ပုဂံခေတ် အစ္စလာမ်ဘာသာဝင်တို့၏ သစ္စာစောင့်သိမှု

Byat Wi Byatta

ပုဂံခေတ် အစ္စလာမ်ဘာသာဝင်တို့၏ သစ္စာစောင့်သိမှု

ရွှေနိုင်ငံသစ်သတင်းစာပါ ပုဂံခေတ်တည်းက အစ္စလာမ်ဘာသာဝင်တွေဟာ တိုင်းပြည်အပေါ် သစ္စာမရှိပုံသက်ရောက်အောင် ရေးသားထားတာနဲ့ ပတ်သက်ပြီး ပြန်လည်ရေးသားလိုပါတယ်။ ဆောင်းပါးမှာ ဗျက်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင် တို့ဟာ အစ္စလာမ်ဘာသာဝင်များဖြစ်ပြီး ဗုဒ္ဓဘာသာကို မလေးစားသူများ အဖြစ် ပုံဖော်ထားပြီး၊ ငရန်မန်ကန်းကိုတော့ မွတ်စလင်သူပုန်တစ်ယောက် အဖြစ် ပုံဖော်ထားပါတယ်။ ဒီနေရာမှာ ကျွန်တော် ဖတ်ဖူးသမျှ မြန်မာရာဇ၀င်စာအုပ်တွေထဲမှာ ဗျက်ဝိ၊ ဗျတ္တ၊ ရွှေဖျဉ်းညီနောင် တို့ကို အစ္စလာမ်ဘာသာဝင်များဖြစ်ကြောင်းရေးထားတာကို တွေ့ရပေမဲ့ ငရမန်းကန်း အစ္စလာမ်ဘာသာဝင်ဖြစ်ကြောင်းရေးထားတာကို မမြင်ဘူးပါ။ ဆောင်းပါးရေးသူ ဦးမြင့်ဝေက ငရမန်ကန်းအစ္စလာမ် ဖြစ်ကြောင်းကို Moshe Yegar ရေးတဲ့ Muslims of Burma စာအုပ်ကို ကိုးကားထားတာကို တွေ့ရပါတယ်။ ဆောင်းပါးနဲ့ တိုက်ရိုက်မသက်ဆိုင်ပေမဲ့ ဦးမြင့်ဝေကို မေးလိုတာက သူ့အနေနဲ့ ဒီစာအုပ်ကို ကိုးကားတယ်ဆိုရင် စာအုပ်ထဲမှာ ရိုဟင်ဂျာလူမျိုးရှိတယ်ဆိုပြီး ရေးထားတာကိုကော ဘယ်လိုမှတ်ချက်ပေးမလဲဆိုတာကို သိလိုပါတယ်။ ကျွန်တော်ကတော့ ရေးသားရာမှာ မြန်မာရာဇ၀င်များကိုသာ ကိုးကားမှာ ဖြစ်သည့်အတွက် ငရမန်ကန်းကို ချန်ထားခဲ့ပါမယ်။

ဗျတ္တ၊ ရွှေဖျဉ်းညီနောင်တို့ကို ဆောင်းပါးရှင်က ပုံဖော်ရာမှာ ဗုဒ္ဓဘာသာကို မလေးစားသူများသဖွယ် ပုံဖော်ထားပါတယ်။ တကယ်တော့ ဗျတ္တနဲ့ ရွှေဖျဉ်းညီနောင်တို့ဟာ မြန်မာနိုင်ငံ ဗုဒ္ဓဘာသာသမိုင်းမှာ အရေးပါတဲ့နေရာကနေ ပါဝင်ခဲ့သူများ ဖြစ်ပါတယ်။ ပထမဆုံး ဗျတ္တနဲ့ ပတ်သက်ပြီး စရေးပါမယ်။  ဗျတ္တနဲ့ ဗျက်ဝိဟာ သဘောင်္ပျက်ပြီး သထုံပြည်ကိုရောက်လာတယ်။ နောက်ပိုင်းမှာ သထုံဘုရင်က ဗျက်ဝိကို ကွပ်မျက်ခဲ့ပြီး ဗျတ္တက ပုဂံပြည်ကို ထွက်ပြေးလာတယ်ဆိုတာ အားလုံးသိပြီးသားပါ။ ဗျတ္တဟာ ပုဂံကိုရောက်ပြီးနောက် အနော်ရထာမင်းတရားဆီမှာ အမှုထမ်းခဲ့ပါတယ်။

အနော်ရထာလက်ထက် မြန်မာတို့ရဲ့ ပုဂံပြည်မှာ ရှင်အရဟံနဲ့ အတူ စစ်မှန်တဲ့ ဗုဒ္ဓဘာသာရောက်ရှိလာပြီး အရည်းသာသနာကွယ်ပျောက်လာခဲ့ပါတယ်။ ရှင်အရဟံနဲ့ အတူ ဗုဒ္ဓဘာသာရောက်ရှိလာသော်လည်း ပိဋကတ်သုံးပုံနှင့်တကွ ဓာတ်တော်မွေတော်များပုဂံနေပြည်တော်တွင် မရှိသေးပါ။ ထို့ကြောင့် ပိဋကတ်သုံးပုံနှင့် ဓာတ်တော်မွေတော်များရရှိရေးအတွက် မွန်တို့ ဌာနေ သုဝဏ္ဏဘုမ္မိ သထုံသို့ အနော်ရထာမင်းတရားကြီး စစ်ချီထွက်ရသည်။

ထိုစဉ်က ကွယ်လွန်သူ ဗျက်ဝိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို သထုံနေပြည်တော်မြို့ရိုးလေးဘက်မှာ မြှုပ်နှံထားပြီး သထုံပြည်အား မနူဟာဘုရင်၏ အမိန့်ဖြင့် စောင့်ကြပ်ခိုင်းထားသည် မည်သည့်ရန်သူမှ သထုံပြည်အား မသိမ်းနိုင်ဟု စိတ်ဓာတ်စစ်ဆင်ရေးလုပ်ထားသည်။ ပုဂံတပ်များသထုံပြည်ကို တိုက်ခိုက်နေကြသော်လည်း အောင်မြင်မှုမရကြ။ နောက်ဆုံးတွင် အနော်ရထာဘုရင်က သထုံတို့၏ စိတ်ဓာတ်ကို ရိုက်ချိုးရန် ရည်ရွယ်ပြီး ဗျတ္တအား ဗျက်ဝိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများအား သွားရောက်တူးဖော်ခိုင်းသည်။ ဗျတ္တသည် အသက်စွန့်၍သထုံမြို့ရိုးနှင့် ခံစစ်ကြောင်းများကို ကျော်ဖြတ်ကာ ဗျက်ဝိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို တူးယူသည်။ အပြန်တွင် သထုံစစ်သည်များနှင့် တိုက်ပွဲဖြစ်ကာ ဒဏ်ရာရခဲ့သော်လည်း မြို့ရိုးကို ပြန်လည်ကျော်ဖြတ်ကာ အနော်ရထာဘုရင်လက်ထဲ ဗျက်ဝိ၏ ခန္ဓာကိုယ်အစိတ်အပိုင်းများကို ပေးအပ်ပြီး ကျဆုံးခဲ့ရသည်။

ဗျတ္တ သထုံခံစစ်ကြောင်းအဆင့်ဆင့်ကို ကျော်ဖြတ်ပြီး ခန္ဓာကိုယ်အစိတ်အပိုင်းများကို တူးယူသွားသည့် သတင်းကို ကြားရသောအခါ သထုံသားတို့ စိတ်ဓာတ်ကျဆင်းသွားခဲ့ရသည်။ ပုဂံတပ်များလည်း ထိုအခါမှ သထုံကို သိမ်းပိုက်နိုင်ပြီး ပိဋ္ဋကတ်သုံးပုံကို သယ်ဆောင်လာနိုင်ခဲ့ကြသည်။ တချို့သမိုင်းစာအုပ်များတွင်မူ ဗျက်ဝိ၏သွေးစက်များကို မြို့ရိုးအနှံ့ ပက်ဖြန်းထားရာ ကြက်မတ၀ပ်စာနေရာပဲ ကျန်ခဲ့ကြောင်း ထိုနေရာကို သိသော ဗျတ္တက လမ်းပြသောကြောင့် ပုဂံတပ်များ သထုံကို သိမ်းနိုင်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင် ဗျတ္တကျဆုံးကြောင်းရေးထားသည်။ မည်သည့်သမိုင်းမှန်ကန်သည်ဖြစ်စေ သထုံတိုက်ပွဲတွင် ဗျတ္တကျဆုံးခဲ့ရသည်မှာတော့ သေချာလှပေသည်။ ထို့ကြောင့် ဗျတ္တသည် ဗုဒ္ဓဘာသာကို မလေးစားသူမဟုတ်။ မြန်မာတို့၏ ပုဂံနေပြည်တော်တွင် ဗုဒ္ဓသာသနာ ပြန့်ပွားရေးအတွက် အသက်ကိုပင် စွန့်လွှတ်ခဲ့သည် ဘာသာလူမျိုး မခွဲခြားသူ တစ်ယောက် ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။ နောက်တစ်နေ့တွင် ရွှေဖျဉ်းညီနောင် အကြောင်းရေးပါဦးမည်။

| နိုင်ငံတော် အာဏာကို ခြိမ်းခြောက်ခဲ့တဲ့ ငရမန်ကန်း |အနော်ရထာမင်းကွယ်လွန်ပြီး သားတော် စောလူးမင်း နန်းတက်လာပါတယ်။ စောလူးမင်းဟာ သူရဲ့ မိတ်ဆွေဟောင်းဖြစ်တဲ့ ငရမန်ကန်းကိုပဲ ပဲခူးနယ်ကို အုပ်ချုပ်စေခဲ့ပါတယ်။ ငရမန်ကန်းဟာ တကယ် တော့ Yaman Khan ဆိုတဲ့ မွတ်စလင်တစ်ယောက်ဖြစ်ပါတယ်။ ပဲခူးနယ်ကို အခြေပြုပြီး စောလူးမင်းကိုသတ်၊ ပုဂံထီးနန်းအာဏာကိုပါ ခြိမ်းခြောက်ခဲ့ပုံကို တင်ပြပါ့မယ်။
ပထမဦးစွာ မြန်မာနိုင်ငံကို မွတ်စလင်တို့စတင်ရောက်ရှိလာပုံကို တင်ပြပါမယ်။၆၃၂ ခုနှစ်မှာ မွတ်စလင်သူတော်စင် တမန်တော်မိုဟာမက်ကွယ်လွန်ခဲ့ပါတယ်။ ကြီးမားလှတဲ့သူရဲ့ တာဝန်ကို ထမ်းဆောင်ဖို့ ခေါင်းဆောင်သစ်ရွေးချယ်ရာမှ ရှီးယိုက်နဲ့ စွန္နီ(Shiite & Sunni) မွတ်စလင် ဂိုဏ်းဟူ၍ နှစ်ဂိုဏ်းကွဲသွားခဲ့ပါတယ်။ အချင်းများခဲ့ပါတယ်။ အရေးနိမ့်တဲ့ ရှီးယိုက်မွတ်စလင်တွေဟာ ဒေသတွင်း မလုံခြုံတာကြောင့် ကမ္ဘာအနှံ့ထွက်ပြေးခဲ့ပါတယ်။ အရှေ့ဘက်ဆိုရင် ကိုရီးယားနိုင်ငံအထိပင် ရောက်ရှိခဲ့တယ်လို့ ဆိုပါတယ်။မြန်မာပြည်မှာတော့ ယခုသထုံမြို့အနီးသို့ သင်္ဘောပျက်ပြီး ရောက်လာခဲ့ပါတယ်။ မြန်မာဘုန်းကြီးကျောင်းက စေတနာရှေ့ထားပြီး ကယ်တင်မွေးစားထားခဲ့ပါတယ်။ ပါလာတဲ့ လူ ငယ်နှစ်ယောက်ကို ဗျတ်ဝိ၊ ဗျတ္တရယ်လို့ အမည်တွင်ခဲ့ပါတယ်။ အဲဒီမှာဗျတ်ဆိုတာ မြန်မာတွေက လင် ပန်းလို့သာ ထင်ခဲ့ပါတယ်။ တကယ်တော့ မွတ်စလင်တွေရဲ့ မျိုးရိုးအမည် Byat ဖြစ်ပါတယ်။ အာရပ် စော်ဘွားများနိုင်ငံမှာ အတတ်ပညာဆိုင်ရာ ဝန်ကြီးလုပ်ခဲ့တဲ့အမတ် ဘင်ဗျတ် (Aumad Bin Byat) နဲ့ ဗျတ်ဝိ၊ ဗျတ္တတို့ ဆွေမျိုးစပ်ရင် တော်ပါတယ်။

ဗျတ်ဝိနဲ့ဗျတ္တဟာ ဇော်ဂျီ ဖိုလ်ဝင်သားစားပြီး အားကြီးတယ်လို့ဆိုပါတယ်။ တကယ်တော့ ဆိတ်၊ ကြက်၊ အမဲစတာတွေကိုလည်လှီးပြီး လတ်လတ်ဆတ်ဆတ်ကင်ပြီးစားတာလို့ မှတ်ယူနိုင်ပါတယ်။
ကြာလာတော့ ဗုဒ္ဓဘာသာကိုလည်း မကြည်ညို၊ ဆရာတော်ကိုလည်း မရိုသေဖြစ်လာပါတယ်။ ရာဇ ဝင်ထဲမှာ ကျောက်ဖျာကြီးပင့်ပြီး ဘုန်းကြီးကျောင်းရှေ့မှာထားတယ်ဆိုတာလည်း ဘုန်းကြီးကျောင်းကို ဖျက်ဆီးတဲ့သဘောပါ။

သထုံဆရာတော်လည်း ပြောမရဆိုမရ မခံရပ်နိုင်တော့တဲ့အဆုံးမှာတော့ သထုံဘုရင်ထံအကြောင်း ကြားခဲ့ပါတယ်။ သထုံဘုရင်က ဗျတ်ဝိနဲ့ ဗျတ္တကိုသုတ်သင်ခဲ့ပါတယ်။ ဗျတ်ဝိကိုတော့ အသေမိခဲ့ပါတယ်။ ဗျတ္တကတော့ ပုဂံပြည်ကို ထွက်ပြေးခဲ့ပါတယ်။ ပုဂံနားက ပုပ္ပားမှာ မယ်ဝဏ္ဏနဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ ဝဏ္ဏဆိုတာအကြီးအကဲလို့ အဓိပ္ပာယ်ရတာကြောင့် ရွာသူကြီးလိုအကြီး အကဲသမီးနဲ့ အိမ်ထောင်ကျခဲ့တယ်လို့ ယူဆနိုင်ပါတယ်။
အဲဒီမှာ ရွှေဖျဉ်းညီနောင်ကိုမွေးပါတယ်။ ဖျဉ်းဆိုတာ အိုးကိုခေါ်ပါတယ်။ ရွှေဖျဉ်းဆိုတာ ရွှေအိုးလို့ အဓိပ္ပာယ်ရှိပါတယ်။ ဒါကြောင့် ရွှေအိုးဆိုတာကတော့ စည်းစိမ်ဥစ္စာ ပေါများခြင်း၊ ဆုလာဘ် ပေါများခြင်းလို့ အဓိပ္ပာယ်ရပါတယ်။ ရွှေဖျဉ်းညီနောင်ဆိုတာ သူဌေးညီနောင် (သို့မဟုတ်) ရှင်ဘုရင်က ပေးသောဆုများရရှိထားတဲ့ ညီနောင်လို့အဓိပ္ပာယ်ရပါတယ်။

မွတ်စလင်ဖခင်က ဆင်းသက်လာတဲ့ ညီအစ်ကိုတွေဟာ ဘုရင့်ထံမှာအမှုထမ်းပါတယ်။ မြန်မာကို ထိပါးလာတဲ့ တရုတ် ဥတည်ဘွားကို တိုက်ခိုက်ပေးခဲ့ပါတယ်။ ဥတည်ဘွားရဲ့လည်ပင်းမှာ ထုံးသုံးရစ်တားခဲ့ပါတယ်။ တကယ်တော့ ဥတည်ဘွားရဲ့ရန်မှ ကာကွယ်ပေးခဲ့တဲ့ သဘောပါ။
ရှေးယခင်က ဘုရင်ဟာ သူ့ကို လူတွေ ဘယ်လောက်ထောက်ခံသလဲ၊ ကြည်ညိုသလဲ၊ ဒီရွာမှာ အကြံဥာဏ်ရှိသူတွေ ဘယ်လောက်များသလဲသိချင်ရင် အဲဒီဒေသမှာ ဘုရားတည်ခိုင်းတတ်ပါတယ်။ ဘုရင် အတွက်တည်ထားတဲ့ ဘုရားပေါ်မူတည်ပြီး ဒီရွာရဲ့ ဘုရင့်အပေါ်ထောက်ခံမှုကို ဆုံးဖြတ်ကြပါတယ်။

ဗုဒ္ဓဘာသာဝင်မြန်မာလူထုကတော့ ဘုရားကို ကောင်းစွာတည်ကြပါတယ်။ မွတ်စလင်ဘာသာဝင် ဖြစ် တဲ့ ရွှေဖျဉ်းညီနောင်ကတော့ မိမိတို့ ဗုဒ္ဓဘာသာဝင်မဟုတ်ကြောင်း ထင်ရှားပြလိုတာကြောင့် ဘုရင့်အမိန့်အရ တည်ထားတဲ့ ဘုရားက အုတ်နှစ်ချပ်ကိုတမင်ချန်ထားခဲ့ပါတယ်။ အက စားလွန်နေတယ်ဆိုတာ ပုံပြင်ပါ။
ဘုရင်ရဲ့အမြင်မှာတော့ ဒီလူ ငါ့အလှူတော်ကို ဖျက်ဆီးတယ်လို့မြင်ပြီး သတ်ပစ်ခဲ့ပါတယ်။ ဒါပေမဲ့ ကျေးရွာက မိတ်ဆွေတွေကတော့ မြင့်မြတ်သူ (နတ်)အဖြစ် ယနေ့တိုင်ကိုးကွယ်နေကြပါတယ်။ ဒါကြောင့် ရွှေဖျဉ်းညီနောင်ဖြစ်တဲ့ မင်းကြီး၊ မင်းကလေးဟာ ဝက်သားမစားကြတာပါ။ အခုတင်ပြခဲ့တဲ့အကြောင်းတွေကို မှန်နန်းရာဇဝင် (၁၈၃၇) စတဲ့ စာအုပ်တွေမှာဖော်ပြထားပါတယ်။
တချို့ စာအုပ်တွေကျတော့ အမှန်ကို ဂမ္ဘီရတွေနဲ့ ဖုံးအုပ်ပြီး ပုံပြင်လိုလို ဖြစ်နေပါတယ်။ အသေးစိတ် Muslims Of Burma by Mr. Moshe Yegar, Hebrew University ကထုတ်တဲ့စာအုပ်ထဲမှာ ဆက် လက်လေ့လာနိုင်ပါတယ်။

ဆက်လက်ပြီး မွတ်စလင်တို့ နိုင်ငံတော်အာဏာကို ခြိမ်းခြောက်ခဲ့ပုံကို တင်ပြပါမယ်။ အနော်ရထာ မင်းကြီးကွယ်လွန်ပြီး စောလူးမင်း နန်းတက်လာပါတယ်။ စောလူးမင်းဟာ သူ့မိတ်ဆွေဟောင်းဖြစ်တဲ့ ငရ မန်ကန်းကို ပဲခူးနယ်ကို အုပ်ချုပ်စေပါတယ်။ မြန်မာတို့က ငရမန်ကန်းကို မွန် အဆက် အနွယ်လို့ထင်ခဲ့ပါတယ်။ သူ့အမည်အမှန်ဟာ Yaman Khan ဖြစ်ပါတယ်။ Khan အမျိုးအနွယ် မွတ်စလင်ဖြစ်ပါတယ်။

ပဲခူးနယ်ရဲ့ ကောင်းမွန်သော စီးပွားရေးနဲ့ ပြည်ပမှ အကူအညီ လွယ်ကူစွာရောက်လာနိုင်သော ရေ ကြောင်းလမ်းပေါက်ခြင်းနဲ့အနီးမှာ ရှိတဲ့ မြန်မာတို့နဲ့ပြိုင်ဘက်မွန်တွေရဲ့ အကူအညီရယူပြီး ပုဂံထီးနန်းကို လုပ်ကြံပါတယ်။
မြန်မာရာဇဝင်မှာတော့ ကြွေအံရင်း စကားများတယ်စသဖြင့် ရေးသားထားပါတယ်။ တကယ်တော့ ငရမန်ကန်းဟာ ရည်ရွယ်ချက်ရှိရှိ စီမံတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။

မြန်မာဘုရင်စောလူးမင်းဟာ ငရမန်ကန်းလက်ထက်မှာ ကျဆုံးခဲ့ရပါတယ်။ အနော်ရထာရဲ့ သားတော် တစ်ပါးဖြစ်တဲ့ ကျန်စစ်သားလည်း မိတ္ထီလာသို့ဆုတ်ပေးခဲ့ရပါတယ်။ မိတ္ထီလာတွင် ‘ထီးလှိုင်ရှင်’ဟူသော ဘွဲ့ခံယူခဲ့ပါတယ်။ မိတ္ထီလာကို အခိုင်အမာပြုပြီး လူသူစုရုံးခဲ့ပါတယ်။ ကျန် စစ်သားမင်းကြီးဟာ စစ်ရေးအထူး ကျွမ်းကျင်ပါတယ်။

ဖခင်အနော်ရထာမင်း စစ်ချီစဉ်ကလည်း ဖခင်နဲ့အတူ စစ်ချီတက်ဖူးသူဖြစ်ပါတယ်။ စစ်ရေးအတွေ့အကြုံကောင်းသူဖြစ်တာကြောင့် အင်းဝအရပ်မှာဖြစ်သောစစ်ပွဲ၊ မြင်းကပါအရပ် မှာဖြစ်သော စစ်ပွဲနဲ့ ငစဥ့်ကူးအရပ်မှာ ဖြစ်သောစစ်ပွဲကြီးသုံးပွဲ စလုံးမှာ ငရမန်ကန်းကို အနိုင်ယူခဲ့ပါတယ်။
နောက်ဆုံးစစ်ပွဲဖြစ်တဲ့ ငစဥ့်ကူး အရပ်စစ်ပွဲမှာ မွတ်စလင်တော်လှန် ရေးခေါင်းဆောင် ငရမန်ကန်း (ခေါ်) ရာမန်ခန်းကို အသေလက်ရ ဖမ်းဆီးခဲ့ပါတယ်။
ငရမန်ကန်းလက်အောက်မှာကျရောက်စဉ် မင်းမျိုး၊ သူဌေးမျိုး၊ ပုဏ္ဏားမျိုး၊ သူဆင်းရဲဟူသော လူတန်းစားအားလုံး ကျွန်ဖြစ်ခဲ့ရပါတယ်။ ရန်သူတို့နယ်မြေသို့ ယူဆောင်ပြီး ကျွန်ပြုခြင်းကို ခံခဲ့ရပါ တယ်။ မုဆိုးမဖြစ်သူဖြစ်၊ သား ပျောက်သူပျောက် ဖြစ်ခဲ့ရပါတယ်။ ပိဋကတ်တော်များလည်း ပျက်စီးခဲ့ရ တယ်လို့ ဆိုပါတယ်။ ထီးလှိုင်ရှင်၊ ကျန်စစ်သား မင်းကြီးက ပြည်သူသို့ ကြွေးကြော်သည်မှာ-
”အလုံးစုံသောကာယ-ဝစီ-မ နော-ဒုစရိုက်အညစ်အကြေးကို စင်ကြယ်သောသီလတည်းဟူသော ရေ စင်ဖြင့် ဆေးကြောလတ္တံ …။
ချစ်သူအပေါင်းမှ ကွဲကွာကုန်သောသူတို့၏ မျက်ရည်ကို လက်နဲ့တူသော မေတ္တာစိတ်ဖြင့်သုတ်ပစ် လတ္တံ့။
စိတ်နှလုံးပူဆွေးသူတို့၏ နှပ်ရည်ကိုရေနှင့်တူသော ကရုဏာဖြင့် ဆေးကြောပစ်လတ္တံ့။
လက်ယာလက်ဖြင့် ပြည်သူအပေါင်းတို့အား ထမင်း၊ မုန့်ပေးလတံ္တ၊
လက်ဝဲလက်ဖြင့် ပြည်သူ အပေါင်းအားပစ္စည်းဥစ္စာ၊ အဝတ်ပုဆိုးပေးလတံ္တ။
ဟူသော ရွှေစည်းခုံကျောက်စာကို မြန်မာသက္ကရာဇ် ၄ဝ၂ တွင် ရေးထိုးတော်မူခဲ့သည်။ ကြွေးကြော်သည့်အတိုင်းလည်း ဆောင်ရွက်တော်မူခဲ့သည်။ ထိုကျောက်စာသည် မြန်မာရာဇဝင်၏ မှတ်တိုင်ကြီးဖြစ်ခဲ့ပါတယ်။
ဤသို့ဖြင့် နိုင်ငံတော်အာဏာကို ထိပါးခဲ့သော မွတ်စလင်ခေါင်းဆောင် ငရမန်ကန်းဇာတ်သိမ်းသွား ခဲ့ပါတယ်။

ဒီဇာတ်လမ်းကို လေ့လာကြည့်ရင် မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာအင်အား အမြင့်မားဆုံးနိုင်ငံဖြစ်ပါတယ်။ မြန်မာလူမျိုးဟာ အလွန်အေးချမ်းစွာ နေလိုတဲ့လူမျိုးဖြစ်သော်လည်း မြန်မာတွေ လက်ဝှေ့ထိုးတာကိုကြည့်။ လက်အိတ်မသုံးကြပါဘူး။ လက်ဝှေ့ထိုးတယ်ဆိုမှတော့ လက်အိတ်စွပ် မနေနဲ့တော့ဆိုတဲ့ သဘောပါ။ လက်ဝှေ့သမားနှစ်ဦးယှဉ်မိရင် တစ်ချက်တည်း လဲရင်လဲ၊ ကွဲရင်ကွဲမှ ကြိုက်တယ်။ အပျော့ဆွဲတာမကြိုက်ဘူး။ ဒါဟာ မြန်မာ့သဘောထားပါ။

မြန်မာပြည်မှာ ဘာသာရေးအ ကြမ်းဖက်မှုတွေမဖြစ်ပွားအောင် လုပ်ဆောင်ရမယ်။ မိမိဝန်းကျင်မှာ မသင်္ကာဖွယ်ပစ္စည်းတွေ၊ လုပ်ဆောင်ချက်တွေရှိရင် ချက်ချင်းသက်ဆိုင်ရာကို သတင်းပေးရမယ်။ အခုအိန္ဒိယနဲ့ အင်ဒိုနီးရှားမှာဖြစ်သလို မြန်မာသာသနိက အဆောက်အအုံတွေကို တိုက်ခိုက်ခံရရင် ဒုတိယ ကမ္ဘာစစ်အတွင်းက အမေရိကန်ပိုင် ပုလဲဆိပ်ကမ်းကို ဂျပန်တို့အလစ် ဗုံးကြဲတိုက်ခိုက်တာကြောင့် ဒုတိယကမ္ဘာစစ်ဖြစ်စက အေးအေးဆေးဆေး စစ်ထဲမပါဘဲနေခဲ့တဲ့ အမေရိကန်ကို စစ်ထဲဆွဲသွင်းသလို ဖြစ်သွားပြီး နောက်ဆုံးမှာတော့ ဂျပန်တို့ စစ်ရှုံးရသလို ရှုံးကြလိမ့်မယ်။ ဟဲ့မလုပ်နဲ့လို့ ဆွဲမယ့်သူတောင်ရှိမှာမဟုတ်ဘူး။

မြန်မာပြည်ရဲ့အနေအထား၊ လူ တွေရဲ့သဘောထားဟာ သူများနဲ့ မတူပါဘူးဆိုတာ မြန်မာပြည်ကို လက်တုံ့ပြန်ဖို့ စိတ်ကူးကြံစည်နေသူတွေသတိပြုဖို့တင်ပြအပ်ပါတယ်။

ဘာသာတရားအားလုံးကို လေးစားလျက်-
ဦးမြင့်ဝေ(ကြို့ပင်ကောက်)

————————————————-
သြဂုတ် ၁၃ ရက်နေ့ထုတ် ရွှေနိုင်ငံသစ်သတင်းစာ၏ ဆောင်းပါးရှင် ဦးမြင့်ဝေ (ကြို့ပင်ကောက်)၏ ” နိုင်ငံတော် အာဏာကို ခြိမ်းခြောက်ခဲ့တဲ့ ငရမန်ကန်း” ဆောင်းပါးကို ပြန်လည်ဖော်ပြအပ်ပါသည်။

My article in Wikipedia

Muslims in Burmese history

The first Muslim recorded in Burmese history

The first Muslim documented in Burmese history (recorded in Hmannan Yazawin or Glass Palace Chronicle) was Byat Wi during the reign of Mon, a Thaton King, circa 1050 AD.[2]

Shwe Byin brothers executed

The two sons of Byat Wi’s brother Byat Ta, known as Shwe Byin brothers, were children executed because they refused to obey the forced labour order of the king, maybe because of their religious belief.[3] It was clearly recorded in the Glass Palace Chronicle of the Kings of Burma that they were no longer trusted.[4]

Assassination of Nga Yaman Kan

Rahman Khan (Nga Yaman Kan) was another Muslim killed for political reasons, because of treason to his own king and also clearly as religious persecution.[citation needed] During a time of war, King Kyansittha sent a hunter as a sniper to assassinate him.[5][6]

Massacre in Arakan

Another event involving killing of Muslims was in Arakan and was likely due to politics and greed and not communal and religious agenda. Shah Shuja was the second son of the Mogul Emperor Shah Jahan who built the famous Taj Mahal of India. Shah Shuja lost to his brother Aurangzeb and fled with his family and soldiers to Arakan. The Arakan pirate king Sandathudama (1652-1687 AD) who was the local pirate of Chittagong and Arakan, allowed him to settle there. He wanted to buy ships to go to Mecca and was willing to pay with silver and gold. But the Arakan king turned greedy for his wealth and forced on his daughter. At last after an alleged unsuccessful attempt at rebellion the sultan and most of his followers were killed. There are sources that indicate that Shah Shuja escaped the massacre.[7][8][9][10][11][12][13]

Muslims under Bayintnaung

Muslims served under Burmese king Bayintnaung (1550-1589 AD).[14] In 1559 AD after conquering Bago (Pegu) he prohibited the Muslims from having halal meals of goats and chickens by not allowing them to kill these animals in the name of God. He also disallowed the Eid ul Adha, Kurbani, sacrifice of cattle.[15]

Muslims under Alaungpaya

King Alaungpaya (1752–1760) prohibited Muslims to do halal on cattle.[16]

Bodawpaya

King Bodawpaya (1782–1819) arrested four famous Burma Muslim Maulvis (Imams) from Myedu and killed them in Ava, the capital, after they refused to eat pork.[17] According to the Myedu Muslim and Burma Muslim version there were seven dark days after that execution and the king later apologized and recognized them as saints.[17][18]

Tags: , , , , , , ,

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: