ဘာမျှမတတ်တဲ့ ” မိုးကျရွှေကိုယ် ” အရာရှိတွေရဲ့ အဟိန်းအဟောက်မခံနိုင်လို့၊ အလုပ်ထွက်ရင် ” ဦးဏှောက်ယိုစီးမှု ” တွေပဲ။

Patrick Tan

7th June 2012 တုန်းက Messenger Journal ရဲ့ ဆောင်းပါးတစ်ခုမှာရေးမိတဲ့ Comment တစ်ခု။
~~~~~~~~~~~~~~~~~~~~~~
Patrick Tan
ကျနော်တစ်ခုလောက်အဆိုပြုချင်တယ်၊
မြန်မာပြည်မှာ နေရာတစ်ကာ လူကြီးသား၊
လူကြီးအမျိုး၊စစ်ဗိုလ်လူထွက်တွေ နေရာယူချယ်လှယ်နေကြတယ်။
ဦးစီးအရာရှိနေရာကစပြီး ညွှန်ချုပ်နေရာအထိဆိုပါတော့။
အထူးသဖြင့် ဝင်ငွေ ( အောက်ဆိုက် ) ကောင်း၊
ခွင်ကောင်းတဲ့ ဌာနတွေပေါ့။


ပညာရေးဌာန မှာတော့ ဗိုလ်ပြုတ်တွေခန့်လို့မဖြစ်တော့
စားလို့ ဝါးလို့ကောင်းမဲ့ကျောင်း၊
ကျောင်းသားမိဘကို လည်ပင်းညှစ်လို့ကောင်းမဲ့ ကျောင်းဆို
သူတို့ကတော်၊ သူတို့သမီးတွေပဲ ။
ဒါတောင် ညွှန်ချုပ်ထဲမှာ ဗိုလ်မှူး ဘိုဝင်း နဲ့
ဒုတိယ ဗိုလ်မှူးကြီး အေးကြူ တို့ကိုထည့်ထားလိုက်သေး။
ဒါ ၈၄ ခုနှစ်လောက်တုန်းက အကြီးအကျယ်၊အချေအတင်
ကန့်ကွက်ထားကြလို့။
နို့မဟုတ်ရင် အခြေခံပညာကျောင်းအုပ်ကြီးတွေကို ဗိုလ်ကြီးဟောင်း၊
ကောလိပ်တွေကို ဗိုလ်မှူး နဲ့ ဒုဗိုလ်မှူးကြီးဟောင်းတွေ ကိုခန့်ဖို့
မဟာ ဥက္ကဌကြီး ဦးနေဝင်း ကစီစဉ်ခဲ့သေးဆိုပဲ။
တက္ကသိုလ်တွေလည်း ထိုနည်းလည်းကောင်းပဲ။
သူတို့ကတော်တွေနဲ့သူတို့သမီးတွေသာ နေရာကောင်းရကြလေရဲ့။
ရဲဌာနဆိုလည်းကြည့်
အကပ်မကောင်းတဲ့ ဘွဲ့ရသာမာန် ဒုရဲအုပ် နဲ့ ရဲအုပ်တွေဆို
အငြိမ်းစားသာယူသွားရမယ် ရာထူးမတက်။
စစ်တပ်က တပ်ကြပ်ကြီးက ဒုရဲအုပ်တန်းဖြစ်၊
အရာခံဗိုလ်လောက်က အပြာခံ စခမ်းမှူးဖြစ်၊
ဗိုလ်ကြီးလောက်ဆို ခရိုင်ရဲမှူးတောင်ဖြစ်လိုက်သေး။
သူတို့ရည်ရွယ်ချက်ကို က စစ်မတိုက်ချင်တော့လို့
စားရဝါးရမဲ့နေရာ ရွှေ့ပေးပါဆိုပြီးပြောင်းတာ၊
အဓိက လုပ်ငန်းကျွမ်းကျင်ဖို့မလိုဘူး၊
အာဏာသုံးပြီး အဆုံးစွန်အထိဝါးပြီး
သူဌေးဖြစ်ကြံဖို့ပဲ။
ဒီတော့ ချစားမှုတွေနဲ့တိုင်းပြည်ရဲ့ ယဏ္ဍရား
ဘယ်လိုမှန်မှန်ကန်ကန်လည်ပတ်နိုင်ပါ့မလဲ။
လုပ်ငန်းကျွမ်းကျင် အရာရှိငယ်ဝန်ထမ်းတွေဆို
ရာထူးကမတိုးနိုင်၊ ဘာမျှမတတ်တဲ့ ” မိုးကျရွှေကိုယ် ”
အရာရှိတွေရဲ့ အဟိန်းအဟောက်မခံနိုင်လို့၊
အပြင်မှာဘာလုပ်စားရစားရဆိုပြီး အငြိမ်းစားယူရင်ယူ၊
အလုပ်ထွက်ရင်ထွက်တွေဖြစ်ကုန်တော့တယ်။
ဒါတွေဟာ ” ဦးဏှောက်ယိုစီးမှု ” တွေပဲ။
နိုင်ငံရပ်ခြားတိုင်းတစ်ပါးထွက်သွားမှ
ဦးဏှောက်ယိုစီး တာမှမဟုတ်တာဗျာ။
လူ့စွမ်းအား အရင်းအမြစ်ဆုံးရှုံးမှုတွေပဲ။
ဒီ ” မိုးကျရွှေကိုယ်” တွေ ကိစ္စ မရှင်းနိုင်သမျှကာလပါတ်လုံး၊
ကျနော်တို့တိုင်းပြည် တိုးတက်နိုင်မည် မဟုတ်ပါဗျာ။
နောက်တစ်ခု ပြည်ထဲရေးက ရဲနဲ့လ၊ဝ၊က ကို လက်နက်ကိုင်
အဖွဲ့အစည်းဆိုပြီး စစ်တပ်က ဗိုလ်ကျနေတာကိုဖြောက်။
သူတို့ကိုလည်း တစ်နှစ်သင် ဒုရဲအုပ်လောင်းသင်တန်းကျောင်းကို
စစ်တက္ကသိုလ်လို ပဲ ” ရဲတက္ကသိုလ် ” အဖြစ် ” လေးနှစ်သင်” ပြောင်း၊
၁၀ တန်းအောင် ရဲတက္ကသိုလ်ဝင်ခွင့်ဖြေခိုင်း၊
ရဲတက္ကသိုလ်မှာ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ ၊ရူပဗေဒ၊
ဓာတုဗေဒ၊ ဒသနိကဗေဒ၊ စိတ္တဗေဒ၊ ဥပဒေတို့ကိုမဖြစ်မနေသင်ပေး။
လေးနှစ်ပြီး ဘွဲ့ပေး။
ဒါဆို ရဲတွေလည်း သိက္ခာရှိ အဆင့်အတန်းမြင့်လာမယ်။
ဒါဆိုရင်တော့ ကျနော်တို့တိုင်းပြည်အုပ်ချုပ်ရေးပိုင်းများ
တိုးတက်လာမလားလို့ပါ။
7 June 2012

About these ads

One Response to “ဘာမျှမတတ်တဲ့ ” မိုးကျရွှေကိုယ် ” အရာရှိတွေရဲ့ အဟိန်းအဟောက်မခံနိုင်လို့၊ အလုပ်ထွက်ရင် ” ဦးဏှောက်ယိုစီးမှု ” တွေပဲ။”

  1. ko lwin Says:

    ပြာဖြစ်နေတဲ့နိုင်ငံ World ကသိတယ် ။ပြီးရင် နိုင်ငံတကာ လည်တောင်း ရသမျှသူတို့အိပ် ထဲထည့်

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out / Change )

Twitter picture

You are commenting using your Twitter account. Log Out / Change )

Facebook photo

You are commenting using your Facebook account. Log Out / Change )

Google+ photo

You are commenting using your Google+ account. Log Out / Change )

Connecting to %s


Follow

Get every new post delivered to your Inbox.

Join 3,333 other followers

%d bloggers like this: