ဆရာကိုကာပြန်လို့ အာခေါင်ကိုလှံစူးမယ့်ကောင်

ဆရာကိုကာပြန်လို့ အာခေါင်ကိုလှံစူးမယ့်ကောင်
===========================
အေပြီလ ၆ ရက် ၂၀၁၃ ခုနှစ်

ပွင့်လင်းမြင်သာသော ခေတ်စနစ်ကို ချီတက်နေသောကာလ၀ယ် စတုတ္ထမဏ္ဍိုင်ဟုဆိုသော မီဒီယာလုပ်ငန်း၌ အမြင် မတူသူများကို ၎င်းင်းပိုင်ဆိုင်သည့် မီဒီယာမှတစ်ဆင့် နိုင်ငံရေး၊ စီးပွားရေး၊ ပြည်တွင်းရေးနှင့် ၀န်ကြီးဌာနရေးရာများတွင် ဝေဖန်ပုတ်ခတ်ပြောဆိုနေသော Eleven Media Group နှင့်ပတ်သက်၍ ထုတ်ဖော်တင်ပြလိုပါတယ်။

EMG ၏ အမှုဆောင်ဒါရိုက်တာ သန်းထွဋ်အောင် (ခ)မောင်မောင်လေးကို သိသူများရှိခဲ့သလို မသိသူများလည်း ရှိပါ လိမ့်မယ်။ သန်းထွဋ်အောင်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်းကာလများမှာ မိုးသီးဇွန်တို့နှင့်အတူ အရေးအခင်း၌ ပါဝင် ဆောင်ရွက်ခဲ့ဘူးပြီး အထက်မြန်မာပြည် (ဗကသ)၏ ဒုတိယတာဝန်ခံ အဖြစ်လည်း အမည်ခံဆောင်ရွက်ခဲ့ဘူးသူ ဖြစ်ပါ တယ်။ အရေးအခင်းပြီးနောက် မန္တလေး NLD လူငယ်အဖွဲ့မှာ ဥက္ကဌလုပ်ခဲ့ပေမဲ့လည်း ပါတီတွင်းသတင်းတွေကို စစ် ထောက်လှမ်းရေးကို ရောင်းစားခဲ့လို့ ပါတီမှထုတ်ပယ်ခံခဲ့ရပါတယ်။

အဲဒီနောက် ရန်ကုန်မှာ ဆေးကျောင်းဆက်တက်ခဲ့ပြီး MBBS ဘွဲ့တော့ရခဲ့ပါတယ်။ ဒါပေမဲ့ ဆေးတော့မကုတတ်ခဲ့ပါဘူး။ ဖခင်ဖြစ်သူက တပ်ကနေ အငြိမ်းစားယူကာ မြန်မာ့ သစ်လုပ်ငန်းကို မန်နေဂျာဖြစ်ပြီးတော့ ပြောင်းရတဲ့အခါ အဖေရဲ့အရှိန်အ၀ါနဲ့ သစ်မှောင်ခိုလုပ်ခဲ့ပြီး ၀ရမ်းပြေးသာသာ ဘ၀ဖြင့် ကျင်လည်ခဲ့တဲ့သူပါ။ နောက်ဆုံးတော့ ကန်ထရိုက် ယောင်ယောင်နဲ့ ရန်ကုန်မှာနေနေပြီး ရုပ်ရှင်နယ်ထဲကိုလည်း အချောင်ရမလားဆိုပြီး ၀င်ရောက်ခဲ့ ပါသေးတယ်။ နိုင်ငံရေးနှင့် First Eleven Sport အားကစားဂျာနယ်ကို ထုတ်ဝေ ရာမှတစ်ဆင့် မီဒီယာလောကထဲကို ရောက်လာခဲ့သူပါ။

ယခင် ပြန်ကြားရေးဝန်ကြီးဟောင်း ဦးကျော်ဆန်းရဲ့ တပည့်လိုလို၊ ငယ်ကျွန်လိုလို အမည်ခံကာ EMG ကို တည်ထောင်၍ စတုတ္ထမဏ္ဍိုင်ထဲသို့ တိုးဝင်ရောက်ရှိလာခဲ့ပါတယ်။ ၀န်ကြီးဦးကျော်ဆန်းရဲ့ Guide Line ပေးမှု၊ နေရာပေးမှုများကြောင့် မီဒီယာအသိအမြင် မတတ်တတတ်နဲ့ နေရာရလာခဲ့ပါတယ်။ ၀န်ကြီးကျေးဇူးကြောင့် မီဒီယာလောကမှာ လူဖြစ်လာတဲ့သူက အခုတော့ သတင်းလွတ်လပ်ခွင့်ကို အခွင့်အရေးယူလို့ အစိုးရနဲ့ နိုင်ငံ့ဝန်ထမ်းများကို ဝေဖန်ပုတ်ခတ်မှုများ ပြုလုပ် လာတာကို စာဖတ်ပရိတ်သတ်ပြည်သူများအသိဆုံးပါဘဲ။ တတ်ယောင်ကားနဲ့ မီဒီယာကို ဖင်ခုထိုင်ကာ ဒီမိုကရေစီကို ဘာမှန်းမသိဘဲနှင့် ငါ့စကားနွားရ ပြည်သူတွေကိုခုတုံးလုပ်ပြီး ပြည်ပနိုင်ငံရှိ မီဒီယာများထံ တစ်ဆင့်ခံ သတင်း ရောင်းစား နေတဲ့သူသာဖြစ်ပါတယ်။ မီဒီယာကျင့်ဝတ်၊ မီဒီယာစည်းကမ်း များကို ဖောက်ဖျက်ကာ ရောင်းအားကောင်းရုံသက်သက် ထုတ်ဝေနေသော အပေါစားဂျာနယ်တစ်ခု အဆင့်အတန်းလောက်သာဖြစ်နေတာကို မသိရော့လေသလား။

အမှုဆောင်ဒါရိုက်တာ အမည်ခံပြီးအနှိပ်ခန်းနှင့် စင်တင်က အမျိုးသမီးငယ်များကို Sponsor ပေးနိုင်ယုံနဲ့ မာန်တက် နေတဲ့ သူပါ။ ဒေါ်လာမျက်နှာကိုကြည့်ပြီး နိုင်ငံတကာမီဒီယာတွေကို အဖေခေါ်ချင်တဲ့စိတ်နဲ့ ကိုယ့်ပေါင်ကိုယ်လှန် ထောင်းနေတဲ့ သူပါ။ လွတ်လပ်ခွင့်ပြုထားတဲ့ အစိုးရရဲ့ မျက်နှာကိုမှမထောက် ပြည်သူကိုချောက်ထဲကျအောင်လုပ်နေပြီး သူခိုးကလူကို ပြန်ဟစ်နေပါသေးတယ်။

ရခိုင်ပြည်နယ်အရေးမှာလည်း ဘင်္ဂါလီများအား လူမျိုးတုံးသတ်ဖြတ်မှုကြီးပြုလုပ်နေသကဲ့သို့ ဖြစ်အောင် မီးလောင်ရာ လေပင့်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လူမျိုးရေးအဓိကရုဏ်းများ ဆက်လက်ဖြစ်ပွားစေရန် အစွန်းရောက်သည့် အရေး အသားများဖြင့် လုပ်ကြံသတင်းများအား ဖန်တီးထုတ်ဝေခဲ့ပါတယ်။ ကချင်ကိစ္စမှာလည်း ကချင်သောင်းကျန်းသူရဲ့ ငွေကြေး နဲ့အရိပ်ကိုခိုပြီး သတင်းများရယူကာ တစ်ဖက်သတ်သတင်းတွေကို ပြည်သူထံဖောက်သည်ချခဲ့တဲ့ KIA ရဲ့ လက်ဝေခံမီဒီယာလုပ်ခဲ့ပါတယ်။ လက်ပံတောင်းတောင်အရေးမှာလည်း လူမဆန်စွာဖြင့် ဓါတုလက်နက်များနှင့် ဖြိုခွင်းခဲ့ ပါတယ်ဆိုပြီး အစိုးရကိုဝေဖန်ကာ အနောက်နိုင်ငံများထံ သတင်းရောင်းစားကာ သခင်ကိုအားရလို့ ကျွန်ပါးဝခဲ့ပါသေး တယ်။ ယနေ့ဖြစ်ပွားနေသော မိတ္ထီလာမှ အစပြုသည့် မတည်ငြိမ်မှုများတွင်လည်း ပြည်သူကိုအုံကြွမှုဖြစ်စေရန် ဘေတီး ပေးနေပါတယ်။ အခြားသတင်းဌာနများ၏ သတင်းအချက်အလက်ကို ကူးယူဖော်ပြပြီး မငြိမ်မသက်ဖြစ်အောင် ပြည်သူကို လှည့်စားနေတာများဖြင့် လက်ရှိမြေပြင်အခြေအနေကိုသိနေကြတဲ့ ဒေသခံပြည်သူများက အော့နှလုံးနာလျက်ရှိပါတယ်။ ဒီမိုကရေစီခေတ်စနစ်အစမှာ သတင်းမီဒီယာရဲ့ လွတ်လပ်ခွင့်ကို ခုတုံးလုပ်ပြီး ငတ်လို့လုပ်စားနေတဲ့ မီဒီယာသမား အဆင့် ဘဲရှိပါတယ်။

ဒါတင်မကသေးဘဲ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော ပုံနှိပ်ခြင်းနှင့်ထုတ်ဝေခြင်း ဆိုင်ရာဥပဒေကြမ်းကို ကန့်ကွက်ပြီး ခေတ်နောက်ပြန်ဆွဲသည့် ၁၉၆၂ ထုတ်ဝေသူများမှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေကို ပြန်လည်အသက်သွင်း နေသဖြင့် အစိုးရဟာ သတင်းမီဒီယာလွတ်လပ်ခွင့်ကို ပြန်လည် ထိန်းချုပ်ရန် ကြိုးစားနေပါတယ်လို့ စွပ်စွဲခဲ့ပါတယ်။ ပညာနို့ချိုကိုတိုက်ကျွေးပြီး မြေတောင်မြှောက်ပေးခဲ့တဲ့ ဆရာဝန်ကြီးနှင့် ပြန်ကြားရေးဝန်ကြီးဌာနကို ကျေးဇူးကန်းစကားဖြင့် ကျေးဇူးဆပ်လျက်ရှိပါတယ်။

သန်းထွဋ်အောင်ကိုကြည့်၍ သတိရမိသည်မှာ ကျေးတောသားတစ်ဦးမှ ဗျိုင်းငှက်၏အစာ ဖမ်းပုံကို အတုယူကာ ပါးစပ် ဖြင့်လှံဖမ်း၍ ကျွမ်းကျင်လာသောအခါ အသက်မွေးဝမ်းကျောင်းမှုအဖြစ် ရပ်တည်လုပ်ကိုင်လာရာ အများသူငါက မင်းရဲ့ ဆရာဘယ်သူလဲလို့ မေးသောအခါ ဆရာမရှိခဲ့သယောင် ဖြင့်ပြောကြားခဲ့တာကြောင့် ဆရာကိုကာပြန်၍ အာခေါင်လှံစူး ခဲ့သည့်အဖြစ်လို သန်းထွဋ်အောင်ရဲ့ အာခေါင်လှံစူးမယ့်အချိန်ကိုလည်း စောင့်ကြည့်ရပေဦးတော့မည်။
ပြန်ကြားရေးဝန်ထမ်းတစ်ဦး

Source:Maung Zarni shared This’s Call Myanmar‘s photo.

Leave a comment