လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်

လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခဖြစ်ပွါးစေရန် လုပ်ကြံမှုများ ဖန်တီးခွင့် မပြုသင့်

ဖေဖော်ဝါရီ ၂၇ ၊ ၂၀၁၃
M-Media

Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း

Amb. Ufuk Gokcen နှင့် ဘန်ကီမွန်း

အစ္စလာမ့်ရေးရာ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ Organization of Islamic Cooperation – OIC ရဲ့ ကမ္ဘာ့ကုလသမဂ္ဂ အမြဲတမ်း ကိုယ်စားလှယ်နဲ့သံအမတ်ဖြစ်သူ Amb. Ufuk Gokcen က ဒီလိုထုတ်ဖော်ပြောဆိုလိုက်ပါတယ်။

“  ပြီးခဲ့တဲ့ စက်တင်ဘာလက မြန်မာနိုင်ငံကို သွားရောက်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်တွင်း အကြမ်းဖက် ပဋိပက္ခ လုပ်ရပ်တွေဟာ လူများစု ဗုဒ္ဓဘာသာဝင်နဲ့လူနည်းစု မွတ်စ်လင်မ်တွေအကြား ဘာသာရေးထိပ်တိုက်တွေ့မှု မဟုတ်ဘ၊ဲ ရိုဟင်ဂျာ လူနည်းစုဆီကိုသာရှေ့ရှုနေတဲ့ မကျေနပ်ချက်၊ အငြိုးအာဃာတ အကျိုးဆက်လို့ဆိုပြီး ကျွန်တော့် အမြင်ဖြစ်သွားခဲ့ရတယ်။ ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ကမန် မွတ်စ်လင်မ် အိမ်ခြေများကို ဦးတည်ဖျက်ဆီးမှု၊ ကရင်ပြည်နယ် အတွင်း ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ မွတ်စ်လင်မ် ဆန့်ကျင်ရေး လှုံ့ဆော်ချက်တွေကို ကြားလိုက်ရချိန်မှာ အရေးပေါ်အခြေအနေရောက် လာတော့မလားဆိုပြီး ကျွန်တော် စိုးရိမ် ပူပန်သွားခဲ့တယ်။ အဲ့ဒီနောက် ရန်ကုန်မြို့ရဲ့ မွတ်စ်လင်မ် ဘာသာရေး ကျောင်းငယ်တစ်ခုကို ဗုဒ္ဓဘာသာဝင် အယောက် ၃၀၀ က တိုက်ခိုက်ဖျက်ဆီးတဲ့သတင်း၊ အပတ်စဉ်ထုတ်ဂျာနယ် တစ်စောင်ကနေ ဘုန်းကြီးတစ်ပါးရဲ့ မီးလောင်ရာလေပင့် ကြုံးဝါးချက် သတင်းတွေ ထပ်မံ ရရှိလိုက်တဲ့အခါမှာတော့ ကျွန်တော့်ရဲ့ ကနဦးကောက်ချက် အပေါ် ပြန်လည် သုံးသပ်ဖို့ ဖြစ်လာရပါပြီ  ”

ဒီလိုဖြစ်ရပ်မျိုးက မြန်မာတစ်နိုင်ငံတည်း ဖြစ်နေတာ မဟုတ်ပါဘူး။ လတ်တစ်လောကာလ သီရိလင်္ကာမှာလည်း အစွန်းရောက် ဗုဒ္ဓဘာသာဝင်တို့ရဲ့ Bodu Bala Sena ပါတီက မွတ်စ်လင်မ်ဆန့်ကျင်ရေးဖြစ်လာအောင် စည်းရုံး လှုံ့ဆော်ဆန္ဒပြနေကြတယ်။ အဲ့ဒီဆန္ဒပြသူတွေ ကိုင်စွဲထားတဲ့ ဆောင်ပုဒ်နဲ့ကြွေးကြော်သံတွေက အစွန်းရောက် ရခိုင်ဗုဒ္ဓဘာသာဝင်တွေအသုံးပြုခဲ့ကြတဲ့ အသုံးအနှုန်းနဲ့ တစ်ထပ်တည်းဖြစ်နေပါတယ်။ “ မွတ်စ်လင်မ် အကြမ်းဖက်သမားတွေက ဗုဒ္ဓဘာသာဝင် လူမျိုးတွေအပေါ် ခြိမ်းချောက်မှုတွေ လုပ်နေကြလို့ ဘုန်းကြီးတွေအနေနဲ့လည်း တိုက်ခိုက်ဖို့ အသင့် ရှိနေကြပြီ  ” ဆိုတဲ့ အဓိပ္ပါယ်လမ်းကြောင်းပါဘဲ။

“  Buddhist Fury: Religion and Violence in Southern Thailand.  – ဆိုတဲ့အမည်နဲ့ Michael K. Jerryson ရေးခဲ့တဲ့ စာအုပ်က ကျွန်တော့်ကို တော်တော် စိတ်ဝင်တစားဖြစ်စေခဲ့တယ်။ အဲ့ဒါက ထိုင်းနိုင်ငံတောင်ပိုင်း ဘာသာရေး-နိုင်ငံရေး ရောထွေး ပဋိပက္ခထဲ ပါဝင်ခဲ့ကြတဲ့ ဗုဒ္ဓဘာသာဝင် ဘုန်းတော်ကြီးများရဲ့ အခန်းကဏ္ဍအကြောင်း ဖြစ်ပါတယ်။ အဲ့ဒါနဲ့ ကျွန်တော်က ကမ္ဘာ့တစ်ဝှန်းမှာရှိတဲ့ ဗုဒ္ဓဘာသာ ထိပ်တန်းခေါင်းဆောင်တစ်ချို့ဆီကို အိတ်ဖွင့်ပေးစာတစ်စောင်ရေးပို့ပြီး၊ မြန်မာနိုင်ငံက ရိုဟင်ဂျာ မွတ်စ်လင်မ်တွေအပေါ် ဆန့်ကျင် အကြမ်းဖက်နေတဲ့ကိစ္စနဲ့ပတ်သက်လို့ မေတ္တာတရားရှေ့ထားစေလိုကြောင်း နဲ့သူတို့သဘောထား အမြင်တွေ ဖော်ပြပေးဖို့ တိုက်တွန်းခဲ့ပါတယ်။  အခြေအနေ ရှုပ်ထွေးလာတာနဲ့အမျှ အဲ့ဒီ ဗုဒ္ဓဘာသာ ခေါင်းဆောင်များက ငြိမ်းချမ်းရေးနဲ့စာနာရေး ဖိတ်ခေါ်သံတွေကို အဲ့ဒီနိုင်ငံတွေထဲက ဗုဒ္ဓဘာသာလူ့အဖွဲ့အစည်းတွေဆီ ဆက်လက် ပို့ဆောင်သွားကြလိမ့်မယ်လို့ မျှော်လင့်မိပါတယ်ဗျာ ” လို့ သူက ပြောပြပါတယ်။

မွတ်စ်လင်မ်တွေဟာ လူနည်းစုသာဖြစ်နေလင့်ကစား မြန်မာ၊ ထိုင်း နဲ့ သီရိလင်္ကာမှာရှိတဲ့ ဗုဒ္ဓအစွန်းရောက်အားလုံးက မွတ်စ်လင်မ်တွေကို မိမိတို့နိုင်ငံသား အစိတ်အပိုင်း တစ်ရပ်အဖြစ် မပါဝင်အောင် ဆန့်ကျင်ပယ်ချသွားဖို့ အတွေးအခေါ် ၀င်နေကြပါတယ်။ လူနည်းစု မွတ်စ်လင်မ်တွေကို ၀ိုင်းကြဉ်ဖို့ကြိုးစားနေကြတဲ့  လူငယ်ပိုင်းတွေလည်း ပါဝင်နေတဲ့ အဲ့ဒီ ဖယ်ထုတ်ရေး ၀ါဒီတွေကြောင့် အစွန်းရောက် အင်အားစုကို တန်ပြန်ဆန့်ကျင်ဖို့လို မလိုဆိုတာ စဉ်းစားကြဖို့ အချိန်တန်ပါပြီ။ အနောက်အာဖရိက ကနေ အရှေ့တောင်အာရှအထိ မွတ်စ်လင်မ် လူ့အဖွဲ့အစည်းများအပေါ် ခြိမ်းချောက်မှုတွေ ကြီးထွားနေရတဲ့အဓိကအချက်ကို သုံးသပ်ကြဖို့ အရေးကြီးနေပါပြီ။

မြန်မာနိုင်ငံကပြဿနာကိုကြည့်ယင် ရခိုင်ပြည်နယ်အတွင်း အစုလိုက်အပြုံလိုက် ဖျက်ဆီးသောင်းကျန်းမှုကြောင့် မွတ်စ်လင် ဒုက္ခသည်ပေါင်း တစ်သိန်းနှစ်သောင်းအထိ ကြောက်ခမန်းလိလိ ထွက်ပေါ်ခဲ့ရတယ်။ သို့တိုင်အောင် မြန်မာအစိုးရကတော့ မဆိုစလောက် လုံခြုံရေးကိုသာ ပေးခဲ့ပြီး၊ ယခုအချိန်အထိ ပြဿနာရဲ့မူလဇစ်မြစ်ကို မထုတ်ဖော်သေးပါဘူး။ ဒါ့အပြင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းအနေနဲ့လည်း လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ၊ အချင်းချင်းပြန်လည် သင့်မြတ်ရေးဖော်ဆောင်ပေးမှုတွေကို ပြည့်ပြည့်၀၀ လုပ်ခွင့် မပေးခဲ့ကြပါဘူး။

ကမ္ဘာ့ကုလသမဂ္ဂအထူးကိုယ်စားလှယ် Tomás Ojea Quintana က မြန်မာနိုင်ငံကို ဖေဖော်ဝါရီ ၁၆ ရက်မှာ ရောက်ရှိခဲ့တယ်။  ရခိုင်ပြည်နယ် ပဋိပက္ခပြဿနာ မီးတောက်ဟာ မြန်မာနိုင်ငံရဲ့အခြားသော ဒေသတွေဆီကိုလည်း ကူးစက်တောက်လောင်နေပြီ။  မြန်မာနိုင်ငံထဲက လူ့အခွင့်အရေးဆိုင်ရာ လုပ်ငန်းစဉ်ကို အမြစ်လှန်ပြီးပြုပြင်ပြောင်းလဲဖို့ မဖြစ်မနေ လိုအပ်နေပြီလို့ နောက်ဆုံး အနေအထားကို သူက လေ့လာသုံးသပ်ခဲ့ပါတယ်။ လူ့အဖွဲ့အစည်းဝင်တွေထဲမှာ ဒေါသ၊ အာဃာတ၊ အယုံအကြည် ကင်းမဲ့မှု၊ စိုးရိမ်ပူပန်မှု အစရှိတဲ့ ခံစားချက်တွေကို  တွေ့မြင်ရကြောင်း သတိပေးခဲ့ပါတယ်။ ဒီအခြေအနေပေါ်မူတည်ပြီး လူ့အဖွဲ့အစည်းခေါင်းဆောင်များ အကြား အပြန်အလှန်လေးလေးစားစား ဆွေးနွေးအဖြေရှာရေး၊ ပညာရေး နဲ့ ပြည်တွင်း မီဒီယာတွေရဲ့ကျင့်ဝတ်သိက္ခာ ကဏ္ဍများအပေါ် အထူးအလေးထားဖို့လိုတယ်လို့လည်း ပြောဆို လိုက်ပါတယ်။ မွတ်စ်လင်မ် ဒုက္ခသည်စခန်းတွေဆီ လူသားချင်းစာနာမှု အထောက်အပံ့ ပြည့်ပြည့်၀၀ရောက်ရှိရေး ပြဿနာ ရှိနေကြောင်း၊   မွတ်စ်လင်မ် ဒုက္ခသည် စခန်းတစ်ချို့မှာ ဆေးဝါးကုသထောက်ပံ့ရေး မဆောင်ရွက်နိုင်အောင် ဗုဒ္ဓဘာသာဝင် ရခိုင်အသိုင်းအ၀ိုင်းများက  ခြိမ်းချောက်တာ အနှောင့်အယှက်ပေးတာကိုလည်း နိုင်ငံတကာနဲ့ပြည်တွင်း ကျန်းမာရေး ၀န်ဆောင်ပေးသူများက ရင်ဆိုင်နေရကြောင်း  ထောက်ပြပြောဆိုလိုက်ပါတယ်။

မြန်မာအစိုးရက ပြည်တွင်းအစွန်းရောက်သမားတွေရဲ့အသံကိုနားယောင်ပြီးတော့ OIC ရဲ့ကြားဝင်ကူညီမှုကို လက်မခံလိုက်တာဟာ – ရိုဟင်ဂျာမွတ်စလင်မ်နဲ့ ဗုဒ္ဓဘာသာဝင် ရခိုင်လူမျိုး နှစ်ဖက်စလုံး ရရှိခံစားကြရမယ့်   –  OIC အဖွဲ့ဝင်နိုင်ငံတွေ၊ NGO အဖွဲ့တွေရဲ့ လူသားချင်းစာနာ ထောက်ပံ့မှုများကို ပစ်ပယ်ရာရောက်သွားခဲ့ပါတယ်။

မစ္စတာ ကင်တာနား၊  HRW လို လူ့အခွင့်အရေးအဖွဲ့တို့ရဲ့အရေးပေါ်အစီရင်ခံစာများ ထွက်နေခဲ့တဲ့တိုင် အပြည်ပြည်ဆိုင်ရာ အသိုင်းအ၀ိုင်းက E.U., U.S. နဲ့ ASEAN အဖွဲ့ဝင်တွေအတိုင်း မြန်မာပြည်အပေါ်ပိတ်ဆို့ရေးလျှော့ချဖို့ကိုသာ ဆန္ဒရှိနေကြတယ်။ ဒါဟာ ရိုဟင်ဂျာနဲ့အခြား လူ့အခွင့်အရေးဆိုင်ရာကိစ္စတွေက မြန်မာနိုင်ငံတွင်း ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မိမိတို့ရဲ့တိုက်တွန်းကြိုးပမ်းနေမှု ၊ ပြီးတော့ မိမိတို့ရဲ့စီးပွားရေးဈေးကွက်ချဲ့ထွင်ခြေကုပ်ယူမှု ကို ပျက်ပြားသွားစေနိုင်တယ် လို့ အချို့က တွက်ဆထားကြလို့ဖြစ်ပါတယ်။

၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလမှာပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံက မြန်မာနိုင်ငံနဲ့ပတ်သက်ပြီး လူ့အခွင့်အရေးဆိုင်ရာ စောင့်ကြည့်ရမယ့် ထိပ်ဆုံးနိုင်ငံအဖြစ် စုံညီစွာ ဆုံးဖြတ်ခဲ့တယ်။ ဒါ့အပြင် ညီလာခံထုတ်ပြန်ချက် ၂၂ ပိုဒ်မှာ ၃ ပိုဒ်က ကုလသမဂ္ဂရဲ့စိုးရိမ်မကင်းမှုကို ဖော်ပြထားခဲ့ပါတယ်။

မြန်မာနိုင်ငံထဲမှာ မကြုံစဖူးအပြောင်းအလဲတွေကတော့ အချိန်တိုအတွင်း မြေကြီးလက်ခတ်မလွဲ ဖြစ်ပေါ်လာမှာပါ။ ဒါပေမယ့် ရိုဟင်ဂျာလူမျိုးစုရဲ့ ကိစ္စအပါအ၀င် လူအခွင့်အရေးစိန်ခေါ်ချက်အများအပြားအတွက် အဖြေမထွက်သေးတာ အမှန်ပါဘဲ။ မြန်မာနိုင်ငံပေါ်ထားရှိတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကြိုးရှည်ရှည်လှန်ဝါဒ ဘယ်လိုလဲဆိုတာ အချိန်က အဆုံးအဖြတ်ပေးသွားပါလိမ့်မယ်။

Ref:http://www.huffingtonpost.com/amb-ufuk-gokcen/formation-of-buddhist-muslim-fault-line-should-not-be-allowed_b_2774240.html

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: