ဘင်္ဂလားဒေ့ရှ်က လူများလွန်းလို့ စားရမဲ့သောက်ရမဲ့ ဖြစ်ပီး ဗမာပြည်ကို ဘင်္ဂလား သားတွေက ခိုးဝင်နေတာတဲ့

Maung Zarni shared Chanm Nyeim Zaw‘s status. Linnphyo Maung

ဘင်္ဂလားဒေ့ရှ်က လူဦးရေ သန်း၁၅၀လောက်ရှိပီး နှစ်စဉ် သန်း၂၀ လောက် တိုးနေတယ်တဲ့။ လူများလွန်းလို့ စားရမဲ့သောက်ရမဲ့ ဖြစ်ပီး ဗမာပြည်ကို ဘင်္ဂလား သားတွေက ခိုးဝင်နေတာတဲ့။

ဘူးသီးတောင် မောင်တော နယ်စပ်လေး တခါလောက်သွား ကြည့်ပါ။ ဒီဘက်နဲ့ ဟိုဘက် ဘယ်လောက် ကွာနေလဲ သိမယ်။ လျပ်စစ်မီး အမြဲရတယ်။ ကားလမ်းတွေ က နေပြည်တော် အမြန်လမ်းထက် သာတယ်။ အင်တာနက် က မောင်တော မြို့လည်ကနေတောင် ဖျပ်ခနဲ ဖျပ်ကနဲ တက်နေမယ်။မောင်တော မြို့စွန် ကညင်တန်းကတောင် ဘင်္ဂလား အင်တာနက် လှမ်းချိတ်လို့ ရတယ်။ အ၀တ်အစား ( လေဘေးထည် နဲ့ အိတ်စပို့ ကွာလတီ မမှီတာတွေ) ဒီဘက်ကို ပို့နေတယ်။
တောင်ပြိုလက်ဝဲလို နယ်စပ်မြို့ (နာမည်ခံ ) နေရာ အနီးက ဘင်္ဂလားသူကောင်မလေးတွေ မြို့တော် ဒါကာ ထိ တက္ကသိုလ်သွားတက်နေတယ်။

ဒီဘက်ကရော တနေ့၃ နာရီ တရက်ခြားမီး လာတယ်။ လမ်းခရီးက ခဲလုံးတောင် အစာကြေသွားမယ်။ ရေလမ်းခရီး ကြည့်မလား နေပူထဲ တနေကုန် သွားရတဲ့၊ မိုးရွာထဲ တနေကုန် ထိုင်ရတဲ့ ကျောက်ရုပ်ဘ၀။ အန်တာတိမ်းမန့်ဆိုလို့ ခြောက်တီးခြောက်ကပ် လက်ဖက်ရည် ဆိုင် အချို့ နဲ့ ဘီယာ ဆိုင် ၂ ဆိုင်တော့ ရှိမယ်။ မောင်တောက သူတွေ ရန်ကုန်လာပီး တက္ကသိုလ် တက်ဖို့ ငွေသောက်သောက်လဲ ကုန်မယ်။ စက်မှုလုပ်ငန်း မပြောနဲ့ လက်မှုလုပ်ငန်းတောင် ဖြစ်ဖြစ် မြောက်မြောက် မရှိ ။ မဖြစ်ညစ်ကျယ် အန်ဂျီအိုတွေမှာ အလုပ်ရဖို့ တိုးနေရတယ် ။

ကျနော် မောင်တောမယ်လုပ်တုန်းက ကြုံခဲ့တာပါ။ ခုများတော့ ဒီမိုကရေစီ နိုင်ငံကြီး ဖြစ်လို့ မောင်တောနယ်စပ်များ အရမ်းတိုးတက် သွားဘီလား မသိဘူး။ အိမ်တွေတော့ မီးလောင်လို့ ပြောင်နေလောက်ဘီ။

ကျနော် သာ ဘင်္ဂလားဒေ့ရှ်နိင်ငံသားဆို ဗမာပြည် ထဲဘယ်ဝင်လာနေမလဲ ဗျာ။ ခဗျားတို့တော့ ဘယ်လို လုပ်မယ် မသိဖူး။

( ရိုဟင်ဂျာ ခေါ် ဘင်္ဂလီဆိုတာတွေက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား အဖြစ်သတ်မှတ်ထားသူတွေ မဟုတ်ဖူး ဆိုတာ သတင်းတွေမတော့ ဖတ်ဖူး ကြမှာပါ။ )

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: