Genocide Watch should take note that Rakhines had successfully invented the NINTH STAGE of Genocide!

Congratulations!

We need to advice the Genocide Watch that Rakhines had successfully invented the NINTH STAGE or STEP of Genocide! Even Myanmar President U Thein Sein had indirectly endorsed them by saying that Bengalis (Rohingya) had burnt their own houses.

no 9 step of Genocide

Shameless Bigot Rakhine Criminals not only committing committing No 8th stage of Genocide but now create the No 9th. step with the lies accusing that their victims had committed the crimes.
We used to hear that Bengalis had burnt their own houses even from the President’s mouth. Now they are accusing that Rohingyas had destroyed the whole town although the whole world knows that the Rakhines had done that with the help of uniformed personals.

< ဘင်္ဂါလီကုလားများနှင့် ပြန်လည်အတူနေထိုင်ရေးမှာ မဖြစ်နိုင်ကြောင်း >ယမန်နေ့က ပြုလုပ်သည့် ကျောက်ဖြူမြို့အတွင်း အဖွဲ့အစည်းပေါင်းစုံ လုထုအစည်းအဝေးက ဆွေးနွေးဆုံးဖြတ်လိုက်သည်။အဆိုပါအစည်းအဝေးကို ယမန်နေ့ မွန်းလွဲပိုင်း တစ်နာရီမှ သုံးနာရီခွဲအတွင်း စေတီတောင်ရပ်ကွက် မြို့နယ်ပရဟိတကျောင်းတွင်ကျင်းပခဲ့ရာ ကျောက်ဖြူမြို့ပေါ်ရှိ ကျောင်းထိုင်ဆရာတော်များ၊ နိုင်ငံရေးပါတီများ၊ မြို့မိမြို့ဖများ၊ လူမှုရေးအဖွဲ့အစည်း ကိုယ်စားလှယ်များ၊ ဒေသခံ လူပုဂ္ဂိုလ်များ၊ စုစုပေါင်း ပုဂ္ဂိုလ် (၂၉၀) ကျော် တက်ရောက် ဆွေးနွေး ဆုံးဖြတ်ခဲ့ကြသည်။ကျော်ကဖြူမြို့ပြန်လည်ထူထောင်ရေးကော်မတီက ကမကထပြုကျင်းပသော အဆိုပါ လူထုကိုယ်စားလှယ်များ အစည်းအဝေး၏ အဓိက အကြောင်းအရာဖြစ်သည့် ကယ်ဆယ်ရေးစခန်းရောက် (ဘင်္ဂါလီ)မူဆလင်ကုလားများကို ကျောက်ဖြူမြို့တွင်း ၊သို့မဟုတ်၊ ကျောက်ဖြူမြို့နယ်အတွင်း တစ်နေရာရာတွင် နေရာချထားပေးရန် ဖြစ်နိုင်မဖြစ်နိုင်ကို ဦးတည်ဆွေးနွေးခဲ့ကြရာ၊ မြို့ပေါ်တွင်ပြန်ထားရန်မဖြစ်နိုင်သလို မြို့နယ်အတွင်းရှိ ကျေးရွာအုပ်စု (၆၄)အုပ်စုတွင် မည်သည့်အုပ်စုကမှ လက်ခံကြမည် မဟုတ်ကြောင်း ဆွေးနွေးချက်များအရ ပေါ်ထွက်ခဲ့သည်။မည်သည့်အတွက်ကြောင့် ၄င်းတို့အားပြန်လည် ထားရှိဖို့ မဖြစ်နိုင် ဆိုသည်ကို ဆွေးနွေးကြရာတွင် ဆရာတော်ကြီးတစ်ပါးက “ပဋိပက္ခဖြစ်ပြီးခါစ လူအုပ်စုနှစ်စုဟာ ပြဿနာဖြစ်ပြီးခါစ ကာလမှာ ချက်ချင်းဆိုသလို တစ်စုကို တစ်စု ပြန်လည် မယုံကြည်နိုင်သလို သံသယလည်း မရှင်းနိုင်တော့ပါဘူး။ ဘင်္ဂါလီတွေ မြိ့ထဲကို ပြန်လာနေမယ်ဆိုရင် ဘယ်သူကမှ ကျောလုံမှာ မဟုတ်ဘူး။ မြို့သူမြို့သားတွေအဖို့ ဒုက္ခကြီးတစ်ခုကို သယ်ပိုးထားရတာနဲ့တူမယ်။ မြို့သူမြို့သားတွေ ဒုက္ခရောက်နေရင် ဘုန်းကြီးတို့ ဒုက္ခရောက်နေတာနဲ့ အတူတူပါပဲ” ဟု မိန့်ကြားသည်။

ကယ်ဆယ်ရေးစခန်းရောက် ဘင်္ဂါလီများက ရခိုင်လူမျိုးများကို အငြိုးအတေး သိုထားဆဲ ဖြစ်ကြောင်းနှင့် ပတ်သက်၍ဆွေးနွေးကြရာတွင်၊ ကယ်ဆယ်ရေးစခန်းအတွင်းသို့ စားနပ်ရိက္ခာများ ပို့ဆောင်ပေးရသော ကားပိုင်ရှင်တစ်ယောက်က “မင်းတို့ ရခိုင်တွေ ထမင်းဝအောင်စားထားကြဆိုပြီး ကျွန်တော့်ကို သူတို့က ခြိမ်းခြောက်ပါတယ်။ ဒီလိုလူတွေနဲ့ အတူပြန်နေပါဆိုတာ မင်းတို့တွေ နောက်တစ်ခေါက်ထပ်ပြီး ရန်ဖြစ်လိုက်ကြဦး လို့ ဆိုတာနဲ့ အတူတူပါပဲ” ဟု အစည်းအဝေးသို့ ပြောပြခဲ့သည်။

“ဘယ်လိုမှ တိုက်ခိုက်မှုတွေ လတ်တလောပြန်မဖြစ်ဘူးပဲ ထားလိုက်ပါဦး၊ ဒီလူတွေက စည်းမရှိကမ်းမရှိ မျိုးပွားနေတာ။ ဒီတော့ မျိုးပွားအားကောင်းခြင်းအားအားဖြင့်ပဲ ကျွန်တော်တို့နယ်မြေကို တောင်းစရာမလိုပဲ သိမ်းပိုက်သွားကြလိမ့်မယ်။ ဒါကို ရှေ့ကို ကြိုမြင်ပြီး ကျွန်တော်တို့ဘက်က ကြိုတင်တားနိုင်သမျှတားဆီးရပါမယ်” ဟု မြို့မိမြို့ဖတစ်ဦးက တင်ပြဆွေးနွေးသွားသည်။

နိုင်ငံရေးပါတီကိုယ်စားပြုတက်ရောက်သူများ ဒေသခံပြည်သူများက ဘူးသီးတောင်နှင့် မောင်တောမြို့နယ်တို့တွင် သမိုင်းအဆက်ဆက်ကြုံခဲ့ရပုံ လက်ရှိအခြေအနေသို့ မည်သို့မည်ပုံ ဆိုက်ရောက်လာပုံတို့ကို နှိုင်းယှဉ်ဆွေးနွေးကြသည်။

အစည်းအဝေးတက်ရောက်သူ ပြည်ခိုင်ဖြိုးပါတီဝင်တစ်ဦးက ဒီအစည်းအဝေး ဆုံးဖြတ်ချက်ဟာ ဒီမိုကရေစီနည်းကျ အများဆန္ဒနဲ့ စနစ်တကျဆွေးနွေး ဆုံးဖြတ်ကြတာ ဖြစ်တဲ့အတွက် ဒီဆုံးဖြတ်ချက်အကောင်အထည်ပေါ်နိုင်အောင် ၀ိုင်းဝန်းတွန်းအားပေး ဆောင်ရွက်ကြဖို့ ပြောကြားသွားခဲ့သည်။

( မြ၀ါ ရေးသားသည်။)

Tags: , , , , , , ,

Leave a comment