Source FB of Naythit NT
နိုင်ငံရေးမှုနဲ့ ကျတာလား. . . . ဘုရား။
စောစောစီးစီး. . . .
စိတ်ထဲမှာ တစ်မျိုးကြီးဖြစ်သွားတယ်။ ဖြစ်နေတာကတော့ ညကတည်းကပါပဲ။
ညက စိတ်ကိုထိန်းပြီး နေခဲ့တယ်. . . . ။
အခုမနက် တက်နေတဲ့ status တွေ . . . ။ post တွေ တွေ့ရတော့. . . . .
ဒီဘုန်းကြီးတော့ . . . . ခက်နေပါပြီ။
ဘုန်းကြီးဆိုတော့လဲ . . . .ပြောသင့် မပြောသင့်စဉ်းစားနေတာ။ သူကတော့ လူကြိုက်များတဲ့ ကိုယ်တော် ဆိုတော့ ချင့်ချိန်နေတာပါ။ မတော်ရင် ကြားထဲက ကို့ကို မွတ်စလင် စွပ်စွဲခံနေရဦးမယ်။ ကိုယ်တော့် နောက်လိုက်တွေ ၀ိုင်းကိုက်တာလဲ ခံနေရဦးမယ်။
ခက်တော့ ခက်တယ်ဗျာ။ ကိုယ်က စဉ်းစားချင့်ချိန်နေပေမယ်. . .
ဒီကိုယ်တော်က မစဉ်းစား မချင့်ချိန်ပဲ တရားဟောစင်ပေါ်ကနေ လျှောက်ပြောနေတော့ ဂွကျမကုန်ဘူးလား။ ပြန်ပြောရရင်လဲ မကောင်းရှိတော့မယ်ဗျ။
တစ်ခုတော့ သတိရမိတယ်. . . .
ဆရာဦးရွှေထူး မလွတ်မြောက်ခင်က . . . ဆရာလွတ်မြောက်ရေးအတွက် တွေ့ဆုံ ကြတုန်းက ဒီကိုယ်တော် ပြောသွားလိုက်တာများ. . .
ဆန္ဒပြ တောင်းဆိုတာတွေ မလုပ်ကြနဲ့. . . .
သူတို့က တောင်းဆိုတာတွေကို မကြိုက်ဘူး. . . .
မနှစ်သက်ဘူး. . . .
မလိုက်လျော်ချင်ဘူး . . . .
ဘာဘူး. . . . . .
ညာဘူး. . . နဲ့ ပေါ့ဗျာ ။ သူကို ခုံပေါ်က ထိုင်။ ကိုတို့ က လက်အုပ်ကလေးတွေချီပြီးတော့ . . .ပေါ့။ ဘယ်လိုလုပ်ပြန်ပြောနိုင်မှာလဲ ။ ။
သူက . . . သင်္ကန်းကြီးနဲ့ဆိုတော့. . . ။
ဘာတဲ့. . . . နောက်ပြီး နှုတ်တော်ဖျားက လုံးဝ မချတာကတော့. . .
ဦးအောင်သောင်း. . . . ဦးအောင်သောင်းနဲ့။
ဟမ်း. . . . . . ။
နောက် . . . နိုင်ငံရေး အကျဉ်းသားဆိုတဲ့ အသုံးအနှုန်းကို မသုံးဖို့ပါ မိန့်ကြားနေသေးတာဗျ။
လေသံကတော့ . . . . တထေရာထဲပဲဗျို့။
အခုလဲ ရန်ကုန်မှာ ဖြစ်တဲ့ ကိစ္စနဲ့ ချိန်ကိုက် ပြောချလိုက်ပြန်ပြီ။
အဲဒီကိုယ်တော်ကို မေးချင်ပါတယ်။
ကန်တော့ . . . . .
လျှောက်ထားခွင့် ပြုပါ ဘုရား. . . . ။
အရှင်ဘုရား. . . .ထောင်ကျတာဘာမှုပါလဲ. . . ဘုရား။
နိုင်ငံရေးမှုနဲ့ ကျတာလား. . . . ဘုရား။
Tags: Government, Government-Related Organizations, Military, Organizations, Veterans
February 24, 2013 at 4:42 am |
ဘာသာရေးနဲ့ ပတ်သက်ပြီး တပည့်တော် နားလည်ထားမိတာ ဘာသာတရားတခုဆိုတာ လူမျိုးတမျိုးတည်းအတွက် မဟုတ်သလို လူမျိုးတမျိုးတည်းက မောင်ပိုင်စီးထားလို့ မရပါဘူး. အထူးသဖြင့် မြတ်စွာဘုရား သာသနာဆိုတာ လူသားအားလုံးအတွက်ပါ.. လူသားအားလုံးနဲ့ သက်ဆိုင်ပါတယ်.. ငါ့လူမျိုး ငါ့ဘာသာဆိုတဲ့ ကျဉ်းမြောင်းတဲ့ စိတ်ဓာတ်၊ မရင့်ကျက်တဲ့ စိတ်ထားနဲ့ သာသနာပြုမယ်ဆိုရင်တော့.. အဲဒီ သာသနာက သာသနာစစ် သာသနာမှန် ဖြစ်မှာ မဟုတ်ပါဘူး အရှင်ဘုရား…။
ဗုဒ္ဓသာသနာပျောက်ကွယ်သွားမှာ မစိုးရိမ်ပါနဲ့ အရှင်ဘုရား.. ထိုက်တန်သူများရှိရာအရပ်မှာ ထာဝရ တည်တံ့နေမှာပါ.. အရှင်ဘုရားတို့ရဲ့ ဘုန်း၊ သီလ သမာဓိ ပညာနဲ့ တပည့်တော်တို့ရဲ့ အကျင့်သီလပေါ် မူတည်ပြီး.. သာသနာဆိုတာ ရှိနေမှာပါ.. မထိုက်တန်တဲ့ တနေ့ .. လက်လွတ်ရရင်လည်း ဘယ်သူမပြု မိမိမှုပါဘဲလို့ နှလုံးသွင်းသင့်ပါတယ်….။
တပည့်တော်တို့ အားလုံးရဲ့ အဓိက ချွတ်ယွင်းချက်က ပင်ကိုယ်စိတ်ဓာတ်ရေးရာ မခိုင်မာမှုနဲ့သာသနာအပေါ် ယုံကြည်မှု စွမ်းအား နည်းပါးခဲ့လို့ပါ…ငယ်ရွယ်စဉ်မှာ စံနစ်တကျ မသင်ကြားခဲ့ရတဲ့ အပြင်.. အရွယ်ရောက်လာတော့လည်း. မိမိဖာသာ လေ့လာနိုင်စွမ်းအား မရှိခဲ့ကြပါဘူး…။ သာသနာအဆုံးအမကို ရင်ထဲ နှလုံးသားထဲ အသိ မရှိကြတဲ့ အပြင်.. အပေါ်ယံသဘောနဲ့ အမှားအယွင်းများစွာကိုလည်း ပြင်ဆင်နိုင်စွမ်း မရှိခဲ့ကြပါဘူး… ပြုပြင်စရာတွေ တပုံတပင်ရှိနေပေမဲ့လည်း.. မယောင်ရာ ဆီလူးပြီး အချိန်ကုန်နေကြတာက ပိုများပြားနေပါတယ်..။
အမျိုးသားရေး အသိစိတ်ဓာတ်နဲ့ ကိုယ့်ဖာသာပြုပြင်ဖို့ စိတ်အားမသန်ကြဘဲ.. မလိုအပ်ဘဲ သူများအပြစ် သူများကိုလက်ညှိုးထိုးနေကြတာ များနေပါတယ်… ခေတ်အဆက်အဆက် ဘာသာရေးကို အကြောင်းပြ ခုတုံးလုပ်ပြီး နိုင်ငံရေးပြဿနာတွေကို လက်လွတ်စပယ် ဖြေရှင်းခဲ့ကြတဲ့ . အခုလည်း ဖြေရှင်းနေဆဲ… နောင်လည်း ဖြေရှင်းနေဦးမည့် ဆိုးသွမ်းနေတဲ့လူတစုကို မပယ်ရှားနိုင်သရွေ့တော့ ဒီလိုအဖြစ်အပျက်တွေက ဆက်လက်တည်ရှိနေဦးမှာပါ..။
အရှင်ဘုရားလို XXX ထောင်တန်းကျခဲ့ပြီး. ပြန်ထွက်လာတော့.. အမှားတရားတွေကို ထောက်ကူနေတာ တွေ့ရတော့ တပည့်တော် အလွန်အမင်းအံ့သြမိပါတယ်.. တပည့်တော် စွပ်စွဲနေရတာ မဟုတ်ရပါ.. အဖြစ်အပျက် အခြေအနေက အဲဒီလိုကို အထင်သက်ရောက်စေပါတယ်..။
တပည့်တော် ဆက်ရေးပါဥိးမယ်.. ဒီတခါတော့ ဘယ်သူ့ကိုမှ မတပ်ခ်တော့ပါဘူး… အာရုံနောက်မှာစိုးလို့ပါ…
— with Ven Ravika.