Tanine, 969 monks, Buddhists and authorities ordered all the Muslims to get out of Tanine, if not they will burn, damage the properties and bodily harm

Tanine, 969 monks, Buddhists and authorities ordered all the Muslims to get out of Tanine, if not they will burn, damage the properties and bodily harm.

Tanine Township Admin Office (Myo Nae Hmu) is a Christian, and oppose those Gadones (I am not insulting the good revered true monks, the 969 fake monks just shave their skin-heads and wore the saffron clothes like THAW NODDKE HTO hunter to kill Saddan Sin Min) and 969…He was asked back by them to know his authority and asked if he dare to announce or sign any order.

At last he give up and join forces with anti-Muslim group.

IT IS GOOD to concentrate all Muslims in Mandalay and Ygn chasing out from small areas as Muslims are scattered/no power. Once all Muslims are in 2 big cities…Muslim leaders had promised to help for autonomy.

Even if not up to that level of hardline political struggle, at least we Muslims will be stronger and even in elections, we could get MPs and pull our political power.

Myanmar Muslim Media‘s photo.
အရေးပေါ်သတင်း။ ။ ၉၆၉ အကြမ်းဖက် အဖွဲ့မှ ကချင်ပြည်နယ်၊ တနိုင်းရွာတွင် ဇွန်လ ၂၀/၂၃ ရက်၌ အစ္စလာမ်ဘာသာဝင်များအား အကြမ်းဖက် တိုင်ခိုက်ရန် ပြင်ဆင်နေ။
▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬▬
၁၅-ဇွန်-၂၀၁၃။ ဒဿဂီရိ (MMM အရပ်သား သတင်းထောက်)

ကချင်ပြည်နယ်၊ ဖားကန့် အလွန်က တနိုင်းဆိုတဲ့ ကျေးရွာမှာ ပြီးခဲ့တဲ့ အပတ်အတွင်းမှ စ၍ ၉၆၉ အကြမ်းဖက်ဂိုက်မှ မုန်းတီးရေး တရာများဟော၍ လှုံ့ဆော်ရေး စာများကို မြို့အတွင်းလိုက်လံ ဝေနေပါတယ်။ ပြီးခဲ့တဲ့ သင်္ကြန် အတွင်းကလည်း ပဋိပက္ခဖြစ်စေရန် အစ္စလာမ် မုန်းတီးရေး လှုံ့ဆော်ရေးစာများကို ဖြန့်ဝေခဲ့ရာ မြို့နယ်အုပ်ချုပ်ရေး ဥက္ကဌ၊ နှင့် တာဝန်ရှိသူ အာဏာပိုင်များမှ မြို့နယ် သံဃာနာယက အဖွဲ့ကို အကြောင်းကြားပြီး လှုံ့ဆော်မှုများဟာ တရားဥပဒေနဲ့ မညီတဲ့အတွက်ကို ရပ်တန့်အောင် ထိမ်းချုပ်ပေးရန် တင်ပြကြရာ၊ မြို့နယ် သံဃာနာယက အဖွဲ့ဥက္ကဌက လက်မခံဘဲ ဒီကိစ္စက သူကိုယ်တိုင်သိ၍ အမျိုးဘာသာ သာသနာအတွက် လုပ်တာ ဟုပြောဆို၍ အခြေ အတင်ဖြစ်ကာ ပြောဆိုခဲ့ကြောင်းသိရသည်။

တနိုင်းကျေးရွာမှာနေထိုင်တဲ့ ဒေသခံအများစုဟာ ခရစ်ယာန်ဘာသာဝင် အများစု ဖြစ်နေတာကြောင့် သင်္ကြန်အတွင်း လှုံ့ဆော်မှုတွေမှာ ၉၆၉ အနေနဲ့ ပဋိပက္ခဖြစ်အောင် ဆောင်ရွက်နိုင်ခဲ့ဘူလို့ ဒေသခံတစ်ဦးမှ ပြောကြားပါတယ်။

ဒါပေမဲ့ ပြီးခဲ့တဲ့လ မေလ ၂၈ ရက်နေ့တွင် ဘုန်းကြီးကျောင်းမှ မြို့နယ် အုပ်ချုပ်ရေး ဥက္ကဌနှင့် ရပ်ရွာ လူကြီးများကိုခေါ်ယူတွေ့ဆုံ လူစုပြီး ကုလားများကို မောင်းထုတ်ပေး၊ နောက်ထက်ကုလားတွေ ဝင်မလာအောင်လုပ်ပေး နောက်ပြီး ဆောက်လုပ်ရေး
ဝင်းထဲက ကုလားဆိုင်ကို မောင်းထုတ်ပေး၊ နောက် ရယက ရုံးထဲမှာ ဆိုင်ကယ်ဆိုင် ဖွင့်ထားတဲ့ ကုလားဆိုင်ကိုလည်း မောင်းထုတ်ပေးဟု အဓမ ဖိအားပေး တောင်းဆိုရာ တာဝန်ရှိသူမှ ဒီလိုလုပ်ရပ်ဟာ တရားဥပဒေနဲ့ မညီကြောင်း နိုင်ငံသားတိုင်း မှတ်ပုံတင် ကိုင်ဆောင်ထားသူတိုင်း နိုင်ငံတွင်းမှာ သွာလာနေထိုင်လို့ ရကြောင်း၊ ဆိုင်ငှားထားတာကလဲ စာချုပ်စာတမ်းနဲ့ငှားထားတာ ဖြစ်ကြောင်း သက်တမ်းကုန်ရင် ထပ်မငှားအောင် လုပ်ပေးမယ်လို့ ဖြောင့်ဖျပြောဆို ခဲ့တယ်လို့သိရပါတယ်။

အဲဒါကို မကြေနပ်လို့ ဆိုပြီးတော့ ပြီးခဲ့တဲ့ စနေနေ့ ဇွန်လ ၈ ရက်နေ့က ၉၆၉ လှုပ်ရှားသူ များ လူ ၈၀ ကျော် ဘုန်းကြီးကျောင်းမှာ စုပြီး မရက၊ ရဲ နှင့် အခြားဌာနဆိုင်ရာများကို ဘုန်းကြီးကျောင်းမှာ ဆွေးနွေးစရာ လေးရှိလိုပါဟု အစည်းဝေးပုံစံခေါ်ယူပြီး အုပ်ချုပ်ရေးနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများ ရောက်ရှိသော အခါ ဘုန်းကြီးမှ “ကဲ မြို့မိမြို့ဖ ဒကာ ဒကာမတို့ ကိုယ်ပြောစရာရှိတာပြောကြတော့ ကိုယ်ဖြစ်ချင်တာ ပြောသာပြော” ဟုဆိုရာ “ရတနာ စည်ဘီယာနဲ့ စားသောက်ဆိုင်ပိုင်ရှင် ဒေါ်နုနုဝေ” မှ စပြီး အချက် ၅ ချက် တောင်းဆိုတယ်။

၁။ တနိုင်းမှာရှိတဲ့ မွတ်စ်လင်မ်တွေ အားလုံး မောင်းထုတ်ပေးရေး။
၂။ တနိုင်းကို နောက်ထပ် မွတ်စ်လင်မ် တစ်ယောက်မှ ဝင်မလာရေး။
၃။ ဘယ် အိမ်မှာမှ အစ္စလာမ်ဘာသာ အရ ၀တ်ပြုဆုတောင်းခြင်း မလုပ်ရန်နှင့် ခွင့် မပြုရန်။
၎။ ဆောက်လုပ်ရေး ဝင်းထဲမှာ ငှားထားတဲ့ မွတ်စ်လင်မ် လက္ဘ်ရည်ဆိုင် ဖွင့်ထားတာ ချက်ချင်း ဖျက်သိမ်းရန်။
၅။ ရပ်ကွက် အုပ်ချုပ်ရေးရုံးဝင်းထဲက ငှားထားတဲ့ မွတ်စ်လင်မ်ပိုင် ဆိုင်ကယ် ပစ္စည်းဆိုင်ကိုလည်း ချက်ချင်း ဖျက်သိမ်းရန်။

စသည့် များကို တောင်းဆို၍ ယခုလည်း “ကုလားတွေ ကြက်ခြံကာနေတာ သချိုင်းမြေထဲကျော်ပြီးတော့ ကာနေတယ် ကုလားတွေ မုတ်ဆိတ်တွေနဲ့ သူတို့ သချိုင်းလုပ်ဖို့ ကျူးကျော်လုပ်နေတယ်” ဟု ပြောဆိုရာ ဘုန်းကြီးတွေ၊ တာဝန်ရှိသူများနှင့် မြို့မိမြို့များ ချက်ချင်းသွားရောက်ခဲ့ရာ ထိုသူများမှာ ၄င်းတို့ ကြက်ခြံ အကာများ အားပြုပြင်နေကြတာဖြစ်ပြီး မွတ်စ်လင်များလည်း မဟုတ်ကြောင်း ချင်းလူမျိုးများဖြစ်ပြီး မုတ်ဆိတ်များနှင့် ဖြစ်သော်လည်း မွတ်စ်ဆလင်မ်တွေမဟုတ်တာကြောင့် ပြန်လာခဲ့ကြတယ်လို့သိရပါတယ်။

ထိုနေ့ ညနေမှာဘဲ မွတ်စလင်မ် ပိုင်ဆိုင်များကို အာဏာပိုင်များက ပိတ်သိမ်းခိုင်းခဲ့ကြောင်း။ အခြားနေရာများတွင်လည်း ပြန်လည်ဖွင့်ခွင့်မပြုကြောင်း သိရပါတယ်။

ဒီ့အပြင် တနိုင်းမှာရှိတဲ့ မွတ်စ်လင်မ်တွေကို အားလုံးထွက်သွားရန် အာဏာပိုင်များက ဖိအားပေးလျှက်ရှိတယ်လို့ ကြားသိရပါတယ်။

အာဏာပိုင်မှ အစ္စလာမ်ဘာသာဝင်တို့နှင့် အပေါင်းအသင်းလုပ်နေသော တွန်းလှည်းသမား တစ်ယောက်ကို ခေါ်ယူ၍ “ခင်ဗျား ကုလားတွေနဲ့ ပေါင်းတာများတယ်၊ ခင်ဗျား ကုလားတစ်ယောက်ယောက်ကို ပြဿနာရှာလိုက်၊ တခုခု ဖြစ်တာနဲ့ ကျနော်တို့ ခင်ဗျားရှာမဲ့ တနေရာကို စောင့်နေမယ် ခင်ဗျားပြဿနာရှာလိုက်တာနဲ့ ကျနော်တို့ နောက်ကနေ ဝိုင်း ဗျင်းလိုက်မယ်၊ ပြီးတာနဲ့ ကုလားဆိုင်တွေ အကုန်လုံး ဖျက်ပစ်မယ်” လို့ ပြောကြားကြောင်း။ ထိုတွန်းလှည်းသမားမှ “ဟာ ကျနော်တော့ မလုပ်ချင်ဘူး ကျနော်ဒုက္ခရောက်တုန်းက သူတို့ အများကြီး ကယ်ထားတာ ကျေးဇူးရှိတယ် တခြားလူဘဲခိုင်းလိုက်ပါ” ဟုပြောလိုက်ကြောင်းသိရသည်။

နောက်ထပ်ကြားသိရတာ ၂၀ ရက်နေ့ သို့မဟုတ် ၂၃ ရက်နေ့မှာ ဗုဒ္ဓဘာသာ အစည်းအရုံးဆိုပြီး လူငယ်တွေနဲ့ အဖွဲ့ ဖွဲ့ပြီး စည်းရုံးပြီးတော့ အစ္စလာမ် ဘာသာဝင် ဆိုင်တွေကို ပြဿနာရှာပြီး ဝိုင်ဖျက်ပစ်ဘို့ စီစဉ်နေကြောင်း၊ အစ္စလာမ် ဘာသာဝင် ဆိုင်တွေ အိမ်တွေကို ဓါတ်ပုံရိုက် ကာ စာရင်းကောက်ထားကြောင်း၊ ဒေသခံ မွတ်စ်လင်မ်မှမှ သတင်းပေးပို့ပါသည်။

ဆက်လက်ပြီး “အခုတောင်မှ တချို့တွေ ပြဿနာတွေ စရှာနေကြကြောင်း တချို့ မွတ်စ်လင်မ်ဆိုင်တွေက ပစ္စည်းတွေယူပြီး ပိုက်ဆံမပေးတာတို့၊ ဆိုင်ကယ်တိုက်ဆီ စီးပြီး ပိုက်ဆံမပေးဘဲ ပြဿနာရှာတာတို့ လုပ်နေတယ်” လို့ ပြောပါတယ်။

နိုင်ငံတော်မှ အကြီး အကဲများအနေနဲ့ ယခုကဲ့သို့ နယ်ဒေသများမှာ နေထိုင်ကြတဲ့ လူနည်းစု အစ္စလာမ်ဘာသာဝင်တွေကို တာဝန်ရှိသူ အာဏာပိုင်များမှ ဥပဒေအရ အကာအကွယ်မပေးဘဲ အကြမ်းဖက်လိုသူများနှင့်ပါ ပူပေါင်းပြီး မတရား အနိုင်ကျင့် ပြီး ပြဿနာရှာကာ ပဋိပက္ခများဖြစ်အောင် ပြုလုပ်နေတာကို တားဆီးပေးရန် တနိုင်းရှိ အစ္စလာမ်ဘာသာဝင်များက တောင်းဆိုလိုပါတယ်လို့ သတင်းပေးပို့ထားပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: