Lu Ye Chun or Outstanding Student Renaissance

TQ LYC Dr. Tint Tint Kyi and my classmate Dr Tin Min. I just wish to publish this record although I missed or failed to be elected in this year of 1967. I was selected in 66 & 68. At least we all could taste the experience of a LYC camps. Dr Tin Min, Dr Than Win and I were together in 66 & 68. Dr Tin Min continuously got LYC in 67 and 69. In 1st. MBBS Jr he was selected and I failed. But from 1st. MBBS Sr,  2nd MB Jr and Sr I was selected. TQ friend for the good record keeping.

၁၉၆၇ ခုနှစ် လူရည်ချွန် စခန်း ရက်စွဲ မှတ်တမ်းများ
-၃-၆၇ -ငပလီ ရွှေဝါချိုင်စခန်းသို့ ပြည်တော်အေးသင်္ဘောဖြင့် စတင်ထွက်ခွာ
-၃-၆၇ ရန်ကုန်ဝိဇ္ဖာနှင့်သိပ္ပံ တက္ကသိုလ်မှ လက်ထောက်ကထီက နော်ကယ်လစ်တန်မင်းက မဇင်းရွာ ၌ ရုက္ခဗေဒပညာရပ်များကိုစာတွေ့ လက်တွေ့ 
သင်ကြား
၃၀-၃-၆၇ ငပလီစခန်း ၌ လူရည်ချွန်ကလေးများအား လူငယ်ရေးရာ တံဆိပ်ပေးအပ်။
၂-၄-၆၇ ငပလီ၊ ငှက်ပျောချောင်း ဆည်ရေစစ်ကန် တည်ဆောက်ရေး လုပ်ငန်း ၌ပါဝင်
လုပ်အားပေး

-၄-၆၇ သဲသောင်ပြင်တွင် ဆတ်သားများကို လူရည်ချွန်ကလေးများ ကိုယ်တိုင်ကင်၊
ကိုယ်တိုင်စား အစီအစဉ်ဖြင့် တပျော်တပါး ဆင်နွှဲ။
၅-၄-၆၇ ငပလီ စခန်းသိမ်းပွဲ ကျင်းပ။
၇-၄-၆၇ တော်လှန်ရေးကောင်စီဥက္ကဌ ဗိုလ်ချုပ်ကြီးနေဝင်းအားလက်ဆောင်ပေးရန်
ရည်စူး ယူဆောင်လာသော ပင်လယ်ကျောက်ခက်ကြီးကို ငပလီလူရည်ချွန်များ
ပြည်တော်အေး သင်္ဘောပေါ်မှ သယ်ချလာ။
၁၉၆၇ ခုနှစ်တန်းနှင့် ရှစ်တန်းလူရည်ချွန်ကျောင်းသူကျောင်းသားများ ငပလီ
စခန်း(၁)မှ ရန်ကုန်ဆိပ်ကမ်းသို့ ပြည်တော်အေး သင်္ဘောဖြင့် ညနေ(၆)နာရီ
တွင် ပြန်လည်ဆိုက်ရောက်လာ။ဆွေမျိုးမိတ်သင်္ဂဟများနှင့်ကျောင်းသားကျောင်း
သူများက ဆိပ်ကမ်းမှ စောင့်ကြို အောင်သပြေပန်းများကမ်းလှမ်း။
လေးထပ်ကွမ်းရရှိသူ နှစ်ဦး
(၁) မောင်ထင်ကျော်- တက္ကသိုလ်ဝင်တန်း အထက(၁) မြိတ်
(၂) မောင်စိုးဌေး – တက္ကသိုလ်ဝင်တန်း၊ ဘားအံ
၁၉၆၇ ရန်ကုန်လူရည်ချွန်စခန်း
လူရည်ချွန်စခန်းဖွင့်ပွဲ ၌လူရည်ချွန် တံဆိပ်များနှင့် ပညာရေးဌာနတာဝန်ခံ၏ လူရည်ချွန်ဂုဏ်ပြုလွှာများကို ပညာ ညွှန်ကြားရေးဝန် ဦးဘိုးသုန်က လူရည်ချွန်ကျောင်း
သားကျောင်းသူများကိုတစ်ဦးချင်းစီပေးအပ်ချီးမြှင့်။
လေးထပ်ကွမ်းလူရည်ချွန်များဖြစ်ကြသော ဘားအံမှ ပောင်စိုးဌေး နှင့်မြိတ်မှ မောင်ထင်
ပေါ်တို့ အား နိုင်ငံခြားရေး ဌာနတာဝန်ခံ ဦးသီဟန်၊ ပြန်ကြားရေးဌာန အတွင်းဝန်၊ ပညာရေးဌာနအတွင်းဝန်၊နှင့် အလုပ်သမားဌာန အတွင်းဝန်တို့ ကတွေ့ ဆုံနှုတ်ဆက်ချီး
ကျူးအားပေး။
-၄-၆၇ ပြန်ကြားရေးဌာန နှင့် ယဉ်ကျေးမှု ဌာန တာဝန်ခံ ၏ ဂုဏ်ပြုညစာစားပွဲ

၁၀-၄-၆၇ လူရည်ချွန်များရွှေတိဂုံစေတီ ဖူးမျှော်
ဘုရားလမ်း အမျိုးသားပြတိုက်၊ တိရိစ္ဆာန်ဥယျာဉ် နှင့် မြေနီကုန်း ကျန်းမာရေး
ပြတိုက်သို့ သွားရောက်လေ့လာ။
၁၁-၄-၆၇ ရန်ကုန်ပြည်လမ်း အသံလွှင့်ရုံ မြက်ခင်းပြင် တွင် ရန်ကုန်စခန်းရှိလူရည်ချွန်
များကို ပညာရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးလှဟန် က ညစာစားပွဲဖြင့် တည်ခင်း။
ဗိုလ်မှူးကြီးလှဟန်၊ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးတင်ဦး
နှင့် ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးကြီးလှဘုန်း တို့ က လူရည်ချွန်
ကလေးများကို လိုက်လံနှုတ်ဆက်။
၁၂-၄-၆၇ နံနက်ပိုင်း ၊ ရန်ကုန်တက္ကသိုလ် ဘွဲ့ နှင်းသဘင် ခန်းမ
ရန်ကုန်လူရည်ချွန်စခန်းမှ လူရည်ချွန်များအားမြန်မာ့ဆိုရှယ်လစ်လမ်းစဉ်
အကြောင်း နိုင်ငံရေးသိပ္ပံကျောင်းမှ ကထိက တဦးက ဟောပြော။
ညပိုင်း (၇ နာရီ ခွဲ) ပြည်လမ်း ဆေးတက္ကသိုလ် အမှတ်(၁)
စခန်းသိမ်းပဒေသာကပွဲ ကျင်းပ။ ပြည်သူ့ ရင်နှစ်ချစ်ကြည်ရာမြေ အက
ဖြင့်ဖျော်ဖြေ

နဝမတန်းနှင့် အခြေခံပညာရေး အထက်တန်း၊ သချာင်္လူရည်ချွန် ၊ စက်မှု နှင့်
စိုက်ပျိုးရေး ကျောင်းသားများ။- အင်းလေးခေါင်တိုင်စခန်းသို့ ထွက်ခွာ။
စခန်းဖွင့်ပွဲ တွင် ရှမ်းပြည်နယ်ဦးစီးအဖွဲ့ ဥက္ကဌ ဦးထွန်းအေး က လူရည်ချွန်များ အား
ရှေ့ ဆောင်လူငယ်တံဆိပ်ပေးအပ်။
၂၃-၄-၆၇ လူရည်ချွန်များ လွိုင်ကော်သို့ ဆိုက်ရောက်။
၂၃ -၄-၆၇ လွိုင်ကော်နှင့် (၁၀)မိုင်ခန့် ကွာဝေးသော ဒီမော့ဆို မြို့ နယ်ပြည်သူ့ 
ဆေးရုံသစ်ကြီးအား သန့် ရှင်းရေးလုပ်အားပေး။
၂၃-၄-၆၇ လောပီတ ရေအားလျှပ်စစ်စက်ရုံသို့ သွားရောက်လေ့လာ။
၂၅-၄-၆၇ လူရည်ချွန်များသည် တပ်မတော်သားများ၊ နယ်ခံကျောင်းသားကျောင်းသူ
များ နှင့်အတူ ရပ်စောက်မြို့ သူမြို့ သားများ သုံးရေအဖြစ်သုံးစွဲနေရသော
မြို့ ပါတ် အင်းခေါင်းရေထွက်ချောင်း သန့် ရှင်းရေးအတွက် လုပ်အားပေး။
၂၈-၄-၆၇ စခန်းသိမ်းပွဲ လူရည်ချွန်မောင်မယ်များ က ရှမ်းရိုးရာ ယဉ်ကျေးမှု အကဖြင့်
ဖျော်ဖြေ။
၃၀-၄-၆၇ အင်းလေးခေါင်တိုင်စခန်းမှ လူရည်ချွန်များ ရန်ကုန်ဘူတာကြီးသို့ပြန်လည်
ဆိုက်ရောက်။

၁၉၆၇ ခုနှစ် ငပလီအဖွဲ့ (၂) တက္ကသိုလ် နှင့်ကောလိပ်များမှ)
၁၂-၄-၆၇ ည
လူရည်ချွန်ကျောင်းသားကျောင်းသူများ စစ်ရေယာဉ် မေယုပေါ်မှ နှုတ်ဆက်။
၁၅-၄-၆၇
ငပလီ ရွှေဝါချိုင် လူရည်ချွန်စခန်းဖွင့်ပွဲ တွင် ပညာရေး ဌာန အတွင်းဝန်
ဒေါက်တာညီညီ မိန့် ခွန်းပြော
သင်္ကြန် အတက်နေ့  ရခိုင်ရိုးရာ အတာသဘင်ကို ပါဝင်ဆင်နွှဲ။
-၄-၆၇ လူရည်ချွန်များအား ၊ နည်းပြချုပ်ဦးချစ်လှိုင် က ဘဝ နှင့် အသိတရား
အကြောင်း ဟောပြောပို့ ချ။
၁၉-၄-၆၇ ရန်ကုန် ဝိဖ္ဖာနှင့်သိပ္ပံ တက္ကသိုလ် ရုက္ခသိပ္ပံ ပညာဌာနမှ ပါမောက္ခ ဒေါက်တာ
ကိုကိုလေး သည် လူရည်ချွန်များကို သတ္တသိပ္ပံ ပညာရပ်များ နှင့် ရုက္ခသိပ္ပံပညာ
ရပ်များကို လက်တွေ့ ပြသ ရှင်းလင်း။
၂၁-၄-၆၇ ကမ်းခြေသဲသောင်ပြင်တွင် ကြံခိုင်ပျော်ရွှင်ရေး လေ့ကျင့်ခန်းများ ပြုလုပ်။
၂၂-၄-၆၇ ငပလီ စခန်းမှူး ဥိးလှရွှေ က လူရည်ချွန်များကို ရှေ့ ဆောင်လူငယ် တံဆိပ်
များ ပေးအပ်ချီးမြှင့်။
၂၃-၄-၆၇ တပ်မတော်သားများနှင့်လက်တွဲကာ စခန်းအနီးရှိ ငှက်ပျောချောင်းရေစစ်
ကန် ဆောက်လုပ်ရေးလုပ်ငန်း များတွင်လုပ်အားပေး။
-၄-၆၇ အမှတ်တရ လူရည်ချွန်အုန်းပင်စိုက်
၂၃-၄-၆၇ ညနေ ငပလီကမ်းခြေ တွင် ပင်လယ် ရေမှော်ပင်များကိုရှာဖွေ ကောက်ယူ။
၂၅-၄-၆၇ ည အမှတ်(၅၅) ခြေလျှင်တပ်ရင်းမှ ဗိုလ်မှူးပီကျော်ဟန် နှင့်ဇနီး တို့ က
ညစာစားပွဲ ဖြင့် တည်ခင်းဓည့်ခံ။
၂၇-၄-၆၇ စခန်းသိမ်းပွဲ ကျင်းပ။
၂၈-၄-၆၇ ငပလီ မှ လူရည်ချွန်များ မင်္ဂလာဒုံလေဆိပ်သို ပြန်လည်ဆိုက်ရောက်။ ထိုနေ့ 
တွင်ပင် အချို့ မီးရထားဖြင့်ပြန်လည်ထွက်ခွာ။

( စီမံကိန်းစာအုပ်ကို အခြေခံထားခြင်းမဟုတ်ပါ။ သတင်းစာ ပါ ဓါတ်ပုံမှတ်တမ်းများအရ
ရက်စွဲ မှတ်တမ်းပြုစုကြည့်ခြင်းဖြစ်ပါသည်။ ထိုစဉ်က အသုံးအနှုန်းများအတိုင်း ကူးရေး
ထားခြင်းဖြစ်ပြီး ထိုအချိန် မှ လူရည်ချွန်များအတွက် ပြန်လည်ပြောပြနိုင်စေရန် ရည်ရွှယ်
ပါသည်။) (မှတ်တမ်းတင်ဓါတ်ပုံများကို ငယ်စဉ်ကပင်စုဆောင်းသိမ်းဆည်းခဲ့သူ ဒေါက်တာဦး
တင်မင်း ၄ထပ်ကွမ်း ဗန်းမော်လူရည်ချွန်ကိုကျေး ဇူးတင်ပါသည်။)

 

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: