြစ်သည်။
ပျူများသည်ပင် အခြေခံလူမျိုး(၃)စုမှ ပေါင်းစပ်ဖြစ်ပေါ်ခြင်း ဖြစ်၏။
(၁) ရှေးဦးလူသားအခြေခံ ပျူများမှာ – ကျောက်ခေတ်၊ ကြေးခေတ် နှင့် သံခေတ်မှ စ၍ အစဉ်အဆက် မြန်မာပြည်တွင် နေထိုင်ခဲ့ကြသူများ။
(၂) အိန္ဒိယနိုင်ငံမှ ရွှေ့ပြောင်းအခြေချလာသော ပျူများ၊ သူတို့က ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ သာမက ယဉ်ကျေးမှုနှင့် ဓလေ့ပါသယ်ဆောင်လာသူများ ဖြစ်သည်။
(၃) မြောက်ဘက်မှဆင်းလာသော တိဘက် မြန်မာအနွယ်ဝင်ပျူများ။
ပျူများအခြေချခြင်း
ပျူများသည် မြန်မာနိုင်ငံအတွင်း၌ ဘီစီ(၁၀၀)ခန့် သို့မဟုတ် ၎င်းအလျင်ကပင် အခြေချ နေထိုင်ခဲ့ကြသည်။ ဟန်လင်း ကွတ်ခိုင်၊ သံလွင်မြစ်ကမ်း၊ အရှေ့ဘက်ကမ်းရိုးတန်း၊ မုတ္တမပင်လယ်ကွေ့၊ သံတွဲနှင့် ရိုးမဒေသတို့တွင် စတင်အခြေချကြသည်။
(စာညွှန်း- ပါမောက္ခဦးသန်းထွန်း မြန်မာရာဇဝင်ရုပ်ပြစာအုပ်)
ပျူတို့သည် သရေခေတ္တရာ (ပြည်)၌ အေဒီ ၄-၈ ရာစု၊ မိုင်းမော် ဗိတ္တနိုး (အမှန်က ဗစ်ရှနူးခေါ် ဟိန္ဒူ ဘုရားအမည်) (ခမာများက အေဒီ ၂၁၀-၂၂၅သိမ်)၊ တောင်တွင်းကြီး အေဒီ ၁-၄ ရာစု၊ ဟန်လင်း (ဝက်လက်) အေဒီ ၁-၄ ရာစု၊ ဟန်လင်းကြီး တကောင်း (သပိတ်ကျင်း)၊ waddi (နွားထိုးကြီး)၊ မိုင်းမော်၊ မြစ်သား၊ ဘိန္နက (ပျော်ဘွယ်)နှင့် ဘီးလင်း (မွန်ပြည်နယ်) တို့၌ အခြေချနေထိုင်ခဲ့ကြသည်။
အိန္ဒိယ ဂွပ္ပတား (Gupta) မူကွဲ ပျူစာ
Brahmi Script, Gupta script, Pyu script and Burmese script
ပျူကျောက်စာများကို ပါဠိနှင့် ဂွပ္ပတား မူကွဲ ပျူစာများဖြင့် ရေးသားထားပါသည်။ ပျူများအကြောင်းကို တရုတ်ခရီးသည်နှင့် ကုန်သည်များ၏ ကြေငြာချက်ဟူ၍ တရုတ်ရာဇဝင်များ၌ ရေးသားမှတ်တမ်း တင်ထားပါသည်။
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
![]() |
|
![]() |
![]() |
![]() |
![]() |
ဗိဿနိုးBrikthano (ဗစ်ရှနူး)
ခမာများက အေဒီ ၂၁၀-၂၂၅တွင် ပျက်စီးပြီး မွန်များဝင်လာပြီး ပန်ထွာနှင့် ရာမညမြို့ အဖြစ် ထူထောင်သည်။ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ ကိုးကွယ်ကြသည်။ ဗုဒ္ဓရုပ်တုတော်များနှင့် ဂွပ္ပတား (အိန္ဒိယ)ဟန် ဟိန္ဒူဘုရားရုပ်တု မျိုးစုံကို တွေ့ရှိရသည်။
(Ref: Aung-Thwin, pp. 35–36, Harvey, p. 4)
ပျူဘုရင်များကို မဟာရာဂျာများဟုခေါ်ခြင်း
တရုတ်ရာဇဝင်မှတ်တမ်းများ၌ ပျူများကို “P’ aio” ပအိုဟု မှတ်တမ်းတင်ထားပါသည်။ သို့သော် ပျူတို့ကမူ သူတို့ကိုယ်သူတို့ Tricul တီကျူးဟု သမုတ်ပါသည်။ တရုတ်ရာဇဝင်၌ နန်ချိုရှမ်းတရုတ်များနှင့် တိဘက် ပူးပေါင်း၍ တရုတ်ကို တိုက်ခိုက်ခြင်း မှတ်တမ်းများ တွေ့ရပါသည်။ နန်ချိုရှမ်းတရုတ်ဘုရင် Ko-lo-fan ကိုလိုဖင်၏ ပျူများနှင့် ဆက်သွယ်သော မှတ်တမ်းများလည်း တွေ့ရပါသည်။ ပျူဘုရင်များကို မဟာရာဂျာများ၊ မှူးမတ်ချုပ်များကို MAHSINAS မဟာဒီနားဟု မှတ်တမ်းတင်ထားပါသည်။
ပျူဘုရင်များ VISNU (ဗစ်ရှနူး)ဘွဲ့ ကို အိန္ဒိယ ဂွပ္ပတား (Gupta) ဓလေ့အရ ယူခြင်း
တောင်ပိုင်း အိန္ဒိယ အက္ခရာသုံး၍ မှတ်တမ်းတင်ထားသော ပျူကျောက်စာများ၌ ဗစ်ရာမ (VIKRAM) မင်းဆက်က အေဒီ ၆၇၃မှ ၇၁၈အထိ စိုးစံခဲ့ကြောင်း မှတ်တမ်းတင်ထားပါသည်။
(စာညွှန်း Burma, D.G.E.HALL MA D.LIT, F.R.HIST. Professor Emeritus of the University of London and Former Professor of History, Rangoon, Burma 3rd. Eddition 1960 Page 8.)
ထိုကျောက်စာများ၌ ဗစ်ရာမနောက်မှ ဗစ်ရှနူး (ဟိန္ဒူဘုရား) အမည်များကို တွဲဖက် ဖော်ပြလေ့ ရှိကြသည်။
ဗစ်ရှနူး (ဟိန္ဒူနတ်ဘုရား)က ဂရုဒါ (GARUDA) ခေါ် ဂဠုန်ငှက်ပေါ်၌ မတ်တပ်ရပ်နေပြီး လက်ရှမီး (LAKSHMI ဟိန္ဒူနတ်ဘုရားမ) က ကြာပန်းပေါ်၌ ရပ်နေသော ရုပ်တုများနှင့် ဘရာမာ (BRAHMA ဟိန္ဒူနတ်ဘုရား)၊ ရှီဗာ (SIVA)နှင့် ဗစ်ရှနူး ပလ္လင်များ ကို မြန်မာနိုင်ငံအတွက် ပျူတူးဖေါ်ရာ၌ တွေ့ရှိခဲ့ပါသည်။
ထို့ပြင် ဗာမင် (VAMAN)ဘုရင်မင်းဆက် ရှိခဲ့ပြီး အိန္ဒိယနိုင်ငံ ပလာဗာ (PALAVA)မင်းဆက်၏ လွှမ်းမိုးမှု မကင်းကြောင်း တွေ့ရှိရပါသည်။
(စာညွှန်း Elizabeth Moore, Myanmar Historical Research Journal (2004))
ပန်ထွာရှိ အိန္ဒိယ (DRAVIDIAN) ဒြာဗီဒီယန်နွယ်များ
တရုတ်ရာဇဝင် ချန်ယိစိန်၌ မုတ္တမပင်လယ်ကမ်းခြေ မွန်ဌာနေ၌ ဒြာဗီဒီယန် အိန္ဒိယနွယ်ဖွားများ အခြေချ နေထိုင်ခဲ့ကြောင်း မှတ်တမ်း ပါရှိသည်။
၎င်းတို့သည် ဗိဿနိုးကို ဝင်ရောက်လွှမ်းမိုးပြီး ပန်ထွာအဖြစ် အမည်ပြောင်း တွင်စေခဲ့သည်။ ထိုမှတဖန် ရာမညပူရအဖြစ် ပြောင်းလဲခဲ့သည်။
(စာညွှန်း D G E HALL “BURMA”)
တကောင်းမှာ ဒွတ္တဘောင်၏ မိဘတို့ ပါဝင်သော ဒဏ္ဍာရီပုံပြင်၌ ယှက်နွယ်နေသည့် ဗိဿနိုး ဘုရင်မကြီးနှင့် ဆက်သွယ်မှုမှာ အထောက်အထား မခိုင်လုံလှပေ။ သို့သော် သရေခေတ္တရာ အုပ်ချုပ်သော မင်းများနှင့်မူ ဆက်နွယ်နေ၏။ အဓိကအားဖြင့် ဟိန္ဒူဘုရင်များ၏ အရိုက်အရာ ဆက်နွယ်မှု၊ ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများ လွှမ်းမိုးမှုနှင့် ဒဏ္ဍာရီဆန်သော အဖြစ်များ ရောမွှေထားသော သမိုင်းကြောင်း ဖြစ်နေသည်။
Bawbawgyi Pagoda at Sri Ksetra, prototype of Pagan-era pagodas
သမိုင်းဆိုတာ မပျောက်ပါဘူး…..
Creditး AungminKhant
July 7, 2013 at 1:41 am |
အနော်တို့ဗမာတွေကကုလားတွေလားဟင် အ
န္ဒိယနွယ်ဖွားတွေလား
March 30, 2015 at 12:44 pm |
M-Media added 3 new photos.
21 hrs ·
အိန္ဒိယနှင့် ကင်းကွာလာခြင်း
===============
ဒေါက်တာ သန့်မြင့်ဦး ရေးသည်။
.
မြန်မာနိုင်ငံရှိ လူအများစုတွင်၊ အိန္ဒိယနိုင်ငံနှင့် ပတ်သတ်သည့် ဗဟုသုတများ ရှိကြခြင်း၊ မရှိကြခြင်းကို အသာထား၊ အိန္ဒိယနှင့် ပတ်သတ်သည့် အငွေ့အသက် ခံစားမှု အာရုံမျိုး ရှိကြသည်။ ရန်ကုန်မြို့ ဖရေဇာလမ်း တစ်လျှောက်ရှိ လျှပ်စစ်မီးချောင်းများ ထွန်းထားသည့် ဒန်ပေါက်ဆိုင်များ၊ ရိုးရှင်းသည့် အစ္စလာမ်ဘာသာဝင်တို့၏ မဂိုဗလီ အပြင် ၄င်းနှင့် လမ်းနှစ်ဘလောက်စာ အကွာအဝေးရှိ အရောင်များ တောက်ပနေသည့် ကာလီဘုရားကျောင်း၊ အရောင်လွင့်နေသော ဆာရီများကို ဝတ်ဆင်ထားပြီး နားလည်ရခက်သည့် ဘာသာစကားကို ပြောဆိုနေကြသည့် ကြော့ကြော့ ရှင်းရှင်း အမျိုးသမီးကြီးများ၊ အမျိုးသားများ၏ လုံခြည်ဝတ်ဆင်ပုံ စတိုင် စသည်တို့နှင့် ရင်းနှီးခဲ့ကြပြီးသား ဖြစ်သလို၊ ရှေးဘိုးဘေးဘီဘင်များမှာလည်း နီးစပ်သည့် မိတ်ဆွေများ ဖြစ်ခဲ့ကြသည်။ အိန္ဒိယမှာ မြန်မာနိုင်ငံနှင့် ခေတ်ပြိုင် အိမ်နီးချင်းနိုင်ငံ ဖြစ်ရုံမျှမက အတိတ်က ဆက်နွယ်မှုများ နက်နက်ရှိုင်းရှိုင်း ရှိခဲ့၍၊ အိန္ဒိယ အငွေ့အသက်မှာ အတိတ်ကာလက အကြွင်းအကျန် အဖြစ် မြန်မာနိုင်ငံ၏ နေရာတိုင်းတွင် ရှိနေပေသည်။
.
အိန္ဒိယနှင့် မြန်မာ၏ ဆက်နွယ်မှု သမိုင်းကို ယေဘုယျအားဖြင့် ကျောင်းများ တွင် မသင်ကြတော့၍ လူများ၏ အတွေးထဲတွင်လည်း မရှိကြတော့ပေ။ ထောင်စုနှစ် တစ်ခုစာ ပြန်ပြောင်းတွေးကြည့်လျှင် ဘင်္ဂလား ပင်လယ်အော် တလျှောက်၊ Bengal ၊ အိုရစ်ဆာ (Orissa) နှင့် အိန္ဒိယ တောင်ပိုင်းဒေသများမှ နေ၍ ဧရာဝတီမြစ်ဝှမ်းအထိ ကုန်သွယ်ရေးနှင့် စိတ်ကူးစိတ်သန်း ဆက်နွယ်ကူးသန်းမှုများ ရှိခဲ့သော်လည်း၊ ယခုအခါတွင်မူ လူ လက်တစ်ဆုပ်စာခန့်ကသာ၊ ပလ္လဝါ (Pallava) အက္ခရာများမှ ဆင်းသက်လာခဲ့သည့် မြန်မာအက္ခရာများအကြောင်းနှင့် အိန္ဒိယပါဠိဘာသာမှ ယူထားသည့် မြန်မာစကားလုံးများအကြောင်းကို ဆက်စပ် တွေးတောမိပေလိမ့်မည်။
.
အတူတကွ ခံစားခဲ့ကြရသည့် ကိုလိုနီ လက်အောက်ခံ အတွေ့အကြုံများကိုပင် တော်တော် များများ မေ့ကုန်ကြပြီ ဖြစ်သည်။ အိန္ဒိယရှိ Biral House တွင် ငယ်ရွယ်တက်ကြွသည့် ဦးနုက မဟတ္တမဂန္ဒီနှင့်အတူ လေးစားသည့် အသွင်သဏ္ဍာန်ဖြင့် ထိုင်နေသည်ကို ရိုက်ကူးထားခဲ့သည့် ဓါတ်ပုံမျိုး၊ သို့မဟုတ် အက်တလီနှင့် တွေ့ဆုံရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်သို့ သွားရင်း ဒေလီမြို့တွင် တစ်ထောက်နားစဉ်တွင် ပဏ္ဍစ် နေရူးက မြန်မာ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်း လန်ဒန်တွင် အအေးမိမည်ကို စိုးရိမ်သည့်အတွက် ကုတ်အင်္ကျီတစ်ထည်ပေးခဲ့သည့် ဇာတ်လမ်းမျိုးကိုတော့ တခါတရံတွင် မြင်ရ ကြားရ ပါသည်။ သို့ရာတွင် ပြည်ပြေး ဧကရာဇ် Bahadur Shah Zafar ၏ ဆက်နွယ်နေသော အကြောင်း (သူ၏ အုတ်ဂူ တည်ရှိရာ နေရာမှာ စာရေးသူ ယခုဆောင်းပါးကို ရေးသားနေသည့်နေရာနှင့် မိုင်ဝက်ခန့်ပင် မကွာဝေးပါ)၊ ရာဘင်ဒြာနတ်တဂိုး မြန်မာသို့ လာရောက် လည်ပတ်ခဲ့သည့် ခရီးစဉ်များ၊ ဆူဘတ်ချန်ဒရာဘို့စ်နှင့် အိန္ဒိယ အမျိုးသား တပ်မတော် (INA) တို့၏ စွန့်စားခန်းများအကြောင်း စသည့် အခြား သတိရစရာ အနည်းငယ်လည်း ရှိပါသည်။
.
ကျွန်တော်၏ အဘေးဖြစ်သူမှာ ကာလကတ္တားတွင် ပညာသင်ယူခဲ့သလို၊ ကျွန်တော်၏ အဘိုးဖြစ်သူမှာလည်း Bengal မှ မီးသင်္ဘောဖြင့် အပတ်စဉ် ရောက်လာလေ့ရှိသည့် စာအုပ်များနှင့် သတင်းစာများကို ဖတ်ရင်း ကြီးပြင်းခဲ့သူ ဖြစ်သည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ခန့်က၊ မိဘများသည် ၄င်းတို့၏ သားများအား ဒါဂျီလင် (Darjeeling) သို့ စေလွှတ်ကာ ပညာသင်ကြားပေးနိုင်ရေးကို အိပ်မက် မက်ခဲ့ကြသည်။ ၄င်းတို့၏ သားများအနေဖြင့် ထိုမှတဆင့် အောက်စဖို့ဒ် သို့မဟုတ် ကမ်းဘရစ်ဂ်ျ တွင် ပညာ ဆက်လက် ဆည်းပူးကာ၊ ပြန်လာလျှင် အိုင်စီအက်စ် အရာရှိများ အဖြစ် အမှုထမ်းနိုင်လိမ့်မည်ဟူသည့် မျှော်လင့်ချက်များ ရှိခဲ့ကြသည်။ အိန္ဒိယသည် ခေတ်မီခြင်း တစ်မျိုးကို ကိုယ်စားပြုပြီး အိန္ဒိယ ပညာတတ်များနှင့် အိန္ဒိယ အင်စတီကျူးရှင်းများမှာ ပိုမိုကျယ်ပြောသည့် ကမ္ဘာကြီးနှင့် ပေါင်းကူးပေးနိုင်မည့် အရာများ အဖြစ် ရှုမြင်ခြင်း ခံခဲ့ရသည့် အချိန် တစ်ချိန် ရှိခဲ့ဖူးသည်။
.
ယခုအခါတွင် နှစ်နိုင်ငံမှ အစိုးရပိုင်းအနေဖြင့်၊ အဝေးပြေးလမ်းမ သစ်များနှင့် ရေကြောင်းဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုများ အပါအဝင် တရားဝင် ဆက်နွယ်မှုများနှင့် တရားဝင် စီမံကိန်းများ ရှိနေပြီး၊ နှစ်နိုင်ငံ ချစ်ကြည်ရေးနှင့် လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အတွက် အစိုးရများ ဦးဆောင်သည့် အားထုတ်မှုများ ရှိနေသည်။ သို့မဟုတ် အနည်းဆုံးအနေဖြင့် နယ်စပ်တလျှောက်တွင် ပူးပေါင်းဆောင်ရွက်ကြရန် ကတိကဝတ်များ ရှိနေပေသည်။ သို့ရာတွင်နှစ်နိုင်ငံ ပြည်သူများ အချင်းချင်း ဆက်ဆံရေးမှာမူ ပျောက်ဆုံးလျက် ရှိနေသည်။ ဘန်ကောက်နှင့် စင်ကာပူမှာ အိန္ဒိယမြို့များနှင့် နှိုင်းစာလျှင် မြန်မာများအတွက် များစွာ ပိုမို ရင်းနှီးနေပေသည်။ ယနေ့အခါ မြန်မာများ၏ စိတ်ထဲတွင် ကာလကတ္တားမှာ ခပ်စိမ်းစိမ်း ဖြစ်နေကြသလို၊ အိန္ဒိယ အရှေ့မြောက်ပိုင်း ဒေသများမှာမူ စိတ်ထဲတွင် ပိုမို အလှမ်းဝေးကွာ နေကြသည်။ သမိုင်းဝင် အောင်ပွဲမြို့များ ဖြစ်ခဲ့ဖူးသည့် အာသံနှင့် မဏိပူရတို့အား ကျောင်းစာအုပ်များထဲမှနေရာများအဖြစ်သာ သိရှိကြတော့ပြီး၊ မြန်မာနှင့် နီးကပ်စွာ တည်ရှိနေသည့် တကယ့်နေရာများအဖြစ် မမြင်ကြတော့ပေ။ အိန္ဒိယ အရှေ့မြောက်ပိုင်းတွင် မြန်မာတို့နှင့် များစွာ ဆင်တူသည့် ယဉ်ကျေးမှုများနှင့် ဆင်တူသည့် လူ့ဘောင် အသိုင်းအဝိုင်းများ ရှိသည် ဆိုခြင်းကို အများစုက သတိမပြုမိကြတော့ပေ။
.
ယခုအပတ်တွင် ကျွန်တော်တို့ အနေဖြင့် အိန္ဒိယနိုင်ငံ၏ လွတ်လပ်ရေးအောင်ပွဲ အထိမ်းအမှတ်ကို ဆင်နွှဲရင်း ၁၉၃၇ ခုနှစ်က မြန်မာနိုင်ငံအား အိန္ဒိယမှ ခွဲရေး-တွဲရေး ကိစ္စအကြောင်းကိုလည်း ပြန်လည် သတိရကောင်း ရကြမည် ဖြစ်ပြီး၊ အလွှာတော်တော်များများတွင် ခွဲ၍ အုပ်ချုပ် ဆောင်ရွက်မှုများ စတင်ခဲ့သည်။ အိန္ဒိယမှ ခွဲခဲ့ပြီး နောက်ထပ် ၁၀ နှစ်ကျော်ကျော် အကြာတွင် မြန်မာအနေဖြင့် လွတ်လပ်သည့် နိုင်ငံတစ်ခုအဖြစ် ပေါ်ထွက်လာခဲ့သည်ကို မြန်မာနိုင်ငံရှိ မည်သူမျှ နောင်တရလိမ့်မည် မဟုတ်ပေ။ သို့ရာတွင် ကျွန်တော်တို့အနေဖြင့် အနာဂတ်အကြောင်း စဉ်းစားရာတွင်မူ၊ အိန္ဒိယနှင့် စိမ်းစိမ်းကားကား ဖြစ်လာခြင်းကို နောင်တရကောင်း ရကြပေမည်။
.
မြန်မာနိုင်ငံသည် ပြင်ပကမ္ဘာကြီးနှင့် ပြန်လည် တံခါးဖွင့် ဆက်ဆံလျက် ရှိပြီး၊ ဒီမိုကရေစီ ပန်းတိုင်သို့ ကနဦး ခြေလှမ်းများ လှမ်းလျက်ရှိရာ၊ ရှေးကာလကြာမြင့်စွာ ကတည်းက ရှိခဲ့သည့် အိန္ဒိယနှင့် ဆက်ဆံရေး ပိုမိုတိုးတက်လာအောင် ပြန်လည်ပုံဖော်နိုင်မည့် အခွင့်ကောင်း တစ်ခု ရှိနေသည်။ ထိုသို့ ပြုလုပ်နိုင်ပါက နှစ်နိုင်ငံလုံး အကျိုးရှိလိမ့်မည် ဖြစ်ပါသည်။
.
ဓာတ်ပုံအညွှန်း …
၁) ဝန်ကြီးချုပ်ဦးနုနှင့် မဟတ္တမဂန္ဒီတို့ ဒေလီမြို့တွင် ၁၉၄၇ ခုနှစ်က တွေ့ဆုံစဉ်
၂) အိန္ဒိယနိုင်ငံ နယူးဒေလီမြို့ရောက် ဗမာသံတမန်တစ်ဦးနှင့် အိန္ဒိယအမျိုးသား ၈ ဦး ၏ ပန်းချီကား
၃) စာရေးသူ ဒေါက်တာသန့်မြင့်ဦး
(စာရေးသူ နောက်ဆုံး ရေးသားထားသည့် စာအုပ်မှာ Where China Meets India: Burma and the New Crossroads of Asia စာအုပ် ဖြစ်ပါသည်။ စာရေးသူမှာ Yangon Heritage Trust ၏ ဥက္ကဌ ဖြစ်ပါသည်။)
The Hindu သတင်းစာ၏ ဝက်ဘ်ဆိုဒ်တွင် ဖော်ပြထားသည့် “Growing up, growing apart” ဆောင်းပါးကို မဇ္ဈိမသတင်း မှ ဘာသာပြန်ထားခြင်းကို တဆင့်ကူးယူဖော်ပြပါသည်။
July 20, 2015 at 5:59 am |
ကျေးဇူးအများကြီးတင်ရှိပါသည် ယ္ခုလိုမျိုး လေ့လာဖတ်ရူု့ခွင့်ရတဲ့တွက်အတိုင်းမသိကျေးဇူးတင်ပါသည်ခင်ဗျားဒေါက်တာက်ုကိုဂျီ။
November 19, 2016 at 2:16 pm |
SRI KSHATRIYA is the original name of PROME (pyay).