တောင်ကုတ်တွင် မူဆလင် ၁၀ ဦး အသတ်ခံရမူနှင့် ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

Why now only?

တောင်ကုတ်တွင် မူဆလင် ၁၀ ဦး အသတ်ခံရမူနှင့် ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား

( နိရဉ္စရာ- ၁၈ ဇူလိုင် ၂၀၁၃) / မောင်အေး

ရခိုင်ပြည်နယ် တောင်ကုတ်မြို့တွင် ရခိုင်အမျိုးသား ၆ ဦးကို ဇူလိုင်လ ၁၇ ရက်နေ့ ညဥ့်အချိန်တွင် အာဏာ ပိုင်များမှ ဖမ်းဆီးပြီး သံတွဲ အကျဉ်းထောင်ကို ခေါ်ဆောင်သွားကြောင်း သတင်း ရရှိသည်။

ဖမ်းဆီးခံရသူ ၆ ဦးမှာ ကိုသိန်းမောင်ခေါ် ထွန်းနိုင် (ဘ) ဦးဝေထွန်းစိန်၊ ကိုဝင်းနိုင်ခေါ် မောင်ပု၊ ကိုသိန်းရွှေမောင် (ဘ) ဦးထွန်းအောင်ကျော်၊ ဦးထွန်းကျော် (ဘ) ဦးကျော်ထွီး၊ ပေါက် ဆိန်ခေါ် ထွန်းမြင့်နှင့် ဦးထွန်းဝင်းတို့  ဖြစ်ကြောင်း တောင်ကုတ်မြို့မှ ဦးတင်သိန်းအောင်က အတည်ပြု ပြောသည်။

ယခုကဲ့သို့ သူတို့ ၆ ဦးကို အာဏာပိုင်များမှ ဖမ်းဆီးခြင်းမှာ ၂၀၁၂ ခုနှစ် ဇွန်လ ပထမ အပတ် အတွင်းက မူဆလင်  ၁၀ ဦး တောင်ကုတ်မြို့တွင် အသတ်ခံရသည့် အမှုနှင့် ဆက်စပ်နေသည်ဟု သတင်းများထွက်ပေါ်နေကြောင်း ဦးတင်သိန်းအောင်ကယခုကဲ့သို့ ပြောသည်။

“ သူတို့ကို မနေ့ည ၁၁ နာရီခန့်မှာ ဖမ်းသွားတယ်ဆိုတာကို ကျွန်တော်တို့ဒီနေ့ မနက်ကမှ သိပါတယ်။ ကျွန်တော်တို့ သိရသလောက်က ရိုးမသစ္စာကားမှာ ပါလာတဲ့ မူဆလင် ၁၀ ဦးကို သတ်တဲ့ကိစ္စနဲ့ ဖမ်းတယ် လို့ဘဲ ကျွန်တော်တို့ သိရတယ်။”

သူတို့ ၆ ဦးကို ဖမ်းဆီးပြီးသည်နှင့်ချက်ချင်း သံတွဲအကျဉ်းထောင်သို့ ယူဆောင်သွားကြောင်း သူက ဆိုသည်။

ယခုကဲ့သို့ ရခိုင်အမျိုးသား ၆ ဦးဖမ်းဆီးခံရမှုနှင့် ပတ်သတ်ပြီး အသေးစိတ် သိရှိနိုင်ရန် တောင်ကုတ် ရဲစခန်းကို ဆက်သွယ်မေးမြန်းခဲ့သော်လည်း တာဝန်ကျဒုရဲအုပ် တစ်ဦး ဖုန်းကိုင်ပြီး တစုံတရာ ပြန်လည် ဖြေကြားခြင်းမရှိဘဲ ဖုံးချသွားခဲ့သည်။

ယခုအခါ တောင်ကုတ်မြို့တွင် လုံခြုံရေးကို တိုးချထားကြောင်းလည်း ဦးတင်သိန်းအောင်က ပြောသည်။

“ အခုတော့ မြို့မှာ လုံခြုံရေးတိုးချထားပါတယ်။ ဘုရားမှာလည်းရှိတယ်။ မြို့တော်ခန်းမမှာလည်း လုံခြုံရေးအင်အား ၂၀ ခန့်ရှိတယ်။ ကျွန်တော်တို့ အာဇာနည်နေ့ကျင့်ပဖို့ စီစဉ်နေတာနဲ့ ချတာလား သူတို့ ၆ ဦးကိစ္စနဲ့ ချတာလားတော့မသိဘူး” ဟု ဆိုသည်။

၂၀၁၂ ခုနှစ်က မေလ ၂၈ ရက်နေ့က ရမ်းဗြဲမြို့နယ် ကျောက်နီမော်ကျေးရွာသူ မသီတာထွေးကို မူဆလင် လူငယ် ၃ ဦးက မုဒိမ်းကျင့် သတ်ဖြတ်ခဲ့ပြီးနောက် ဇွန်လ  ၃ ရက်နေ့က သံတွဲမြို့မှ လာသည့် ရိုးမသစ္စာကားကို တောင်ကုတ်တွင် လူအုပ်ကြီး တစ်ခုက တိုက်ခိုက်ရာ ကားပေါ်တွင် ပါလာသူ မူဆလင် ၁၀ ဦးကို သေဆုံးခဲ့သည်။

 

One Response to “တောင်ကုတ်တွင် မူဆလင် ၁၀ ဦး အသတ်ခံရမူနှင့် ဆက်စပ်ပြီး လူ ၆ ဦးကို ဖမ်းဆီး ခေါ်ဆောင်သွား”

  1. drkokogyi Says:

    Aung Myo Zaw
    တောင်ကုတ်လူသတ်မှု သံသယရှိသူများကို ဖမ်းဆီး(Thit Htoo Lwin)

    မနှစ်က တောင်ကုတ်မြို့ မွတ်စလင် ၁၀ ဦး သတ်ဖြတ်ခံရမှုမှာ ဦးဆောင်တယ်လို့ သံသယရှိသူ ၆ ဦးကို နေပြည်တော်က တိုက်ရိုက်ကွပ်ကဲမှုနဲ့ တောင်ကုတ်မြို့ကနေ ဇူလိုင် ၁၇ ရက်နေ့ညမှာ ဖမ်းဆီးလိုက်တယ်လို့ သံတွဲခရိုင် သတင်းမှန်ဖော်ထုတ်ရေးအဖွဲ့က အဖွဲ့ဝင် ဦးဝင်းနိုင်က ပြောပါတယ်။

    ညမထွက်ရအမိန့်ပုဒ်မ ၁၄၄ ထုတ်ပြန်ထားတဲ့ သံတွဲမြို့ကို နေပြည်တော်ရဲတပ်ဖွဲ့က ရောက်လာပြီး ဖမ်းဆီးမှုကို သတင်းမပေါက်ကြားအောင် စီစဉ်ဖမ်းဆီးခဲ့တာဖြစ်ပြီး သံတွဲထောင်မှာ ချုပ်နှောင်ထားတယ်လို့ သူက ပြောပါတယ်။

    “နေပြည်တော်က ဆင်းလာတဲ့ရဲက သံတွဲရဲကို အကူအညီတောင်းပြီးတော့ သံတွဲမှာရှိတဲ့ ရဲတွေရဲ့ဖုန်းတွေကိုပါ သိမ်းလိုက်တယ်။ ပြီးတော့ ကားပေါ်တက်ဆိုပြီးတော့ ပထမတော့ သူက မြောက်ဘက်ကို အယောင်ပြတာပေါ့။ သွားတာက တောင်ကုတ်သွားတာ။ မြောက်ဘက်က ကျောက်ကြီးဆိုတဲ့ရွာကို အယောင်ပြတာ။ ကျောက်ကြီးကိုဖုန်းဆက်တော့လည်း ဖုန်းတွေက ပိတ်ထားတယ်။ နောက် ၁၀ နာရီ ၄၀ မိနစ်မှာ ကျနော့်ဆီကို ဖုန်းဝင်လာတယ်။ ကား ၄ စီးဖြတ်သွားတယ်။ ရဲတွေလည်းပါသွားတယ်ပေါ့။ ဒီတော့ အခြေအနေတခုကို စောင့်ကြည့်ရမယ်ပေါ့။ သွားတာကိုတော့ သိတယ်။ အပြန်မှာ ၆ ယောက်ဖမ်းမိတယ်၊ ပြီးခဲ့နှစ် ဇွန် ၃ ရက်နေ့က သတ်တဲ့အမှုနဲ့ ၇ ဦး ဖမ်းဖို့ရာမှာ ၁ ဦးက လွတ်သွားတယ်တဲ့။ တောင်ကုတ်ကျတော့လည်း ရဲတွေကို လက်ကိုင်ဖုန်းတွေ သိမ်းပြီးတော့ ဘယ်အိမ်၊ ဘယ်သူဆိုတာကို သူတို့က စုံစမ်းပြီးသားဖြစ်နေတာ” လို့ ပြောပါတယ်။

    သံတွဲမြို့နယ်ရဲစခန်းကို ဆက်သွယ်မေးမြန်းရာမှာ အထက်က စီစဉ်တာဖြစ်လို့ ပြောလို့ မရဘူးလို့ ဖြေပါတယ်။

    သံတွဲခရိုင် အုပ်ချုပ်ရေးမှူးရုံးကတော့ ဒီကိစ္စကို သူတို့မသိပါဘူးလို့ ဖြေပါတယ်။ သံတွဲခရိုင်အုပ်ချုပ်ရေးမှူး ဦးထွန်းဝေကို ဆက်သွယ်ရာမှာ သူ့ရဲ့ကိုယ်ရေးအရာရှိက သတင်းညှိနှိုင်း အစည်းအဝေးလုပ်နေလို့ မအားသေးဘူးလို့ ဖြေပါတယ်။

    တောင်ကုတ်ဒေသခံတွေကို မေးမြန်းတဲ့အခါ ဒီကိစ္စကို ဇူလိုင် ၁၈ ရက်နေ့ မနက်ပိုင်းကျမှ ကြားသိရပြီး နယ်မြေခံတပ်ကလူတွေတောင် မသိဘူးလို့ ပြောပါတယ်။ ဒီမနက်မှာတော့ တောင်ကုတ်မြို့မှာ ရဲလုံခြုံရေးတိုးမြှင့်ချထားတယ်လို့ ဆိုပါတယ်။

    မနှစ် ဇွန် ၃ ရက်နေ့က ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှာ မွတ်စလင် ၁၀ ဦးကို အမည်မသိ လူအုပ်စုတစုက သတ်ဖြတ်မှု ဖြစ်ပွားခဲ့ပါတယ်။

    သံတွဲမြို့ကနေ ရန်ကုန်ကို သွားတဲ့ကားတစီးကို တောင်ကုတ်မြို့အရောက်မှာ ကားပေါ်ပါ မွတ်စလင် ၈ ဦးနဲ့ သံတွဲမြို့ခံ ၂ ဦးကို အမည်မသိ လူအုပ်စုတစုက တုတ်၊ ဓားတွေနဲ့ ရိုက်နှက် သတ်ဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီအဖြစ်အပျက်မဖြစ်မီ မနက်ပိုင်းလောက်ကတည်းက ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာမှာ သတ်ဖြတ်ခံရတဲ့ အမျိုးသမီးတဦးရဲ့ပုံတွေ တောင်ကုတ်မြို့မှာ ပျံ့နှံ့ခဲ့ပါတယ်။

    ဒီအကြမ်းဖက်သတ်ဖြတ်မှုကြောင့် နောက်ပိုင်းမှာ ရခိုင်ပြည်နယ် နေရာအတော်များများမှာ နေအိမ်မီးရှို့မှုတွေနဲ့ သတ်ဖြတ်မှုတွေ ဆက်တိုက်ဖြစ်ပွားခဲ့ပါတယ်။

    by အေးနိုင် (ဒီဗွီဘီ)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: