မြန်မာဘုန်းကြီးများ အကြမ်းဖက်မှု အဆုံးသတ်ကြရန် နိုဘယ်ဆုရှင် တိဗက်ဘုန်းတော်ကြီးမိန့်ကြား

မြန်မာဘုန်းကြီးများ အကြမ်းဖက်မှု အဆုံးသတ်ကြရန် နိုဘယ်ဆုရှင် တရုတ်ဘုန်းတော်ကြီးမိန့်ကြား (အလင်းမျက်ဝန်းမီဒီယာ)

နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင် တိဘက်ဘုန်းတော်ကြီး ဒလိုင်းလာမား
(ဓာတ်ပုံ – himalayasnepal.com)

မြန်မာနိုင်ငံ မြို့နယ်အချို့နှင့် ကျေးရွာအချို့တို့တွင် မွတ်စလင်မ်များအား အကြမ်းဖက်ခြင်းမှတဆင့် မွတ်စလင်များအား ရှင်းလင်းသုတ်သင်ပစ်ရေးဟူသောသတင်းများ ထွက်ပေါ်လာမှုအပေါ် တိဗက်ဘုန်းတော်ကြီး ဒလိုင်လာမားက မြန်မာဘုန်းတော်ကြီးများအား အကြမ်းဖက်မှုများအားလုံး အဆုံးသတ်ကြရန် မိန့်ကြားလိုက်ပါသည်။

မကြာသေးခင်က အိန္ဒိယနိုင်ငံ ဒါရမ်ဆာလာမြို့တွင် ဩစတြေးလျအသံလွှင့်ဌာနနှင့် သီးခြားပြုလုပ်ခဲ့သည့် အင်တာဗျူးတွင် တိဘက်ဘုန်းတော်ကြီးက ပဋိပက္ခများတွင် လူပေါင်း ရာချီသေဆုံးခဲ့ပြီး လူပေါင်း သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ရခဲ့ရခြင်းကို ရည်ညွှန်းပြောကြားလိုက်ခြင်း ဖြစ်ပါသည်။

“တကယ့်ကို ၀မ်းနည်းစရာပါ။ ဘာသာတရားတွေ အားလုံးက ချစ်ခြင်းမေတ္တာကို အခြေခံပြီး ခွင့်လွှတ်ခြင်းကို သွန်သင် လမ်းပြပေးပါတယ်။ ဒီလို ဘာသာရေးနဲ့ ပတ်သက်ပြီး လက်တွေ့ကျင့်ကြံနေသူတွေ၊ ဦးဆောင် လမ်းပြနေသူတွေက မတူတဲ့ အခြားဘာသာဝင်တွေအပေါ် အနိုင်ကျင့်တာတွေ မလုပ်သင့်ဘူး”ဟု အသက် ၇၇ နှစ်အရွယ်ရှိ နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တရုတ်ဘုန်းတော်ကြီး ဒလိုင်လာမားက ပြောဆိုခြင်း ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင် လူနည်းစု မွတ်စလင်တွေအပေါ် တိုက်ခိုက်နေခြင်းများနှင့် ပတ်သက်ပြီး ဗုဒ္ဓဘာသာ မြန်မာဘုန်းကြီးတွေကို တိုက်ရိုက် ပြောဆိုခွင့်ရမယ်ဆိုရင် ဘာတွေ ပြောဆိုလိုပါသလဲဟု သတင်ဌာနမှမေးမြန်းရာ တိဗက်ဗုဒ္ဓဘာသာ ခေါင်းဆောင်အနေနဲ့ ပုဂ္ဂိုလ်ရေးအရ ပြောဆိုလိုကြောင်း ဖြေကြားသည်။

“ကျွန်ုပ်တို့ဟာ ဘာသာရေး ရိုသေကိုင်းရှိုင်းတဲ့ သူတွေပါ”ဟု ရွှေဝါရောင် သင်္ကန်းကိုပြရင်း “ဗုဒ္ဓ အမြဲသွန်သင်တာက ခွင့်လွှတ်ဖို့၊ သည်းခံဖို့၊ ကိုယ်ချင်စာဖို့တွေပါ။ တကယ်လို့ ထိပုတ် ရိုက်နှက်ချင်စိတ်၊ ညှင်းပန်းသတ်ဖြတ်ချင်စိတ်တွေ ဖြစ်လာတယ်ဆိုရင် ဗုဒ္ဓရှင် ဟောပြောလမ်းညွှန်ချက်ကို သတိရပါ။ ဗုဒ္ဓရဲ့ သာဝကတွေဖြစ်တဲ့ ကျန်ုပ်တို့ဟာ ဗုဒ္ဓလမ်းစဉ်ကို လေးစားလိုက်နာရမယ်လေ”ဟု ပြောသည်။

ဒလိုင်လာမား၏ ပြောကြားတောင်းဆိုချက်သည် မည်သည့်အတိုင်းအတာအထိ သက်ရောက်မှု ရှိမည်ကို ရှင်းရှင်းလင်းလင်း မသိနိုင်သေးသော်လည်း မြန်မာနိုင်ငံအတွင်း ဗုဒ္ဓဘာသာဝင်အများစုက မွတ်စလင်မ် လူနည်းစုများအပေါ် အကြမ်းဖက်မှုများ ဆက်လက်ဖြစ်ပေါ်နေဆဲပင် ရှိနေသည်။

လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့၏ အစီရင်ခံစာအရ ရခိုင်ပြည်တွင် ကြိုတင်စီစဉ်ထားသည့် ရွာလုံးကျွတ် ဖျက်ဆီးပစ်ခြင်း၊ အစုလိုက်အပြုံလိုက် မြေမြှုပ်ပစ်လိုက်ခြင်းများ ရှိနေကြောင်း၊ အခြားရွာတခုတွင်လည်း ကလေး ၂၈ ဦး အပါအ၀င် လူ ၇၀ ကို အပိုင်းပိုင်း ခုတ်ထစ် သတ်ဖြတ်ခြင်းများ ရှိနေကြောင်း ဖော်ပြထားသည်။

ယခုနှစ် မြန်မာနိုင်ငံ အလယ်ပိုင်း မိတ္ထီလာမြို့မှစ၍ ဖြစ်ပွားခဲ့သော အကြမ်းဖက်မှုများသည်လည်း အခြားမြို့နယ်များ၊ ကျေးရွာများသို့ ကျယ်ပြန့်သွားကာ လူပေါင်းရာချီသေဆုံးပြီး သောင်းချီ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည်။

ကိုးကား » ဧရာဝတီ

အလင်းမျက်ဝန်းမီဒီယာသို့ ဆက်သွယ်ရန် အီးမေလ် teol.media@gmail.com

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: