Myanmar President Office Director and Fake Monk’s conspiracy against Muslims of Myanmar

Hmuu Zaw Vs Wira Rhu

“သာကေတသတင်းမှန်”
by Wira Thu on Monday, February 18, 2013 at 2:35am ·

ရန်ကုန်တိုင်း သာကေတမြို့ နယ် အမှတ်(၃)ရပ်ကွက်၊ ရန်ပြေ(၁၉)လမ်းနှင့်(၁၈)လမ်း ထောင့်မှာ တရားမဝင် ဗလီတစ်ခု လျှို့ဝှက် တည်ဆောက်ထားပါတယ်။

ခွင့်ပြုမိန့်တောင်းစဉ်က စာသင်ကျောင်း ဆောက်လုပ်ခွင့်သာ တောင်းခဲ့ပြီး မူလသက်မှတ်ချက်ထက် တိုးချဲ့ဆောက်လုပ်ကာ စာသင်ကျောင်းအမည်ခံ ဗလီတည်ဆောက်ခဲ့ ခြင်းဖြစ်ပါတယ်။

ဆောက်လုပ်တဲ့အခါမှာလည်း ပွင့်လင်းမြင်သာမှုမရှိဘဲ အလုံပိတ်ကာရံပြီး တိတ်တစ်ဆိတ် တည်ဆောက်ခဲ့တာပါ။

ညအခါ ကားကြီးကားငယ်များဖြင့် သံထည်ပစ္စည်းများ သွင်းရာမှ ပြည်သူများ ရိပ်မိသွားလို့ တိုင်းကြားကြရာ ၁၄-၂-၂၀၁၃ မှာ စည်းပင်မှ ရက်ဆိုင်းထားခိုင်းပါတယ်။ ဒါကို အမိအရ ဆက်လုပ်နေလို့ ဒီနေ့ ၁၇-၂-၂၀၁၃ မှာ လူငယ်အချို့က ဗလီရှေ့လာရပ်ပြီး ရက်ဆိုင်းပေးဖို့ တောင်းဆိုခဲ့ကြတာပါ။

တာဝန်ရှိသူများက မူဆလင်များကို ခေါ်ယူစစ်ဆေးပြီး ဗလီကိုဖျက်ခိုင်းလိုက်ပါတယ်၊ မူဆလင်များက ပန်းရံများကို ဖျက်ခိုင်းကြလို့ ပန်းရံလုပ်သားများက ပြန်ဖျက်ပစ်လိုက်ခြင်းဖြစ်ပါတယ်။ ပြည်သူတွေမဝင်အောင် လုံခြုံရေးများချထားခြင်းဖြစ်ပြီး နောက်ပိုင်းရောက်မှ စည်းပင်ဝင်ထမ်းများ ပါဝင်လာခြင်းဖြစ်ပါတယ်။

အဲ့ဒီ နောက်ပိုင်းမှာတော့ ကိရိယာများ ပါလာသူ မှန်သမျှကို ပါဝင်ခွင့် ပြုခြင်းဖြစ်ပါတယ်။ အခုဆိုရင် မြေအောက်လိုဏ်နှင့် ပတ်ပတ်လည်တွင်းကြီးများကို လာကြည့်သူများ များပြာလာပြီး ကူဖျက်ပေးကြလို့ ဗလီအောက်ခြေပိုင်းသာ ကျန်ပါတော့တယ်။

သတင်းရင်းမြစ်         09-49129532

01-547253

01-556814

01-552868

COMMENTS: There are numerous comments to assault or even kill or do Ethnic Cleansing.

One Response to “Myanmar President Office Director and Fake Monk’s conspiracy against Muslims of Myanmar”

  1. drkokogyi Says:

    အမုန်းတရားနဲ့ သူများဘာသာ၊သာသနာကို စော်ကားမော်ကားပြုပြီး ကိုယ့်ရဲ့ ဘာသာ၊ သာသနာကို ကာကွယ်နိုင်မယ်လို့တော့ ထင်မနေနဲ့
    ======================================

    အစ္စလာမ်ဘာသာဝင် တိုင်းရင်းသား၊ နိုင်ငံသားတွေဟာ ဗမာပြည်ကို ဘယ်ခေတ်၊ ဘယ်အခါကမျှ အစ္စလာမ်နိုင်ငံဖြစ်အောင် လုပ်မယ်ဆိုတဲ့ အတွေးမျိုး မ၀င်ခဲ့ကြဖူးဆိုတာ သက်သေခံနေတယ်။ ဒါကြောင့် ဗမာပြည်မှာ ရှိနေကြတဲ့ အစ္စလာမ်ဘာသာဝင် ပြည်သူလူထုကြီးဟာ သူတို့ရဲ့ ဘိုးဘွားဘီဘင်တွေရဲ့ ဓလေ့အတိုင်း ဗမာပြည်ကို ချစ်တဲ့စိတ်၊ ဗမာပြည်ကို မြတ်နိုးတဲ့စိတ်၊ ဗမာပြည်အတွက် အသက်ပေးပြီး၊ စွန့်စားတတ်တဲ့ စိတ်ဓာတ်အတိုင်း နေထိုင်နေတယ်ဆိုတာကို လူတိုင်း သိနေကြတာပဲ။ ဒါကို စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ အစွန်းရောက်တွေက မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ပြီး၊ ဟဲ့- လုပ်ကြပါအုံး။ ငါတို့တွေ ငါတို့ဘာသာဖြစ်တဲ့ ဗုဒ္ဓဘာသာကိုမှ မကာကွယ်ခဲ့ရင် သာသနာပျောက်ကွယ်ပြီး၊ အစ္စလာမ်နိုင်ငံ နေ့ချင်းညချင်းပဲ ဖြစ်လာတော့မယောင်၊ လုပ်ကြံဝါဒမှိုင်းတွေ တိုက်တယ်။ တစ်ဖက်မှာ ရခိုင်ပြည်က အစ္စလာမ်ဘာသာဝင် ဒုက္ခသည်တွေရဲ့ အရေးနဲ့ ဆက်စပ်ပြီး၊ အမျိုး၊ ဘာသာသာသနာအရေးတော်ပုံကြီး ဖြစ်သယောင် ပုံဖော်တော့တယ်။ ကျနော် မေးချင်တယ်။ အမျိုးဆိုတာ ဘယ်အမျိုးကို ပြောတာလဲ။ ရခိုင်လား၊ မြန်မာလား၊ ပသီလား၊ ပသျှူးလား၊ ရှမ်းလား၊ ကချင်လား။ ဘယ်အမျိုးကို ပြောတာလဲ။ နယ်ချဲ့အင်္ဂလိပ်ခေတ်က သုံးနှုန်းခဲ့တဲ့ အနက်အဓိပ္ပါယ်နဲ့ လာမပြောနဲ့။ ဒီခေတ်ဟာ သူ့ကျွန်ဘ၀ မဟုတ်ဘူး။ ကိုယ့်ကျွန်ဘ၀ခေတ်ဖြစ်တယ်။ ဘာသာသာသနာဆိုတာ ဘယ်ဘာသာလဲ။ ဗုဒ္ဓဘာသာလား။ အစ္စလာမ် ဘာသာလား။ ခရစ်ယာန်ဘာသာလား။ ဟိန္ဒူဘာသာလား။ နတ်ကိုးကွယ်တဲ့ ဘာသာလား။ ဒီဘာသာတွေအားလုံးက လက်ရှိ ဖွဲ့စည်းပုံက အသိအမှန်ပြုထားတဲ့ ဘာသာတရားတွေ မဟုတ်ဘူးလား။ အဲဒီတော့ ဗုဒ္ဓဘာသာဝင် ဗမာပြည်သူတွေက ဗုဒ္ဓဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ ခရစ်ယာန်ဘာသာဝင် ဗမာပြည်သူတွေက ခရစ်ယာန်ဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ အစ္စလာမ်ဘာသာဝင် ဗမာပြည်သူတွေက အစ္စလာမ်ဘာသာတည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ ဒီလိုပဲ ဟိန္ဒူဘာသာဝင် ဗမာပြည်သူတွေက အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ နတ်ကိုးကွယ်တဲ့ဘာသာဝင်တွေ နတ်ကိုးကွယ်တဲ့ဘာသာ တည်မြဲဖို့ဆိုပြီး၊ အခြားဘာသာဝင် ဗမာပြည်သူတွေကို ရှင်းပြစ်ရမှာလား။ အဲဒီလို ရှင်းပစ်လိုက်ယုံနဲ့ တစ်ခြားဘာသာတွေက ပျောက်ကွယ်သွားမှာလား။ ဘာသာဝင်တွေဖြစ်တဲ့ ဗမာပြည်သူတွေ ပျောက်ကွယ်သွားမှာလား။ ဘာသာတရားတွေ ဆုံးရှုံးရမှာလား။ ဘာသာဝင်တွေဖြစ်တဲ့ ဗမာပြည်သူတွေ ဆုံးရှုံးရမှာလား။ ဒီအချက်တွေကို လေးလေးနက်နက် စဉ်းစားပါ။ မိမိဘာသာ မပျောက်ကွယ်အောင်ဆိုပြီး၊ အခြား ဘာသာဝင်တွေကို သတ်ပြစ်ရမယ်ဆိုတာ ယုတ္တိရှိတဲ့၊ ဖြစ်နိုင်တဲ့၊ လူသားဆန်တဲ့ အတွေးအခေါ်လား။ နိုင်ငံတကာ ဥပဒေတွေကို လေ့လာဖူးလား။ ဒီခေတ်ကို ပဒေသရာဇ်ခေတ်လို အောက်မေ့နေလို့လား။ စစ်ခွေးတွေနဲ့ ၎င်းတို့ရဲ့ လက်ပါးစေ အကြမ်းဖက်သမားတွေရဲ့ လှည့်ကွက်ထဲကို မ၀င်သွားမိစေနဲ့။ ဒင်းတို့ရဲ့ လှည့်ကွက်တွေကို အမြဲတမ်း သတိနဲ့ရှောင်ပါ။

    လှည့်စားခြင်းခံရသော ရိုးသားသည့် ဗုဒ္ဓဘာသာဝင် ဘာသာရေးလေးစားသူများဆောင်းပါးမှ ကောက်နုတ်တင်ပြသည်။

    https://korohingya.wordpress.com/2013/02/08/လှည့်စားခြင်းခံရသူ-ဗုဒ္ဓ/

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: