၉၆၉ ဆိုတာ တကမ္ဘာလုံးနဲ့ မထောက်ခံတဲ့လူတွေ အမြင်မှာတော့… သုံးစားမရအောင် နာမည်ပျက်နေတယ်

ဆရာတော် ဦး ၀ီရသူရဲ့ facebook အကောင့် Wira Thu ဆိုတာ ဆရာတော် ကိုယ်တိုင် သုံးတာ မဟုတ်ပါ.. သုံးလည်း မသုံးတတ်ပါ… ပြောချင်တာရှိရင် ဒါရေးပေး ဒါတင်လိုက် ပြောယုံသာရှိပီး သူ့နားမှာ ညအိပ်ညနေ နေကြတဲ့ ၉၆၉ လှုပ်ရှားသူ လူတစု လက်ထဲမှာ ရှိတဲ့ အကောင့်လို့ သိရပါတယ်.. ကိုယ်တိုင် ၀င်သုံးနေတာ မဟုတ်ပေမယ့် ဆရာတော့် အာဘော်တွေ ပါသလို အကောင့်သုံးတဲ့လူရဲ့ သာသာထိုးထိုး အရောက်ပို့တာတွေလည်း ပါနိုင်ပါတယ်


၉၆၉ဟာ အကြမ်းမဖက် ငြိမ်းချမ်းရေး လမ်းစဉ်ပါလို့ တွင်တွင်ပြောနေတဲ့လူတွေရဲ့
အစ္စလာမ်ဘာသာနဲ့ ပတ်သတ်ပြီး သဘောထားတဲ့ အတွင်းသဏ္ဍန် အမှန်ကိုလည်း ထင်ဟပ်စေတဲ့ အရေးအသားတွေ သွားရှာဖွေလို့ရပါတယ် .. တကမ္ဘာလုံးမှာ ၉၆၉ကို လှုပ်ရှားမူကို အကြမ်းဖက် အစွန်းရောက် လုပ်ရပ်လို့ ထင်သွားအောင် လုပ်တာ.. ပြည်တွင်းက ကျွန်တော်တို့လို လက်မခံတဲ့ လူတွေက ၀ိုင်းပို့လို့ဆိုပြီး စွပ်စွဲချင်ကြသူများ ဆင်ခြင်နိုင်ကြပါတယ် ကမ္ဘာမှာ ဂုဏ်သိက္ခာရှိရှိ
ရပ်တည်နေကြတဲ့ သတင်းမီဒီယာ တော်တော်များများ ကာယကံရှင်တွေရဲ့ လုပ်ရပ်ကို မကြည့်ပဲ ဘေးစကား တစ်ခွန်းနဲ့တင် သုံးသပ်ရေးသားတာ မဟုတ်ဘူးဆိုတာ ဦးဝီရသူကို နိုင်ငံခြား မီဒီယာတွေ လာ အင်တာဗျူးနေတဲ့ အရေအတွက်ကို ကြည့်ရင် သိနိုင်ပါတယ်…
၉၆၉ ဟာ အကြမ်းမဖက် လှုပ်ရှားမူပါ ဆိုပြီး တွင်တွင်ပြောနေပေမယ့်
၉၆၉ လှုပ်ရှားနေတဲ့လူတွေရဲ့ စကားအပြောအဆို စိတ်နေသဘောထားကတော့
ပါးစပ်က ဘုရားဘုရား လက်က ကားယား ကားယား ဖြစ်နေပါတယ်….
အားလုံးကို မဆိုလိုသော်လည်း အပြောနဲ့ အလုပ်နဲ့ မညီတဲ့ ၉၆၉ ထောက်ခံသူ ကိုယ်တိုင် ပါဝင် ဆောင်ရွက်နေသူ အားလုံးကို ဆိုလိုပါတယ်…
ဗုဒ္ဓဘာသာ နဲ့ ၉၆၉ ကို ဗုဒ္ဓဘာသာဝင် အားလုံးရဲ့ သဘောတူချက် မယူပဲ ကမ္ဘာမှာ မြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေရဲ့ အမှတ်သင်္ကေတလိုလို ဘာလိုလို အဆင့်ရောက်အောင် အတင်း လုပ်ပြီးမှတော့ နာမည်ကောင်းရောက်အောင် လုပ်ဖို့ အဲ့ဒီ စ စတန့်ထွင်တဲ့ လူတွေမှာ တာဝန် အပြည့်ရှိတယ်…..
ခုထိတော့ ၉၆၉ ဆိုတာ ကိုယ်တိုင် ပါဝင်နေတဲ့ လူတွေနဲ့ ထောက်ခံနေတဲ့ ပြည်တွင်းက အသိုင်းအ၀ိုင်း ကွက်ကွက်လေးမှာပဲ အကောင်းမြင်မူရပြီး တကမ္ဘာလုံးနဲ့ မထောက်ခံတဲ့လူတွေ အမြင်မှာတော့… သုံးစားမရအောင် နာမည်ပျက်နေတယ်…
အပြောနဲ့ အလုပ်နဲ့ ညီအောင် ကြိုးစားလိုက်ကြပါအုံး… ဘယ် ဘာသာခြားကိုမှ မထိခိုက်ပဲ ကိုယ့်သာသနာ ကိုယ့်ဘာသာကို အဆင့်အတန်း မြင့်မြင့် သဘောထားကြီးကြီး ကာကွယ်နိုင်တဲ့ စံနှူန်းတွေ လုပ်ရပ်တွေ လုပ်လာနိုင်တဲ့တနေ့ ကိုယ်တိုင် အဲ့ဒီ sticker တွေ လိုက်ကပ်ပေးမယ် လောလောဆယ်တော့ ဆောရီးပဲ !

ညီသစ်

Nyi Thit

3 Responses to “၉၆၉ ဆိုတာ တကမ္ဘာလုံးနဲ့ မထောက်ခံတဲ့လူတွေ အမြင်မှာတော့… သုံးစားမရအောင် နာမည်ပျက်နေတယ်”

  1. tlo Says:

    ဟုတ်တယ်ဗျာ ၉၆၉ တံဆိပ်က ခွေးပုံတွေပါတယ် ခွေးတော့ မရှိမဲ့ရှိမဲ့ သိက္ခာလေးတော့ကုန်ပါပြီ

  2. tlo Says:

    မွတ်စလင်တွေ စားစရာ မရှိအောင် ကျုပ်လုပ်မယ် နေစရာ မရှိအောင်လည်း ကျုပ်လုပ်မယ် င ဝီ ရ သူ ပြောတော့ အောက်မှာ ထိုင်နေတဲ့ ခွေးတွေက လက်ခုပ်တွေ တီးကြတယ် ပျော်လို့ ကိုညီ ရေ ကျွန်တော်တို့ကို ရိုဇီ ပေးတာ ဘယ်သူတုံး ဒီခွေးကြီး မသိဘူးဗျာ ။ ၉၆၉ STICKER မြင်ရင် ရင်နာတယ်ဗျာ တနေ့ သင်ပြု သိကံ ပဲ့ တင်သံ သင့်ထံပြန်လာမည် ၉၆၉ ပိုးစိုးပက်စက် ကျဆုံးလိမ့်မယ် အရသာ ခံပြီး ကြည့်ကြသေးတာပေါ့ဗျာ

  3. tlo Says:

    ဆရာတော် ဦးဝိရသူ နေရာအား ဆရာ DOG င ဝီရသူ ဟု ဖတ်ပေးကြပါ ခင်ဗျာ

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: