ဦးဝီရသူကတော့ ထုံးစံအတိုင်း စကိုင်းနက် ကနေ ထပ်ပြီး မီးမွှေးသွားတာပေါ့ဗျာ

Source: Kaung Kin Ko‘s status.

ဦးဝီရသူကတော့ ထုံးစံအတိုင်း စကိုင်းနက် ကနေ ထပ်ပြီး မီးမွှေးသွားတာပေါ့ဗျာ။ ထုံးစံအတိုင်း သူ့သတင်းတွေကတော့ ခုတမျိုး၊ တော်ကြာတမျိုးပေါ့။ အဲဒါတွေသာ လိုက်ဝေဖန်ရရင်တော့ ပြီးမှာမဟုတ်ဘူး။ ကိုယ်ဘယ်လောက်ရေးရေး သူအယောင်ဆောင်တာကို ဆက်ယုံတဲ့သူကလည်း ယုံမှာပဲလေ။ ….မနေ့က သူငယ်ချင်း တယောက် ပြောသွားတဲ့ မွတ်စလင်အကုန် အစွန်းရောက်စွာ တသံတည်း ထွက်တယ် ဆိုတာနဲ့ ပတ်သတ်ပြီးတော့ ဟိုးအရင်ကတည်းက အမုန်းကမ်ပိန်းတွေ စကတည်းက ကျနော် အများဆုံးတွေ့တာက ပြည့်ဝတဲ့ ဗုဒ္ဓဘာသာတွေ တော်တော်များများရယ်၊ အလယ်အလတ် အစ္စလာမ်တွေရယ်က ဗုဒ္ဓဘုရားရဲ့ ငြိမ်းချမ်းရေး အဆိုအမိန့်တွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေရဲ့ အဆိုအမိန့်တွေ ကို ခဏခဏ share နေ ကြတာဗျ။ အစ္စလာမ်တွေ ဖြစ်ပြီး ဗုဒ္ဓဘာသာ အဆိုအမိန့်တွေကို ရှယ်နေကြတာက အနည်းစု ဖြစ်တော့ ဖြစ်လာရင် ပိုပြီး ဒုက္ခရောက်မှာကို သိလို့လည်း ပါမယ်။ လူလူချင်း ပဋိပက္ခတွေ ဖြစ်မှာစိုးလို့လည်း ပါမယ်။
အဲလိုပဲ ပြည့်ဝတဲ့ ဗုဒ္ဓဘာသာတွေ ၊ ဘာသာမဲ့တွေလည်း လူအချင်းချင်း တန်ဖိုးထားဖို့ share နေကြတာပဲလေ။ နောက်ပြီး ဦးဝီရသူလို တအား အစွန်းရောက်တဲ့ သူကိုတောင် ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အဖွဲ့က မွတ်စလင်တွေက (ဘာတခုမှ ဝေဖန်ပုံမရ) စကိုင်းနက် ဗွီဒီယိုမှာလည်း ဘာမှ ပြောမသွားဘူး။ တတ်နိုင်သမျှ ပြဿနာ မဖြစ်ချင်လို့ပဲ ယူဆပေးလိုက်ပါတယ်။ (တကယ်တော့ ဦးဝီရသူကို ပွင့်ပွင့်လင်းလင်း မေးသင့် ပြောသင့်တယ်) အဲဒီတော့ မနေ့က သူငယ်ချင်း တယောက် ပြောသလို “မွတ်စလင်အားလုံး” သွေးထိုးလှုံဆော်တဲ့ နေရာမှာ တသံတည်း ညီတယ် ဆိုတာ လုံးဝ မဟုတ်ဘူးဗျ။ ကျနော့် မိတ်ဆွေ မွတ်စလင်တွေ share ထားတဲ့ ဗုဒ္ဓဘာသာထဲက အဆိုအမိန့်တွေ၊ ကျနော့် မိတ်ဆွေ မွတ်စလင်တွေ share ထားတဲ့ ဘုန်းကြီးတွေရဲ့ အဆိုအမိန့်တွေ Facebook မှာ ရှိတာကို ပြလိုက်ချင်တယ်။ အဲလိုပဲ ဒီလိုသတင်းတွေ ဖြန့်ချီကြတဲ့ သတင်းထောက် အများစုတွေ၊ စာနာကြတဲ့သူတွေကလည်း ဗုဒ္ဓဘာသာတွေပဲဗျ။ ဒီတော့ ဗုဒ္ဓဘာသာနဲ့လည်း မဆိုင်ဘူး။ ဗုဒ္ဓဘုရားနဲ့ကတော့ ပိုတောင် မဆိုင်သေးတယ်။ ဗုဒ္ဒရဲ့ အဆိုအမိန့်တွေကြောင့် တချို့သူတွေ နှလုံးသား မကြမ်းတမ်းကြတာပါ။
ဒါကြောင့် အဓိက hate speech တွေ ဖြန့်တဲ့၊ ဆက်ဖြန့်ဆဲ ဖြစ်တဲ့ ဦးဝီရသူကိုပဲ ဆန့်ကျင်ရတာပါ။ သူ့ အပြုအမူတွေကို ယုံကြည်သူတွေ စိတ်အနှောင့်အယှက် ဖြစ်တာတော့ ကျနော်လည်း မတတ်နိုင်ဘူး။

Facebook ပေါ်က အစ္စလာမ် ဘာသာဝင် သူငယ်ချင်းတယောက် ညဘက် အိပ်မပျော်ဘူး ဆိုတော့လည်း စိတ်မကောင်းဘူး။ မှန်ပါတယ်။ အစွန်းရောက် အစ္စလာမ်ကော အစွန်းရောက် ဗုဒ္ဓဘာသာရော ရှိပါတယ်။ ဒါပေမဲ့ ကောင်းတဲ့ ဗုဒ္ဒဘာသာတွေ ကောင်းတဲ့ မွတ်စလင်တွေကိုကို စာနာခြင်း၊ ကာကွယ်ခြင်းနဲ့……အစွန်းရောက် ဗုဒ္ဓဘာသာတွေ အစွန်းရောက် မွတ်စလင်တွေ အပါအဝင် အစွန်းရောက်တဲ့ ဘယ်ဘာသာဝင်ကို မဆို ဆန့်ကျင်တာက တပြိုင်တည်း လုပ်လို့ ရပါတယ်။ ကျနော့် မွတ်စလင် သူငယ်ချင်းတွေ ရှယ်ထားတဲ့ ဗုဒ္ဓဘာသာ အဆိုအမိန့်တွေကို အချိန်ရတဲ့အခါ ရှာပြီး ကွန်မန့်အနေနဲ့ ပြပါမယ်။ ဒီဟာကိုလည်း တရားလွန် အစွန်းရောက်ပြီး ဘယ်အစုဝင်ကိုမှ မမုန်းတီးကြဖို အုတ်တချပ် သဲတပွင့် အနေနဲ့ ရည်ရွယ်ပါတယ်။ အဓိက လက်သည် တရားခံတွေကိုပဲ ဆန့်ကျင်ချင်ပါတယ်။

Advertisements

5 Responses to “ဦးဝီရသူကတော့ ထုံးစံအတိုင်း စကိုင်းနက် ကနေ ထပ်ပြီး မီးမွှေးသွားတာပေါ့ဗျာ”

  1. drkokogyi Says:

    Kaung Kin Ko

    ရဲတွေကိုချည်း ဖိပြောနေတာ၊ အကြမ်းဖက်တဲ့သူတွေကိုချည်း ပစ်ဖို့ ခတ်ဖို့ ဖိပြောနေတာ ကိုတော့ သဘောမကျဘူးဗျာ။ (ပြောတော့ ပြောသင့်ပါတယ်။ ဒါပေမဲ့ အဲဒါကို အဓိက မထားသင့်ဘူးလို့ ယုံကြည်တာပါ) အကြမ်းဖက်တဲ့သူတွေကို ပြတ်ပြတ်သားသား ထိထိရောက်ရောက် ကိုင်တွယ်ရမယ် ဆိုပေမဲ့ ဖေ့စ်ဘွတ်ခ်ပေါ်မှာ ရေးနေကြသူတွေတောင် သူတို့အရေးအသားတွေ အရ အခွင့်ရပြီး ပြဿနာလည်း မဖြစ်ဘူးဆိုရင် သတ်ကြမယ့်သဘော၊ သတ်တာ ဖြတ်တာကို အားပေမယ့် သဘောရှိတယ်။ အဲလိုလူတွေ ရာခိုင်နှုန်းအရ နည်းမယ်ဆိုရင်တောင် အရေအတွက်က တော်တော်များတယ်။ ဒီလူတွေ အကုန်လုံးကို နှိမ်နင်းဖို့ဆိုတာ ဖြစ်မှ မဖြစ်နိုင်တာ။ ဒီတော့ ရဲတွေကို ဖိပြောပြီး တကယ့် သွေးထိုးနေသူကို ငြိမ်းချမ်းရေးသမားအဖြစ် နေရာပေးတာက ပိုဆိုးသေးတယ်။ သွေးထိုးသူတွေကို အရေးမယူဝံ့ဘူး ဆိုရင်တောင် အနည်းဆုံး အဲဒါတွေ ဆက်မလုပ်ဖို့၊ သတင်းမှားတွေ hate speech တွေ မဖြန့်ဖို့ လုပ်မှပဲ ရေရှည်မှာ ထိရောက်လိမ့်မယ်။ အဲလိုမှ မလုပ်ရင်တော့ ဒါမျိုးတွေ ဆက်ဖြစ်လို့ မနှိမ်နင်းရင်လည်း မြန်မာနိုင်ငံသားတွေပဲ သေမှာ။ နှိမ်နင်းရင်ကော (မသိမှု၊ သွေးထိုးခံရဲမှုကြောင့် အကြမ်းဖက်ကြတဲ့) မြန်မာနိုင်ငံသားတွေပဲ သေမှာပါပဲ။ ဘယ်လိုပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေပဲ သေမှာပဲ။ ဆေးမြီးတိုလေးတွေနဲ့တော့ မကုစေချင်ဘူးဗျာ။ တကယ့် လက်သည်တွေကို နာမည်ကောင်းချီးမြှင့်တာမျိုးလည်း မဖြစ်သင့်ဘူး။ တကယ့်လက်သည်တွေကို အရေးယူဖို့ ၊ အနည်းဆုံး သွေးထိုးတာတွေ ထပ်မလုပ်ကြအောင် တားဆီးဖို့ အစိုးရမှာ တာဝန်ရှိပါတယ်။

  2. drkokogyi Says:

    Kaung Kin Ko shared RFA Burmese’s photo of Wira Thu visiting the homeless refugees in Meikhtila and talking to Muslim Refugees.

    ဦးဝီရသူက ကောင်းရှာပါတယ်ဗျာ။ သရုပ်ဆောင် ပြောတာ။

    ခရေငယ် ကတော့ ပြောတယ်။ ထမင်းအိုးကြီး ရိုက်ခွဲပြီးမှ မုန့်ပျားသလက် ဝေတာတဲ့။

    မန္တလေးမြို့ မစိုးရိမ်တိုက်သစ် ဆရာတော် ဦးဝီရသူ မိတ္ထီလာမြို့ ဒုက္ခသည်များကို သွားရောက်တွေ့ဆုံစဉ်
    Kaung Kin Ko ရွှေညဝါကိုအပြစ်တင်ကြတာက အရင်က ဦးဝီရသူကို ဂုဏ်ပြုပွဲ လုပ်ပေးဖူးတယ်။ မကြာသေးဘူးဗျ။ ဘာသာရေး လွတ်လပ်မှု ဆု ဆိုလားပဲ။ သူလည်း မြန်မာဘင်လာဒင်လို့ကြွေးကျော်သူကို သွားဂုဏ်ပြု၊ စကားကလည်း အသက်နဲ့လဲပြိး ကာကွယ်မယ် ဆိုလား ပြောတော့ ဘယ်ကြည်မလဲဗျ။ ဘင်လာဒင်နဲ့ ပေါင်းနေတဲ့သူကို မကြည်သလိုပေါ့။ ကျနော်လည်း ရွှေညဝါကို သိပ်မကြိုက်ဘူး။ အဲလို ဂုဏ်ပြုပွဲမှာ သူပြောတယ် ဆိုတဲ့စကားတွေကလည်း သွေးထိုးတာ ဆန်သလိုပဲ။ သိပ်မကြာသေးဘူးနော်။

    Kaw Kaw Kyo အင်း…အဲ့လိုတွက်ပြတော့လည်း ဟုတ်နေတာပဲ..ဒါပေါ့..အားနည်းတဲ့ဖက်က ကြားဝင်သူကို အပြစ်မပြောဘူး…ဟုတ်တယ်…ဖြစ်နိုင်ပါတယ်…။ နောက်…ကျွန်တော်စဉ်းစားမိတာက…ရခိုင်မှာ ဖြစ်ပြီးကတည်းက မကြည်တဲ့ အခံနဲ့ အငြိုးတေးထားသလားလဲ ဖြစ်နိုင်တယ်…အဲ့ဒီမှာ…ဦးဝီရသူ ရဲ့ ဓမ္မအဓမ္မ မင်းကိုနိုင် ဘာတတ်နိုင်သေးလဲ ဆိုတာမှာ..မင်းကိုနိုင်အခုလို ဘွရောက်တာပဲဖြစ်မယ်.. ဟီဟိ..။ ဒါဆို အဲ့ဒီစကားကို ကိုကောင်းတို့ အနေနဲ့ ဦးဝီရသူ အမုန်းစကားပြောတယ်လို့ မြင်လိမ့်မယ် မွတ်စ်မ်တွေဘက်က အနာပေါ်တုတ်ကျသလို..သို့တည်းမဟုတ်…စော်ကားခံရသလို မြင်လိမ့်မယ်..ကျွန်တော့်အနေနဲ့တော့…သတိထားစရာလို့ပဲမြင်တယ်…အာဇာနည်နေ့ သံဃာဆွမ်းကပ်ချင်တာ ကပ်ခွင့်မရဘူးဆိုတဲ့ စကားကို ဆက်စပ်ပြီးတော့ ပေါ့။

    Kaung Kin Ko အင်း Kaw Kaw Kyo မြင်ချင်သလို မြင်တော့ဗျာ။ လက်လည်း ညောင်းပြီ။ ကျနော်ကတော့ ဘယ်တော့မဆို ငြိမ်းချမ်းလိုသူ၊ စိုးရိမ်နေသူတွေနဲ့ သဘောထားက တထပ်တည်းပါ။း-) လူတိုင်း ကိုယ့်စိတ်ကိုယ်တော့ လိမ်လို့ မရပါဘူးလေ။ ဝီရသူကို ထောက်ခံမယ် ဆိုလည်း သဘောပါ။ ကျနော်ကတော့ ဆန့်ကျင်လို့ ရသမျှ ဆန့်ကျင်ကြောင်း ပြောပြိးပြီ။ ဘာလို့တုန်းဆိုတော့ ဆက်သွေးထိုးနေတာတွေ ရှိနေသေးလို့ပါ။

    Kaw Kaw Kyo အဲ့ဒီ ပွဲဆိုတာကို ကြားမိသလောက်ပဲ ဖြစ်ပြီး သတိမထားမိဘူး… အင်းလေ…ဒါတော့ အပြန်အလှန် အမုန်း ဆက်စပ်အမုန်းတွေကြောင့် ဘာတတ်နိုင်မလဲ..အခုလို ပြဿနာတွေကြောင့် မျက်နှာဖုံးကွယ်ပြီး ရခိုင်ကိစ္စကတည်းက မကျေနပ်တဲ့ မွတ်စ်တွေက မျက်နှာကို ကွယ်ပြီး ရန်မာစကားနဲ့ပဲ သေနတ်ကြီးကိုင်လို့ ခြိမ်းခြောက်သံတွေ ဗွီဒီယိုတွေ တက်လာတယ်ဗျာ…နောက်ပြီး နောက်နှစ်နှ်စ်အတွင်း မြန်မာပြည်ကို အသေခံဗုံးခွဲသူတွေ ထည့်နိုင်အောင် ကြိုးစားနေသူလဲ ရှိသဗျာ.(ဒါကတော့ သူဒေါသနဲ့ ပြောတာပဲ ဖြစ်ပါစေလို့ ဆုတောင်းရမှာပဲ…ခိခိ)..။ကျွန်တော်တောင် သည်ရက်ပိုင်း သတိအတော်ထားနေတယ်…ခုနကလည်း မက်ဆေ့ခ်ျဘောက်စ်ကနေ အကိုတစ်ယေက်က နှုတ်ဆက်ခါနီး သတိပေးသွားလို့ ပိုသတိထားပါတယ်။

    Zin Sonny Naung Han Is this monk wirathu for real? What a double headed snake. And people (the victims) and the organizers n patron still associate with this person. What a shame. Have we become all blind and deaf? Have you not heard what he preached? I am speechless.

  3. drkokogyi Says:

    Kaung Kin Ko
    March 23
    နိုင်ငံ တနိုင်ငံဟာ ပြည်သူတွေနဲ့ ထိုက်တန်တဲ့ အစိုးရပဲ ရတတ်တယ်တဲ့။ အဲဒါက မှန်သလိုလို ရှိပေမဲ့ တကယ်တော့ မဟုတ်သေးပါဘူး။ “မင်းတို့နဲ့ ဒါပဲ တန်တယ်၊ ဒါပဲယူ” ဆိုရင်တော့ ဘယ်တော့မှ တိုးတက် လာမှာ မဟုတ်ပါဘူး။ နိုင်ငံ တော်တော် များများမှာ သာမန် ပြည်သူတွေ ဆိုတာဟာ နေရာတကာမှာတော့ ဗဟု သုတတွေ ပြည့်စုံနေကြတာ မဟုတ်ပါဘူး။ သူလို ကိုယ်လို ပါပဲ။ အဖြူထည်တွေ ပါပဲ။ ကွာသွားတာက ခေါင်းဆောင် နေရာ ရယူနေကြတဲ့ အလွှာပါ။ မြန်မာနိုင်ငံမှာ ဆိုရင်တော့ မီဒီယာ၊ အင်တာနက်သုံးနိုင်သူ၊ တခုခုနဲ့ ပတ်သတ်ပြီး ပြောရေးဆိုခွင့် ရှိသူ၊ ပရိသတ်ရှိသူ အဲလို လူတွေ အားလုံးအကျုံးဝင်ပါတယ်။ ခြုံငုံပြီး အပေါ်ယံအလွှာလို့ ကျနော် သုံးလိုက်ပါမယ်။ နိုင်ငံတနိုင်ငံဟာ အဲဒီ့ အပေါ်ယံလွှာ အင်အားစုကြီးရဲ့ ပျမ်းမျှ အရင်အချင်းနဲ့ ထိုက်တန်တဲ့ အစိုးရကို ရနေတာလို့။ ပြည်သူဆိုတာက မှန်ချင်တဲ့ အခါ မှန်မယ်။ လမ်းလွဲကို ပို့ခံရရင် မှားချင်တဲ့ အခါ မှားသွားနိုင်တယ်။ ဥပမာ ပြည်သူအချင်းချင်း သတ်ဖြတ်နေတာမျိုး၊ ပြည်သူက ပြည်သူကို အနိုင်ကျင့် နေတဲ့အခါမျိုးတွေမှာ မှားတယ်လို့ ပြောလို့ရတယ်။ ဒါပေမဲ့ ပြည်သူကို အပြစ်တင် လို့တော့ ရမှာမဟုတ်ပါ။ ထူးလာမှာလည်း မဟုတ်ပါ။ ဥပမာ..အပေါ်ယံလွှာက လူတွေက အမှန်တရားကို မပြောဘဲ အမှားတွေဆီကိုပဲ တွန်းပို့ နေမယ် ဆိုရင် ပြည်သူတွေဟာ လမ်းကြောင်း အမှား ပေါ် ရောက်သွားနိုင်ပါတယ်။ အဲလိုအခါမျိုးမှာ အပြစ်တင် သင့်တာက ပြည်သူမဟုတ်ပါ။ ပြည်သူ တွေက ဒီမိုကရေစီနဲ့ မတန်ခြင်း မဟုတ်ပါ။ ပညာတတ် လူတန်းစားတွေရဲ့ ပျမ်းမျှ အရည် အချင်းကသာ ဒီမိုကရေစီနဲ့ မတန်ခြင်း ဖြစ်ပါတယ်။ အပေါ်ယံ ပညာတတ်လွှာက လူတွေရဲ့ စုစုပေါင်း အရည်အချင်းက ပြည်သူတွေကို လမ်းမှန်ပေါ် မခေါ်နိုင်ဘဲ လမ်းမှားဆီ တွန်းပို့ နေလို့သာ ဖြစ်ပါတယ်။

    ကောင်းကင်ကို
    ( Stereotype.ခွဲခြားဆက်ဆံခြင်းနှင့် အပေါ်ယံလွှာ၏ ပြဿနာ စာစုမှ စာသားတချို့)

  4. drkokogyi Says:

    Kaung Kin Ko
    March 12
    “ဓါးတွေထမ်းပြီး”

    “အလုပ်ဖြစ်ရေး”ဟာ
    သေချာစိုက်ကြည့်လိုက်တော့ “အလစ်ဖြုတ်ရေး”

    လယ်သမားတွေ ဆန္ဒပြကုန်ပြီတဲ့။
    သမ္မတကြီး နောက်ကြောင်း ပြန်မလှည့်ရေးအတွက်
    အဲဒီ့အခန်းဖြတ်။

    တူတာတွေ တွဲလုပ်ကြတဲ့အခါ
    ဟစ်တလာဟာ လူကောင်ပိုထွားလာတယ်။

    ဗုဒ္ဓတရားအတိုင်း စောင်းကြိုးညှိမိသူကို
    လူမျိုးစွဲ တယောက်က
    စွပ်စွဲ တောက်ခေါက်တယ်
    “ဒီကောင်… သစ္စာဖောက်” တဲ့။

    စောင်းကြိုးရှင်ရေ…
    ဒေါသသံလည်း မပျောက်စေနဲ့
    ကရုဏာသံလည်း မပေါက်စေနဲ့
    အပမှီနေတဲ့ ရပ်ဝန်းမှာ
    ရင့်ကျက်စွာ တွေးခေါ်ခြင်းကို
    အနာကြီးရောဂါလို ရွံကြတယ်။

    အတွေးအမြင်ကျယ်ဖို့ စာဖတ် ဆိုလို့
    ဆုရ စာအုပ်ကို ကောက်ကိုင်လိုက်တယ်
    “လူမျိုးခြားတိုင်းဟာ အန္တရာယ်”တဲ့။

    ဟော…ဟိုမှာ
    သွေးဆာနေတဲ့ ယဉ်ကျေးသူ တအုပ်
    ရွပ်ရွပ်ချွံချွံ မျက်နှာပုပ်နေကြတယ်။

    အားတက်စရာတော့ ကောင်းပါတယ်။
    ပျားရည်ဆမ်းခရီးမှာ
    ဓါးတွေထမ်းပြီး…

    (ကောင်းကင်ကို) ခေတ်မောင်း ဂျာနယ် အဟောင်းထဲက ကဗျာအဟောင်းပါ

  5. kyawkyawoo Says:

    Reblogged this on Kyaw Kyaw Oo's Words of Love and Truth.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: