မြန်မာပြည်မှာ ပေါ်တင်ကြီး ဗလီတွေ မီးရှို့ ကု၇အာန်တွေမီးရှို့ လုပ်နေတာ ဘယ်သူမှ အသံ မထွက်ကြပါလား

My Friend wrote>>>
ကျနော် အမေ အသက် XX နှစ် က အင်တာနက်တွေကို သုံးတတ်ပြီ သတင်းတွေ ကြည့်တတ် နားထောင်တတ်နေတော့ ဒီနေ့ တစ်ခု ပြောလာတယ် လူကြီး အတွေး ရိုးရိုးလေးပါ ။ အမေရိကန်မှာ ခ၇စ်ယာန် တ၇ားဟော ဆ၇ာ တစ်ယောက် ကု၇အာန် မီးရှို့မယ် လုပ်တော့ မွတ်စလင် ကမ္ဘာ မှာ ဟိုလေးတကျော် ထပြီ ကန့်ကွက်ကြ အော်ကြပေါ့တဲ့ ။ မြန်မာပြည်မှာ ပေါ်တင်ကြီး ဗလီတွေ မီးရှို့ ကု၇အာန်တွေမီးရှို့ လုပ်နေတာ ဘယ်သူမှ အသံ မထွက်ကြပါလားတဲ့ ။


မီဒီယာ မှာ မပါလို့ မသိနိုင်ဘူးလို့တော့ မထင်ဘူး၊ ကမ္ဘာ့ သြဇာအရှိဆုံး reuter မှာပါတယ် အခြားနေ၇ာတွေမှာလည်းပါတယ်။
အဲဒါနဲ့ ကျနော်လည်း စဉ်းစားမိတာက တကယ်ဘဲ မွတ်စလင်ကမ္ဘာက မသိတာလား ၊ သိ၇က်နဲ့ ဘာမှ မလုပ်နိုင်တာလား ၊ ယနေ့ခေတ်မွတ်စလင်ကမ္ဘာရဲ့ အခြေအနေ အဲလောက်တောင် အင်အား မရှိဆိုးရွားနေပြီလား
OIC ကိုတော့ အစကတည်းက ဘာမှ မျှော်လင့်ချက်မထားပါ ( ထူးခြားပြောင်မြောက်အောင် ဘာမှလည်း မလုပ်ပြနိုင်ခဲ့ပါ )
ကမ္ဘာမှာ လူဦးေ၇ အများဆုံးမွတ်စလင် နိုင်ငံရဲ့ သမတကြီးကတော့ သူနိုင်ငံအကျိုးအတွက် ပြောင်စိန်ကို စီးပွားဘက် လုပ်ဖို့ သွားခဲ့ပြီ ၊ သူပြန်သွားမှဘဲ အုတ်ကံ မှာ ထပ်ကုန်တာဘဲ
ကမ္ဘာမွတ်စလင်လောကရဲ့ အဖြစ်က အကြမ်းဖက်သမားတွေ ဘာဖြစ်တယ် ညာဖြစ်တယ် အကြမ်းဖက်မှု အလိုမရှိဘူးလို့သာအော်နေတာ ၊ အဲ့ဒီ အကြမ်းဖက်သမားလို့ သူတို့ နာမည်တပ်ထားတဲ့ သူတွေက မွတ်စလင်ညီအကို စိတ်ဓါတ်ပိုရှိပြီ လုပ်ဆောင်တာ ပို ထင်သာမြင်သာ၇ှိတယ် ( ထိရောက်တယ် မထိေ၇ာက်တယ်တော့ မဝေဖန်လိုပါ )
အကြမ်မဖက် ငြိမ်းချမ်းေ၇း လမ်း ကိုလိုက်မယ့် မွတ်စလင် အစိုး၇နဲ့ အစိုး၇မဟုတ်တဲ့ အဖွဲ့အစည်းတွေရဲ့ လုပ်ဆောင် ချက်ကတော့ ငွေလှူဖို့တောင် တော်တော်လေး အားယူနေ၇ပုံ၇တယ်။
မွတ်စလင်ကမ္ဘာရဲ့ ပညာဥာဏ် အားနည်းမှုနဲ့လည်း သက်ဆိုင်မယ်ထင်တယ် ။ ယနေ့ အထိ မြန်မာနိုင်ငံမှာ မွတ်စလင်ရှိပါတယ်ဆိုတာ ကို တော်တော်လေး ရှင်းပြနေ၇သေးတယ်။

နောက်တစ်ခု အကြံပြုချင်တာကတော့ လက်ရှိ လော်ဘီ ဂရုပ် တွေရှိတာလည်း ရှိတာပေါ့ ကမ္ဘာအနှံ မွတ်စလင်နိုင်ငံကော အခြားနိုင်ငံတွေမှာပါေ၇ာက်နေတဲ့ မြန်မာမွတ်စလင် တတ်သိအုပ်စုတွေ အနေနဲ့ ပြည်တွင်းကို တကယ် ကူညီ ခြင်တယ်ဆို၇င်တော့ အလှူငွေ ပေးပို့ နေရုံနဲ့ မပြီးဘဲ ကျစ်လစ်တဲ့ ထိေ၇ာက်တဲ့ လော်ဘီ ဂရုပ်တွေ ထောင်ပြီလှုပ်ရှား သင့်ပါကြောင်း ပြောပါ၇စေ။ တစ်ဦးချင်းစီ လော်ဘီ လုပ်တာ ထင်သလောက် မထိေ၇ာက်ပါ။ ဖြစ်နိုင်မယ်ဆို၇င် ရိုဟင်ဂျာ ညီအကို များဆီက လော်ဘီလုပ်နည်း သင်ယူပါ လေ့လာပါ ။ (အခုချိန်ထိမှ ရိုဟင်ဂျာ နဲ့ ငါတို့နဲ့ ပေါင်းလို့မ၇ဘူး ဆို၇င်တော့ ကျနော်လည်း မပြောတတ်တော့ပါ) ဘာဘဲ ပြောပြော ဘ၀ကတော့ တော်တော်လေး တူနေပါပြီ ၊ တူတာတွေကို အမြန်ဆုံးပေါင်းလုပ်၇ပါတော့မယ်။

မြန်မာမွတ်စလင် လော်ဘီ ဂရုပ်များ အင်တာနေရှင်နယ် အနှံ အမြန်ဆုံး စပါ ။ ပြည်တွင်းက အဖွဲ့ကြီးများ အဖွဲ့သေးများ ၊ အသိမှတ်ပြုများ ၊ အသိအမှတ်မပြုများကို သူတို့ လမ်းကြောင်းနဲ့ သူတို့ လွတ်ထားပါ ။ အပြင်မှ ညီနောင်များ လုပ်သင့်တာကို အမြန်ဆုံး စုလုပ်ကြပါ၊ အချိန် မနှောင်းသေးပါ ဘာကြောင့်လဲဆိုတော့ မုန်တိုင်းက စနေပါပြီ ဆုံးမှာ မဟုတ်ပါ ( ၂၀၁၅ တောင်ကျော်သွားနိုင်ပါတယ် )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: