Congratulations my friend Dr. Maung Zarni!

Congratulations my friend Dr. Maung Zarni!
Here is the word of my friend (secretly wrote to me)

အခုအချိန်မှာ သူတို့ဥာဏ်ကောင်းမယ်ဆိုရင် ကမ္ဘာမှာ နာမည်ကောင်း ပြန်ရအောင် လုပ်ဖို့ အကောင်းဆုံးအချိန်ပါ။

ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို အမှားတွေအဖြစ် ပြောဆို၊ လုပ်တဲ့လူတွေကို အမြန်ဖော်ထုတ်ပြီး လူနည်းစု အခွင့်အရေးတွေကို အကာအကွယ် ပေးပြခြင်းနှင့် ကမ္ဘာမှာ သူတော်ကောင်းအဖြစ် နာမည် ပြန်ယူလို့ အကောင်းဆုံး အချိန်ပါ။

ဒါကို မိုက်မဲစွာပဲ နောက်ထပ် သတင်းအမှား တစ်မျိုးကို ဝါဒဖြန့်ချင်ရင်တော့ ဒီကနေ့ တစ်ကမ္ဘာလုံးက စောင့်ကြည့်နေတဲ့ မျက်လုံးတွေအောက်မှာ ပိုပြီး သဘောထား သေးသိမ်သူ၊ အမုန်းတရား ကြီးသူ၊ အစွန်းရောက်သူတွေအဖြစ် ပိုပြီး မြင်လာကြတော့မှာပါ။

ဒီနေ့ ကြည့်လိုက်ရင် ကမ္ဘာမှာ ဒီအဖြစ်အပျက်တွေကို ဗမာထဲက ဘယ်သူ အမှန်အတိုင်းမြင်လည်း၊ ဘယ်သူအမှန်အတိုင်း သုံးသပ်နိုင်လည်း၊ အဲ့ဒီလူဟာ ဂုဏ်သိက္ခါ ပိုကြီးလာပြီး စူးစိုက်လေ့လာနိုင်သူ ပညာရှင်အဖြစ် ပိုနာမည် ရလာပါတယ်။

ဒေါက်တာ ဇာနီကို ကြည့်ပါ။

ဒီအဖြစ်အပျက်တွေ စမဖြစ်ခင်ကတည်းက ဒီလိုသာ ၉၆၉ လုပ်ရှားမှုတွေ ဆက်လွတ်ထားရင် ရခိုင်ကလို အဖြစ်အပျက်တွေ ပြည်မထဲမှာ ဖြစ်လာလိမ့်မယ်လို့ ပြောခဲ့တဲ့ သူ့ရဲ့ အမြင်နဲ့ သုံးသပ်ချက်ကို တကမ္ဘာလုံးက ပညာရှင်တွေ သတင်းဌာနတွေ စောင့်ကြည့် ကိုးကားနေရပါပြီ။

နီယိုနာဇီဗုဒ္ဓ ဆိုတဲ့စကားလုံးကိုလည်း သူစသုံးခဲ့လို့ စင်ကာပူလို ဒီပလိုမေစီကို အရမ်းကြည့်တဲ့ နိုင်ငံက Straits Times လိုသတင်းစာကပါ သုံးခဲ့ပါတယ်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: