တနေ့ အားလုံး သေရမှာခြင်း အတူတူ .. ဘာလို့များ တစ်နိုင်ငံတည်းသားခြင်း သတ်ဖြတ်တာတွေ အားပေး လုပ်ကိုင်နေကြတာလဲဆိုတာ စဉ်းစား မရဘူး

Ko Htike

တနေ့ အားလုံး သေရမှာခြင်း အတူတူ .. ဘာလို့များ တစ်နိုင်ငံတည်းသားခြင်း သတ်ဖြတ်တာတွေ အားပေး လုပ်ကိုင်နေကြတာလဲဆိုတာ စဉ်းစား မရဘူး။ နိုင်ငံမတူရင်တောင် …. ငြိမ်းငြိမ်းချမ်းချမ်းနေဖို့ ကြိုးစားနေတဲ့ ခေတ်ကြီးမှာ ဘာသာရေး နာမည်ခံပြီး မုန်းနေကြတာ အင်မတန် စိတ်ညစ်စရာပါပဲ။ မေတ္တာ တရား ကြီးမားတဲ့ ဗုဒ္ဓဘာသာ ပီပီသသ နေထိုက်ကြပါလို့ ပြောတာကို နာတယ် ထင်နေကြတယ်။

အခုတော့ .. အေးချမ်းပြီး ချစ်စရာ ကောင်းတယ်ဆိုတဲ့ မြန်မာနိုင်ငံဟာ သွေးချောင်းစီးမယ့် ဇာတ်လမ်းတွေထဲ တိုးဝင်နေပြီ။ အေးအေးချမ်းချမ်း အတူတူ ကောင်းကောင်းမွန်မွန် နေကြပါလို့ တိုက်တွန်းခဲ့တာကို နားမလည်ဘဲ …. ရိုင်းစိုင်း တုန့်ပြန်ခဲ့ကြတာ။

အရှေ့အလယ်ပိုင်းနဲ့ အမေရိကန်တို့ရဲ့ ပြဿနာကို အလကားနေရင်း မြန်မာနိုင်ငံထဲမှာ ဇာတ်စုံခင်းပြီးကဖို့ … ဈေးဝယ်ထွက်နေကြသလိုပဲ။ ကြားက အပြစ်မဲ့ ပြည်သူတွေရဲ့ အသက်တွေနဲ့ ဘဝတွေ၊ မလုံခြုံတော့ဘူး။ အဲဒီထဲမှာ ခင်ဗျားတို့ အားလုံးရဲ့ မိသားစုတွေ ပါနေတယ် ဆိုတာ မေ့နေကြလား မသိဘူး။

မြန်မာပြည်မှာ တခါမှ မကြားဖူးတဲ့ အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်လာမယ်ဆိုရင် … ၁၈ ရာစုက လက်နက်ဖြစ်တဲ့ တုတ်ဓါးလောက်သာ ရှိပြီး … လူအုပ်နဲ့သာ အနိုင်ကျင့်ရဲတဲ့ သတ္တိရှိသူတွေ … တကယ့် အကြမ်းဖက်မှုတွေကို ဘယ်လို တုန့်ပြန်မလဲ။ တကယ် ပြဿနာ ဖြစ်လာရင် … ၁၉ ရာစုက သေနတ်တွေနဲ့ လက်နက် တပ်ဆင်ထားတဲ့ ပြည်သူ့ရဲ ဆိုတာကို ဘယ်လို အားကိုးမလဲ။

အဲဒီ အကြမ်းဖက်ခံရနိုင်မှုထဲမှာ အကုန်လုံးရဲ့ မိသားစု ဘဝတွေနဲ့ ကိုယ်တိုင်ရဲ့ အနာဂတ် ဘဝတွေ ရင်းထားရတယ်ဆိုတာ သတိထပ်ပေးလိုက်ပါတယ်။ ခင်ဗျားတို့ အမုန်းတွေက တိုင်းပြည်နဲ့ လူမျိုးကို ချစ်တာ မဟုတ်ဘဲ … နှစ်ရာ ရောက်နေတယ်ဆိုတာ … ခင်ဗျားတို့ မသိပေမယ့် သိတဲ့ လူတွေက ပြောတာကို နားထောင်လိုစိတ် မရှိကြဘူး။ မုန်းဖို့လောက်ပဲ တွေးနေကြတယ်။

မြန်မာပြည်ထဲ … လူမျိုး ဘာသာ မတူသူ နိုင်ငံသား အချင်းချင်း ချစ်ချစ်ခင်ခင် ယှဉ်တွဲနေထိုင်ပြီး … တစ်နိုင်ငံသားလုံးရဲ့ အေးချမ်းတဲ့အနာဂတ်တွေကို တည်ဆောက်ဖို့ …. ဒီနေ့က စပြီး ပြင်ဆင်ကြမယ်ဆို နောက်မကျသေးပါဘူး။

အဲဒီလို မဟုတ်ဘဲ ဒီလမ်းအတိုင်း ဆက်လျှောက်မယ်ဆိုရင်တော့ … မြန်မာနိုင်ငံသားတိုင်းရဲ့ အနာဂတ်ဟာ မလုံခြုံမှု ကြောက်ရွံ့နေရမှုကို တောက်လျှောက်ရင်ဆိုင်ရတော့မယ့် အနေအထားဖြစ်လာနေပြီ။

ဘယ်လမ်းကို ရွေးကြမလဲ … မျိုးချစ် … သာသနာချစ် အပေါင်းတို့။

(ကိုထိုက်)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: