Resign U Thein Sein, the President’s post is not for the faint-hearted

Resign U Thein Sein, the President’s post is not for the faint-hearted or cowards or incompetent persons.

Come down quick if you dare not arrest the masterminds of Massacres: 969 Terrorists, Swarn Arr Shins etc.

Image

အဲ့ဒီကာတွန်းက လွန်ခဲ့တဲ့ ၁၅ နှစ်ဝန်းကျင်လောက်က
အဲ့ဒီစာသားအတိုင်းပဲ ကိုဇော်မောင် ရေးဆွဲခဲ့ဖူးပါတယ်။
ဇော်မောင်ရဲ့ အလွဲများ ဆိုပြီး အတွဲ ၁ နှင့် ၂ ထုတ်ဖူးပါတယ်။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~
ကျနော်က ထိမိတဲ့တစ်ကွက်ကာတွန်းကို သိပ် နှစ်သက်သူပါ။
ဦးဘဂျမ်း၊ဦးရွှေတစ်လေး တို့ကိုမမီခဲ့ပေမဲ့
ငယ်ငယ်ထဲက အဖေ့စာအုပ်အဟောင်းတွေ ရှာပြီး
အဲ့ဒီကာတွန်းတွေဖတ်ပြီး အားရပါးရရယ်ခဲ့သူပါ။
နည်းနည်း ကြီးလာတော့
မြဝတီမဂ္ဂဇင်း ရဲ့ပင်တိုင်ကာတွန်းဆရာကြီးတွေဖြစ်တဲ့
ဦးမောင်စိန်၊ ဦးဖေသိန်း၊ ဦးရွှေမင်းသား၊ ဦးမြေဇာ
စန္ဒာမဂ္ဂဇင်း ရဲ့ ကိုမောင်မောင် (ကိုမှောင်)၊ ကိုငွေကြည်၊
လေးကွက်ကာတွန်းဆွဲတဲ့ ကိုဝဏ္ဏ(သမိန်ပေါသွတ်) တို့ အသဲစွဲပေါ့ဗျာ။
ဒီဖက်ခေတ် ကျတော့ ဓန မဂ္ဂဇင်းရဲ့ကိုအော်ပီကျယ် APK ၊ ကိုဇော်မောင်၊
တို့နှင့်တကွ ကြိုကြား ကြိုကြား ပေါ်လာတတ်သော လူရှည်တောင်တန်းမိုးယဉ်၊
စသည်ဖြင့်ပေါ့လေ။
နောက်တော့ အစိမ်းရောင်အစိုးရက ကာတွန်းဆရာတွေကို
နေရာမပေးတော့ဘူး။
သူတို့တင်မဟုတ်ပါဘူး နေဝင်း ခေတ်ကတည်းကပါ။
၁၉၇၃ မှာ နေဝင်း က ဆိုရှယ်လစ် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲကျင်းပ၊
အတည်ပြု၊ ပြည်သူ့အာဏာကို ပြည်သူသို့ပြန်လွှဲတယ်ဆိုပြီး၊
ဗိုလ်ချုပ်ကြီးနေဝင်းက ဦးနေဝင်းကို အာဏာလွှဲပေးတယ်။
အဲ့ဒါကို မြန်မာအစိုးရပိုင် သတင်းစာ (ကြေးမုံ) မှာ
ကာတွန်းဆရာ အနောင် လို့ထင်ပါတယ် (အသေအချာ မမှတ်မိပါ၊ အမှန်ပြင်ပေးနိုင်ပါသည်)
ဗိုလ်ချုပ်ဝတ်စုံ နဲ့ နေဝင်းက မောင့်ကျက်သရေခေါင်းပေါင်းနဲ့နေဝင်းကို
အာဏာလို့ စာတန်းထိုးထားတဲ့ စာရွက်ကလေး လွှဲပေးနေတဲ့
တစ်ကွက်ကာတွန်းလေးနဲ့ ဆော်ထဲ့လိုက်သဗျ။
နောင်နေ့ အဲ့ဒီကာတွန်းဆရာထောင်နန်းစံ၊ အယ်ဒီတာတွေပြုတ်ဖြစ်ကုန်ပါလေရော။
ယခုလည်း အဲ့ဒီ အတွေးအခေါ် ကာတွန်း လေးတွေပြန်ရေးဆွဲနေကြတာတွေ့ရပါတယ်။
ယခုခေတ် ပြည်တွင်း ကာတွန်းဆရာတွေ ငြိမ်နေရတဲ့အချိန်
လွတ်လွတ်လပ်လပ် အတွေးအခေါ်ကောင်းကောင်းနဲ့ ထိထိမိမိ ဆော်နိုင်သူက
ဧရာဝတီ ရဲ့ ”ဟန်လေး” ပါ။
တစ်ကွက်ကာတွန်းတွေရဲ့ အစွမ်းဟာ အတော်ကြီးပါတယ်။
ဒါကြောင့် ဒီနေ့ တိုင်းပြည်ကြီး ကမောက်ကမ မွဲပြာချာတူးလန် စုတ်ပြတ်နေချိန်မှာ
ဒီကာတွန်းဆရာတွေ သတ္တိရှိရှိ ထိထိမိမိလက်စွမ်းပြသင့်ပြီလို့ ထင်မြင်မိကြောင်းပါဗျာ။
မှတ်ချက်
တစ်ချီတစ်ချီ ကာတွန်းနဲ့ ထ ဆော်တတ်သော ပန်းချီဆရာ Lagoon Ein ကိုလည်း အားပေးလျက်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: