Mandalay PM U Ye Myint was obeying the order of the President, who was advised by Dr Kyaw Yin Hlaing to save the dignity of Buddhism which had gone down the drain in world’s opinion.
They will pressure the Muslims to “admit” that all those Genocide of Muslims and Ethnic Cleansing are the fault of Myanmar Muslims. They would intimidate and pressure Muslims to apologize in-front of media, UN and OIC.
Actually it IS also a great crime to cover-up and justify a crime.
Myanmar Gov is going beyond the No. 8 Stage of Genocide, DENIAL, by inventing No 9, BLAME THE VICTIMS and No. 10 forcing victims to ask forgiveness from the perpetrators who had done the CRIME OF GENOCIDE.
Tags: Buddhism, Burma, Ethnic cleansing, Genocide, Islam in Burma, Muslim, Myanmar, Organisation of Islamic Cooperation
April 17, 2013 at 3:34 am |
Kyaw Nyi Soe
Democracy ဆိုတဲ့ စနစ်နဲ့ နိုင်ငံတည်ဆောက်နေပါတယ် ဆိုရင် Civic Nationalism ကိုကျင့်သုံးရ လိမ့်မယ်။ Ethnic Nationalism နဲ့ ဘယ်လိုမှ အဆင်ပြေမှာ မဟုတ်ဘူး။ အထူးသဖြင့် လူနည်းစု Non-Buddhist တွေ (Muslim, Christian, Hindu, Animists, Atheists) ရှိနေတဲ့ တိုင်းရင်းသား လူနည်းစုတွေ ရဲ့ လွတ်လပ်မှုတွေကို မပေးနိုင်ဘူး ဆိုရင်ပေါ့။ (စာအုပ်ထဲမှာရေးထားရုံပဲ ရှိပါတယ်)။ ဗုဒ္ဓဘာသာ ဗမာလူမျိုး ဆိုတာကို ရှေ့တန်းတင်ပြီး လူနည်းစုတွေရဲ့ အသက် အိုးအိမ် စည်းစိမ်ကို အန္တရာယ်ပေးနေမယ် ဆိုရင်တော့ Neo-facist တွေ Neo-Nazi တွေလို့ အပြောခံနေရမှာပဲ။
April 17, 2013 at 3:35 am |
Minkyawaung Aung
တစ်ချက်ခုတ် အပိုင်းပိုင်းပြတ်တဲ့ စစ်အုပ်စုရဲ့ အစီအစဉ်ထဲက အစီအစဉ်တစ်ခု။
ဗမာပြည်မှာ မွတ်စလင်တွေ ကို ပိုးစိုးပက်စက် နှိပ်ကွပ်နေတယ်။
ဗမာမွတ်စလင်တွေ ဘက်က လဲ .ပြန်လည် ခုခံမှုတောင်မရှိဘဲ ..အောက်ကျနောက်ကျခံ ပြီးတော့ကို သည်းခံနေတယ်။
ဒီပလို မက်တစ် နည်းနဲ့ ဘဲ ငြိမ်းချမ်းသင့်မြတ်အောင် သည်းခံမှုအပြည့်နဲ့ ကြိုးစားနေတယ်။
ပိုပြီး ပိုးစိုးပက်စက်ဖြစ်အောင် ထပ်လုပ်ဖို့ ..စစ်အုပ်စုက အစီအစဉ်ချ နေတယ်။ .မွတ်စလင်တွေ နာကျဉ်းပြီး ..ပြန်လည် တိုက်ခိုက်လာအောင် ဇွတ်အတင်း ..စွပေးနေတယ်။
အကယ်လို့သာ ..မွတ်စလင်ကို မတရားတိုက်ခိုက်အနိုင်ကျင့် မှုများလာလို့ ..ဂျေဟာဒ် လို့ ကြွေးကြော်လိုက်မယ် …ပြန်လည်တိုက်ခိုက်လိုက်မယ်ဆိုရင် တော့ …စစ်အုပ်စုအကြိုက်ပေါ့ ….
အမေရိကန် ကို ဒုတိယ ပထွေး ခေါ်ပြီး ..စစ်အာဏာ လှလှ လေး သိမ်းထားလိုက်မှာ …
ဘယ်လို နာမည်ကြီးမလဲ ဘယ်လိုအာဏာရမလဲ ဆိုပြီး စဉ်းစားနေတဲ့ ဒေါ်အောင်ဆန်းစုကြည် လှလှ လေး ..ကို နောက်ဆုတ်ပေးလိုက်ရမှာ …ဟားဟား ..။
သူ ထင်ထားတာက …သူသာ မွတ်စလင်နဲ့ ဗုဒ္ဒဘာသာ သင့်မြတ်ရေးလုပ်ရင် အာဏာမရတော့ဘူး လူကြိုက်နည်းသွားမယ်ထင်ပြီး ..ငြိမ် နေတာ …သူခံရတော့မဲ့ အကွက်ထဲကို စစ်အုပ်စုက လှလှလေး ဆွဲထဲ့ တယ်။…
ဒေါ်အောင်ဆန်းစုကြည် …ရာ ..အဖေသမီးမပီသဘူး .အဖေက ..နိုင်ငံကောင်းစားရေးကိုဘဲ ဦးစားပေးတာ။ …သမီးက …ငါအာဏာရ လာမှ နိုင်ငံကောင်းစား မယ်လို့ ..တွေးထင်ထားတာ ။…
သူ့ခံယူချက်အတိုင်းအကျိုးပေးလိမ့်မယ်ပေါ့ ။
ဖခင်ရဲ့ ခြေမှုန့်တောင်မမှီဘူး ။..အောင်ဆန်းဦးလိုဘဲ …ခပ်ကင်းကင်းနေလိုက်ရင် ..တိုင်းပြည်ကောင်းစား ဦးမယ်။
April 17, 2013 at 3:47 am |
Phyo Mg Mg Win shared a photo.
အရင်တုန်းကရေးခဲ့ တဲ့ အ မေစုအတွက်ကဗျာပါ အခု vote ရင်းနဲ့ ထပ် share ပါ တယ်
!!!ခေါင်းဆောင်!!! ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ဘူး ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရဲ့ ဘဝ တွေကို မြေလိုချခင်း မနင်းတတ်ဘူး ခေါင်းဆောင်ဆိုတာ တိမ်လိုအမြင်ကျယ် ရေ လိုဖြူစင်တယ် ခေါင်းဆောင်ဆိုတာ ကိုယ့် အကျိုးထက် လုထု အကျိုးကို “အရှည်မျှော်ကြည့် တတ်တယ်” ခေါင်းဆောင်ဆိုတာ ဓါးကို ဖွက်တဲ့ ဓါး အိမ်ဖြစ်တယ် ခေါင်းဆောင်ဆိုတာ မြှားတစ်စင်း ပြည်သူကို လိုရာ ခွင်းပေးနိုင်တယ် ခေါင်းဆောင်ဆိုတာ အတ္တကို စုတ်ဖြဲ ပရ အဝတ်ကိုပဲ ဝတ်ဆင်တယ် ခေါင်းဆောင်ဆိုတာ ဟန်ဆောင်မှု ကင်း ပွင့် လင်း မြင်သာတယ် ခေါင်းဆောင်ဆိုတာ ကိုယ့် ကို ကိုယ်လောင်ကျွမ်း လို့ ဘဝတွေ ကို လမ်း ပြတယ် ခေါင်းဆောင်ဆိုတာ နေမင်းတစ်စင်းထဲ ပြည်သူတွေအတွက် လင်း တတ်တယ် ခေါင်းဆောင်ဆိုတာ စကြဝဠာတိုက်တစ် သောင်း ထဲ မြေကမ္ဘာ တစ်ခုထဲ လို လူတွေ ပျော် ရွှင်ခြင်း နှင်းအပ် ပေးဆပ် တတ်တယ် မတစ်ထောင် တစ်ကောင်ဖွား အောင်ဆန်းရဲ့ သွေးသား ဟာ ငါ တို့ အား လုံး ရဲ့ ခေါင်းဆောင်ပဲ ။ ။ အမေ သွားလမ်းသာလို့ လာလမ်းဖြောင့် ပီး လူ့ အန္ဓတွေ ရဲ့ နှောက်ယှက် ခြင်း မှ ကင်းလွတ် ဝေးပါ စေ ကျန်းမာပါ စေ ချမ်းသာပါစေ ရေလို အေးပီး ပန်း လို မွှေး ပါစေ အမေ
!!!ခေါင်းဆောင်!!!
ခေါင်းဆောင်ဆိုတာ ခေါင်းမရှောင်ဘူး
ခေါင်းဆောင်ဆိုတာ နောက်လိုက်တွေရဲ့
ဘဝ တွေကို မြေလိုချခင်း မနင်းတတ်ဘူး
ခေါင်းဆောင်ဆိုတာ တိမ်လိုအမြင်ကျယ်
ရေ လိုဖြူစင်တယ်
ခေါင်းဆောင်ဆိုတာ ကိုယ့် အကျိုးထက်
လုထု အကျိုးကို “အရှည်မျှော်ကြည့် တတ်တယ်”
ခေါင်းဆောင်ဆိုတာ ဓါးကို ဖွက်တဲ့
ဓါး အိမ်ဖြစ်တယ်
ခေါင်းဆောင်ဆိုတာ မြှားတစ်စင်း
ပြည်သူကို လိုရာ ခွင်းပေးနိုင်တယ်
ခေါင်းဆောင်ဆိုတာ အတ္တကို စုတ်ဖြဲ
ပရ အဝတ်ကိုပဲ ဝတ်ဆင်တယ်
ခေါင်းဆောင်ဆိုတာ ဟန်ဆောင်မှု ကင်း
ပွင့် လင်း မြင်သာတယ်
ခေါင်းဆောင်ဆိုတာ
ကိုယ့် ကို ကိုယ်လောင်ကျွမ်း လို့
ဘဝတွေ ကို လမ်း ပြတယ်
ခေါင်းဆောင်ဆိုတာ နေမင်းတစ်စင်းထဲ ပြည်သူတွေအတွက်
လင်း တတ်တယ်
ခေါင်းဆောင်ဆိုတာ စကြဝဠာတိုက်တစ် သောင်း
ထဲ မြေကမ္ဘာ တစ်ခုထဲ လို
လူတွေ ပျော် ရွှင်ခြင်း
နှင်းအပ် ပေးဆပ် တတ်တယ်
မတစ်ထောင် တစ်ကောင်ဖွား
အောင်ဆန်းရဲ့ သွေးသား ဟာ
ငါ တို့ အား လုံး ရဲ့ ခေါင်းဆောင်ပဲ ။ ။
အမေ သွားလမ်းသာလို့ လာလမ်းဖြောင့် ပီး
လူ့ အန္ဓတွေ ရဲ့ နှောက်ယှက် ခြင်း မှ ကင်းလွတ်
ဝေးပါ စေ ကျန်းမာပါ စေ ချမ်းသာပါစေ ရေလို
အေးပီး ပန်း လို မွှေး ပါစေ အမေ
April 17, 2013 at 8:15 am |
Maungmaung Skw
ကျွန်တော်တို့မျှော်လင့်ခဲ့တာက…………
၁၂/၄/၂၀၁၃ ရက်နေ့က မန္တလေးတိုင်းဒေသကြီးအစိုးရ အဖွဲ့ ၀န်ကြီးချုပ်ဦးရဲမြင့်က မန္တလေးက အစ္စလာမ်ဘာသာ
ရေးခေါင်းဆောင်တွေကိုခေါ်တွေ့တော့ ခေါင်းဆောင်ကြီး
တွေရဲ့ ခိုင်းဖတ်ဖြစ်နေတဲ့ ကျွန်တော်လဲ ပါသွားခဲ့ပါတယ်။
ဒီအချိန်မှာ ၀န်ကြီးချုပ်ဦးရဲမြင့်ဟာ မိတ္ထီလာမှာ ဆိုးရွားစွာ
ဖြစ်ခဲ့ရမှုတွေမှာ အဓိက တာဝန်ရှိတဲ့သူ ဖြစ်နေပေမဲ့
ဒီကိစ္စကိုပြောဖို့ အစီအစဉ်မရှိခဲ့ပါဘူး။
ကျွန်တော်တို့ကို ဦးရဲမြင့်က ချွေးသိပ်တဲ့စကားတွေ ပြော လိမ့်မယ်-သူ့အပစ်တွေကို ရှောင်လွဲတဲ့စကားတွေ ပြောလိမ့်မယ်ဆိုတာလောက်ပဲ မျှော်လင့်ခဲ့တာပါ။
ကျွန်တော်တို့ဘက်က ပြောဖို့ စီစဉ်စဉ်းစားခဲ့တာတွေက
-ဒုက္ခသည်တွေကို အမြန်ဆုံးပြန်လည်နေရာ ချထားရေး
-၎င်းးတို့အား မူလနေရာများမှာ ပြန်နေခွင့်ပေးရေး
-အဖျက်အဆီးခံရသောဗလီများ ပြင်ဆင်ပေးရေး
-စခန်းတွင်းရှိနေသော ဒုက္ခသည်များ နေရေးထိုင်ရေးကို
လက်ရှိအနေအထားထက် ပိုမိုအဆင်ပြေအောင်
ဆောင်ရွက် စီမံပေးရေး၊
-ပြစ်မှုကျူးလွန်မှုတွင်မပါဝင်ပဲ မိမိအိမ် မိမိရပ်ကွက်
ကာကွယ်လိုစိတ်ဖြင့် ဒုတ်/ဒါးကိုင်မိသဖြင့် ဓာတ်ပုံထဲ
ပါပြီး အဖမ်းအဆီးခံနေရသော ဗုဒ္ဓဘာသာဝင်/
အစ္စလာမ်ဘာသာဝင်များအား စီစစ်၍ လွှတ်ပေးရေး၊
-အမှန်တကယ် ပြစ်မှုကျူးလွန်ခဲ့သူများကို အမြန်ဆုံး
ဖမ်းဆီးအရေးယူပြီး-ပွင့်လင်းမြင်သာသော သတင်း
ထုတ်ပြန်မှုများပြုလုပ်ပေးရေး၊
-အမုန်းစကားပြောကြားသူများ-အမုန်းတရားဟောကြား
သူများကို ထိထိရောက်ရောက်ဟန့်တားခြင်းဖြင့်
ဖွဲ့စည်းပုံ အခြေခံဥပဒေကို ထိမ်းသိမ်းစောင့်ရှောက်ရေး၊
-ပြန်လည်သင့်မြတ်ရေး-ရင်ကြားစေ့ရေးလုပ်ငန်းများကို
သံဃာတော်များ အစ္စလာမ်ဘာသာဝင်ခေါင်းဆောင်များ
ပူးပေါင်းလုပ်ဆောင်ကြမည်ကို အစိုးရမှ အကူအညီ
ပေးရေး၊
-ကောလဟလများ ပပျောက်သွားပြီး
တည်ငြိမ်အေးချမ်းမှုရရှိရေး လုပ်ငန်းများ ဆောင်ရွက်
ရာတွင် အစိုးရအဖွဲ့နှင့်အတူ အစ္စလာမ်ဘာသာရေး
အဖွဲ့မှ တရားဝင်ပူးပေါင်းဆောင်ရွက်ခွင့် ရရှိရေး၊
တို့ကို တင်ပြရန် စီစဉ်သွားရောက်ခဲ့ခြင်းဖြစ်ပါသည်။