နိုင်ငံတော်အတွက် လူရည်ချွန်ဟောင်းများ ပြန်လည်စုစည်း

နိုင်ငံတော်အတွက် အကျိုးရှိသော လုပ်ငန်းများကို စုပေါင်းလုပ်ဆောင်နိုင်ရန် လူရည်ချွန်ဟောင်းများ ပြန်လည်စုစည်း

နိုင်ငံတော်အတွက် အကျိုးရှိသော လုပ်ငန်းများကို စုပေါင်းလုပ်ဆောင် နိုင်ရန်အတွက် လူရည်ချွန်ဟောင်းများ အကြိုတွေ့ဆုံ ညှိနှိုင်းပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ဗဟန်းမြို့နယ်ရှိ M3 စားသောက်ဆိုင်တွင် သြဂုတ် ၄ ရက် နံနက် ၉ နာရီက စတင်ကျင်းပခဲ့သည်။

ယင်းတွေ့ဆုံ ညှိနှိုင်းပွဲတွင် ခြောက်ထပ်ကွမ်း လူရည်ချွန်ဟောင်း ဒေါက်တာသန်းဇော်မြင့်က အဖွင့်စကား ပြောကြားပေးခဲ့ပြီး ရှေးလုပ်ငန်းစဉ်များကို တက်ရောက်လာသူ လူရည်ချွန်ဟောင်း ၄၀ ကျော်ခန့်က ဆွေးနွေးတိုင်ပင် ခဲ့ကြသည်။ ဆွေးနွေးတိုင်ပင်မှု များအရ လူရည်ချွန်ဟောင်းများ စုစည်းလျက် LYC Club အမည်ဖြင့် လူမှုရေး အဖွဲ့တစ်ဖွဲ့ကို ဥပဒေနှင့်အညီ မှတ်ပုံတင်ကာ ၁၉၆၄ ခုနှစ်တွင် စတင်ခဲ့သော လူရည်ချွန် စီမံကိန်း နှစ် ၅၀ မြောက် ရွှေရတု အထိမ်းအမှတ်ပွဲကို ၂၀၁၄ ခုနှစ်တွင် ကျင်းပနိုင်ရေးနှင့် ပညာရေးဆိုင်ရာ အကျိုးပြုလေ့လာ သုံးသပ်ချက်များ၊ အကြံပြုချက်များ၊ စကားဝိုင်း ဆွေးနွေးပွဲများ၊ စာတမ်းဖတ်ကြားပွဲများ၊ နှီးနှောဖလှယ်ပွဲများ စသည်ဖြင့် စုပေါင်းဆောင်ရွက်ရေး တို့ကို လုပ်ဆောင်ရန် သဘောတူ ခဲ့ကြသည်။

သို့ဖြစ်ပါ၍ ၁၉၆၄ ခုနှစ်မှ ၁၉၈၈ ခုနှစ် အထိ လူရည်ချွန်ဆု ချီးမြှင့်ခံရသူများ အနေဖြင့် Luyechun.database@gmail.com သို့မဟုတ် ဖော်ပြပါ တာဝန်ခံများနှင့် ဆက်သွယ်ကြပါရန် နှိုးဆော်ခဲ့ကြသည်။ ဆက်သွယ်ရန် တာဝန်ခံများမှာ ဒေါ်ဥမ္မာသိန်း (၀၉-၇၃၀၁၃၃၇၅)၊ ဒေါ်သူဇာရှိန် (၀၉-၅၁၀၂၉၈၃)၊ ဒေါ်မြတ်မွန်(၀၉-၅၁၃၄၄၃၉)၊ ဒေါက်တာတင့်တင့်ကြည် (၀၉-၃၁၅၈၈၃၃၂)၊ ဒေါက်တာခင်မောင်ထွေး (၀၉-၇၃၀ ၆၇၈၈၅)၊ ဒေါက်တာကျော်ငြိမ်းအေး (၀၉-၇၃ ၁၄၉၁၈)နှင့် ဒေါက်တာအောင်ဇော်မျိုး (၀၉- ၅၁၇၄၈၈၆)တို့ ဖြစ်ကြောင်း သိရသည်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: