==============
ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈
မြို့တော်တွင်နေထိုင်သော အစလ္စာမ်ဘာသာဝင်များက ဗုဒ္ဓဘာသာရဟန်းတော်များကိုပင့်ဖိတ်၍ ၄င်းတို့၏ဗလီကျောင်းများကို လိုက်လံပြသမည်ဖြစ်ကြောင်း စီစဉ်သူများတွင်ပါဝင်သူ ဦးမောင်မောင် (ရွှေကရဝိတ်) The Voice Weekly သို့ ပြောကြားသည်။
ဆက်လက်ပြောဆိုသည်။
ယင်းအစီအစဉ်ကို မတ်လပထမ အပတ်အတွင်းပြုလုပ်ရန်စီစဉ်ထားသော် လည်း သက်ဆိုင်ရာ ဒေသအာဏာပိုင်များ ထံတွင် ခွင့်ပြုမိန့်တောင်းရန်ရှိသေးသဖြင့် ရက်အတိအကျပြောရန် ခက်သေး ကြောင်း စီစဉ်သူများထံမှသိရှိရသည်။
“ဗုဒ္ဓဘာသာဘက်က ဆရာတော်တွေ သိချင်တာတွေကို ကျွန်တော်တို့ ဘာသာဘက်က တာဝန်ရှိတဲ့သူတွေက ပြောပြမယ်။ ဖြေကြားပေးမယ်။ ကျွန်တော် တို့ဘုရားကျောင်းဗလီတွေမှာ ဘာတွေရှိတယ်၊ မရှိဘူးဆိုတာကို ခေါ်ပြတဲ့သဘောပါ။ ပြီးတော့ ဗုဒ္ဓဘာသာဆရာတော်တွေနဲ့
ရင်းနှီးမှုယူတဲ့သဘောပါ” ဟု ဦးမောင်မောင်(ရွှေကရဝိတ်)က သုံးသပ်ပြောဆိုသည်
အဆိုပါ ဗလီများ တည်ဆောက်ထားခြင်းသည် ထင်သာမြင်သာ မရှိသဖြင့် ၄င်းတို့အစီအစဉ်ကို ကြိုဆိုကြောင်း မန္တလေးမစိုးရိမ်ကျောင်းတိုက်မှ ဆရာတော် အရှင်ဝီရသူကThe Voice Weekly သို့ မိန့်ကြားသည်။
လူမှုကွန်ရက Website စာမျက်နှာများတွင် မန္တလေးမြို့၏ ဗလီတစ်ခုတွင်လက်နက်များ ဝှက်ထားသည်ဟူ၍ ရေးသားမှုများ ရှိသောကြောင့် ယင်းသို့ စီစဉ်ရခြင်းဖြစ်ကြောင်း ယင်းစီစဉ်သူများထံမှ သိရှိရသည်။
Leave a Reply