သီတဂူဆရာတော် ရဲ့ တရား မဟုတ်တဲ့ တရားတွေ

Cho Tu Zal

တရား မဟုတ်တဲ့ တရားတွေကို ဟောနေတယ်. . .

ဗုဒ္ဓ ရဲ့ အတုနှိုင်းမဲ့သော မေတ္တာတော် အနန္တ ဆိုတာ. . .ကို
နားလည်ရင်၊
ဒီနေ့ မြန်မာပြည်က ထေရ်ကြီး၊ ၀ါကြီးတို့ ဟောနေ၊ ပြောနေ လှုံ့ဆော်နေတဲ့ တရားတွေဟာ ဘယ်လောက် အကုသိုလ်များနေတယ်၊ ဗုဒ္ဓကို ဆန့်ကျင်နေတယ် ဆိုတာကို ဆင်ခြင်မိပါလိမ့်မယ်။

တည့်တည့်ပဲ ရေးပါဦးမယ်။
ဦးဝီရသူ က ဗြောင်ကျကျ ဟောပြောလှုံ့ဆော်လို့ မြင်သာသလို၊
ဆရာတော်ကြီးတပါး ဖြစ်တဲ့ သီတဂူဆရာတော် ရဲ့ တရားတွေကို သေချာ ဆန်းစစ်လေ့လာကြည့်တဲ့အခါမှာ ဒီလို သဘောတွေကိုပဲ ဆောင်နေတာကို တွေ့ရတယ။် ဟောဒီ အွန်လိုင်း၊ ဖေ့စ်ဘွတ်ခ်ပေါ်မှာတင် ရှိပါတယ်။ သေချာ နာယူဆန်းစစ်ကြည့်ချစေချင်ပါတယ်။

ဗျတ်ဝိ၊ ဗျတ္တ ဇာတ်လမ်းကို ရေမျောကမ်းတင် လာတဲ့ လူတွေ ပန်းသည်မနဲ့ ညား လို့ ဆိုပြီး၊ ပြောဟော ခဲ့တဲ့ တရား(တရားမဟုတ်ပါ) ပြောဟောမှုကို သေချာ ဆန်းစစ်ကြည့်။ မြတ်စွာဘုရား ရဲ့ တရား လား လို့။

ဗုဒ္ဓ၀ါဒနဲ့ အညီ
သူတော်ကောင်း တရား ဆိုတာ လောဘ၊ ဒေါသ၊ မောဟ ကင်းငြိမ်းရာ၊ နိဗ္ဗာန်ကို ဆောင်ကြဉ်းမယ့်
အနတ္တ ကို မြင်အောင်ပြမယ့် တရားတွေသာ ဖြစ်ရမယ်။

မျိုးရိုး ကိစ္စ မပြောနဲ့ ငါ သူတပါး၊ ယောက်ျားမိန်းမ ဆိုတဲ့ တဏှာအစွဲတွေ မှားတယ် ဆိုတာမှ မြတ်စွာဘုရား ရဲ့ တရားစစ်စစ်ပါ။
ခုတော့ ထေရ်ကြီး၊ ၀ါကြီးတို့ ဟောနေတာတွေဟာ တရား မဟုတ်သော မတရား၊ ငါ့စကား နွားရတွေ ဖြစ်နေတယ်။

ခုခေတ် နိုင်ငံတကာ ရဲ့ အမြင်နဲ့ကြည့်မယ် ဆိုရင်လည်း ဗုဒ္ဓရဟန်းတော်တပါး က ဒီလို ဟောပြောလိုက်တာ ဗြောင်ကျကျ discrimination လုပ်လိုက်တာပဲ။ ဗြောင်ကျကျ racism ကို လှုံ့ဆော်နေတာပဲ။
ဒလိုင်းလားမား ကို နိုင်ငံတကာက လက်ခံတယ်ဆိုတာက မဟာယနရဟန်းဖြစ်ပါစေ၊ ဗုဒ္ဓရဲ့ မေတ္တာဓါတ်ကို လူမျိုး၊ ဘာသာမရွေး ရအောင် သယ်ဆောင်နိုင်ပေးတဲ့ ဗုဒ္ဓကိုယ်စားပြု ရဟန်းသံဃာဂုဏ် ရှိနေလို့ပါ။

ကြည်လင်သော နှလုံးသားနဲ့
ဗုဒ္ဓကို ကြည်ညိုသဒ္ဓါထက်သန်စွာနဲ့
ရဲရင့်စွာနဲ့ ဝေဖန်ထောက်ပြပါတယ်။

သေချာ ဆန်းစစ် ကြည့်ကြပါ။

ချိုတူးဇော်

One Response to “သီတဂူဆရာတော် ရဲ့ တရား မဟုတ်တဲ့ တရားတွေ”

  1. drkokogyi Says:

    This IDIOT who is so STUPID that he could not understand that this post was written by Cho Tu Zal and I just SHARED…
    He is trying to threatened me…
    Please noted my friends and relatives…I will inform the police also…
    မင်းဆက်
    minnsex@gmail.com
    175.143.251.134

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


%d bloggers like this: