Rohingyas urgently need UN Peace Keepers

Rohingyas urgently need UN Peace Keepers as Rakhine and Bama Buddhists not only raped and killed the Rohingya refugees with live modern ammunition but also reporting with the twist and lies using very crude, rude and uncivilized language.
Read the report here

အုန်းတောဒုက္ခသည်စခန်း နောက်ဆုံးရသတင်း

-(RSV)

စစ်တွေမြို့နယ် ၊ အုန်းတောကြီးဒုက္ခသည်စခန်းတွင် ဧရိယာဝင်းမှ အရာရှိရုံးထိုင်အဆောင်၊ကင်းစောင့်ရုံ၊ အခြားအဆောင်နှစ်ခု စုစုပေါင်း (၄)ဆောင် မီးလောင်းသွားကြောင်း သိရှိရပြီး အစိုးရမှ သေနပ်ဖောက် လူစုခွဲမှုကြောင်း ဘင်္ဂလီကုလား (၂)ကောင် ပြင်းထန်းစွာ ဒဏ်ရာရှိပြီး အရေးပေါ်ကျန်မာရေးစောင့်ရှောက်မှုများ ပြုလုပ်ထားရကြောင်းသိရှိရပါသည်။
အခင်းဖြစ်စဉ်မှာ အုန်းတောကြီးကျေးရွာ အနီးရှိ ချောင်းမှ ဘင်္ဂလီ အမျိုးသမီး အလောင်း တစ်လောင်း တွေ့ရှိခဲ့ရာ သက်ဆိုင်ရာ နယ်မြေခံရဲစခန်းသို့ ယူဆောင်ကာ စစ်ဆေးမှု များ ပြုလုပ်ရန်ယူဆောင်ခဲ့ကြောင်း၊ အဆိုပါအလောင်းအား ဘင်္ဂလီများ က မိမိတို့ထံ ပေးရန်တောင်းဆိုရာ မရရှိသဖြင့် ချောင်းဝ ရဲစခန်းအား မီးရှို့ဖျက်ဆီးလိုက်ကြောင်း သိရသည်။ ယနေ့ ညနေထိ အခြေအနေမှာ တင်းမာလျှက်ရှိသည်။ အုန်းတောကြီးဒုက္ခသည်စခန်းသို့ သွားသောလမ်းအားလည်း လုံခြုံရေးများမှ ပိတ်ထားပြီး အခြေအနေကို ထိန်းသိမ်းနေသည်ဟု ကျန်မာရေးဝန်ထမ်းတစ်ဦးမှ RSV အား ပြောပြသွားပါသည်။

3 Responses to “Rohingyas urgently need UN Peace Keepers”

  1. drkokogyi Says:

    M-Media News

    မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အာရှဆိုင်ရာအကြီးအကဲ မစ္စတာရောဘတ်ဆင်က ရိုဟင်ဂျာများ ၄င်းတို့နေထိုင်သည့်နေအိမ်များကို ကိုယ့်ဖာသာ မီးရှို့ကြခြင်းကိစ္စနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်အား foolish
    (သူရူးသူနှမ်း) ဟု သမုတ်ခဲ့ဖူးသည်။
    *************************************************************

    ယနေ့ စစ်တွေတွင် ရိုဟင်ဂျာနှင့် ရဲများ ပဋိပက္ခဖြစ်၊ ရဲများ ပစ်ခတ်မှုကြောင့် အနည်းဆုံး ရိုဟင်ဂျာ ငါးဦးသေဆုံး
    ============================
    သြဂုတ်လ-၉၊ ၂၀၁၃
    သတင်းအချက်အလက် – မြန်မာတိုင်းမ်စ်၊ ဧရာဝတီ၊ RB News နှင့် M-Media သတင်းဌာန

    သတင်းအချက်အလက်များအရ ရခိုင်ပြည်နယ် စစ်တွေတွင် ရိုဟင်ဂျာများနှင့် ရဲလုံထိန်းများအကြား အခြေအနေတင်းမားနေကြောင်း သိရသည်။ ရဲလုံထိန်းတို့က ငါးဖမ်းသမား တစ်ယောက်ကို ပြင်းပြင်းထန်ထန် ရိုက်နှက်ရာမှ စတင်ပြီး နောက်ဆက်တွဲ အခင်းများ ဆက်တိုက်ဖြစ်ပွားခဲ့ကာ အနည်းဆုံး လူငါးဦးသေဆုံးခဲ့ကြောင်း သိရသည်။

    အုန်းတောကြီးကျေးရွာမှ ငါးဖမ်းသမားနှစ်ဦးကို ရဲများက ရိုက်နှက်ခဲ့ရာ တစ်ဦးမှာ ၄င်းတို့၏ နံပါတ်တုတ် လက်ချက်ဖြင့် သေဆုံးခဲ့ပြီး ကျန်တစ်ဦးမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့သည်။ အုန်းတောကြီးရွာတွင် ရိုဟင်ဂျာဒုက္ခသည်စခန်းတည်ရှိပြီး အခင်းဖြစ်ပွားချိန်၌ စခန်းတွင် မွတ်စလင်တို့၏ ၀ါကျွတ်အီးဒ်ပွဲတော် ဆင်နွှဲနေချိန်ဖြစ်သည်။

    ငါးဖမ်းသမားများအား တိုက်ခိုက်ခံရမှုသတင်း ဒုက္ခသည်စခန်းသို့ ပျံ့နှံ့လာသဖြင့် စခန်းမှ ဒေါသထွက်နေသော လူအချို့စုဝေးပြီး နံနက် ၁၁ နာရီကျော်တွင် ရဲစခန်းကို သွားရောက် မီးရှို့ခဲ့ကြဟု အချို့သတင်းများတွင် ဖော်ပြထားသည်။ ရဲများက ပြန်လည် ပစ်ခတ်သဖြင့် အနည်းဆုံး လူလေးဦး သေဆုံးခဲ့သည်။

    ရိုဟင်ဂျာ သတင်းများကို ဦးစားပေးဖော်ပြသည့် RB News ၏ ဖော်ပြချက်တွင် ပစ်ခတ်ရသည့် အကြောင်းကို အကွက်ဆင် ပြသရန် အတွက် လုံထိန်းစခန်းကို လုံထိန်းများ ကိုယ်တိုင် မီးရှို့ခဲ့ကြောင်း ဒေသခံ တစ်ဦးမှ ပြောကြားကြောင်းနှင့် အဆိုပါ လုံထိန်း စခန်းသည် ယခင်က နစက စခန်း ဖြစ်ကြောင်း သိရပါသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက ရိုဟင်ဂျာကိုယ်စားပြု ပြောခွင့်ရပုဂ္ဂိုလ် ကိုအောင်ဝင်းအား ဆက်သွယ်မေးမြန်းထားသည်။ ကိုအောင်ဝင်းက အခင်းဖြစ်ပွားပုံကို မြင်တွေ့ခဲ့ကြောင်း၊ ရဲစခန်းနှင့် အိမ်အများအပြားကို ဒုက္ခသည်စခန်းနေ အချို့သော လူများ သွားရောက်မီးရှို့ခဲ့ကြောင်း၊ လုံထိန်းရဲများက အီးဒ်ပွဲတော်ကျင်းပနေသော ဒုက္ခသည်စခန်းနေ ရိုဟင်ဂျာများကို ရည်ရွယ်ချက်ရှိရှိ ရန်စစော်ကားခြင်းမျိုး ဖြစ်နိုင် မဖြစ်နိုင်ကိုမူ သူ့အနေဖြင့် မသိရှိပါကြောင်း ပြောပြသည်။

    ရဲလုံထိန်းများက အီးဒ်ပွဲတော်ကျင်းပနေသည့် ရိုဟင်ဂျာများကို တမင်ရည်ရွယ်၍ ရန်စခြင်းမျိုးဖြစ်နိုင်ကြောင်း ကောလဟလများနှင့် မုဒိန်းမှုပါဝင်သည့် ထိုထက်ဆိုးသော ကောလဟလများလည်း ပျံ့နှံ့နေသည်။

    ကိုအောင်ဝင်းက သူ့အနေဖြင့် အသေအပျောက်စာရင်းကို မခန့်မှန်းနိုင်ကြောင်း၊ သူ့အတွေ့အကြုံအရ ပြီးခဲ့သည့်နှစ်ဇွန်လနောက်ပိုင်း အကြမ်းဖက်မှုများအပြီး အဆိုးဆုံး အဓိကရုဏ်းဖြစ်ကြောင်း ဆိုသည်။ ထို့ပြင်သူက – “ရဲတွေက လူသေ အလောင်းတွေကို ဖျောက်ဖျက်ပြစ်နေတယ်၊ ဒါတွေတင်မက ဒဏ်ရာရတဲ့သူအားလုံးကိုလည်း ဆေးရုံမပို့ခဲ့ဘူး၊ အဲဒါတွေကို ကျနော်စိုးရိမ်တယ်။ ရဲတွေက လူ ၁၅ ယောက်၊ အယောက် ၂၀ လောက်ကို ထရပ်ကားတစ်စီးပေါ် ဖမ်းခေါ်သွားတယ်၊ သူတို့ကို အကြောင်းပြချက်မခိုင်လုံဘဲ ဆက်ပြီးဖမ်းထားမှာကိုလည်း ကျနော် စိုးရိမ်ပါတယ်။” ဟု မြန်မာတိုင်းမ်စ်သို့ ပြောပြသည်။

    အုန်းတောကြီးကျေးရွာနေ အမျိုးသမီးများက မိမိတို့အား ပစ်မှတ်ထားတိုက်ခိုက်မှုများ ရှိလာမည်ကို စိုးရိမ်ကြသဖြင့် ရွာကိုစွန့်ပြီး ထွက်ပြေးရန် ကြိုးစားခဲ့ကြောင်း ကိုအောင်ဝင်းက ပြောပြသည်။

    “ညနေ ၂ နာရီလောက်ရောက်တော့ အမျိုးသမီးတွေ ရွာကိုစွန့်ပြီးထွက်ပြေးဖို့ ကြိုးစားကြတယ်။ လုံထိန်းရဲတွေ ရောက်လာပြီး သူတို့ကို ရိုက်တော့တာပဲ” ဟု ကိုအောင်ဝင်းက ဆိုသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာန၏ မြေပြင်သတင်းထောက်မှ တိုက်ရိုက်သတင်းပေးပို့ချက်အရမူ အခင်းဖြစ်ပွားသည့်နေရာတွင် လုံခြုံရေးအခြေအနေ သိသိသာသာတိုးမြှင့်ထားကြောင်း သိရသည်။

    မြန်မာတိုင်းမ်စ်သတင်းဌာနက အင်ဂျီအိုကားမောင်းသမားတစ်ဦးအား ဆက်သွယ်မေးမြန်းထားပါသည်။ ထိုကားမောင်းသမားမှာ ရိုဟင်ဂျာဒုက္ခသည်စခန်းများသို့ နေ့စဉ်ဝင်ထွက်နေသူလည်းဖြစ်ကြောင်းသိရသည်။ သူ၏ပြောပြချက်အချက် ကြာသပတေးနေ့ညဘက်အထိ ဒုက္ခသည်စခန်းတွင် ငြိမ်ငြိမ်သက်သက်ပင်ရှိနေကြောင်း၊ အီးဒ်ပွဲတော်လည်း စတင်တော့မည်ဖြစ်၍ ထိုသို့ ငြိမ်သက်နေခြင်းဖြစ်ကြောင်း သိရသည်။

    “(ဒုက္ခသည်စခန်းက) လူတိုင်းကြည့်ရတာ ပျော်နေပုံပဲ၊ လုံလုံခြုံခြုံလည်းရှိနေတာကိုး။ မနေ့က ကျနော်ဒုက္ခသည်စခန်းကိုမသွားခင် စခန်းက ကျနော့်အဆက်အသွယ်တွေကို လှမ်းပြီး အခြေအနေမေးကြည့်ပါတယ်။ သူတို့က အားလုံးအကောင်း ပကတိပဲလို့ ပြောပြတယ်။ ဒီနေ့မနက် ဒီသတင်းကြားတော့ ကျနော်တော်တော်အံ့အားသင့်သွားတယ်။” ဟု ပြောပြသည်။

    မြန်မာတိုင်းမ်စ်၏ တင်ပြချက်အရ အခြေအနေမှာ အရှင်းငြိမ်သက်မသွားဘဲ ရိုဟင်ဂျာများက တက်ကြွလှုပ်ရှားသူ ဦးကျော်လှအောင်အားဖမ်းဆီးထား၍ ၄င်းအားပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ကြောင်း၊ ထိုကြောင့် ရဲနှင့်စစ်တပ်တို့ကပါ လူအုပ်ထဲသို့ တိုက်ရိုက်ပစ်ခတ်ခဲ့ကြောင်း သိရသည်။

    ဗောဒူဖကဲ့သို့သော အခြားဒုက္ခသည်စခန်းများတွင်လည်း ရဲအဖမ်းအဆီးများ ရှိခဲ့သည်။

    ဧရာဝတီသတင်းဌာနကမူ ယနေ့ မနက်ဖြစ်ပွားသော လုံထိန်းများနှင့် မွတ်စလင်များအကြား ပဋိပက္ခဖြစ်စဉ်ကြောင့် မွတ်စလင် ၄ ဦးသေဆုံး၍ ၄ ဦးဒဏ်ရာ ရရှိသည်ဟု သတင်း ထွက်ပေါ်ခဲ့သော်လည်း ယင်းသတင်းမှာ မဟုတ်မှန်ဟု ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်က ၄င်းတို့သတင်းဌာနသို့ ပြောကြောင်း တင်ပြထားသည်။

    “လူသေတာမရှိပါဘူး။ ဒဏ်ရာရတာပဲ ရှိပါတယ်။ ဒဏ်ရာရတာ ၃ ယောက်လောက်ရှိတယ်။ နောက်ပိုင်းမှာ သတင်း ထုတ်ပြန်ပေးပါ့မယ်” ဟု ဦးဝင်းမြိုင်က ဧရာဝတီသို့ ပြောပြခဲ့သည်။

    မကြာသေးမီက လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) ၏ အာရှဆိုင်ရာအကြီးအကဲ မစ္စတာရောဘတ်ဆင်က ရိုဟင်ဂျာများ ၄င်းတို့နေထိုင်သည့်နေအိမ်များကို ကိုယ့်ဖာသာ မီးရှို့ကြခြင်းကိစ္စနှင့် စပ်လျဉ်းပြီး ရခိုင်ပြည်နယ်အစိုးရ ပြောခွင့်ရဦးဝင်းမြိုင်အား foolish (သူရူးသူနှမ်း) ဟု သမုတ်ခဲ့ဖူးသည်။

  2. drkokogyi Says:

    After putting the TRUTH Statement as cover picture, I am reported by the Racist Myanmar Military affiliated cyber-troopers. FB authorities act automatically without knowing that I AM JUST WRITING THE TRUTH.

    Never mind I would not delete this cover pic for some time even if FB block or punish me.

    Just look, on our Eid day, Myanmar Uniformed troops shoot and killed nearly half a dozen Rohingyas with a flimsy lame excuse.

    Myanmar Military could DISOBEY the Myanmar President’s cease fire order and continue to kill Christian Kachines.

    But when Rakhine and Burmese Buddhist massacre Rohingyas and Myanmar Muslims in Meikhtila the police and army had given the lame excuse of waiting the order to shoot for few days and let the massacre to continue.

    I copy and paste my friend’s catchy TRUTHFUL status and used as cover picture.

    If I were to punish because of this…let it be, I will accept the punishment with a BIG SMILE.

  3. drkokogyi Says:

    Mynn Soe Shwebo
    Kay Te Zat O
    ကိုရဲထွဋ်ရေ သတင်းတွေ မှားနေတယ်

    ကိုရဲထွဋ်ရေ သတင်းတွေ မှားနေတယ်ဗျ။ ကျနော်လဲ သတင်းသမားတစ်ဦးပါဗျ။ ဖြစ်နေတဲ့အချိန် လုံထိန်းတွေ သူတို့တဲတွေကို မီးရှို့နေတာကို skype ကနေ မြင်ထားရတယ်နော်။ လုံထိန်းရဲ့သတင်းပေးမှားယွင်းမှုလို့ စကားတော့ မလှည့်နဲ့အုံးနော်။ ပြောရေးဆိုခွင့်ရှိသူကိုယ်တိုင်က တစ်ဖက်ရပ်ပြီး သတင်းမှားတွေ ပေးနေတာ မသင့်တော်ဘူးဗျ။ လုံထိန်းသတင်းကို ၀ါဒလာဖြန့်နေတာတော့ မဟုတ်ပါဘူးနော်။
    Ye Htut
    ဒီနေ့မနက် ၈ နာရီခန့်က စစ်တွေမြို့နယ်၊ မှန်စီကျေးရွာ မှန်စီချောင်းဝ မှာ အလောင်းတစ်လောင်း တွေ့ရှိခဲ့ပါတယ်။ အဲဒီအလောင်းကို ရဲတပ်ဖွဲ့က ဆယ်ယူပြီး မှုခင်းဆိုင်ရာ စစ်ဆေးမှုများပြုလုပ်နေစဉ် ပတ်ဝန်းကျင်ရှိ ဘင်္ဂလီလူမျိုးများ စုဝေးရောက်ရှိလာခဲ့ပါတယ်။

    လူအုပ်စုက ငါးရာလောက်ဖြစ်လာတဲ့အတွက် ရဲတပ်ဖွဲ့က လူစုခွဲရန်ပြောကြားခဲ့ပါတယ်။ အဲဒီအချိန်မှာလူအုပ်စု တပ်ဖွဲ့ဝင်များကို အန္တာရာယ်ပြုလာတဲ့အတွက် ရာဘာကျည်ဆန်နဲ့ ပစ်ခတ် လူစု ခွဲခဲ့ပါတယ်။ အဲဒီဖြစ်စဉ်မှာ သုံးဦးဒဏ်ရာရရှိ (မစိုးရိမ်ရ) ခဲ့ပါတယ်။

    အဲဒီနေရာက ဆုတ်ခွာသွားတဲ့ လူအုပ်စုဟာ အုန်းတောကြီးရဲကင်းကို မီးရှို့ခဲ့တဲ့အတွက် ယာယီ လူနေတဲ လေးလုံးမီးလောင်ပျက်စီးခဲ့ပါတယ်။ မီးရှို့သူ ၈ ဦးကို ဖမ်းဆီးရမိခဲ့ပါတယ်။

    သြဂုတ်လ ၄ ရက်နေ့ မနက်မှာ ဘုမေကျေးရွာအုပ်စုနားက ပင်လယ်ဝမှာ ငါးဖမ်းလှေ တစ်စီး နစ်မြုတ်ခဲ့ပြီး ဘင်္ဂလီလူမျိုးတစ်ဦးပျောက်ဆုံးနေခဲ့ပါတယ်။ တွေ့ရှိတဲ့အလောင်းဟာ အဲဒီသူ ဟုတ်မဟုတ်အတည်ပြုနိုင်ဖို့ စိစစ်ဆောင်ရွက်နေပါတယ်။

    အခင်းဖြစ်ပွားခဲ့တဲ့နေရာမှာ ပြည်နယ်အစိုးရ၊ ပြည်နယ်ရဲတပ်ဖွဲ့ တို့က တာဝန်ရှိသူများနဲ့ အတူ UNHCR က တာဝန်ရှိသူများလည်း ရောက်ရှိနေပြီး အခြေအနေကို ထိန်းသိမ်းဆောင်ရွက်နေ ကြောင်းသိရပါတယ်။

    ကနဦးရရှိတဲ့သတင်းများဖြစ်ပါတယ်။ သတင်းများထပ်မံရရှိပါက ဆက်လက်အသိပေးဖော်ပြ ပေးပါ့မယ်။
    Mynn Soe Shwebo အ ခြေ အ နေ အမှန် ကို မ သိ ရ ပင် မဲ့ ဘာ ပဲဖြစ် ဖြစ် ပါ ဒီလို ကိစ္စတွေ မှာ တရား ဥ ပ ဒေ စိုး မိုး မူ အား နည်း လိုဖြစ်တာပါ။ဒါကြောင့် အစိုးရ မှာ တာဝန် အ ပြည် အဝ ရှိ တယ်။မြန် မာ နိုင် ငံ ရဲ့ နိုင် ရေးပြောင်း လဲ မူimage တွေ အား ကောင်း နေ ရင် ဘာသာရေး အဓိကရုဏ်း တွေ ဖြစ် တက် တာတော့ သံသယ ဝင် စရာ ပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: