ဒုက္ခသည် ကူညီစောင့်ရှောက်ရေး လုပ်ဆောင်နေသူ၏ ဓာတ်ပုံအား အင်တာနက်တင်၍ ခြိမ်းခြောက်နေ

ဒုက္ခသည်များအား ကူညီစောင့်ရှောက်ရေးတွင် အင်တိုက်အားတိုက် လုပ်ဆောင်နေသူ၏ ဓာတ်ပုံအား အင်တာနက်တင်၍ လုံခြုံရေးအန္တရာယ် ခြိမ်းခြောက်နေ

၂၀၁၃ ခုနှစ်၊ မတ်လ (၂၀)ရက်နေ့တွင် မြန်မာနိုင်ငံအလယ်ပိုင်း မိတ္ထီလာမြို့တွင် ဘာသာရေးအကြမ်းဖက်မှုများ စတင်ဖြစ်ခဲ့ပါတယ်။

ဘာသာရေးအကြမ်းဖက်မှုများ ပြုလုပ်နိုင်ရန် အစဆွဲထုတ်ခံခဲ့ရသည့်နေရာဖြစ်သော နယူးဝိန့်စိန် ရွှေဆိုင်အား မတ်လ (၂၀)ရက်နေ့ နေ့လယ် (၁၂း၃၀)နာရီအချိန်တွင် စတင် အကြမ်းဖက်ခံခဲ့ရပါတယ်။


ယင်းအချိန်မှစတင်၍ မြို့နယ်တွင်း လူမှုရေးလုပ်ငန်းများ၌ တက်ကြွစွာ ပါဝင်ဆောင်ရွက်နေသူ ကို– သည် အကြမ်းဖက် ဖျက်ဆီးခံနေရသည့် ရွှေဆိုင်၏ အနီးတ၀ိုက်တွင် အကြမ်းဖက်မှုဖြစ်စဉ်များအား တာဝန်သိ ပြည်သူတစ်ဦးအနေဖြင့် မှတ်တမ်းရယူနေခဲ့စဉ် နေ့ (၂း၁၅)အချိန်၌ အကြမ်းဖက်သမားများ၏ အုပ်စုဖွဲ့ ရိုက်နှက်ခံရပြီး။၃း၃၀နာရီခန့်တွင်မိတ္ထီလာဆေးရုံကြီးသို့ ရဲဝန်ထမ်းအကူအညီဖြင့် တင်ပို့ခဲ့ရပါသည်။

တုတ်များဖြင့် အုပ်စုဖွဲ့ ၀ိုင်းဝန်း ရိုက်နှက် အကြမ်းဖက်ခံရမှုကြောင့် ကို– မှာ မျက်နှာတစ်ခုလုံးနှင့်ခန္ဓာကိုယ်အနှံ့ ဒဏ်ရာများ ရရှိခဲ့ကြောင်း သိရပါတယ်။

အဆိုပါ ကို–မှာ ဆေးရုံတွင် ဆေးကုသမှုခံခံယူနေစဉ် ၎င်းနေထိုင်သည့်ရပ်ကွက်မီးလောင်သည့်သတင်းကြောင့် ကျန်ရစ်ခဲ့သည့် မိသားစုများအား စိတ်ပူကာ ည (၇)နာရီအချိန်ခန့်တွင် ဆေးရုံမှ သက်ဆိုင်ရာဆရာဝန်၏ ခွင့်ပြုချက်ဖြင့် နေအိမ်သို့ ပြန်ရောက်ခဲ့ကြောင်း စုံစမ်းသိရှိရပါတယ်။

၎င်း ကို–သည် ဒဏ်ရာများဖြင့် နေအိမ်သို့ ပြန်ရောက်ခဲ့ပြီးနောက် အကြမ်းဖက်မှုများမှာ ဆက်လက်ကြီးထွားလာခြင်းကြောင့် မိသားစုအားလုံး နေအိမ်မှ စွန့်ခွါ၍ ထွက်ပြေးခဲ့ကြရတယ်လို့ သိရပါတယ်။

အကြမ်းဖက်မှုများ ပိုမိုကြီးထွားလာခဲ့ပြီး မိတ္ထီလာမြို့ကြီးမှာ ပျက်စီးသွားခဲ့ရပြီးနောက်ပိုင်း မွတ်စလင်မ်အများစုပါဝင်သည့် ထောင်ပေါင်းများစွာသောဒေသခံများမှာ ဒုက္ခသည်ဘ၀ဖြင့် ဒုက္ခသည်စခန်းများသို့ ရောက်ရှိခဲ့ရာတွင် ၎င်းကို–မှာ မိမိဒဏ်ရာများကြောင့် အနားမယူနိုင်တော့ဘဲ ဒုက္ခသည်များ ကူညီစောင့်ရှောက်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများ၊ ရွှေဝါရောင်သံဃာတော်များ၊ NLD အဖွဲ့များ၊ မန္တလေးဘာသာပေါင်းစုံ စေတနာရှင် လူငယ်အဖွဲ့၊ စစ်ကိုင်းလူမှုကူညီရေးအသင်း၊ ရွှေဘိုစေတနာရှင်အဖွဲ့၊ ရန်ကုန်စေတနာရှင်အဖွဲ့တို့နှင့် ပူးပေါင်း၍ ဘာသာမခွဲခြားဘဲ အမှတ်(၁၆) အခြေခံပညာမူလတန်းရှိ ဗုဒ္ဓဘာသာ ဒုက္ခသည်စခန်းအပါအ၀င် ဒုက္ခသည်စခန်းများသို့ စွမ်းစွမ်းတမံဖြင့် လိုက်ပါလှူဒါန်းကူညီပေးနေကြောင်း သိရပါတယ်။

ယခုအခါ ၎င်းကို–အား YeYint Thway ဟူသော အမည်ရသည့် အင်တာနက် facebook စာမျက်နှာတစ်ခုတွင် ၎င်း၏ဓာတ်ပုံနှင့်တကွ ဘုန်းကြီးအား သတ်ဖြတ်သူဟူ၍ လုပ်ကြံသတင်းတစ်ခုအား ဖြန့်ဝေခဲ့သော်လည်း အမည်မှာ မှားယွင်းနေကြောင်း သိရပါတယ်။

ရဲရင့်သွေးအမည်ဖြင့် အကောင့်ပိုင်ရှင်မှ အင်တာနက်တွင် ဖြန့်ဝေထားသော လုပ်ကြံသတင်းမှား

ယင်းလုပ်ကြံသတင်းအား ဖြန့်ဝေသူ၏ စာမျက်နှာအား လေ့လာကြည့်ရာ ထိုစာမျက်နှာပိုင်ရှင်မှာ မည်သူမည်ဝါဖြစ်ကြောင်း သဲကွဲစွာ ဖော်ပြမထားသည့်အပြင် ၎င်းတင်ထားသည့် ပို့စ်များအား ပြန်လည်၍ Share ဝေမျှထားသည့် အကြိမ်ရေ ထောင်ကျော်ရှိနေပြီး ၎င်းတင်ထားသည့် ပို့စ်အား Like လုပ်ရန်လည်း ပိတ်ပင်ထားခြင်းကြောင့် လုပ်ခွင့်ရသူ ၃ ဦးသာရှိနေကြောင်း လေ့လောတွေ့ရှိရပါတယ်။ အဆိုပါ ၃ ဦးမှာ `ဗမာ့ သား´ `ခက် ထန်´ နှင့် `Marn Htan Myo´တို့ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။

၎င်းတို့၏ subdomain အမည်များကတော့…
`YeYint Thway´ = Ye.Yint.Thway.31
`ဗမာ့ သား´ = Aung Than Zaw
`ခက် ထန်´ = Min.Nandako
`Marn Htan Myo´ = I want to kill all Muslims အစရှိသဖြင့် လေ့လောတွေ့ရှိရပါတယ်။

ထို့ကြောင့် ပညာရှင်တစ်ဦးက ယခုလို သုံးသပ်ပါတယ်။ သတင်းလုပ်ကြံ ဖြန့်ဝေသူ ရဲရင့်သွေးဟူသော အကောင့်ပိုင်ရှင်မှာ အသက် (၃၀)ကျော်အရွယ် ဖြစ်နိုင်ပြီး၊ ဗမာ့သား အကောင့်ပိုင်ရှင်အမည်ရင်းမှာ အောင်မျိုးဇော်ဖြစ်နိုင်သလို၊ ခက်ထန်သည် မင်းနန္ဒကိုယ်(ခေါ်)ရခိုင်အဆိုတော်အိန်အိန်းအမည်ရသူဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးပါတယ်။ မာန်ထါန်မျိုးအကောင့်ပိုင်ရှင်ကတော့ `မွတ်စလင်မ်တွေအားလုံးကိုသတ်ပြစ်ချင်တယ်´ဟု ရေးသားထားပါတယ်။

အဆိုပါသုံးဦးရဲ့ အင်တာနက်စာမျက်နှာများအား အသေးစိတ်လေ့လာကြည့်ရာ ဗမာ့သား အကောင့်တွင် ယမန်နေ့က ကျရောက်ခဲ့သည့် သမ္မတဦးသိန်းစိန်၏ မွေးနေ့အတွက် သမ္မတရုံးညွှန်ကြားရေးမှူး ဗိုလ်မှူးဇော်ဌေး၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော သမ္မတဦးသိန်းစိန်အား ဂုဏ်ပြုရေးထိုးထားသည့် Graffiti (လမ်းဘေး နံရံဆေးမှုတ်)ပန်းချီဆွဲထားသည့် ဓာတ်ပုံအား ဖော်ပြထားပြီး၊ သမ္မတဦးသိန်းစိန်၏ မွေးနေ့ပွဲအား ဂုဏ်ပြုစာများမျိုးစုံ ရေးသားဖော်ပြထားတာကို တွေ့ရှိရခြင်းကြောင့် သမ္မတနှင့် စစ်အုပ်စုအား အပြည့်အ၀ ထောက်ခံသူဖြစ်ကြောင်း သိရှိရပါတယ်။

မာန်ထါန်မျိုးအကောင့်ပိုင်ရှင်၏ စာမျက်နှာတွင် အစ္စလာမ်ဆန့်ကျင်ရေးစာများအား အသားပေး ဖော်ပြထားပြီး ဒေါ်အောင်ဆန်းစုကြည်အား ဝေဖန်းထားခြင်း၊ သမ္မတ၏ ပြောရေးဆိုခွင့်ပုဂ္ဂိုလ် ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲထွဋ်၏ ဓာတ်ပုံနှင့် ပို့စ်များအား တဆင့်ပြန်လည် ဖော်ပြထားတာကို တွေ့ရှိရပါတယ်။

ခက်ထန်အကောင့်ကတော့ ရခိုင်လူငယ်တချို့၏ ဓာတ်ပုံများနှင့် စာများအား ဖော်ပြထားသည်ကို တွေ့ရှိရခြင်းကြောင့် ရခိုင်လူမျိုးဖြစ်နိုင်ပါသည်။ ၎င်းခက်ထန်သည် မကြာမီရက်ပိုင်းများကတည်းက ဘာသာရေးအကြမ်းဖက်မှုများအတွက် စနစ်ကျစွာ ပုံဖော်ခဲ့သော ရခိုင်အဆိုတော် အိန်အိန်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်ခဲ့ဖူးသူ ဖြစ်ပါတယ်။

သတင်းလုပ်ကြံ ဖြန့်ဝေသူ ရဲရင့်သွေးအကောင့်ပိုင်ရှင်ကတော့ မိတ္ထီလာကိစ္စနှင့်သက်ဆိုင်သည့်စာများအား အသားပေး ဖော်ပြထားပြီး အစ္စလာမ်ဆန့်ကျင်ရေးများကိုလည်း ဖော်ပြထားပါတယ်။ ၎င်း၏ စာမျက်နှာသည် မကြာသေးမီ လပိုင်းအတွင်းက စတင်ဖွင့်လှစ်အသုံးပြုခဲ့သည်ဟု ယူဆရပြီး အစောဆုံး အသုံးပြုသည့်အချိန်ဖြစ်သော ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက် နေ့စွဲဖြင့် `မိတ္ထီလာမြို့၏ ကုရ်ဘာနီအီးဒ်ပွဲတော်ကိစ္စ´ကို ဖော်ပြခဲ့သည်ကို လေ့လာတွေ့ရှိရပြီး၊ မတ်လ (၁၂)ရက်နေ့တွင် တူရ်ကီသင်္ချိုင်းကိစ္စအကြောင်းပြ၍ အစ္စလာမ်ဘာသာဝင်များအား ကန့်သတ်ပိတ်ပင်စေရန် မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးပို့ထားသည့်စာအား တင်ပြပေးထားပါတယ်။

ရဲရင့်သွေးမှ တင်ပြထားသည့် မြို့နယ်အုပ်ချုပ်ရေးမှူးသို့ ပေးပို့စာ

အဆိုပါ YeYint Thway (ရဲရင့်သွေး)အကောင့်ပိုင်ရှင်နှင့် ထိုသုံးဦးတို့၏ ဆက်စပ်မှုမှာ မည်သိုရှိကြောင်း လေ့လာသုံးသပ်ဖို့ လိုအပ်လာပါတယ်။ ၎င်း ရဲရင့်သွေးမှာ မိတ္ထီလာမြို့ခံတစ်ဦးဖြစ်နိုင်သော်လည်း အကြမ်းဖက်ခံရသူ ကို– ၏ အမည်အား မှားယွင်းသုံးစွဲထားသောကြောင့် ဒေသခံ မွတ်စလင်မ်များနှင့် ဆက်စပ်မှုမရှိသော မွတ်စလင်မ်မုန်းတီးရေး ပုဂ္ဂိုလ်တစ်ဦးဖြစ်ကြောင်း သုံးသပ်လို့ ရနိုင်မည်ဖြစ်ပါတယ်။

မွတ်စလင်မ်များ၏ နေထိုင်သွားလာမှုများအား လေ့လာစုံစမ်းနေသူ ဖြစ်ကြောင်းလည်း မိတ္ထီလာရှိ ဒုက္ခသည် မွတ်စလင်မ်များ သွားလာမှုများအား ၎င်း၏ စာမျက်နှာတွင် အသေးစိတ်နီးပါး တင်ပြထားခြင်းကို ကြည့်ခြင်းဖြင့် သုံးသပ်နိုင်မည် ဖြစ်ပါတယ်။ ၎င်းအပြင် အကြမ်းဖက်ရိုက်နှက်ခံရသူ ကို–၏ ဓာတ်ပုံမှာ အကြမ်းဖက်မခံရမီ နာရီပိုင်းအလိုက လူအုပ်ကြားထဲရှိနေစဉ် ရိုက်ယူထားသည့်ပုံ ဖြစ်ခြင်းကြောင့်လည်း သိနိုင်ပါတယ်။

၎င်းစာမျက်နှာနှင့် မိတ်ဖွဲ့ Friend လုပ်ထားသူပေါင်း ဧပြီ(၂၀)၌ (၁၈)ယောက်ရှိနေပြီး စာရင်းထဲ၌ `ဘွရှင်´အမည်ဖြင့် အသုံးပြုနေသည့် တပ်မတော်အရာရှိ ရခိုင်လူမျိုး ဗိုလ်မှူးအဆင့်ရှိသူ မြတ်သိန်းထွန်း၊ ဗုဒ္ဓဘာသာ အစွန်းရောက် 969 အကြမ်းဖက်ဂိုဏ်းခေါင်းဆောင် ၀ီရသူ၊ ပြီးခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မိတ္ထီလာမြို့၏ တစ်သီးပုဂ္ဂလကိုယ်စားလှယ်အဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရာ ရှုံးနိမ့်ခဲ့သည့် ဒေါ်မြင့်မြင့်အေးတို့ ပါဝင်နေကြောင်း တွေ့ရှိရပါတယ်။

အဆိုပါ ဒေါ်မြင့်မြင့်အေး၏ Myint Myint Aye အင်တာနက်စာမျက်နှာတွင် ရဲရင့်သွေးမှ ၂၀၁၂ ခုနှစ် ဒီဇင်ဘာလ (၁)ရက်နေ့က စာအချို့ တင်ခဲ့တာကို တွေ့ရခြင်းဖြင့် ၎င်းတို့နှစ်ဦးမှာ နီးစပ်ခင်မင်သူများဖြစ်ကြောင်း သုံးသပ်နိုင်ပါတယ်။

ဒေါ်မြင့်မြင့်အေး၏ စာမျက်နှာတွင် ရဲရင့်သွေးမှ ၀င်ရောက် ရေးသားထားပုံ

ကြားဖြတ်ရွေးကောက်ပွဲတွင် NLD ပါတီမှ ဦးဝင်းထိန်အား ရှုံးနိမ့်ခဲ့ရသည့် ဒေါ်မြင့်မြင့်အေးသည် ရွေးကောက်ပွဲ ၀င်ရောက်ယှဉ်ပြိုင်စဉ်က DVB သတင်းဌာနတွင် မိမိအား ဖြိုးဝေလမ်း၌ မဲဆွယ်စည်းရုံးနေစဉ် ကုလားများမှ ခဲနှင့်ပစ်ပေါက်သည်ဟု ဖြေကြားခဲ့သူဖြစ်ခြင်းကြောင့် မွတ်စလင်မ်မုန်းတီးသည့်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နိုင်ကြောင်း မှတ်ချက်ပြုလို့ရမည် ဖြစ်ပါတယ်။

မည်သူတို့က မည်သည့်အတွက် မည်သည့်ရည်ရွယ်ချက်ဖြင့် မိတ္ထီလာမြို့ကြီးအား ဖျက်ဆီးခဲ့သည်ကို မည်သူမျှ အဖြေမထုတ်နိုင်သေးမီကာလ၀ယ် တန်ဆာခံအဖြစ် အပြစ်မဲ့သူတွေအား ထောင်ဒဏ်များ အသီးသီး ချမှတ်ခံလိုက်ကြရပြီး၊ ရာပေါင်းများစွာသောသူတွေဟာလည်း မရှုမလှ ကြက်ကလေး ငှက်ကလေးများသတ်ဖြတ်သလို လွယ်ကူစွာ သတ်ဖြတ်လိုက်ကြတဲ့ အဖြစ်အပျက် ဗွီဒီယိုတွေအား တွေ့မြင်ကြရမှာ ဖြစ်ပါတယ်။

ဤအဖြစ်သနှစ်များအား မွတ်စလင်မ်များအနေဖြင့် ခါးသီးစွာဖြင့် ကြိတ်မှိတ်၍ သည်းခံမျိုသိပ်ရင်း ဒုက္ခသည်စခန်းများသို့ ထွက်လာခဲ့သည်ကိုပင် နောက်ကွယ်မှ ကြိုးကိုင်လှုပ်ရှားသူ လက်မည်းကြီးများသည် ကျေနပ်မှုမရှိသေးဘဲ၊ အတောမသတ်နိုင်သေးဘဲ ယခုကဲ့သို့ အပြစ်မရှိသည့် လူမှုဖွံ့ဖြိုးရေးလုပ်နေသူများအား အပြစ်မရှိဘဲ အပြစ်ရှိသယောင် လိမ်လည်လှည့်ဖြား၍ အင်တာနက်တွင် လျှောက်ဖွနေခြင်းသည် သာမန်အချိန်တွင် အထွေအထူးပြောဆိုစရာမရှိသော်လည်း ယခုကဲ့သို့ ဘာသာရေး အစွန်းတရားများကြောင့် လူသတ် သတ်ဖြတ်ရန် သွေးကြွ စိတ်ဆာနေသည့်အချိန်မျိုး၌ အချိန်ကိုက် လုပ်ဆောင်လိုက်ခြင်းမှာ ထို ကာယကံရှင်၏ အသက်အန္တရာယ်အတွက် ခြိမ်းခြောက်နေသလို ဖြစ်နေပါတယ်။

မတ်လ (၂၀)ရက်နေ့တွင် မိတ္ထီလာမှ မွတ်စလင်မ် ရွှေဆိုင်များအား
အကြမ်းဖက် ဖျက်ဆီးခံနေရစဉ် ဒေါ်မြင့်မြင့်အေး ရောက်ရှိနေပုံ
(ဆိုင်ကယ် ဦးထုပ်အ၀ါရောင်ဆောင်းထားသူ)
(ဓာတ်ပုံ – အလင်းမျက်ဝန်း စီဂျေ)

ဓာတ်ပုံပိုင်ရှင် ကို–အား လုပ်ကြံ၍ သတင်းလွှင့်နေသူသည် အမှန်တကယ်တမ်း မည်သူမည်ဝါဆိုသည်ကို အသေအချာ သိမည်မဟုတ်ဟူသည်အား အမည်အား မှားယွင်းရေးသားထားသည်ကို တင်ပြထားပြီး ဖြစ်ပါတယ်။ နောက်ထပ် တင်ပြလိုက်တာကတော့ အဆိုပါ ဓာတ်ပုံမှာ ကို–အား အကြမ်းဖက် ရိုက်နှက်ခြင်းမခံရမီ လူအုပ်ကြားတွင် ရိုက်ယူထားသည့် ပုံဖြစ်နေခြင်းဖြစ်ပါတယ်။ ဤကဲ့သို့ လုပ်ကြံသတင်းလွှင့်၍ လူတစ်ယောက်အား ခြိမ်းခြောက်ရန် ကြိုတင်ကြံစည်ထားသလောဟူသည့်မေးခွန်းအား ထုတ်ရတော့ပါလိမ့်မယ်။

အဆိုပါကဲ့သို့ဖွထားသည့်သူများအနေဖြင့် အမှန်တကယ်တမ်း လူဆိုးတစ်ဦး၊ ဘုန်းကြီးအား သတ်ဖြတ်သူတစ်ဦးဟု အတိအကျ သိရှိထားပါက အင်တာနက်မှ ဖွနေမည့်အစား သက်ဆိုင်ရာ ဌာနတွင် တရားဥပဒေကို လေးစားလိုက်နာသောအားဖြင့် လူကိုယ်တိုင်ထွက်ကာ အမှုဖွင့်ခြင်း၊ သတင်းပေးခြင်း၊ သက်သေနှင့်တကွ တိုင်ကြားခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုချင်ပါတယ်။

နောက်ဆုံး တင်ပြလိုတာကတော့ အဆိုပါ ဓာတ်ပုံပါ ကို–သည် အင်တာနက်တွင် ဖွထားသကဲ့သို့ မည်သည့်နေရာသို့မျှ ထွက်ပြေးတိမ်းရှောင်နေခြင်းမရှိတာကြောင့် ကျွန်ုပ်တို့ အလင်းမျက်ဝန်းမီဒီယာ၏ စီဂျေသတင်းထောက်များကိုယ်တိုင် သိရှိလိုသည့်အချက်များကို မိတ္ထီလာမြို့၏ ဒုက္ခသည်များ ကယ်ဆယ်ရေးနှင့် နေရာပြန်လည် ချထားရေးရုံးချုပ်တွင် ကာယကံရှင်အား တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါတယ်။ ထို့အပြင် လုံခြုံရေးဝန်ထမ်းများနှင့်လည်း တွေ့ဆုံမေးမြန်းခွင့် ရခဲ့ပြီး ဓာတ်ပုံများလည်း ရိုက်ယူနိုင်ခဲ့ပါတယ်။ (ကာယကံရှင်၏ ဓာတ်ပုံများအား လုံခြုံရေးအတွက် ဖော်ပြမထားပါ)

ကာယကံရှင် ကို– အားလည်း ကျွန်ုပ်တို့အနေဖြင့် တိုက်တွန်းလိုတာကတော့ တရားဥပဒေကို လေးစားလိုက်နာသောအားဖြင့် အဆိုပါကဲ့သို့ အင်တာနက်မှ မဟုတ်မမှန် သတင်းလွှင့် ခြိမ်းခြောက်၍ အသက်အန္တရာယ်ပေးနေသည့်သူများအား သက်ဆိုင်ရာ တာဝန်ရှိသူများနှင့်ပူးပေါင်းကာ ရှာဖွေဖော်ထုတ်၍ လိုအပ်သည့် တရားဥပဒေလမ်းကြောင်းများဖြင့် အရေးယူ ဆောင်ရွက်သွားသင့်ပါကြောင်း အကြံပြု တင်ပြ တိုက်တွန်းလိုက်ရပါတယ်။

အလင်းမျက်ဝန်း၏ မိတ္ထီလာမြို့နယ် စီဂျေများနှင့် အယ်ဒီတာအဖွဲ့ ပူးပေါင်းရေးသားသည်။

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: