လူ့အခွင့်အရေးကို ချိုးဖောက်ဖို့များ စဉ်းစားနေရင် တိုင်းပြည်ပါပျက်သွားနိုင်တယ်ဆိုတာ နားလည်စေချင်တယ်

VOA Talk Show မှာ လူမျိုးရေးဘာသာရေး အကြမ်းဖက်မှုဟာ မြန်မာ့ပြုပြင်ပြောင်းလဲရေး ဘယ်လောက်ထိခိုက်လဲဆိုတဲ့အကြောင်း ဆွေးနွေးခဲ့တယ်။

အဲဒီမှာ ရှေ့နေ ဦးကိုနီထောက်ပြတဲ့အချက်က …
 
  1. လူသတ်မှု၊ မီးရှို့မှုလုပ်နေတဲ့သူတွေကို ပြည်သူရဲတွေက အထက်ကအမိန့် တောင်းခံစရာမလိုဘဲ အသေပစ်သတ်ခွင့်ရှိတယ်ဆိုတဲ့ ပုဒ်မ ၁ဝဝကို ထောက်ပြခဲ့ပြီး မိတ္ထီလာမှာ အုပ်ချုပ်ရေးဘက်က ကိုင်တွယ်ပုံကို ပြောဆိုခဲ့တယ်။
  2. နောက်တစ်ချက်က ရွှေဆိုင်ပိုင်ရှင်တွေကို ထောင် ၁၄နှစ်စီ အမိန့်ချခဲ့ပေမယ့် လူသတ် မီးရှို့တဲ့သူတွေကို အခုထိ တရားစွဲ အမိန့်ချတာ လုံးဝမရှိဘူးတဲ့။ ဒါကတော့ အုပ်ချုပ်ရေးမဏ္ဍိုင်ရဲ့ ဒုတိယံမိ ဖောင်းဘောပေါ့။
[နောက်တစ်ခုက ဘော်စတွန်က ဗုံးခွဲသူလို့သံသယရှိတဲ့သူတွေကို ရဲတွေက ပိုက်စိတ်တိုက်ရှာတဲ့အခါမှာ လူ့အခွင့်အရေးထက် အမျိုးသားလုံခြုံရေးက အရေးကြီးတယ်ဆိုပြီး ပြောတာတွေ တွေ့ရတယ်။ ဥပဒေချိုးဖောက်မှတော့ ဥပဒေအတိုင်း အရေးယူရတာပဲ။ ဖမ်းဆီးဖို့ဆိုတာလည်း တရားရုံးတွေက ဝရန်းတွေထုတ်၊ အဆင့်ဆင့် နည်းလမ်းတွေသုံးပြီးမှ ဖိုက်တင်းလုပ်ကြတာ။]
 
လူ့အခွင့်အရေးက အရေးမကြီးဘူး မိဖို့ဆိုတာ လမ်းကြောင်းလွဲအောင် ပြောနေတာပဲ။
မြန်မာပြည်မှာ လူ့အခွင့်အရေးကို နားခါးနေတဲ့ လူတန်းစားတစ်ရပ်ကို ထပ်ပြီး သတိပေးချင်ပါတယ်။
လူ့အခွင့်အရေးကို ချိုးဖောက်ဖို့များ စဉ်းစားနေရင် တိုင်းပြည်ပါပျက်သွားနိုင်တယ်ဆိုတာ နားလည်စေချင်တယ်။
ပြည်သူတွေရုန်းကန်ခဲ့တာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးအတွက်ပါ။
 
ပြောချင်ရာပြော လူသတ်ချင်ရာသတ်လို့ရပြီ၊ အားရပါးရ မုန်းလို့ရပြီလို့ထင်နေရင် လုပ်ကြည့်လိုက်ပါ။
ကမ္ဘာကြီးက မျက်စိမှိတ်မထားဘူး။
အမျိုးသားရေး အမျိုးသားရေးဆိုတဲ့အသံကြားရင် စစ်ထောက်လှမ်းရေးတွေ အပင်းသွင်းခဲ့တဲ့ အဆိပ်တွေကို မြင်ယောင်မိတယ်။ အမျိုးသားရေးသိပ်တက်ကြွနေသူတွေ အမျိုးသားနိုင်ငံရေးဆိုတာကို သိတယ်နော်။ ဘာပြီးရင် ဘာလာမလဲ သိရင် ပြီးတာပဲ။
 
အခုတော့ ရဝမ်ဒါလူသတ်ပွဲနဲ့ ယူဂိုဆလားဗီးယား လူသတ်ပွဲ မှတ်တမ်းတွေ ပြန်ကြည့်နေတယ်။
 
မက်ရှက်တီးလိုခေါ်တဲ့ ဓါးရှည်တွေတဝင့်ဝင့်နဲ့ တိရိစ္ဆာန်စိတ်ဝင်နေတဲ့ လူအုပ်တွေရဲ့ တိုက်ခိုက်မှုတွေအောက်က အပြစ်မဲ့လူတွေ အတုံးအရုံးသေကြေကြတယ်။
 
တိရိစ္ဆာန်စိတ်ဝင်တဲ့သူဆီမှာ လူမျိုးလည်းမရှိဘူး။ ဘာသာလည်း မရှိဘူး။ လူသားချင်းစာနာစိတ်က ပိုဆိုးတာပေါ့။ လူမှ မဟုတ်တော့ဘဲ။
 
FB of Nathan Maung

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: