U Aung Tin wrote:
ကိုမင်းကိုနိုင်က ရိုဟင်ဂျာမေးခွန်းကို ဘယ်လိုအဖြေပေးခဲ့သလဲ။ လူကြိုက်များအောင် လုပ်နေတဲ့ အပေါစား တာဝန်မဲ့ ခေါင်းဆောင်တွေလို ဖြေခဲ့သလား။
စဉ်းစားညာဏ်နှင့် အမျှော်အမြင်ကြီးမားတဲ့ တာဝန်ရှိ ခေါင်းဆောင်တစ်ဦးလို ဖြေခဲ့သလား။
နားဆင်ပါ။ တိုင်းပြည့်ခေါင်းဆောင်ဆိုတာ ဒါမျိုးဖြစ်ရမယ်။
February 26, 2013 at 2:18 pm |
U Tin Mg Than
အမျိုး-ဘာသာ-သာသနာ နှင့် မျိုးချစ် စိတ်ဓါတ်+ =========================== – ကားမောင်းတဲ့သူဟာ ကားမောင်းကျွမ်းကျင်ရမည်၊ အကျင့်စာ၇ိတ္တကောင်းမွန်ရိုးသားသူ၊ကြိုးစားသူ ဖြစ်ရမည် ၊ လူမျိုး ဘာသာခွဲခြားရန်အကြောင်းမရှိပါ ။ လူမျိုး၊ဘာသာ ခွဲခြားစိတ် မုန်းတီးစိတ်ရှိသူများ လှုံဆော်နေကြသူများ ၏ အတွေးအခေါ် အယူအဆအတိုင်း ကျင့်မူနေထိုင်ကြရပါမူ နိုင်ငံခြား ပညာသင်သွားခြင်း ၊ အလုပ်သွားေ၇ာက်လုပ်ကိုင်ခြင်း၊ ဆေးဝါကုသခြင်း စသည်ဖြင့် မည်သည့် ကိစ္စမှ ဘာသာခြား လူမျိုးခြားများနှင့် မဆက်ဆံ မသွားလာဘဲနေကြ၇မလိုဖြစ်နေပါသည်။ အာဏာရှင် ဦးနေ၀င်း က ထိုအတွေးအခေါ် အကျင့်အကြံမျိုးဖြင့် မဟာဗမာ-မဟာဗုဓ္ဒ အာဏာရှင်ဝါဒ ကျင့်သုံးအုပ်ချုပ်ခဲ့သဖြင့် တိုင်းပြည် ချုံးချုံးကျ မွဲပြာကျ ခဲ့ပြီးဖြစ်သည်။ အရှေ့တောင်အာရှတွင် အတိုးတက်ဆုံး နိုင်ငံ အဖြစ်မှ အဆင်းရဲ အမွဲတေဆုံး နိုင်ငံအဆင့်သို့ေ၇ာက်ခဲ့၇ သည်မှာလည်း ယခု အစွန်းေ၇ာက်များ ပြောနေသည့် အမျိုး-ဘာသာ-သာသနာ စောင့်ရှောက်ေ၇း အမျိုးသားေ၇း စိတ်ဓါတ် ရှင်သန် ထက်မြက်ရေး ဆိုသည့် အမျိုးသားရေး ၀ါဒကြောင့်ပင်ဖြစ်သည်။ အမျိုးသားေ၇းဆိုသည်မှာ 18ရာစု 19ရာစုတွင် ကိုလိုနီဘ၀ကလွှတ်မြောက်ေ၇း ကြိုးပမ်းဆောင်ရွှက်ခဲ့ကြသူ သူရဲကောင်းတို့၏ ကြွေးကြော်သံဖြစ်သော်လည်း 20ရာစုနှောင်းပိုင်း ကိုလိုနီစံနစ်ပျက်သုဉ်းချိန်မှ မျက်မှေက်ကာလအထိ အမျိုးသားချင်း ကျွန်ပြုသူ အာဏာရှင် များ၏လက်သုံးစကား ကြွေးကြော်သံ ဖြစ်လာပါသည်။ အမျိုးသားအာဏာရှင် မျိုးစုံတို့၏ ဒိုင်းသည် အမျိုး-ဘာသာ-သာသနာ ဖြစ်ပြီး ဓါး မှာ မျိုးချစ်စိတ် ဟူသည် လက်နတ် ပင်ဖြစ်သည်။