မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ

M-Media မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၁

ရေးသူ- အတီး ဝါးလုံးရှည်ကဲ မဟာလူမျိုးကြီး ဝါဒီ ဘာမထီ သာကီလူမျိုးများ၊ ဒီမြင်ကွင်းကို ကြည့်ပြီး ဘယ်လိုနေပါသလဲ?
အမယ်အိုဟာ ခင်များတို့ရဲ့ အဘွား၊ အမေ ဆိုရင်ကော ခင်များတို့ ဒီလို ချီပြီး ပြေးနိုင်မလား??
ဒါမှမဟုတ် ဖနောင့်နဲ့ တင်ပါး တသားတည်းကျအောင် ပြေးမှာလား?
ဒါ ခင်များတို့ အရမ်းကို လိုလားတောင့်တနေတဲ့ ရလဒ်ပဲလေ။ မဟုတ်ဘူးလား?
ဒီလောက်နဲ့ပဲရပ်တန့်ပေးပါတော့လို့ တောင်းဆိုပါရစေ။
ဒီကမ္ဘာကြီးမှာ အိမ်ရှင်၊ ဧည့်သည် ဆိုတာ မရှိပါ။ အရင်ရောက်သူ၊ နောက်ကျမှ လာသူပဲ ရှိပြီး ဒီနေ့သေမလား၊ မနက်ဖြန်သေမလားဆိုတာ ဘယ်သူမှ မသိနိုင်သော အငှါးခန္ဓာဆောင်ထားရတဲ့ ဝင်ကစွပ်ကောင်တွေလိုပါပဲ ။
ဒီဘဝမှာ ဒီခန္ဓာနဲ့ ဒီလူဖြစ်နေရသော်လည်း နောင်ဘဝ ၌ ဘယ်ဘုံဘဝမှာ ကျင်လည်ရမယ်မှန်း ဘယ်သူမှမသိနိုင်ပါ။

ဘာပဲဖြစ်ဖြစ် ခင်များတို့ ပျော်နိုင်ကြပါစေဗျာ။ ခင်များတို့ အိမ်ပြန်ရောက်တာနဲ့ ဇနီး၊သားသမီး များ စုံစုံလင်လင် ထမင်းလက်စုံစားနိုင်ပါစေ။ ဝဋ်မှာ အမြဲ၊ ငရဲမှာအပ၊ ပြုသူအသစ် ဖြစ်သူအဟောင်း ဆိုသောစကားလုံးများအား မေ့ထားနိုင်ကြပါစေလို့ ကျွန်တော်ဆုတောင်းပေးလိုက်ပါ့မယ်။AP Photo
source: https://www.facebook.com/photo.php?fbid=132582523590948&set=a.110912052424662.13018.100005176029811&type=1&theater

M-Media မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၂

ရေးသူ-မင်းသန့်အောင်။ မိတ္ထီလာမြို့။ မတ်လ ၂၁ ရက် ၂၀၁၃ ညနေ ၆း၃၀

ကုလား အယောက် ၁၀၀၀ ကျော် ကျွန်တော်တို့ မြို့မလေး ရပ်ကွက်ကိုချီတက်လာနေပြီဆို၍ ကိုယ့်အိမ်ကိုယ်ကာကွယ်ရန် ကျွန်တော်တို့ တုတ်ဆွဲရပါတော့တယ်။ဒါပေမယ့် တိုက်ခိုက်ရန်လာ နေတာမဟုတ်ပါ။ ရှေ့ဆုံးမှ မော်လဝီတစ်ဦးခေါင်ဆောင်ကာ အားလုံးလက်မြှောက်ပြီးလာနေတာပါ။

သူတို့အားလုံးမြို့မှထွက်ပေးမယ်၊လမ်းပေးပါဟုတောင်းဆိုကြတာပါ။
စိတ်မကောင်းလိုက်တာဗျာ။ ရေငတ်နေတဲ့ လူကြီး၊လူငယ်များ၊မိန်းမများကိုမြင်ရတော့ကျွန်တော်လည်းဆွဲထားတဲ့တုတ်ကိုလွှတ်ချပြီး အိမ်ထဲမှရှိသမျှရေသန့်ဘူးအားလုံးထုတ်ပေးလိုက်တယ်ဗျာ။

ဘယ်သူဘာပြောပြော ဘယ်လိုပဲကဲ့ရဲ့ကဲ့ရဲ့ ကျွန်တော့နှလုံးသားက မနေနိုင်ဘူးဗျာ။ ပျော့ညံတယ်ပဲပြောပြော ရင်ထဲကို မချိဘူးဗျာ။ ဒီအထဲမှာမှ ကျွန်တော်နဲ့သူငယ်တန်းထဲကပေါင်းခဲ့တဲ့ လူမျိုးခြား သူငယ်ချင်းနဲ့ မျက်နှာချင်းဆိုင်တွေ့မိတယ်ဗျာ။ သူမျက်လုံးမှာ ကြောက်ရွံအားငယ်မူတွေအပြည့်နဲ့ပေါ့။

ရင်တစ်ခုလုံး ပြောင်းဆန်သွားအောင်ပဲဗျာ။ နောင်ဘဝအဆက်ဆက် သည်လိုအဖြစ်ဆိုးမျိုးတွေမကြုံပါရစေနဲ့တော့။သူငယ်ချင်းရေမင်းရောငါရောက ခေတ်စနစ်ဆိုးရဲ့သားကောင်တွေပါ။ ဓါတ်ပုံတွေအများကြီးရိုက်လိုက်နိုင်ပါတယ်။ ဒါပေမယ့် မတင်သင့် ဘူးထင်လို့မတင်တော့ပါ။သူတို့အားလုံးထွက်သွားနိုင်အောင် လက်နက်ကိုင် ဗမာတွေကိုလုံးဝ စ မလုပ်ဖို့ တတ်နိုင်သလောက်စည်းရုံးအော်ဟစ်ခဲ့ရပါတယ်။
နောက်တစ်သုတ်မှာတော့ ရဲအစောင့်အရှောက်တွေပါလာပါတယ်။
လူများစုကတော့သူတို့ကိုမယုံရဲပါ။ ညအချိန်လူပြန်စု ပြီး မီးကွင်းပြန်ပစ်မှာကို ဆိုးရိမ်နေကြပါတယ်။
လောလောဆယ်သူတို့ကို မြို့အထွက်က ခရိုင်ဘောလုံးကွင်းမှာနေရာချထားမယ်လို့သိရပါတယ်။
ကန်အနောက်ဘက် ကုလားရွာ၊ချမ်းအေးဘက် သွားဖို့သူတို့ကတောင်းဆိုပေမယ့်။ လူအင်အားတွေပေါင်းမိသွားမှာဆိုးလို့ မြိုခံတွေက ခွင့်မပြုရဲပါ။ ချမ်းသာတဲ့ ကုလားမိသားစုတွေက်တော့ မနေ့ကကတည်းက ကားတွေနဲ့ပြေးကြပြီ။
ကဲသူတို့လဲထွက်သွားပြီဖြစ်လို့ အားလုံးတော်ကြပါတော့ဗျာ။ မိတ္ထီလာမြို့အခြေအနေက အကောင်းဘက်ကိုပြောင်းလာပြီထင်တာပဲဗျာ။ ညတော့ကင်းစောင့်ရဦးမှာပေါ့။ ဘာလို့လဲဆိုတော့ အခုထွက်တဲ့လူတွေက သဘောထားပျော့ပြောင်းသူတွေနဲ့မိန်းမတွေလို့ပြော
နေကြတယ်။ တစ်ကယ့်fighters တွေက ညမှမြို့ပေါ်မှာသူသေကိုယ်သေတိုက်ဖို့ပုံးနေတယ်လို့ ကောလဟာလတွေကလဲထွက်နေတယ်။မဟုတ်ပါစေနဲ့ဗျာ။ ထပ်ပြီးသွေးထွက်သံယိုတွေမမြင်ပါရစေနဲ့တော့။ အားလုံးကျန်းမာ၊ချမ်းသာ အန္တရာယ်ကင်းကြပါစေ။

https://www.facebook.com/minthant.aung.1/posts/2982188289319

မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၃
————————————–
ကိုဝိုင်ဝိုင်ကေ

သွေးမတော် သားမစပ် ဘာသာမတူသော်လည်း လူ့အသက်တန်ဖိုးကို နားလည်စွာ အစ္စလမ်ဘာသာဝင် (၅) ဦးအား ကာကွယ် ဝှက်ထားပေးသည့် ဗုဒ္ဓဘာသာဝင် အဖိုးအဖွား ။

၎င်းနေအိမ်တွင် ပိတ်မိ ပုန်းနေရသူ (၅)ဦးအား ဗကသ ကျောင်းသားများ ၊ သံဃာတော်များ ၊ ၈၈ ကျောင်းသားများ(မန္တလေး) နှင့် ချမ်း/အေး NLD တို့ ပူးပေါင်း၍ ကယ်တင် ခေါ်ခဲ့ပြီး ခရိုင်အားကစားကွင်း စခန်းသို့ ပို့ဆောင်ပေးခဲ့ပါသည်။

ဓါတ်ပုံ- ကိုဝိုင်ဝိုင်ကေ
၂၃-၃-၁၃

https://www.facebook.com/photo.php?fbid=420491641379743&set=a.420411644721076.1073741829.100002567311091&type=1&theater

One Response to “မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ”

  1. drkokogyi Says:

    မိထ္ထီလာ အကြမ်းဖက်မှု ပဋိပက္ခအပေါ် မြန်မာပြည်သူများရဲ့ ရင်ဖွင့် ခံစားချက်များ-၎
    —————-
    ရေးသူ- ကိုထိုက်

    ၁။ မိတ္ထိလာမြို့မှာ မူစလင် မုန်းတီး ဆန့်ကျင်ရေး စာတွေ အင်တာနက်နဲ့ မိတ္ထိလာ မြို့ထဲမှာ ထွက်လာတယ်။ (အင်တာနက်မှာ တွေ့ရတဲ့ ဝါဒဖြန့်စာနဲ့ ဓါတ်ပုံနဲ့က ဘာမှ အထောက်အထား ခိုင်လိုင်တာ မရှိဘဲ .. မုန်းတီးရေးစာသက်သက် ဖြန့်ထားတာကို တွေ့ရတယ်။)

    ၂။ တီဗွီမှာ စစ်တပ်က အာဏာသိမ်းတာဟာ မှန်တယ်ဆိုတဲ့ ဝါဒဖြန့် ဇာတ်လမ်း “အဖေနဲ့သားများ”ကို ပြတယ်

    ၃။ မူစလင် မုန်းတီးရေး စာထွက်ပြီး ၂ ရက်လောက် အတွင်းမှာတင် … မိတ္ထိလာမြို့က ရွေဆိုင်မှာ ဘယ်က လာမှန်း မသိတဲ့ လူနှစ်ယောက်က ရွှေလာရောင်းတာကို … ရွှေဆိုင်က လူက ရွှေဆိုင်မှာ မှတ်ကျောက် မတင်ဘဲ .. ရွှေကို ဈေးထဲ ယူသွားပြီး မှတ်ကျောက်တင်ရာကနေ .. ရွှေထည် ပစ္စည်းထည်ပျက်လို့ ပြဿနာ ဖြစ်တာကို ဆိုင်ရှင် မူစလင်တွေက ချုပ်ပြီး ဝိုင်းရိုက်လိုက်ကြတယ် … ဆိုတာ … စဉ်းစားစရာ …

    ၄။ ဒီအဖြစ်တွေ ဖြစ်နေစဉ်မှာဘဲ ဘုန်းကြီးတစ်ပါး အလောင်း ဗလီထဲမှာ တွေ့တယ်လို့ ဖြစ်လာတယ်။ (ဘုန်းကြီးအလောင်း ထွက်လာပြီးပြီးချင်းလောက်မှာ မန္တလေးက ဆရာတော်က … ဘုန်းကြီးရဲ့ ဘွဲ့၊ သီတင်းသုံးတဲ့ ကျောင်း၊ မိတ္ထိလာကို တက်လာရတဲ့ အကြောင်းအရင်း အတိအကျကို ချက်ခြင်းပြောနိုင်တာကလည်း အံ့သြစရာ။) .. အသတ်ခံရတဲ့ ဘုန်းကြီးရဲ့ အချက်အလက် ဒီလောက် တိတိကျကျကို မြန်မြန်ဆန်ဆန်ထွက်လာတာ အင်မတန် ထူးဆန်းတယ်။ လက်ပံတောင်းမှာ မီးလောင်တဲ့ သံဃာတွေ အရေးပေါ် ဆေးရုံရောက်လာတာတောင် … သံဃာတွေရဲ့ ဘွဲ့နဲ့ သီတင်းသုံးတဲ့ ကျောင်း စတဲ့ အချက်အလက် တိတိကျကျကို ဘယ်သူမှ မပြောနိုင်ဘူး။ နောက် ၂ ရက်လောက်နေတာတောင် ဒဏ်ရာရ သံဃာစာရင်း အတိအကျကို ဘယ်သူမှ မပြောနိုင်ဘူး။ အခုက ချက်ခြင်းကို အတိအကျ ပြောနိုင်တယ်။

    ၅။ အကြမ်းဖက်ဖို့ တုတ်ဓါး ကိုင်ဆွဲသူတွေ ရဲတွေကြားကနေ ထွက်လာတာကို ရဲတွေက မတားဘူး (ကိုမင်းကိုနိုင် မျက်မြင် သက်သေ)

    ၆။ တစ်ရက်လောက်အတွင်းမှာတင် မြို့ဟာ မြို့ပျက်ကြီးလို … နေရာအနှံ့မီးလောင်တာတွေ ပြည့်သွားတယ်။

    သေချာကြည့်ရင် … ခပ်ညံ့ညံ့ ရုပ်ရှင်ကားလို ယုတ္တိ မရှိတာတွေကို ဇာတ်ကွက်ဆင်ထားတာ တွေ့ရပေမယ့် …. ပေးလိုက်ရတဲ့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ဘဝတွေက များလွန်းလှတယ်။

    ဒါ့ကြောင့် ကိုယ့်ရပ်ကွက် မြို့ရွာထဲမှာ တသက်လုံး ပြဿနာ မဖြစ်ဘဲ အတူတူ နေထိုင်ကြတဲ့ ဘာသာမတူသူတွေ … အချင်းချင်း စည်းရုံးကြပြီး …. ဘေးက အခုလို နှောက်ယှက်တာတွေကြောင့် … သတ်ဖြတ် ဒုက္ခရောက်ကြရတာ မဖြစ်ရအောင် …. ပြင်ပလှုံ့ဆော်သူတွေကို … သတိကြီးကြီးနဲ့ ညီညီညွတ်ညွတ် ပူးပေါင်းဆောင်ရွက် တုန့်ပြန်ကြဖို့ … နှိုးဆော်ပါရစေ။

    (ကိုထိုက်) M-Media

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: