Buddhist Terrorism? Rocket Launchers, guns and numerous ammunitions caught at Buddhist Monastry (လောင်ချာသုံးလက်နှင့် လက်နက်များ သိန်းနီ ဘုန်းကြီး ကျောင်းတွင် ဖမ်းမိ)

Arms smuggler monks

The Voice Weekly
လောင်ချာသုံးလက်နှင့် လက်နက်များ သိန်းနီတွင် ဖမ်းမိ
………………………………………………………
ရန်ကုန်၊ မေ ၂၇ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ သိန်းနီမြို့၊ နားဆော့ရွာ၊ လားရှိုး-သိန်းနီ ကားလမ်းအနီးရှိ ဘုန်းကြီး ကျောင်းတစ်ကျောင်းတွင် မေလ ၂၇ ရက် နံနက် ၃ နာရီက ရပ်ထားသည့် မတ်တူးအဖြူရောင် (ရွှေငါး) ယာဉ်တစ်စီးပေါ်၌ အမေရိကန်နှင့် တရုတ်နိုင်ငံလုပ် သေနတ်နှင့် ဗုံးပစ်လောင်ချာအပါအဝင် လက်နက် ၁၀၀ ကျော် ဖမ်းမိတွေ့ရှိကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။

ရဲတပ်ဖွဲ့ဝင်များက မသင်္ကာ၍ စစ်ဆေးရာ ယာဉ်နောက်ဖုံးတွင် အမ်၂၂ (ခေါက်ဒင်) ၁၁လက်၊ အမေရိကန်လုပ် အမ် ၇၉ ဗုံးပစ်လောင်ချာသုံးလက်၊ အမေရိကန်လုပ် အမ် ၁၆ လေးလက်၊ တရုတ်နိုင်ငံလုပ် အမ် ၂၂ သေနတ် အရှည်သုံးလက်၊ အီတလီနိုင်ငံ လုပ် Beratta အမျိုးအစား ပစ္စတိုတစ်လက်နှင့် အမ် ၂၂ ကျည်အိတ် ၂၄ ခု၊ အမ် ၁၆ ကျည်အိတ်ငါးခု၊ ပစ္စတိုကျည်နှစ်ခု၊ ထိုင်းနိုင်ငံလုပ် ၉ မမ ကျည်ဆန် ၅၀ တောင့်နှင့် ကားရပ်ထားသည့် နေရာနှင့် ကိုက် ၆၀ အကွာတွင် အမ် ၂၂ သေနတ် (အရှည်) ၁၀ လက်၊ ကျည်အတောင့် ၃၀ ကိုပါ တွေ့ရှိခဲ့ကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်း၏ စာရင်းများအရ သိရှိရသည်။ယာဉ်အမှတ် ၃င/ ၄၁၂၀ ၊ မတ်တူးအဖြူရောင် ရွှေငါးယာဉ်သည် ဟိုပိတ်ကျေးရွာ အေးရှားဝေါလ် တိုးဂိတ်အနီး တာဝန်ကျ ရဲအရာရှိတစ်ဦးက မသင်္ကာ၍ စစ်ဆေးရန် ရပ်တန့်ခိုင်းရာ မတ်တူးယာဉ်က မရပ်ဘဲ မောင်းနှင်ထွက်ပြေး ရာမှ သိန်းနီမြို့၌ ယာဉ်ကို ဖမ်းမိခဲ့ကြောင်း ၄င်းက ဆိုသည်။
အဆိုပါလက်နက် များနှင့်အတူ ရှမ်းလွယ်အိတ်၊ အမျိုးသားအဝတ်အစား၊ ဖိနပ်၊ အဝတ်အစားများ၊ ရန်ကုန်မြို့ရှိ ပုဂ္ဂလိက ဘဏ်ခွဲတစ်ခုထံ၂၀၁၂ ခုနှစ် မတ်လအတွင်း ငွေသွင်းချလန်တစ်ရွက်၊ အညိုရောင် လက်ကိုင်အိတ်တစ်လုံး၊ ၀၉-၄၃၉၅၈၀၂၅ ဂဏန်းပါသည့် ဖုန်းဆင်းမ်ကတ် တစ်ခု၊ ဖုန်းနံပါတ် မှတ်ထားသည့် စာရွက်တစ်ရွက် နှင့် ထိုင်းဆင်းမ်ကတ် ထည့်ထားသည် ဖုန်း တစ်လုံးကိုပါ တွေ့ရှိခဲ့ကြောင်း သိန်းနီ မြို့နယ်ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ပြောကြားသည်။အဆိုပါ လက်နက်များ ဖမ်းဆီးရရှိမှုသည် ယခုနှစ်တွင်း သိန်းနီမြို့တွင် အများဆုံး ဖမ်းမိခဲ့ခြင်း ဖြစ်ပြီး ယင်းလက်နက်များသည် ရှမ်းပြည်နယ် တပ်မတော် (SSA) တောင်ပိုင်း လက်နက်ကိုင်အဖွဲ့၏ အသုံးပြုသည့် လက်နက်များဟု ယူဆရကြောင်း သိန်းနီမြို့နယ် ရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိ တစ်ဦးက ပြောကြားသည်။

ယာဉ်ပေါ်ပါသူများ၏ အဝတ်အစား များကို စစ်ဆေးချက်အရ အသက် ၃၅ နှစ်မှ ၃၈ နှစ်အရွယ် လူနှစ်ဦးဖြစ်ပြီး တစ်ဦးမှ ပိန်၍တစ်ဦးမှာ ဝဖြိုးသူဖြစ်ကြောင်း၊ ၄င်းတို့ကို ၁၉၅၁ ခုနှစ် လက်နက်ယာယီ ပြင်ဆင်ချက် ဥပဒေ ၁၉-က ဖြင့် အမှုဖွင့်ထားကြောင်း ယင်းရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

ယင်းယာဉ်နှင့် ပတ်သက်၍ လားရှိုးတွင် စုံစမ်း စစ်ဆေးလျက်ရှိပြီး လက်နက်အမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းဒေသကြီး ရဲတပ်ဖွဲကိုလည်း အကြောင်းကြားကာ ချိတ်ဆက်ထားကြောင်း အဆိုပါ ရဲတပ်ဖွဲ့စခန်းထံမှ သိရသည်။

Ammunitions caught in monastry M2 M3 M4 M5 M6 M7 M8 M9 M10 M11 M12 M13 Monastry 1

Tags: , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: