SOURCE: LYC FB Group by Dr. Tint Tint Kyi
“လူရည်ချွန် အကြောင်း မြန်မာရုပ်မြင်သံကြားနှင့်အမေးအဖြေ”
ဂိမာန်နွေရောက်လို့ ပန်းပိတောက်နဲ့ ငုဝါတွေ..ပွင့်ကြဝေဝေ၊ဥသြပျို သံချိုအေး တေးအလှသီနေ…စသည့်တေးကို ညည်းကာပျော်ရွှင်ခဲ့ရသည့်လူငယ်တစ်ဦး ၊အခုတော့လူလတ်ပိုင်းမှသည် လူကြီးမကြီးတကြီး အပိုင်းသို့ ဝင်စပြုနေပါပြီ၊ သို့ တိုင်အောင် လူရည်ချွန်ဆိုသည့်အသံ၊ ရုပ်ပုံများမြင်လိုက်ရလျှင်ဖြင့် အလွန်နုပျိုသွားခဲ့ပါသည်။ သတင်းတွေမှာ အကျီ င်္ အပြာနု၊ ဘောင်းဘီ အပြာရင့် လည်စည်းအစိမ်းရောင်၊ အဖြူရောင်သံပုရာခွံ ဦးထုပ်နှင့်ဆယ်ကျော်သက်လူငယ်လေးများ ယခုနှစ်မှာပြန်လည်ပေါ်ထွက်လာပါပြီ။
ဝမ်းမြောက်မဆုံးကြည်နူးမဆုံးဖြစ်ရသည်။အင်းလေး၊ ပုဂံ၊ ချောင်းသာတဲ့။ ပြီးရင်နေပြည်တော်သို့ သွားမတဲ့။လူရည်ချွန်စခန်းတွေပေါ်ထွက်လာပြီ။
ယနေ့ ၎-၄-၁၃ နေ့ လည် ဆေးတက္ကသိုလ်(၂) ပါမောက္ခချုပ်ပါမောက္ခ ဦးတင့်ဆွေလတ်ထံမှဖုန်းဆက်သည်။

တင့်တင့်ကြည်
လူရည်ချွန်ရခဲ့ဘူးသလား၊ဘယ်နှစ်တွေမှာလဲ၊ အခု သူရုံးခမ်းကိုလာနိုင်သလား၊ မြန်မာ့အသံနှင့်
ရုပ်မြင်သံကြား(၄) မှ သတင်းတွေ့ ဆုံခန်းတစ်ခုလာမေးနေသည်။ ပြောပြနိုင်မည်လားမေးသည်။
လူရည်ချွန်ရသည်ဟုသိခဲ့ရစဉ်က စိတ်လှုပ်ရှားမှုမျိုးလူငယ်ဘဝ ပျော်ရွှင်မှုမျိုး ခံစားလိုက်ရသည်။ ရာသီကလည်း ရာသီ၊ နွေရာသီကိုး။၂၀၁၃ ခုနှစ် မတ်လ(၃၀)မှာ လူငယ်တွေ လူရည်ချွန်စခန်းများသို့ 
စုစည်းရောက်ရှိနေကြပြီ။ သတင်းစာ၊ ဂျာနယ်များတွင် ရေးကြသည်။ ဆယ်စုနှစ် (၃)ခုနီးပါးအိပ်ပျော်နေခဲ့သည့်ကျောင်းသားသတင်းဖြစ်ပါသည်။ပြန်လည် ဆန်းသစ်ခြင်း။
တွေ့ ဆုံချိန်မှာ ဆယ်မိနှစ်ခန့် သာ။ အချိန်ကိုငဲ့ပြီး အကျဉ်းပြောရာတွင် အမည်နာမရွတ်ပြ
ရာအချို့ ကိုကုန်အောင်မပြောနိုင်။ မှတ်မိသမျှပြန်စဉ်းစားကြည့်သည်။
မေး။ ။ ဆရာမနာမည်နှင့် လူရည်ချွန်ရခဲ့သောနှစ်များကိုပြောပြစေချင်ပါတယ်။
ဖြေ။ ။ကျွန်မတင့်တင့်ကြည်ပါ။ ကျန်းမာရေးဝန်ကြီးဌာန၊ အင်းစိန်ဆေးရုံကြီးမှာတာဝန်ထမ်းဆောင်နေတဲ့ ဆရာဝန်ကြီး
တစ်ဦးဖြစ်ပါတယ်။ ၁၉၇၆ အဌမတန်း နှစ်မှာ အထက(၁)တောင်ငူမှ စတင်ရရှိခဲ့ပြီး အဲဒီအချိန်က
(၁၃)ကြိမ်မြောက်လူရည်ချွန်စီမံကိန်းဖြစ်ပါတယ်။၁၉၇၇ နှင့်၁၉၇၈ ခုနှစ် (၉) တန်းနှင့်(၁၀)တန်းနှစ်
များမှာ မန္တလေးအထက(၈) နဲ့ ၁၉၇၉ ခုနှစ်မှာ ဒေသကောလိပ်မန္တလေး မှ ရခဲ့ပါတယ်။ဒီနေရာမှာ
လူရည်ချွန်စီမံကိန်းအကြောင်းနည်းနည်းပြောပြလိုပါတယ်။ လူရည်ချွန်စီမံကိန်းကို(၁၉၆၄)ခုနှစ်မှ
(၁၉၈၈) ခုနှစ်ထိ (၂၅)ကြိမ်ကြိမ်တိုင်တိုင်ဆောင်ရွက်နိုင်ခဲ့ပြီး အခြေခံပညာ၊ အထက်တန်းပညာမှ
တက္ကသိုလ်သိပ္ပံ ၊ စက်မှုစိုက်ပျိုးသက်မွေးပညာ အပြင်ရွာသစ်ကြီး တိုင်းရင်းသားဖွံဖြိုးရေး သိပ္ပံမှ
ကျောင်းသားများကိုအဆင့်ဆင့်စာမေးပွဲများဖြေဆို ရွေးချယ်ခဲ့ပါတယ်။(၂၅)ကြိမ်အတွင်းရွေးချယ်ခဲ့သူ
စုစုပေါင်း(၇၉၀၈)ဦးရှိခဲ့ပြီး အဲဒီထဲမှာ အထပ်ကွမ်းအကြိမ်ထပ်သူတွေလည်းပါနေပါတယ်။
ထပ်ကွမ်းမရသူ(၅၅၉၁)ဦး၊ နှစ်ထပ်ကွမ်း(၁၃၉၃)၊သုံးထပ်ကွမ်း(၆၂၃)လေးထပ်ကွမ်း(၂၃ရ)၊ ငါး
ထပ်ကွမ်း(၄၃) ၊ခြောက်ထပ်ကွမ်း(၁၉) ဦးနှင့် ခုနှစ်ထပ်ကွမ်း (၂)ဦးရှိပါတယ်ရှင့်။
မေး။ ။ဆရာမရခဲ့စဉ်က သွားရောက်ခဲ့ရသောစခန်းတွေအကြောင်းပြောပြပေးပါဦး။
ဖြေ။ ။ကျွန်မ ပထမဆုံးသွားခဲ့ရတဲ့စခန်းက ၁၉၇၆ ခုနှစ်အင်းလေးခေါင်တိုင်စခန်းပါ။ (၁၉၇၇)
မှာတော့ငပလီစခန်းကိုသွားခဲ့ပါတယ်။ ကျွန်မတို့ ကထူးခြားတယ်ရှင့်။ ယခင္က သေဘာၤတုိ ့၊
လေယာဉ်တို့ နှင့်ငပလီကိုသွားပေမယ့် ကျွန်မတို့ ကိုပြည်ပန်းတောင်းတောင်ကုတ်ကင်းမော်
သံတွဲလမ်းမှ ပို့ လို့ အသွားအပြန်(၄)ရက် ဟီးနိုးကားကြီးများနှင့်ငပလီကိုခရီးရောက်ခဲ့ပါတယ်။
(၁၉၇၈)မှာတော့ သုံးထပ်ကွမ်းဖြစ်လို့ သုံးကြိမ်နှင့်အထက်လူရည်ချွန်စခန်းဖြစ်တဲ့မြစ်မင်းဧရာ
လူရည်ချွန်စခန်း နှင့် (၁၉၇၉) မှာတော့မော်လမြိုင်ဘက်ကိုသွားရတဲ့ ပထမဆုံးအကြိမ် မွန်
ဒဂုံလူရည်ချွန်စခန်းတွေမှာသွားရောက်ခဲ့ပါတယ်။
နယ်စခန်းတွေမှာ သင်္ကြန်ပြီးပြီးချင်း(၁၀)ရက်ခရီးထွက်ပြီး ရန်ကုန်မှာ (၅)ရက် အားလုံးစုဆုံပြီး
နေရပ်ပြန်ကြရပါတယ်။
မေး၊ ။အဲသလို ကျောင်းသားကျောင်းသူတွေကို စခန်းတွေဖွင့်ပေးတာဘယ်လိုသဘောရပါလဲ။
ဖြေ။ ။ကောင်းတာပေါ့။ သိတ်ကောင်းတာပေါ့။ကျွန်မတို့ မှာ လူရည်ချွန်ဖြစ်ဘို့ မနည်းကြိုးစားရပါ
တယ်။ လွယ်လွယ်နှင့်ဖြစ်တယ်ဆိုတာမရှိပါ။ ကျွန်မတို့ ကျောင်းသင်ခန်းစာတွေမှာထူးချွန်ရပါတယ်။
အားကစားတွေကိုစံချိန်မှီဖြစ်အောင်လေ့ကျင့်ရပါတယ်။ အထွေထွေဗဟုသုတတွေဆို တွေ့ ရာအကုန်
မှတ်သား ရပါတယ်။ နိုင်ငံတကာ အဖြစ်အပျက်များကိုလည်း အချိန်နှင့်အမျှရှာဖွေဖတ်ရှုရပါတယ်။
လူမှုရေး လုပ်ငန်းတွေမှာလည်း ခေါင်းဆောင်ပိုင်းမှပါဝင်ပြီး တာဝန်ယူဆောင်ရွက်နိုင်ရပါတယ်။
(၁၀)တန်းဆိုပေမယ့် ကျောင်းကောင်းစီ အတွင်းရေးမှူးအဖြစ်မဲပေးရွေးချယ်ခြင်းခံရတဲ့အခါတာဝန်
ယူရပါတယ်။ စခန်းကိုရောက်တော့လည်း မြန်မာပြည်အနှံ့ မှ သူငယ်ချင်းများရရှိခဲ့လို့ တိုင်းရင်းသား
ယဉ်ကျေးမှုတွေနဲ့ ရင်းနှီးချစ်ခင်ခဲ့ရပါတယ်။ ဥပမာပြောရရင်၊ ပူတာအို မှလူရည်ချွန် မလဘန်ခွန်က
တောင်ငှုမှ တင့်တင့်ကြည်ကို ကချင်ထောင်ကာ ယိမ်းအက သင်ပေး၊ ကချင်သီချင်းဆိုသင်ပေးခဲ့တာ
အဲဒီလူငယ်ဘဝထဲကပါ။
မေး၊ ။နောက်လည်း စခန်းမှာဆုံတဲ့သူတွေနဲ့ ပြန်တွေ့ ကြပါသေးလား။
ဖြေ။ ။ ကျွန်မက ဆရာဝန်လုပ်သူ၊ လူရည်ချွန်တွေကလည်းဆရာဝန်ဖြစ်
ကြတာများလို့ ဆုံဖြစ်ပါတယ်။ လူရည်ချွန် ကြီးတွေထဲမှာ ကျွန်မတို့ ကိုစာသင်ပေးတဲ့ ဆရာ၊ဆရာမ
များလည်း ပါဝင်ပါတယ်။ အခြားသက်မွေးလုပ်ငန်းထဲမှာ ဆရာဆရာမလုပ်သူများ၊ တက္ကသိုလ်ပါမောက္ခများ၊ အင်ဂျင်နီယာ၊ ရှေ့ နေ၊ စာရင်းကိုင်၊ သဘောင်္ကပ္ပတိန်၊ အင်ဂျင်နီယာကျောင်းဆရာများအားလုံးပါဝင်ပါတယ်။
မေး။ ။ လူရည်ချွန်အဖြစ် ရွေးချယ်ခြင်းမခံရသူ အခြားသူတွေကရော လူရည်ချွန်တွေ လို မထူးချွန် ဘူး လို့ ဆရာမ ဆိုနိုင်ပါသလား။
ဖြေ။ ။လူရည်ချွန်စီမံကိန်း က လူရည်ချွန်ကို လူတန်းစားတစ်ရပ်အဖြစ်ပေါ်ထွက်အောင် မွေးထုတ်ခဲ့တာမဟုတ်ပါ။ အခြားသူတွေက ရွေးချယ်ခြင်းမခံရရင်လူရည်ချွန်မဟုတ်တော့ဘူးလို့မဆိုလိုပါဘူး။ ရွေးချယ်မှု အဆင့်ဆင့်
ကိုဖြတ်သန်းပြီးမှ တစ်တန်းကိုတစ်ယောက်စီစီစစ်စစ်ရွေးတာဖြစ်လို့ စာမေးပွဲတွေရဲ့ ထုံးစံ ထူးချွန်
သော်လည်းကျန်ခဲ့သူတွေရှိနိုင်ပါတယ်။
၁၉၇၄ ခုနှစ်ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ (၁၀)မှာ ပြဌာန်းထားတဲ့ နိုင်ငံတော်သည်လူငယ်
များ၏ ကာယ၊ ဉာဏ၊စာရိတ္တ ဘက်စုံဖွံဖြိုးတိုးတက်အောင်ပြုစုပျိုးထောင်ပေးရမည် ဆိုတဲ့အချက်
နှင့်အညီ အကောင်အထည်ဖော်ခဲ့တဲ့လူငယ်စခန်းတွေဖြစ်ပါတယ်။ မိဘပြည်သူတွေနဲ့ ငယ်စဉ်ထဲက
ထိတွေ့ ခွင့်ရတယ်။ သူတို့ ကသိတ်မျှော်လင့်ကြတယ်။ ကျွန်မတို့ ကိုတွေ့ ပြီးသူတို့ သားသမီးလို ချစ်ခင်ကြတာတွေ ငယ်ငယ်ထဲက ခံစားဘူးတယ်။ ကြီးလာတော့ ဘယ်ပြည်နယ်သွားရသွားရ
ကျွန်မဆို ကချင်မှာ နှစ်နှစ်၊ ကရင်မှာ ငါးနှစ် ဆရာဝန်အလုပ်နဲ့ နေဘူးတယ်။ ရောက်တဲ့နေရာကိုယ့်
အိမ်မှတ်ပြီး အသားကျသွားတာဘဲ။ ခက်ခဲတယ်ဆိုတာ၊ ကြောက်တယ်ဆိုတာမရှိဘူး။
ရွေးချယ်ခဲ့တဲ့ လူကြီးတွေ ရဲ့  စနစ်အရ အချိန်ကာလ တစ်ခုကိုဖြတ်သန်းပြီးတဲ့နောက်အများစု
ကိုပြန်ကြည့်မယ်ဆိုရင်၊ အဲဒီတုန်းက ရွေးချယ်ခံခဲ့ရသူတွေဟာ သူတို့ တာဝန်ထမ်းဆောင်ရတဲ့အချိန်
မှာ ကျရာနေရာမှ တာဝန်ယူနိုင်တဲ့ထူးခြားသောအရည်အသွေးများပြနိုင်တာကိုတွေ့ ရမှာပါ။
ကျန်းမာရေးဝန်ကြီး ပါမောက္ခ ဦးဖေသက်ခင်က (၆)ထပ်ကွမ်းလူရည်ချွန်ပါ။ ညွန်ချုပ်ကြီးများဖြစ်တဲ့
ဒေါက်တာဦးသန်းဇော်မြင့်က(၆)ထပ်ကွမ်း၊ ဒေါက်တာဦး မင်းသန်းညွန့် (၄)ထပ်ကွမ်း၊ ဒေါက်တာ
ဦးကျော်ဇင်သန့် လည်းလူရည်ချွန်ရဘူးပါတယ်။ ကျန်းမာရေးဝန်ကြီးဌာနမှာ ရှိတဲ့အကြီးအကဲများအပြင် ပါမောက္ခချုပ် ဦးတင့်ဆွေလတ်၊ ပါချုပ် ဦးသန်းဝင်း ၊ ဒေါက်တာအောင်ကြီး
ပါမောက္ခ ဌာနမှူးပါ ၊စာလည်းရေးပါတယ်။ လက်ရှိ လည်းရန်ကုန်နှင့်မန္တလေး နယ်အနှံ့ အပြားတာဝန်
ထမ်းဆောင်နေသူတွေ တွေ့ နိုင်ပါတယ်။
ဆရာတော်အရှင်ဆန္ဒာဓိက ငယ်စဉ်ကရေနံချောင်းမှ လူရည်ချွန်ဖြစ်ပါတယ်။
စာနယ်ဇင်းလောကမှာလည်းချင်းတွင်းမဂ္ဂဇင်း ထုတ်သူ ကိုတာ(ဒေါက်တာသန့် လွင်မောင်)၊ ဒေါက်တာနေဝင်းမောင်၊ ဒေါက်တာသန်းထွဋ်အောင်စ
သူတို့ ဟာကျောင်းသားဘဝလူရည်ချွန်တွေပါ။
သမ္မတကြီးအကြံပေးအဖွဲ့ ဝင် ဒေါက်တာတင်မောင်သန်း (သင့်ဘဝ) ၊ဒေါက်တာဇော်ဦးတို့ ကိုတွေ့ နိုင်ပါတယ်။
တပ်မတော်မှာ လည်းအများကြီးပါ။ ယခုလက်ရှိဗိုလ်ချုပ်ကြီးလှဌေးဝင်း ဟာကျောင်းသားဘဝမှာလူရည်ချွန်ပါ။
မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးရဲမြင့် ကလည်းလူရည်ချွန်လို့ သိရပါတယ်။
ကျွန်မ က တထိုင်ထဲနှင့်ပြောလို့ ကုန်မှာမဟုတ်ပါ။
( မလေးရှား နိုင်ငံရောက် Human Right Activist ဒေါက်တာကိုကိုကြီး၊ သြစတြေးလျမှ
ဒေါက်တာမြင့်ချို တို့ က နိုင်ငံရေးယုံကြည်တစ်ခုကို တစ်စိုက်မတ်မတ်ဆောင်ရွက်နေသူများ
ဖြစ်ပါတယ်။)
မေး။ ။ ယခု ၂၀၁၃ ခုနှစ်မှာဘက်စုံထူးချွန်သူများကို ပြန်လည်ရွေးချယ်ပြီး လူရည်ချွန်စခန်းများ
ပြန်လည်ဖွင့်လှစ်ခြင်းနှင့်ပါတ်သက်ပြီး ဆရာမ ဘယ်လို ထင်ပါလဲ။
ဖြေ။ ။ ဝမ်းသာတာပေါ့။ အတိုင်းမသိပျော်ရွှင်ပါတယ်။ ကျွန်မတင်မကပါဘူး။ ကျွန်မတို့ူလူရည်ချွန်
ရဘူးသူများ စုပြီးငယ်စဉ်က အတွေ့ အကြုံနဲ့ လက်ရှိဘဝတွေ ကို ဆွေးနွေးဖလှယ်တဲ့ လူမှုရေးကွန်
ယက်ဖြစ်တဲ့ facebook မှာ လူရည်ချွန် အုပ်စု လေးရှိပါတယ်။ အဲဒီမှာ ဆိုရင် အားလုံးက ကြိုဆို
ကြ ငယ်ငယ်တုန်းက ပင်လယ်စမြင်ဘူး၊ လေယာဉ်စစီးဘူး၊ အပေါင်းအသင်းများနဲ့ ခရီးသွားရ၊ ပျော်ရွှင်
ခြင်းကို စည်းကမ်းရှိတဲ့ စည်းရိုး ထဲမှာ တွေ့ ကြုံနိုင်တယ်ဆိုတာသိခဲ့ဘူးသူများငယ်ဘဝတွေ သတိရကြ
ပါတယ်။
မေး။ ။ဒီနေ့ ပြန်လည်ပေါ်ထွက်လာတဲ့ဘက်စုံထူးချွန်ကျောင်းသားလူရည်ချွန် အစီအစဉ်
အပေါ်မှာ ဆရာမအနေနဲ့ ဘာများအကြံပေးပြောချင်ပါသလဲ။
ဖြေ။ ။ အချိန်ကာလပါ။ လူရည်ချွန်စီမံကိန်း အစောပိုင်းကာလများဆီက တစ်လ ခန့် အထိ အဖွဲ့ ခွဲ
ပြီး လူငယ်များစခန်းချနေခဲ့တာတွေရှိခဲ့ပါတယ်။ ကျွန်မတို့ မှာတော့နှစ်ပါတ်ခန့် စခန်းချရပါတယ်။
ယခုနှစ်မှာတော့(၇)ရက်သာရှိတာကိုတွေ့ ရပါတယ်။ အဆင်ပြေရင်တော့နှစ်ပါတ်လောက်လေ့လာခွင့်
စခန်းချခွင့်ရစေချင်ပါတယ်။ ငယ်စဉ်ထဲမှစပြီးမိမိကိုယ်ကိုအားကိုး၊ အများအတွက်ညှိနှိုင်းဆောင်ရွက်
နိုင်ခွင့်ကိုရစေပါတယ်။ နောက်တစ်ချက်ကတော့ နှစ်စဉ်ဆက်လက်ရွေးချယ်ပေးပါ။ ယခုနှစ်တက္ကသိုလ်တွေမှ မပါသေးတာလည်းနောင်ပါစေချင်ပါတယ်။ နောက်ဆုံးအနေ နှင့်ကျောင်းသား တွေ ယခုလို ကြိုးစားမှုကြောင့်သုံးကြိမ်ဆက်တိုက်ရမယ်ဆိုရင်ကျွန်မတို့ 
ငယ်စဉ်ကလို လူရည်ချွန်ပညာသင်ဆုကို တက္ကသိုလ်ပညာရေးပြီးဆုံးသည်အထိချီးမြှင့်ပေး
စေချင်ပါတယ်။ ကျွန်မဟာ လစဉ် (၇၅)ကျပ် ကို ဆေးတက္ကသိုလ်ပြီးဆုံးသည်အထိ(၇) နှစ်ခံစား
ခဲ့ပါတယ်။ ကျောင်းလခကလည်း ကျွန်မတို့ ခေတ်က (၃၀)ကျပ်ပါ။
စာလုံးစောင်းနှင့်ရိုက်ထားသည်များကို ကျွန်မမပြောလိုက်ရပါ။နောက်တော့ပြောရန်မှတ်ထားပါသည်။
မေးခွန်းထုတ်သူညီမလေးကတော့သူဘဝမှာ ဒီလို လူငယ်စခန်းများရှိသည်ကိုမကြားဘူးကြောင်း
ခုမှ သိရတာဖြစ်ကြောင်းပြောသွားပါသည်။
ကျွန်မတို့ အဖွားကြီးဖြစ်ပြီ၊ ဒိတ်အောက်နေပြီ။

၎-၄-၂၀၁၃
Leave a Reply