စိတ်ဒါဏ်ရာ ရနေတဲ့ မြန်မာမွတ်စလင် တွေ ထောင်ချီပီး ရှိနေမှာ အမှန်ပါ

မဖရီဒါ အပြင်မှာတင်ထားတာကို ပြန်ကူးပြီးတင်ပေးတာပါ။ ဖတ်ရတာရင်ထဲမှာမကောင်းဘူး။ အလ္လာအသျှင်အားလုံးကိုထိန်းသိမ်းတော်မူပါ။
—————————————————————————–
Farida Shwe Sin
မိထ္ထီလာ ကယ်ဆယ်ရေးစခန်းတွေမှာ ထဲထဲဝင်ဝင် ပါဝင် အလုပ်လုပ်နေသူ UN မှ အစ်မ နဲ့ အမြဲ ဖုံးပြောဖြစ်ပါတယ်

အစ်မ ပြောပြတဲ့ အကြောင်းအရာ တွေထဲက နားထဲစွဲကျန်နေတဲ့ အင်မတန်အလေးပေး ရမယ့် အချက်လေးတွေကို ပြန်လည် မျှဝေပါတယ်

အဓိက က သူတို့မှာ ရ နေ တဲ့ စိတ်ဒါဏ်ရာ တွေပါတဲ့

နာဂစ်တုံးက ထက် အဆ ပေါင်းများစွာ ပိုဆိုးပါတယ်တဲ့ နာဂစ်တုံးက သဘာဝဘေးဒါဏ်ဖြစ်တယ် – အခုဟာက လူလုပ်တဲ့ ဘေးဒုက္ခဖြစ်နေတယ် လူလုပ်တာတောင်မှ အိမ်တွေ ဖျက်ဆီး ခံရ ယုံမက မျက်စိရှေ့မှာတင် မိသားစုဝင်တွေကို ရက်ရက်စက်စက် မီးရှို.သတ်တာမျိုး သွေးရဲရဲ နဲ့ သတ်ခံရတာ မျိုးတွေ ဖြစ်နေတဲ့ အတွက် ရရှိထားတဲ့ Trauma တွေ ကအင်မတန်မှ ဆိုးဝါးပါတယ်တဲ့

ဖြစ်ချိန်က စပီး လုံးဝ စကား မပြောတော့တဲ့ ကလေးတစ်ယောက်ကို လဲ တွေ့ခဲ့တယ်တဲ့

တခြားသူ တွေကတော့ သူတို့အနား သွားရင် ၀မ်းသာ သွားကြပီး စကားပြန်ပြောကြပါတယ်တဲ့ သူတို့ကို အားပေးမယ် လို့ သူတို့ အနားကပ်ပီး စ -စကား ပြောလိုက်ချိန်မှာပဲ မျက်ရည် အရွှဲသားနဲ့ ပြောပြကြတဲ့ အတွက် အစ်မ ကိုယ်တိုင် မျက်ရည် မဆည်နီုင်ဖြစ်ရ တော့တာပါပဲ တဲ့

အဲဒီထဲမှာ ထူးဆန်းတဲ့ အဖွားတစ်ယောက်ကို တွေ့ရတယ်တဲ့ ..
” ငါတို့တွေ အနားကပ်သွားရင် အကုန်လုံးက ရင်းရင်းနှီးနှီး စကားပြန်ပြောကြပေမယ့် အဲဒီ အထက (၁) ကျောင်းထဲက အဖွား တစ်ယောက်ကတော့ ငါ့ကို အမြဲ မှုန်ကုပ်ကုပ်ပြန်ကြည့်တယ်တဲ့ – သူ.ကြည့်တာ ရန်လိုနေသလို ခံစား ရလို့ ဘေးကို မေးကြည့်လိုက်တော့မှ အဲဒီ အဖွားရဲ့ မြေးလေးက အသတ်ခံရတဲ့ ဟာဖစ်ကျောင်းသားလေး တစ်ယောက်ဖြစ်ပီး လောလောဆယ် သူ.သားက ပျောက်နေတယ်တဲ့ ဒါနဲ့ အတော်လေး ချဉ်းကပ်ပီး အဖွားကို စကား ပြော အားပေးတော့ ငါ့သား ပျောက်နေတာ ပြန်တွေ.မှာပါ လို့ အဖွားက ပြောတယ် ” တဲ့ “စိတ်မကောင်းလိုက်တာ “လို့ အမ က ပြန်ပြောပြ ချိန်မှာပဲ ဖုံးကိုင်နားထောင်ရင် ကျွန်မ လဲ မျက်ရည် တွေတွေ ကျနေပါတယ်

မနေ့ညက အစ်မ ဆီ ဖုံးဆက်လိုက်ချိန်မှာပဲ
“ဒီနေ့အထက(၁) ထဲမှာ နဲနဲ ရုတ်ရုတ် ရုတ်ရုတ် ဖြစ်သွားတယ် လို့ ကြားတယ် တဲ့ (အမ က အခု မန်းလေး ပြန်ရောက် နေပါတယ်) ဘာဖြစ်တာလဲ လို့မေးကြည့်တော့ အဖွားတစ်ယောက် သူ.သားပျောက်နေတယ် လို့ သိထားရာက သေသွားတယ် လို့ သိသွားလို့ အော်ဟစ် သောင်းကျန်းနေတာတဲ့ – INGO တစ်ခုက တာဝန်ထမ်းဆောင်နေတဲ့ ဗုဒ္ဒဘာသာ ညီမလေး ဆီ သွားပီး ဆဲဆို သောင်းကျန်း နေတယ် ကြားတယ် – ငါတွေ့ခဲ့ တဲ့ အဖွားထင်တယ် – အဖွားတော့ ဒုက္ခပဲ ဒီအချိန်မှာ အဖွားကို ကောင်းကောင်း နစ်သိမ့်ပေးဘို့လိုတယ် ” လို့ ပြောပါတယ်

အင်း ဒီအဖွားလို .. စကားမပြော တော့ တဲ့ ကလေးလို … စိတ်ဒါဏ်ရာ ရနေတဲ့ မြန်မာမွတ်စလင် တွေ ထောင်ချီပီး ရှိနေမှာ အမှန်ပါ

နာဂစ် တုံးကတော့ NGO တွေ INGO တွေ အစုံ ၀င်ပီး Counseling ပေးကြပေမယ့် ဒီနေရာ မှာတော့ လုံးဝ ဒီလို ဖြစ်လာမှာ မဟုတ်ပါဘူး – ကျွန်မကိုယ်တိုင် INGO တစ်ခုမှာ လုပ်နေတော့ သိပါတယ်

ကျွန်မတို့ ဘာလုပ်ကြမလဲ
ဒုက္ခသည်တွေကို ဘယ်လိုဖေးကူကြမလဲ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: