သူတော်ချင်းချင်း သတင်းလွေ့လွေ့ပေါင်းဖက်တွေ့ (သို့မဟုတ်) EDL နှင့် ၉၆၉
ဇွန်လ ၁၁။ ၂၀၁၃ (GlobalPost)
မွတ်စ်လင်မ် ဆန့်ကျင်ရေးအဖွဲ့များဖြစ်သော အင်္ဂလန်အဖွဲ့နှင့် မြန်မာအဖွဲ့တို့အကြား အပြန်အလှန်အားကျမှုများ ပွင့်လင်း လာပြီလော…။
စကားသံပျော့ပြောင်းသော်လည်း စကားလုံး ပြတ်သားသည့် မြန်မာ ၉၆၉ လှုပ်ရှားမှု ခေါင်းဆောင် ၀ီရသူက ၎င်း၏ အဖွဲ့ကို အင်္ဂလိပ် ကာကွယ်ရေး အသင်း (EDL)အား အတုယူရန် ရည်ရွယ်ကြောင်း Times of London သတင်းဌာန ကိုပြောကြားခဲ့သည်။ EDL မှာ လန်ဒန်၌ သဘောထားတင်းမာသူ မွတ်စ်လင်မ် ၂ဦးက ဗြိတိသျှ စစ်သားတစ်ဦးအား သတ်ဖြတ်ခဲ့ပြီးနောက် လမ်းမများတွင် ဒေါသတကြီး ဆန့်ကျင်ဆန္ဒပြခဲ့သည့် သဘောထား တင်းမာသူများဖြစ်သည်။
“လူတွေက ဦးဇင်းကို နာမည်အမျိုးမျိုးပေးတယ်၊ ဗမာဘင်လာဒင်တို့၊ ထိပ်ပြောင် နာဇီလက်သစ်တို့ ပေါ့၊ ဒါပေမယ့် အင်္ဂလိပ်ကာကွယ်ရေးအသင်း (ELD)ကို သိလား၊ ELD လို ဖြစ်ချင်နေတာ၊ အကြမ်းဖက်မပါဘဲ ပြည်သူတွေကို ကာကွယ်ပေးတာမျိုးပေါ့” ဟု ၎င်းက သတင်းထောက် Richard Lloyd Parry အား ပြောပြသည်။
အဆိုပါလှုပ်ရှားမှု ၂ခုလုံးက ကမ္ဘာကြီးအား ရှုမြင်ပုံတွင်လည်း များစွာ တူညီနေသည်။ နှစ်သင်းလုံးက အစ္စလာမ်သည် ၎င်းတို့ လေးစားရသော နိုင်ငံတွင် ခေတ်ရေစီးကြောင်း ဘ၀နေထိုင်မှုပုံစံအား အကြီးအကျယ် ခြိမ်းခြောက်နေသည်ဟု မှတ်ယူသည်။ နှစ်သင်းလုံးက အစ္စလာမ်အား “အန္တရာယ်” တစ်ခုအဖြစ် စွပ်စွဲကာ အကြမ်းဖက်မှုများ ဖြစ်ပေါ်စေရန် လှုံ့ဆော်ပေးခဲ့သည်။
“၉၆၉”လှုပ်ရှားမှုက ဗုဒ္ဓဘာသာ စီးပွားရေးသမားများကို ၎င်းတို့၏ ဆိုင်များတွင် သင်္ကေတချိတ်ဆွဲ ထားခြင်းဖြင့် ဗုဒ္ဓဘာသာဝင်များအား ယုံကြည်ချက်တူညီမှုကို သိမြင်စေပြီး မွတ်စ်လင်မ်တို့ လက်ထဲ ၎င်းတို့၏ ငွေများ မရောက်ရှိရေးအတွက် ထိန်းသိမ်းနိုင်ရန် တိုက်တွန်းသည်။
“မူဆလင် ဆိုင်တွေမှာ ခင်ဗျားတို့ ဈေးဝယ်မယ်ဆိုရင် ခင်ဗျားတို့ပိုက်ဆံတွေက အဲဒီမှာတင် ရပ်တန့်သွားမှာ မဟုတ်ဘူး။ အဲဒီငွေဟာ နောက်ဆုံးမှာ အမျိုးဘာသာ သာသနာကို ဖျက်ဆီးသွားလိမ့်မယ်” ဟု ပြီးခဲ့သည့် ဖေဖော်ဝါရီလတွင် ၀ီရသူက မိန့်ကြားသည်။
အဆိုပါ မိန့်ကြားချက်ကို ယခုအခါ EDL မှ Jewish Division ၏ Facebook စာမျက်နှာတွင် “ဗုဒ္ဓဘာသာဝင်တွေရဲ့ အာသာဆန္ဒကို ကျုပ် တကယ်ဖြည့်စည်းခဲ့ပြီ” ဟူသော စာသားဖြင့် ယှဉ်တွဲဖော်ပြထားသည်။
မကြာသေးမီက ဖေ့စ်ဘုတ်စာမျက်နှာတစ်ခုတွင် “အင်္ဂလိပ် ကာကွယ်ရေးအသင်းကို ထောက်ခံသည့် မြန်မာဗုဒ္ဓဘာသာများ ”ဟူ၍ အဖွဲ့နှစ်ဖွဲ့အကြား အပြန်အလှန် အထင်ကြီးလေးစားမှုများကို ရေးသားဖော်ပြထားသည်။
EDL အဖွဲ့၏ နောက်ဆုံး လမ်းပေါ်ထွက် ဆန္ဒပြမှုများအတွင်း အကြမ်းဖက်မှု အသေးစားများ၊ ခြိမ်းခြောက်မှုများ၊ အများပြည်သူပိုင် အဆောက်အအုံ များကို ဖျက်လိုဖျက်ဆီးပြုလုပ်မှုများ ကျူးလွန်ခဲ့သဖြင့် အများအပြား ဖမ်းဆီးခံခဲ့ရသည်။
သို့သော် ယင်းဖြစ်ရပ်မှာ မြန်မာနိုင်ငံက ၉၆၉ ပေါ်ပြူလာဖြစ်ပြီးနောက် ယခုနှစ်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက် မှု ဖြစ်စဉ်များနှင့် နှိုင်းယှဉ်ကြည့်လျှင်မူ အစွန်းရောက် ထိန်းသိမ်းခံခဲ့ရခြင်းဖြစ်သည်။
မြန်မာပြည်တွင်းရှိ မြို့အတော်များများတွင် ဖြစ်ပွားခဲ့သော ရိုင်းစိုင်းကြမ်းကြုတ်သည့် အကြမ်းဖက်မှုများတွင် မွတ်စ်လင်မ် ဒါဇင်နှင့်ချီ၍ သေဆုံးခဲ့ပြီး နေအိမ်များ မီးရှို့ခံရမှုကြောင့် ထွက်ပြေးခဲ့ရသည်။ ဘင်္ဂလားဒေ့ရှ်နယ်စပ်က နိုင်ငံမဲ့ ရိုဟင်ဂျာ မွတ်စ်လင်မ် တို့သည်လည်း စနစ်တကျ သုတ်သင်မှုကြောင့် လူပေါင်း ၂၀၀ ကျော် သေဆုံးခဲ့ရပြီး ပေရေစုတ်ချာသော ယာယီတဲများဆီသို့ တွန်းပို့ခြင်းခံခဲ့ရသည်။
GloblePost တွင်ဖော်ပြသော “Why Myanmar’s hardline Buddhists are fans of the English Defence League” ကို စိုင်ဖုလ္လာဟ် (မြန်မာမွတ်စလင်မီဒီယာ) က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။
Tags: Buddhism, Burma, English Defence League, Muslim, Myanmar, Richard Lloyd Parry
June 19, 2013 at 5:36 pm |
ငဝီရသူ ခွေးပါးစပ်က လူစကားမထွက် တဲ့ အဲဒါ မင်းကို ပြောတာ ငပိစားတဲ့ ချီးဦးနှောက်နဲ့ WORLD ကို ဗျောင်လိမ်ချင်သေးတယ် ကိုယ်စကားကို အမျိုးမျိုးပြော ပြီးရင် သူမပြောပါဘူးလုပ် ဒီနိုင်ငံမှာရှိတဲ့ မွတ်စလင်တွေကို စားစရာမရှိအောင် နေစရာမရှိအောင် သူလုပ်မယ်လို့ ပြောတော့ အောက်ကနားထောင်နေတဲ့ခွေးတွေက လက်ခုပ်တီး ဒီမယ် ငဝက်မျက်နှာသူ စားစရာနေစရာ မင်းပေးထားတာမဟုတ်ဘူး မွတ်စလင် တွေအကုန်လုံးက ဘာယုံကြည်လည်းသိလား စားစရာ