ယုံချင်ပါတယ် သမ္မတရယ် ဒါပေမဲ့

I don’t believe his words and deeds anymore. He is an International Class Lair. Actually he is more dangerous than Ne Win and Than Shwe. But on Myanmar standard he is on par with Khin Nyunt. Khin Nyunt and Thein Sein are Ogres (Be Lews/Monsters) wearing the mask of a smiling charming prince.

ယုံချင်ပါတယ် သမ္မတရယ် ဒါပေမဲ့  အလင်းမျက်ဝန်းမီဒီယာ  ၂၀၁၃ ခုနှစ်၊ မေလ (၁၂) ရက် | TEOL
၆-၅-၂၀၁၃ ည ၇း၄၅ မှာ နိုင်ငံတော်သမ္မတရဲ့ ရခိုင်အရေး ပြောကြားချက်ကို MRTV မှ လွှင့်ထုတ်လို့ ကြည့်ရှုနားဆင်အပြီးမှာ ငါတို့ အစ္စလာမ်ဘာသာတွေ  တခါထပ်ပြီးချွေးသိပ်ခံရပြန်ပြီလို့ ခံစားနားလည်လိုက်မိပါတယ်။

၂၀၁၂ နှစ်ကုန်ပိုင်းက ရခိုင်လူမျိုးရေး ပဋိပက္ခစဖြစ်တယ်၊ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်တခုလုံး ပြန့်နှံ့သွားပြီး လူမျိုးရေးကို ကျော်ပြီး ဘာသာရေးနှိပ်ကွပ်မူဘက်ကို အဓိကထားပြီးလုပ်တယ်။

ဝီရသူနဲ့ (၉၆၉)တို့ ရှေ့တန်းက ဦးဆောင်ပါဝင်ခဲ့ပြီး အိမ်တွေမီးရှို့ လူတွေသတ်ပြီး မြန်မာပြည်မှာ အစ္စလာမ်ဘာသာ မျိုးတုန်းရေး သတ်ဖြတ်မူအဖြစ် ကြွေးကျော်လုပ်ကိုင်လာတယ်။

အစိုးရကလဲသိလျှက်နဲ့ တားဆီးမပေးဘူး။ လုံခြုံရေးရဲတွေကလဲ လက်ပိုက်ကြည့်နေတယ်။
နောက်ဆုံးမနေသာလို့ နိုင်ငံတကာက ဝိုင်းပြောလာတဲ့အချိန် မွတ်စလင်မ်တွေရဲ့ အိမ်တွေ၊ ဈေးဆိုင်တွေ၊ ဗလီတွေ မီးရှို့ဖျက်စီးလို့ကုန်ပြီး လူအတော်များများလဲ သတ်လို့ပြီးမှ ရပ်ကြပါတော့ ဆိုတာလောက်ပဲပြောပြီး၊ စစ်တပ်ကိုဝင်ခိုင်းတယ်။

ဒါပေမဲ့ နှိပ်ကွပ်မူက ဆက်ပြီးရှိနေဆဲပဲ။ မွတ်စလင်မ် ဒုက္ခသည်တွေကို မြို့ပြင်ထုတ် အရိပ်မရှိ ရေရှားတဲ့လယ်ကွင်းထဲပို့တယ်။ သူတို့ပိုင်တဲ့ ဆိုင်တွေ အိမ်တွေကိုသိမ်းတယ်။

ဒါ့အပြင်နိုင်ငံတကာရဲ့ အကူအညီတွေကိုလည်း မွတ်စလင်မ်တွေဆီမရောက်အောင် နည်းမျိုးစုံသုံးပြီး တားဆီးထားရုံမက OIC ကိုလည်း ဝင်ခွင့်လုံးဝမပေးခဲ့ပါ။

တဖက်မှာလည်း  ဖြစ်ခဲ့တဲ့ပဋိပက္ခကို စတင်ဖန်တီးခဲ့တဲ့သူတွေ / အဖွဲ့အစည်းတွေကို ဖမ်းဆီးအရေးယူတာမျိုး လုံးဝ မလုပ်ပဲ  လုပ်ချင်တာလုပ် လွှတ်ပေးထားခဲ့ပြီး ပြည်သူတွေကိုတော့ စုံစမ်းရေးကော်မရှင်ဆိုတာနဲ့ ချွေးသိပ်ဖြေဖျောက်စေခဲ့တယ်။

ဒုက္ခသည်တွေ ကူညီထောက်ပံ့ရေးမှာလဲဘဲ မျှမျှတတရှိရဲ့လားပြန်ကြည့်ပါဦး။ ရခိုင်တွေဘက်ကိုတော့ အိမ်တွေဆောက်ပေး၊ ရေနဲ့အစားအသောက်
တွေ ပြည့်စုံအောင်စီစဉ်ပေး၊ ကျန်းမာရေးနဲ့လုံခြုံရေးတွေကအစ လိုလေသေးမရှိ လုပ်ပေထားသလောက်  မွတ်စလင်မ်ဒုက္ခသည်တွေကိုတော့ တဲတောင်ထိုးမပေးခဲ့တာ  ကမ္ဘာကတောင်အသိပါ။

မိုးရွာရင်အစို၊ နေပူရင်အခြောက်၊ အိတ်ဖို့အခင်းလဲမရှိ ရိက္ခာဆိုရင်လဲ အစားအသောက်မပြောနဲ့ အသက်ဆက်ရှင်ဘို့အရေးကြီးတဲ့ ရေတောင်လုံလောက်အောင်မရကြပါဘူး။

OICနဲ့ နိုင်ငံတကာကကူညီမယ် ဆိုပြန်တော့လည်း ပြည်တွင်းရေးမို့ ပြည်တွင်းမှာပဲ နိုင်အောင်ဖြေရှင်းပါမယ်ဆိုတဲ့ စကားနဲ့ပဲ မွတ်စ္စလင်မ်ဒုက္ခသည်တွေကို ပစ်ထားခဲ့တာ ယခုအချိန်ထိ နှစ်ဝက်ကျော်ခဲ့ပါပြီ။

(၉၆၉)အဖွဲ့ကိုလဲ ဖမ်းဆီးအရေးယူမူ လုံးဝမရှိတော့ နိုင်ငံအစိုးရကဘက်လိုက်ပေးနေတာကို သိရှိနေတဲ့အတွက် နှစ်ဝက်ကျော်အချိန်အတွင်းမှာ အစ္စလာမ်ဘာသာဝင်တွေအား စော်ကားပုတ်ခတ်ထားသည့် တရားတွေဟော၊ စာရွက်စာတန်းတွေ စတေကာတွေလိုက်ဝေ၊ လိုက်ကပ်၊ အလုပ်တွေကို လွတ်လွတ်လပ်လပ် အားသွန်ခွန်စိုက် လုပ်လာလိုက်တာ တနိုင်ငံလုံးအနှံ့ပါဘဲဗျာ။

မကပ်ရသေးတဲအိမ် မကျန်သလောက်ပါဘဲ။ ရိုးသားပြီး ဘာသာတရားကို တန်ဘိုးထားတတ်တဲ့ ဗုဒ္ဓဘာသာဝင်တွေကို ဘာသာရေး ဘန်းပြစည်းရုံး (၇၈၆)ကို မဟုတ်မတရားအဓိပ္ပါယ်တွေဖွင်ဆိုရေးသားပြီးအကြမ်းဖက်မူ မဖြစ်ဖြစ်အောင်လှုံ့စော်နေခဲ့ကြရာက မကြာပါဘူး 20-4-2013 မှာ မိထ္တီလာအကြမ်းဖက်မှုက ပေါ်လာတော့တာပါပဲ။

ဒီအကြမ်းဖက်မူကိုနိုင်ငံပိုင် Media တွေ သတင်းဌာနတွေက ရွှေဆိုင်မှာအရောင်းအဝယ် အစဉ်မပြေမှုကစတာလို့ ဘယ်လောက်ကြေငြာပါစေဦးတော့ ကြိုတင်ဇာတ်တိုက်ပြီးမဖြစ်ဖြစ်အောင် ကြံစည်လိုက်တယ်ဆိုတာ အထင်အရှားကြီးပါ။

ပြသနာမီးကို စမွေးဘို့ ဝီရသူရဲ့ဆရာရင်း ခင်ညွန့်ရဲ့တပည့်ကို အသုံးချတယ်။ ဖြစ်လဲဖြစ်ရောအကြမ်းဖက်သမားတွေ ချက်ခြင်းရောက်လာပြီး မွတ်စလင်မ်တွေကို ရက်ရက်စက်စက်သတ် အိမ်တွေဗလီတွေမီးရှို့ ဖျက်စီးလိုက်ကြတာ ဘယ်သူမှတားဆီးလို့မရတော့ဘူး။

မွတ်စလင်မ်တွေလဲမခံနိုင်တော့လို့ ပြန်လဲခုခံရော ဝီရသူက ယုတ်မာပက်စက်တဲ့ မမှန်သတင်းလွှင့်တင်ပြီး ဗုဒ္ဓဘာသာသာတွေရဲ့အကူအညီယူလိုက်ပါတယ်၊ အဲ့ဒါကတော့ ကြေးနီတောင်မှာ ရဲတွေမီးရှိ့တာခံထားရတဲ့ သံဃာတပါးရဲ့ပုံကို တင်ပြီး၊ မွတ်စလင်မ်တွေ မီးရှိသတ်တဲ့ဘုန်းကြီးပုံပါဟု ရေးလိုက်တော့ အခြေအနေတွေကပိုဆိုးသွားပါတယ်။

အံ့သြစရာကောင်းတာကတော့ တိုင်းမူးတယောက်လုံး ကရပ်ကြည့်နေရုံမက ရဲတွေကပါ အကြမ်းဖက်သမားတွေကို အကူအညီပေးနေတာကိုတွေ့လိုက်ရပါတယ်။ သက်သေအထောက်အထားဓါတ်ပုံတွေအများကြီးပါ။ အတိုချုံ့ပြောရရင်တော့ မိထ္ထီလာတမြို့လုံးမှာရှိတဲ့ မွတ်စလင်မ်တွေရဲ့ အိမ်တွေဆိုင်တွေနဲ့ ဗလီတွေလုံးလုံးကုန်မှဘဲ သမ္မတရဲ့ ရပ်ဆိုင်းကြဖို့အမိန့်က ထွက်လာပါတော့တယ်။

ဒီအမိန့်နဲ့ အတူ တွဲပြီးထွက်ပေါ်လာတဲ့ ဒုတိယမြောက်ချွေးသိတ်စကားကတော့  အခုဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်မူမှာပါဝင်ပါတ်သက်ခဲ့သူတွေကို တိတိကျကျဖေါ်ထုတ်ပြီး ထိရောက်စွာ အရေးယူသွားမှာဖြစ်တယ်လို့ပြောခဲ့တဲ့စကားပါပဲ။

အမှန်တကယ်အရေးယူတော့မယ် အထင်နဲ့ စောင့်ကြည့် နေစဉ်မှာဘဲ  လူ၄၀ဖမ်းထားပြီဆိုတဲ့ သတင်းပေါ်လာလို့ ချီးမွမ်းမယ်ကြံတုန်းရှိသေး ဖမ်းစီးထားတဲ့လူတွေက  မွတ်စလင်မ် ၂၀ကျော်ရယ်  မွတ်စလင်မ်များကိုကူညီခဲ့သူ ၁၀ယောက်ကျော်ရယ် သံသယရှိသူ ၆ယောက်လောက်ရယ်ပါတဲ့။

ကိုင်းကောင်းကြသေးရဲ့လား။ သေချာတာကတော့ ကလေးငယ် ကိုမီးရှို့သတ်  အိမ်တွေဗလီတွေကိုမီးရှိ့ဖျက်စီးလူတွေများစွာကို သတ်ဖြတ်ပြီး အကြမ်းဖက်လုယက်မှုတွေကျုးလွန်နေတဲ့  ဝီရသူနဲ့(969)အဖွဲ့ဝင်တွေကတော့ ဖမ်းဆီးမခံရဘဲ လွတ်လပ်စွာအပြင်မှာဆက်လက်လုပ်ရှားခွင့်ရှိနေဆဲပါ။ ဘယ်လောက်အထိလွတ်လပ်နေလဲဆိုရင်ပဲခူးတိုင်းအတွင်းကရွာတွေ မြို့တွေကိုလည်း တခုပြီးတခုအတားအဆီးမဲ့စွာဖျက်စီးခွင့်ရခဲ့ပါတယ်။

ဒါဟာအစိုးရကိုယ်တိုင်ကပေးခဲ့တဲ့အခွင့်အရေးပါပဲ။နိုင်ငံတခုလုံးတောင်အုပ်ချုပ်နေတဲ့အစိုးရအဖွဲ့ကြီးကသာဖမ်းဆီးချင်ရင်ဒီအဖွဲ့လောက်ကို  မိနစ်ပိုင်း နာရီပိုင်းလောက်နဲ့တစ်ယောက်မကျန်ဖမ်းနိုင်ပါတယ်။မဖမ်းချင်လို့တမင်လွှတ်ထားတာပါ။    ဒီထက်ဆိုးတာကတော့(၉၆၉)တို့ဘက်လိုက်ပြီး ( ၉၆၉)ကိုဆန့်ကျင်သူတွေ  (၉၆၉)ရဲ့လုပ်ဆောင်မူကိုနောက်ယှက်သူ မှန်သမျှထိရောက်စွာအရေးယူပြီးထောင်ထဲပို့ပေးနေပါတယ်။

ရခိုင်ကထွက်ပြေးလာတဲ့ ဒုက္ခသည်တွေကို ထမင်းကျွေးမိလို့ ဖမ်းခံရတာရယ်၊ ကိုယ့်အိမ်ကိုယ့်ဆိုင်မှာ လာကပ်ထားတဲ့ (969) စတေကာကို ခွာလိုက်လို့ ထောင် (၃)နှစ်၊ (၂)နှစ် ချခံရတဲ့ သူတွေဟာ ငြင်းမရတဲ့ အထောက်အထားပါ။

အစိုးရကအဲ့ဒီလို ဘက်လိုက် အခွင့်အရေးတွေ ပေးနေတော့ (969)ဟာ ပိုကန်းတက်လာပြီး ရန်ကုန်တိုင်းထဲက ဥက္ကံ၊ မန္တလေးက (၃၅)လမ်နဲ့ ကချင်ပြည်နယ် ဖါးကန့်ဒေသတွေအထိတောင် အကြမ်းဖက်လုပ်ရက်တွေကို တိုးမြှင့်လုပ်ဆောင်လာတာ တွေ့ရတဲ့အခါ အေးချမ်းစွာ နေလိုတဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ ရဟန်းသံဃာအစစ်အမှန်များဟာ (969)ကို ဟန့်တားဖို့ ပြင်ဆင်လာကြပါတယ်။

ဒီလိုတင်းမာမူတွေဖြစ်တော့မဲ့အချိန်မှာဘဲ အချိန်ကိုက်ညှိနှိုင်းထားသလို သမ္မတကြီးရဲ့ ချွေးသိပ်စကား (ရခိုင်အရေး ပြောကြားချက်) ထပ်မံထွက်ပေါ်လာပြန်ပါပြီ။ သိမြင်ကြားကြရသည့်အတိုင်း (လုပ်ဆောင်သွားမှာပါ ဆိုတဲ့ စကား)နဲ့ပဲ ပြီးနေတာပါ။

လုပ်ဆောင်ရန် တာဝန်ပေးလိုက်သည် /အမိန့်ထုတ်ပြန်လိုက်သည်ဟူ၍ လုံးဝမတွေ့ရသေးသဖြင့် အရင်အခေါက်များနည်းတူ အခ်ျိန်ဆွဲပေးထားရင်း အကြမ်းဖက် (969)အဖွဲ့များ ဆက်လက်သောင်းကျန်း၊ အကြမ်းဖက်ခွင့် ပေးထားမှာကို အထူးစိုးရိမ်မိပါတယ်။

ဒီနေရာမှာ ကျနော့်အနေနဲ့ သမ္မတကြီးကို အထူးပြောလို၊ မေးလို၊ တာလေးတွေရှိပါတယ်။

နိုင်ငံတခုရဲ့ခေါင်းဆောင်(သမ္မတ)ဆိုတာဟာ နိုင်ငံ့ဖခင်တယောက်လို့ ပြောရင်ပြောနိုင်ပါတယ်။ ဖခင် ပီသ လိုရင်တော့ သားသမီးသဖွယ်ဖြစ်တဲ့ ပြည်သူပြည်သားများအပေါ် လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမူ၊ ဓလေ့မတူ၊ ကွဲပြားချင်းတွေကို ကြည့်ပြီး ခွဲခြားအုပ်ချုပ်မူမျိုးကို လုံးဝရှောင်ကြင်ရမှာပါ။

အပြစ်ရှိသူကို ချက်ချင်းအရေးယူမူတွေ ဆောင်ရွက်ရမှာဖြစ်သလို နစ်နာဆုံး ရှုံးသူကိုလည်း ချက်ချင်းပဲလိုအပ်တဲ့ အကူအညီတွေပေးရင်း နှစ်ဦးနှစ်ဖက် ပြသနာများ ထပ်မဖြစ်ရအောင် တားဆီးကာကွယ်ရမှာပါ။

ဖြစ်ခဲ့တဲ့ပြဿနာတွေမှာ သမ္မတကြီးအနေနဲ့ ထိထိ ရောက်ရောက် အရေးယူဆောင်ရွက်ခဲ့တာလုံးဝမတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ မည်သည့်အရေးကိစ္စတွင်မဆို သက်ဆိုင်သော ဥပဒေပြဌာန်းထားပြီး ဖြစ်ပါတယ်။ ၎င်း ဥပဒေများဖြင့် အပြစ်ကျူးလွန်သူများကို အရေးယူနိုင်ပါလျှက် လူများစွာသတ် အိမ်တွေ၊ ဆိုင်တွေ၊ ဗလီတွေ မီရှို့ဖျက်စီး အကြမ်းဖက်ဖျက်စီးလုယက်မှုတွေ ကျုးလွန်နေကြတာကို မျက်ဝါးထင်ထင်တွေ့နေပါလျှက်

ဖမ်းဆီး အရေးမယူဘဲလွှတ်ထားလေတော့  အစိုးရပါဝင်ပတ်သက်တယ်လို့ ဝေဖန်ကြတာဟာ အမှားမဟုတ်ပါ။ တိုင်မဲ့သူ မရှိလို့ အရေးယူမရပါဆိုရင်လဲ ပြဋ္ဌာန်းထားတဲ့ ဥပဒေများကို ဖျက်သိမ်းလိုက်ရုံပဲရှိပါတော့တယ်။

သင်္ကန်းမြင်ရင်ဘယ် ပြေးရမှန်မသိအောင် ကြောက်နေရတဲ့အနေအထားကြောင့် ဘယ်အစ္စလာမ်ကမှ အသက်နဲ့လဲပြီး တိုင်ရဲမှာမဟုတ်လို့ပါ။ ပြည်တွင်းမှာ မင်းမဲ့စရိုက်တွေကြီး စိုးလွန်းနေပါပြီ။အကြမ်းဖက်လုပ်ရပ်များထပ်မဖြစ်အောင် တားဆီးမှုသက်သက်နဲ့တင် ရပ်မထားပဲ ကျူးလွန်ခဲ့သူတွေကိုဖေါ်ထုတ်ပြီး ထိထိရောက်ရောက် အရေးယူပြဖို့ အထူးလိုအပ်နေပါပြီ။

အရင်ကလိုပဲလွှတ်ထားဦးမယ်ဆိုရင်တော့ ထပ်မံဖြစ်လာနိုင်တဲ့ ပြသနာတွေကြောင့်  ပြည်တွင်းသွေးချောင်းစီးတော့မှာကို သတိပြုစေချင်ပါတယ်။

ကျနော်တို့ အစ္စလာမ်ဘာသာဝင်များကတော့ သမ္မတရဲ့စကားကို အလုပ်နဲ့သက်သေပြမှာလား ? အရင်လိုပဲ သံဃာအတုအယောင်(969)တွေရဲ့ဒုက္ခပေးခြင်းကိုခံစားနေရအုံးမှာလား? ဆိုတာ စောင့်မျှော်ကြည့်ရှုနေရဦးမည်ဖြစ်ပါကြောင်း အလင်းမျက်ဝန်းမှတဆင့်အသိပေး လိုက်ရပါသည်။

ပေးပို့သူ » AUNG Chan

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: