ကိုယ်နေထိုင်နေတဲ့ လူမှုအဖွဲ့ အစည်းအပေါ်ယုတ်ကန်းခြင်းဆိုတာ ….

ကိုယ်နေထိုင်နေတဲ့ လူမှုအဖွဲ့ အစည်းအပေါ်ယုတ်ကန်းခြင်းဆိုတာ ….

မကြာသောအနာဂတ် ကာလ တခုမှာ ဗုဓ္ဒဘာသာ တို့ ဘာသာရေးအရ အလေးအမြတ်ထားရာ လူစည်ကားတဲ့ ရွှေတိဂုံ ကဲ့သို့  ဘုရားရင်ပြင်မှာ ဗုံးခွဲ ခံရခြင်း သို့ မဟုတ် အသေခံဗုံးသမားတို့  လာရောက်ဗုံးခွဲခြင်း ဆိုတဲ့  သတင်းမျိုးကြားလာရရင် ကျနော်တော့ အံသြ မိမှာ မဟုတ် ဘူးဗျာ လို့  မိတ်ဆွေတယောက် ပြောတဲ့ စကား ကို ရင်ထဲမှာ လည်းထပ်တူပြုရင် ဒီရက်ပိုင်းတွင်း ခေါင်းထဲက မထုတ်နိုင်ပဲဖြစ်ခဲ့ရတယ် …. တကယ်ဖြစ်လာခဲ့ လို့ ရင်လည်း ကျနော်ကိုယ်တိုင်လည်း အံသြမိမှာ မဟုတ်လို့ တော့ပဲ။ (စကားချပ်။ ။ ဒီမှာ ကျနော် ကထပ်ဖြည့်ပြောလိုက်တာက တကယ်လာခွဲရင်လည်း သူတို့ မုန်းနေတဲ့ အသားမည်း အိန္ဒိယ နွယ် အသွင်အပြင် နဲ့ သူတွေ ဆိုတာထက် သူတို့  အင်မတန် မှ inferior complex အရ မော်ကြည့်တတ်ကြတဲ့ ပုဆိုး/ထမိန် တို့ ဝတ်တဲ့ ဥရောပ တိုက်သား သွင်ပြင် နဲ့ သူတွေ ဖြစ် ဖို့ က ရာခိုင်နှုန်း ပိုများနိုင်တယ်လို့ )

တကယ်တော့ အခုလို ဘေးထွက် ဆိုကျိုးတွေ ဖြစ်လာစေမယ့် ပင်ရင်း ပြဿနာတွေ ကို လူမှုအဖွဲ့ အစည်းထဲ နက်နက်ရှိုင်းရှိုင်း ကူးစက်လာနိုင်စေဖို့  ရေခံမြေခံတွေကို အာဏာကိုင်ထားတဲ့  စစ်အုပ်စု နဲ့  စစ်တပိုင်း အစိုးရကရော၊ မတိုက်မခံ ဖြစ်သွားတဲ့ ဒီမိုကရေစီအင်အား စုတွေ ကရော ဟန့် တား ကာကွယ်ခြင်းမပြုပဲ ပျော်ပျော်ကြီး အကူးစက်ခံနေ ကြတာ ဟာ အတော် ကိုစိတ်မကောင်းစရာကောင်းလှပါတယ်။

ဒီနေရာမှာ တခုသတိ ချပ်စေချင်တယ် ….. သိရိလင်္ကာ က တမီးလ်ကျား တွေ အသေခံ ဗုံးခွဲ တဲ့ တိုက်စစ်ဆင်နည်း ကို (ကမ္ဘာမှာ သူတို့ စတာလို့ ပြောလို့ ရတယ်) ပင်မနည်းလမ်းတခုအနေနဲ့ စတင်အသုံးပြုခဲ့ တယ်၊ ဒါပေမယ့် သူတို့ ကို ဒီနည်း ရွှေးဖြစ်စေခဲ့တဲ့ နောက်ခံတွန်းအား motive က ဘာသာရေးနဲ့ ဘာမှမဆိုင်ဘူး။ ဗီယက်နမ် စစ်ပွဲ ကာလ မှာ ဗီယက်နမ် ဆယ်ကျော်သက် အမျိုးကောင်းသမီးတွေ လိင်ရောဂါ ကူးဆက်စေနိုင်တဲ့ ဗိုင်းရပ်စ် ပိုး ကိုယ်မှာ ထိုးသွင်းပီး အမေရိကန် စစ်သားတွေကြားထဲ မှာ Vietnam Rose လို့ ခေါ်တဲ့ ယောကျာ်း လိင်တန်ဆာ ပုတ်သွားစေတဲ့ ရောဂါ ကို ခန္ဓာ နဲ့ ရင်းပြီးလိုက်ဖြန့် ကြတာဟာလည်း ဘာသာရေး အခြေခံ စေ့ဆော် မှု motive တွေ ကြောင့်မဟုတ်ဘူး။ ထို့ အတူ …. ပါလက်စတိုင်းတွေ ရဲ့ အသိမ်းပိုက်ခံနယ်မြေတွေမှာ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု နည်းလမ်း ကို နောက်ဆုံးနည်းလမ်းအဖြစ် စတင်သုံးစွဲ လာတာ ဟာ မျှခြေ မညီတဲ့ နောက်ဆုံးပေါ်သာလွန် နည်းပညာ တွေသုံးပြီး စိတ်တိုင်းကျ ဖိနှိပ်နေတဲ့ အစ္စရေး ဇီယွန် ၀ါဒီတွေ ကို ကြံရာမရတဲ့အဆုံးရင်ဆိုင်ဖို့  နည်းလမ်းအနေနဲ့ သုံးလာကြတာ …. အဲဒီမှာ ဘာသာရေးဆိုတာ တမလွန်ဘ၀ အာမခံချက်ရှိရေး ဆို တဲ့  minor factor တခုအနေနဲ့ ပါ ပေမယ် အဓိက စေ့ဆော်မှု motive ကတော့ အသိမ်းပိုက်ခံနယ်မြေတွေမှာ လူရယ်လို့  ဂုဏ်သိက္ခာ ရှိစွာ ဖြစ်တည်နေ နိုင်ခွင့် တွေ ရုပ်သိမ်းခံ ရလိုက်လို့ ပဲ။

စိတ္တဗေဒ သဘောအရလည်း သူများတွေ ရဲ့ အမုန်း ကို ခံ ရတာ ကျဉ်ဖယ်ခြင်းကို ခံရတာ များလာတဲ့ သူ ဟာ တချိန်မှာ ကိုယ်တိုင် နက်နက်ရှိုင်းရှိုင်း မုန်းတတ်သူ တယောက် ဖြစ်လာတတ်တယ် ဆိုတာပဲ။ ထို့ အတူ ပဲ လူတွေ ဟာ လူပီသစွာ ဂုဏ်သိက္ခာ နဲ့ အညီ ဖြစ်တည် ရှင်သန် ရပ်တည်ခွင့် တွေ ထိမ်းချုပ် ရုပ်သိမ်းခံခဲ့ ရပီ ဆိုရင် ကိုယ်တိုင်၊ ကိုယ့်သွေးသား မိသားစု၊ ကိုယ်ပတ်ဝန်းကျင် ဆက်လက်ရပ် တည်နိုင်ရေးအတွက် ရန်ုးကြွ တိုက်ပွဲဝင်တက်တယ်။
တကယ်တမ်း ဒီဟာတွေကို … ဖြေရှုင်းနိုင်ဖို့ အတွက်ဆိုရင် အဓိက ပြဿနာရဲ့  ဇစ်မြစ် ကို ဖော်ထုတ် ၀န်ခံဖို့ လိုပါတယ်။ ပြဿနာရဲ့ ဇစ်မြစ်က တော့ ဘာသာ၊ လူမျိုး၊ အသွင်သဏ္ဍာန် ကွဲပြားမှု တွေကို လက်မခံတတ်မှု့ ပဲ။ ကိုယ့်ရဲ့ လူမှု အဖွဲ့ အစည်း မှာ အခုလို ကင်ဆာ အမြစ်တွယ်စ ပြုနေတာကို ထမင်းရည်ပူလျှာလွှဲ လုပ်နေလို့ မရနိုင်ပါ။ ကင်ဆာ ဖြစ်နေတာ ကို စောစောတင်ကြိုသိလို့ operation လုပ်သင့်တာ လုပ် ကီမို ကုထုံး ခံယူ လုပ်ခဲ့ ရင် ရောဂါ ဟာ အမြစ်ပြတ်နိုင် သေးတယ် ဒီလိုမှမဟုတ်ပဲ ဘာမီတွန် တို့  ဘာစပရို တို့ သောက် ဘာစကေဗီ လိမ်းပီး လျှောက်လုပ်နေရင် ရောဂါကျွမ်း ရုံတင်မက အထက်မှာ ပြောသလို “ ဗုံး” ဘေးထွက်ဆိုးကျိုးတွေပါ နောက်ဆက်တွဲ လာကုန်လိမ်မယ်။

နောက် … လူမှုအဖွဲ့ အစည်းမှာ ဒီလို ရောဂါတွယ်ကပ်နေတာကို moral authority ရှိပီး အရှည်ကိုတင်ကြိုမြင်တဲ့ နယ်ပယ်ပေါင်းစုံ က လူရိုသေ ရှင် ရိုသေ တွေ အမုန်းခံ ပီး ထွက်ပြောသင့်နေပီ၊ မှားတာ ကိုမှား နေမှန်းသိရက်နဲ့  အမုန်းခံရမှာကြောက်ပီး လူနပ်ချမ်းသာ လုပ်နေတာ လည်း ကိုယ်ရှင်သန်မှီတည်နေတဲ့ လူမှု့ အဖွဲ့ အစည်းအပေါ် ယုတ်ကန်းခြင်းတမျိုးပဲ ဖြစ်ပါကြောင်း …

ကိုဘ

MM News Hub

https://www.facebook.com/B.H.Tin/posts/565267433518564

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: