မြန်မာနိုင်ငံက မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေရန် အီရန်နိုင်ငံက အဆိုပြုချက် (၃)ရပ် တင်သွင်း

Myanmar Muslim Net
မြန်မာနိုင်ငံက မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်တန့်စေရန် အီရန်နိုင်ငံက အဆိုပြုချက် (၃)ရပ် တင်သွင်း

နယူးယောက်(IRNA)။ မေလ (၁၈)

မြန်မာပြည်မှ မွတ်စလင်များအပေါ် အကြမ်းဖက်မှုများ ရပ်တန့်သွားစေရန်အတွက် အီရန်နိုင်ငံမှ အဆိုပြုချက်သုံးရပ်ကို ကုလသမဂ္ဂကိုယ်စားလှယ်ဖြစ်သူ အီရန်သံအမတ် မုဟမ္မဒ်ခါဇာအီက တောင်းဆိုလိုက်သည်။

မြန်မာမွတ်စလင်များ၏ လက်ရှိအခြေအနေနှင့်ပတ်သက်ပြီး တွေ့ဆုံဆွေးနွေးရာတွင် ခါဇာအီက မြန်မာပြည်က မွတ်စလင်များအပေါ် လူ့အခွင့်ရေးချိုးဖောက်မှုများနှင့် အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်လက်တိုးပွားနေခြင်းအား အထူးစိုးရိမ်မိကြောင်း ထည့်သွင်းပြောကြားသည်။
အဆိုပါ အစည်းအဝေးသို့ အိုအိုင်စီအဖွဲ့ဝင်နိုင်ငံများမှ ကုလသမဂ္ဂကိုယ်စားလှယ် သံတမန်များ ပါဝင်တက်ရောက်ခဲ့ကြသည်။

အဆိုပြချက် (၃)ရပ်အနေနှင့်
– မြန်မာမွတ်စလင်များအား အကြမ်းဖက်တိုက်ခိုက်မှုများ ချက်ခြင်းရပ်တန့်စေရန်အတွက် နိုင်ငံတကာ အဖွဲ့အစည်းများ၏ လုပ်ပိုင်ခွင့်များကို အသုံးပြုရန်၊
– အဆိုပါပြဿနာအား ဆွေးနွေးရန်အတွက် ကုလသမဂ္ဂအထွေထွေညီလာခံ ခေါ်ယူရန်၊
– လူ့အခွင့်ရေးချိုးဖောက်မှုများ ဆက်လက်တိုးပွားနေမှုကို စုံစမ်းစစ်ဆေးရန်အတွက် အချက်အလက်ရှာဖွေရေး မစ်ရှစ်တစ်ခုအား မြန်မာနိုင်ငံသို့ အမြန်ဆုံးစေလွှတ်ပေးနိုင်ရန်
စသည်တို့ကို အီရန်အစိုးရက ကုလသမဂ္ဂအတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းထံ အဆိုပြု တိုက်တွန်းထားသည်ဟု ခါဇာအီက ပြောကြားသည်။

အလားတူ အီရန်သံအမတ်က မြန်မာနိုင်ငံ၌ မွတ်စလင်များအား ဆက်လက်ကျူးလွန်နေဆဲဖြစ်သော ရိုင်းစိုင်းသည့် လုပ်ရပ်များကို ဆန့်ကျင်ရန် အစ္စလာမ်နိုင်ငံများအကြားတွင် ညီညွတ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှု အားနည်းနေကြောင်း ပြစ်တင်ပြောကြားခဲ့သည်။

ထို့ပြင် မြန်မာနိုင်ငံတွင် မွတ်စလင်လူနည်းစုများအား သုတ်သင်ရှင်းလင်းမှုများ ပြုလုပ်နေခြင်းကို မည်သည့်အကြောင်းပြချက်နှင့်မျှ လက်ခံနိုင်ဖွယ်မရှိကြောင်းနှင့် လူမဆန်သည့် ကျူးလွန်မှုများကို အစွမ်းကုန် ချက်ခြင်း တားဆီးကြရန် တိုက်တွန်းပြောကြားခဲ့သည်။

Myanmar: Iran offers 3 proposals to stop Muslims crackdown in Myanmar(Source:IRNA)ကို
(စိုင်ဖုလ္လာဟ် – မြန်မာမွတ်စလင်မီဒီယာ)ဘာသာပြန်ဆိုသည်။

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: