Myanmar Parliament Chairman claimed that Malaysia and Indonesia leaders apologized him for their allegation against Buddhism and Anti-Muslim activities

Parliament

Myanmar Parliament Chairman claimed that Malaysia and Indonesia leaders apologized him for their allegation against Buddhism and Anti-Muslim activities

Myanmar Tandaw Sint Newspaper on its Face Book page written on 31st July 2013 that according to the Myanmar Parliament Office, Myanmar Parliament Patron and Ethnic National Parliament Chairman U Aung Khin Myint had refused to accept the invitations of Malaysia and Indonesia because of their two nations’ radical views and writings about Buddhism.

Myanmar Parliament Patron and Ethnic National Parliament Chairman U Aung Khin Myint had spoken to the USDP officials and Members of Parliament on his visit to Yenan Chaung on 19th July, while discussing on political and organization matters.

Then he continued the usual lies or official version of his government about the Meikhtila, Lashio, Rohingya massacres and conflicts in Malaysia. He claimed that those were because of those bad people inciting from behind.

“In last April, Malaysia Prime Minister wanted to see me. I refused to go. Before that, Indonesia invited me, I don’t go.” I told them, “You all were radicals and one sided. I don’t want to go because I am dissatisfied the way you talk about Buddhism. You all are too much radical.” Then only they apologized that as they were Islamic nations and the voters were Muslims they made a mistake to write like that. He talked in Yenan Chaung.

NEWS report in Myanmar here>>>

ဗုဒ္ဓဘာသာအပေါ် ပြောဆိုရေးသားမှုများ အစွန်းရောက်၍ မလေးရှားနှင့် အင်ဒိုနီးရှား ဖိတ်ကြားချက် အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ငြင်းဆန်ခဲ့

ရန်ကုန်၊ ဇူလိုင် ၃၁

 ဗုဒ္ဓဘာသာနှင့် ပတ်သက်၍ ပြောဆိုရေးသားမှုများမှာ တစ်ဖက်သတ် အစွန်းရောက်နေခြင်းအတွက် ထိုကဲ့သို့ ပြောဆိုရေးသားခဲ့ကြသော မလေးရှားနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့၏ ယခုနှစ် ဧပြီလ၀န်းကျင်က ဖိတ်ကြားချက် များကို ပြည်ထောင်စုလွှတ်တော် နာယက၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ငြင်းဆန်ခဲ့ကြောင်း နေပြည်တော် အမျိုးသားလွှတ်တော်ရုံးမှ သိရှိရသည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်အနေဖြင့် ရေနံချောင်းမြို့သို့ ဇူလိုင် ၁၉ ရက်နေ့က ရောက်ရှိစဉ် ပြည်ခိုင်ဖြိုးပါတီ တာဝန်ရှိသူများနှင့် လွှတ်တော်ကိုယ်စားလှယ်များအား နိုင်ငံရေးအခြေအနေနှင့် ပါတီ စည်းရုံးရေးဆိုင်ရာများ မှာကြားရာ၌ ထိုကဲ့သို့ ထည့်သွင်းပြောကြား ခဲ့ခြင်းဖြစ်ပြီး မိတ္ထီလာကဲ့သို့ နိုင်ငံတော်အတွင်း ပဋိပက္ခများသည် ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာ ခေါင်းစဉ်တပ် ခံခဲ့ရကြောင်း၊ အမှန်တကယ် ရာဇ၀တ်မှုများသာဖြစ်ပြီး ဥပဒေနှင့် မဖြေရှင်းဘဲ  ကလဲ့စားချေသည့် စိတ်နှင့်ရှင်းကြရာမှ ခေါင်းစဉ်တပ်၊ သွေးထိုးလှုံ့ဆော်ခြင်း ခံခဲ့ကြရကြောင်း၊ အိမ်တစ်လုံး တစ်သိန်းပေးမည်ဆိုပြီး မီးရှို့ခိုင်းခဲ့ကြ ကြောင်း၊ လားရှိုးနှင့် မလေးရှားတို့တွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်း ဖြစ်စဉ်များအရ အချိတ်အဆက်နှင့် ဖျက်ဆီးလိုသူများ၏ လက်တံ မည်မျှရှိမည်ဖြစ်ကြောင်း  စသည်ဖြင့် မကြာမီလပိုင်းက ဖြစ်ပွားခဲ့သော ပဋိပက္ခဖြစ်စဉ်များနှင့် စပ်လျဉ်း၍ နောက်ကွယ်မှ အန္တရာယ်များကို သတိပေး ဆက်စပ် ပြောကြားခဲ့သည်။

အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ““ဒီနေ့ နိုင်ငံတော်အတွင်းမှာ ပဋိပက္ခတွေဖြစ်တယ်။ ဖြစ်တဲ့အခါကျတော့ ဗုဒ္ဓဘာသာနဲ့ အစ္စလာမ်ဘာသာဆိုပြီးတော့ ဒီလိုခေါင်းစဉ်တပ်ခြင်းခံရတယ်။ တကယ်ကတော့ ရာဇ၀တ်ပြစ်မှုတွေပါပဲ။ ရာဇ၀တ်ပြစ်မှုတွေက စတဲ့ကိစ္စ။ ရာဇ၀တ်ပြစ်မှုကို ဥပဒေအရ မရှင်းဘဲနဲ့ ကလဲ့စားချေတဲ့စိတ်နဲ့ ရှင်းကြလို့ ပြဿနာဖြစ်တဲ့ကိစ္စ။ ဒါကိုခေါင်းစဉ်တပ်ပြီး သွေးထိုးလှုံ့ဆော်တဲ့ အခါကျတော့ ဘာဖြစ်ပေါ်သလဲ။ မိတ္ထီလာကို သွားကြည့်ပါ။ မြို့ပျက်ကြီးတစ်ခုလို ဖြစ်သွားပြီ။

သာသနာပြုတယ် သာသနာပြုတယ်ဆိုတဲ့ ပုဂ္ဂိုလ်တွေ ဒီနေ့ ခင်ဗျားတို့နဲ့ သိပ်မဝေးပါဘူး။ တောင်တွင်းကြီးမှာ ရှင်ဥက္ကဋ္ဌဆိုတာ ပေါ်ခဲ့ဖူးတယ်။ လူသေလူဖြစ် ရေးတာနဲ့ အဓမ္မ၀ါဒီ သတ်မှတ်ခြင်း ခံရတာပေါ့။ ကျွန်တော် ငယ်ငယ်က သိပ်သဘောကျတာ ရှင်ဥက္ကဋ္ဌရဲ့စာတွေကို။ ကျောင်းကွင်း အရေးတော်ပုံတို့၊ ဘာတို့ဆိုရင် ခရစ်ယာန်ရွာတစ်ရွာလုံးနဲ့ စကားရည်လုတာပေါ့ဗျာ ပြိုင်ပြီးတော့ ပြောတာပေါ့ဗျာ။ သူနိုင်တဲ့အတွက် ဟိုက ရွာလုံးကျွတ် ဗုဒ္ဓဘာသာ ပြောင်းရတယ်။ ဒီလိုသာသနာပြုရမှာပေါ့ မဟုတ်ဘူးလား။ ဟုတ်ရဲ့လား ကျွန်တော်ပြောတာ။ ဒီလိုပြုရမှာပေါ့။ ကျန်တဲ့နည်းနဲ့ အဖျက်နည်းလမ်းနဲ့ လုမယ်ဆိုရင် မိမိရပ်ရွာ နာပါလိမ့်မယ်။ ကောလာဟလတွေကို ချေဖျက်နိုင်ဖို့လိုပါတယ်။

““ညဘက်အရက်မူးပြီးတော့ မော်တော်ဆိုင်ကယ်နဲ့ ဘယ်ကုလားတွေက ဘယ်လိုပါဆိုပြီးအော် မယုံနဲ့၊ မယုံနဲ့ ကိုယ်က ချက်ချင်း လိုက်ဖို့မလိုဘူးလား။ ဒါ သက်သက်မဲ့ တို့ရွာတို့မြို့ကို ပျက်စီးအောင်လုပ်တာ။ မယုံကြနဲ့ဟေ့ ချက်ချင်းထွက်ပြီးတော့ ကြားတာနဲ့ အိမ်ထဲကထွက် အော်ပြီးတော့ တားမြစ်လိုက်နိုင်ရမယ်။ ရှို့ကွ၊ ချကွဆိုပြီးတော့ ပါသွားလို့မရဘူး။ အိမ်တစ်လုံး မီးရှို့ရင် တစ်သိန်းပေးမယ် မင်းသွားရှို့စမ်းဆိုလို့  ဟိုမှာ ဖြစ်ပြီးပြီ။ ရှို့လည်းရှို့ပြီးရော ထောင်သာကျသွားတယ် အဲဒီတစ်သိန်းပေးမယ့်လူလည်း မရှိဘူး။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှာကို မရှုစိမ့်တဲ့လူတွေ။ ဖျက်လိုဖျက်ဆီး စိတ်ဓာတ်နဲ့ လုပ်နေတယ်။ လားရှိုးမှာဖြစ်တယ်၊ မလေးရှားမှာဖြစ်တယ် တစ်ချိန်တည်း တစ်ပြိုင်တည်း။ အချိတ်အဆက်တွေ ဘယ်လောက်များ လက်တံရှည် သလဲ။ ပြီးခဲ့တဲ့ဧပြီလက ကျွန်တော့်ကိုမလေးရှား ၀န်ကြီးချုပ်က တွေ့ချင်တယ်။ ကျွန်တော်မသွားဘူး။ အဲဒီမတိုင်ခင် အင်ဒိုနီးရှားက ဖိတ်တယ် ငါမသွားဘူး။ မလာဘူးကွာလို့။ ဘာလို့လဲဆိုတော့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး မင်းတို့ပြောတာတွေ သိပ်မကျေနပ်ဘူးလို့။ မင်းတို့က နည်းနည်း အစွန်းရောက်တယ်ကွာ။ တောင်းပန်တယ်သူတို့ သူတို့မှားပါတယ်။ ကျွန်တော်တို့ နိုင်ငံက အစ္စလာမ်ဘာသာဝင်တွေရဲ့ နိုင်ငံဖြစ်ပြီးတော့ ကျွန်တော်တို့ မဲဆန္ဒရှင်တွေဟာ အစ္စလာမ်တွေ ဖြစ်တဲ့အတွက် ကျွန်တော်တို့ အင်တာနက်မှာ ဒီလိုရေးမိတာပါ ဆိုပြီးတော့ တောင်းပန်တယ်””ဟု ရေနံချောင်းတွင် ထည့်သွင်း ပြောကြားခဲ့သည်။

၂၀၁၃ ဇွန်လအတွင်း မလေးရှားနိုင်ငံတွင် အလုပ်လုပ်နေသော မြန်မာလူမျိုးများ တိုက်ခိုက်ခံရကာ ဒုက္ခရောက်၍ အမိနိုင်ငံသို့ပြန်လာရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနနှင့် လူမှုဝန်ထမ်းဝန်ကြီးဌာန ဒုတိယ၀န်ကြီးများသွားရောက် ညှိနှိုင်း၍ ပြည်တွင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ အကူအညီဖြင့်  ကူညီ ဆောင်ရွက်ပေးခဲ့ကြရသည်။

Tags: , , , , , , ,

One Response to “Myanmar Parliament Chairman claimed that Malaysia and Indonesia leaders apologized him for their allegation against Buddhism and Anti-Muslim activities”

  1. drkokogyi Says:

    I have no time..just translate the salient points roughly above.
    Do they dare to write those in English and publish?
    Who apologize?
    What position in the governments of these 2 countries?
    May be Ambassadors only. Even if Ambassadors talk rubbish like that they could be called back to home country.

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: