ဦးဝီရသူက ဗုဒ္ဓရဲ့သားတော် တရားဟောရဟန်း ကသာ မြန်မာဗုဒ္ဓဘာသာ လူမျိုးတွေကို ကိုယ်စားပြုနိုင်တာပါ

နော်ခမ်းကို တရုတ်ကဆေးထိုးစီရင်လိုက်တုန်းက ကိုယ့်နိုင်ငံသားတစ်ယောက်အနေနဲ့ မကျေနပ်ခဲ့ဘူး။ ရာဇဝတ်သားကို လွဲပြောင်းတောင်းယူလို့ ရပါလျက် အစိုးရ ရေငုံနေခဲ့တဲ့နောက်မှာ ဖုံးဖိထားရတဲ့ကိစ္စတွေ ရှိနေခဲ့တယ်။

ဦးဝီရသူ ကို တိုမ်းကမျက်နှာဖုံးတင်တော့လည်း မကျေနပ်ပါဘူး။ ဒါပေမဲ့ စာနယ်ဇင်းသမားတွေ ကိုယ်တိုင်လာပြီး အင်တာဗျူးထားတာ၊ ပြီးတော့ သူဟောတဲ့တရားတွေကို ချိန်ထိုးကြည့်တဲ့အခါ သူတို့သတ်မှတ်ထားတဲ့စံအတိုင်း ဖြစ်သွားခဲ့ပါတယ်။ တိုင်မ်းက အစိုးရမဟုတ်တဲ့အတွက် တရုတ်ကို မကျေနပ်သလို မကျေနပ်ချင်လို့လည်း မရပါဘူး

။နော်ခမ်းက မူးယစ်ရာဇာ။

သူ့နောက်ကွယ်မှာ စစ်တပ်ထိပ်ပိုင်းက လူအချို့ရှိခဲ့ဖူးတယ်။

ဦးဝီရသူက ဗုဒ္ဓရဲ့သားတော် တရားဟောရဟန်း။ သူ့နောက်မှာ ဘယ်သူရှိမှန်း ခန့်မှန်းရခက်နေတုန်းပဲ။

သေချာတာ တစ်ခုကတော့ နော်ခမ်းကြောင့် ကျမတို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေ ဂုဏ်မငယ်ခဲ့ပါဘူး။ မူးယစ်ရာဇာ တစ်ယောက်က မြန်မာလူထုကို ကိုယ်စားမပြုပါဘူး။

ဗုဒ္ဓဘာသာရဟန်းကသာ မြန်မာဗုဒ္ဓဘာသာ လူမျိုးတွေကို ကိုယ်စားပြုနိုင်တာပါ။ တစ်နေ့လိုင်းကားစီးရင်း ကားပေါ်ကနိုင်ငံခြားသားတွေ ဖေ့ဘုတ်သုံးနေတော့ မျက်လုံးအကြည့်ရောက်သွားချိန်မှာ လိုင်းပေါ်မှာပလူပျံနေတဲ့ ကိုယ့်ရဟန်းပုံကို သူတို့ဘာသာစကားတွေနဲ့ တွေ့လိုက်ရပါတယ်။ ကျမ ခံစားမှုကိုတော့ အသေပဲခံမယ်။မပြောပြနိုင်ပါဘူး။

One Response to “ဦးဝီရသူက ဗုဒ္ဓရဲ့သားတော် တရားဟောရဟန်း ကသာ မြန်မာဗုဒ္ဓဘာသာ လူမျိုးတွေကို ကိုယ်စားပြုနိုင်တာပါ”

  1. drkokogyi Says:

    သာသနာဖျက်တွေ မဖြစ်စေနဲ့
    ******************

    ဒါကြောင့် . . . သာသနာတော်အရှည်ခံ့၍ တည်တံ့စေချင်ရင်

    လူတွေက ဝိနည်းတရားကို သင်ကြားကာ၊

    ဝိနည်းသိက္ခာပုဒ်နှင့်ပြည့်စုံတော်မူကြတဲ့ ရဟန်း၊ သံဃာတော်တို့ကိုသာ

    ရွေးချယ်စိစစ် ကိုးကွယ်ကြရမည်။

    ဝိနည်းတရားဟာ သာသနာတော်ရဲ့ အုတ်မြစ်အခြေခံအသက်ပဲ။

ိုသည်လိုမဟုတ်၊ တွေ့ကရာ ဝါဝါမြင် ပြီးရောဆိုပြီး

    ဆည်းကပ်ကိုးကွယ်နေကြရင်တော့

    ရဟန်းကောင်းတွေကို မစင်နဲ့ ရောမွှေသလို

    အားလုံးပေကျံနံစော်ပျက်စီးကုန်မှာကတော့ သေချာတယ်။

    အဲဒီ ဝါဝါမြင်ပြီးရောဆိုတဲ့ လူတန်းစားတွေဟာ

    သာသနာဖျက်ကောင်တွေပဲ ဒကာကြီးတို့ရဲ့။

    အဲဒီထဲ မပါကြစေနဲ့နော်။

    (အရှင်သြဘာသာဘိဝံသ ဆရာတော်ကြီး)
    ~~~~~~~~~~~~~~~~~~~~~~~

    မင်းနန်(မော်ကျွန်း)
    ဆရာတော်ကြီးများ၏ သြဝါဒတော်များ ပေါင်းချုပ် (နှာ-၁၈၈) မှ
    ကောက်နုတ်ပူဇော်ပါသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: