Yes, some Mons in Myanmar are assimilated with Bamas. But don’t worry, I have a Mon close friend, in very high position. As he is related to one of the feared MI chief during General Ne Win‘s time who was also a Mon they kept that as a secret. But in their family you could be surprised: many doctors, specialists, sub-specialists, professors, rectors, Generals, one Defense Minister (or Chief of Staff, I am not sure, Division level Military Chiefs and even Deputy Ministers…And I heard that most of the Yangon thars that are not migrants from other part of Myanmar are Mons…..Don’t worry of their culture and language…
Even in KL I have few hundred Mon patients…Once I heard the slang…I could sometimes correctly pinpoint their origin. For eg those from “Phar Aught”..I have hundreds of pts from them…B 4 they revealed, I could ask correctly whether they are from “Phar Aught”..Those from Mawlamyine and Karen state are a little bit different. And FYI, about a year ago Mons built a very big pagoda near KL. Htee tin pwe was attended by a lot of Myanmars. Some of my Bama friends came and complaint to me because they knew that many of my Mon patients respect and love me. They asked me to request Mons to be fair to Bamas because there were many Bamas at the Htee Tin Pwe but Mon Monks just preach in Mon language and they could not understand. I replied to my Bama pts that their effort to go to the Htee Ti Pwe and listening to the preaching is not in vain or waste as god will know their effort and it is more imp for them to have a Cetana (Say tanar) and the feeling of good deeds in their heart. Recently the pay, working environment, earning power, purchasing value of money, sociopolitical conditions are better in Malaysia than Thailand, many Mons migrated here. Some Mon men went to Thai, married Mon girls and brought back here. Traffickers just charged RM 1400.00 to bring in those girls. Quite safe as most of the Mon girls have Thai certificates, the traffickers made fake UNHCR cards, paid the check points…NO disturbance along the road even safer than traveling from Mdy to Ygn.
When Yuri Vladimirovich Andropov, KGB Chief, became the supreme Leader of the Soviet Union, the relatives of Mon MI chief nick named “one and a half” were elated and openly told me that their uncle could become next leader to Ne Win. Although 1 & 1/2 was removed…his relatives were already in the high places to gain momentum….So there R a lot of Mons in high places.
U Tin Latt shared a note via Soe Min.
“နိုင်ရေခဲ နဲ့ မိရွှေဖဲ”
မြန်မာပြည်မှာ မွန်လူမျိုးတွေဟာ သိန်းဂဏန်း အနည်းငယ်ပဲကျန်တော့တယ် လို့ ရေးလာပြောလာကြတဲ့အခါ “ဟုတ်မှဟုတ်ပါ့မလား။” နဲ့ ယုံရခက်ခက် ဖြစ်ရပါတယ်။ မျိုးတုန်းပျောက်ကွယ်ရန် အန္တရာယ်ရှိသော သတ္တ၀ါမျိုးစိတ်များကို အရေးပေါ်အခြေအနေ ကြေငြာပြီး ကာကွယ်သလိုမျိုးများ ကာကွယ်နေရဦးမှာလားလို့တောင် အောင့်မေ့မိသေးတယ်။ တကယ်တော့ မွန်လူမျိုးတွေဆိုတာ သမိုင်းစဉ်တလျှောက်လုံး ဗမာတွေနဲ့ ထီးပြိုင်နန်းပြိုင် စံစိုးတန်ခိုးထွားခဲ့တဲ့ အောက်သူအောက်သားတွေ မဟုတ်လား။ ကိုယ့်သက်တမ်းကလေးရောက်တော့မှ မော်လမြိုင်၊ သထုံ၊ ကျိုက်ထိုတ၀ိုက်ကို ကွက်ကွက်ကလေးရောက်သွားပေမယ့် ရှေးရှေးတုန်းက မွန်တို့ဌာနီ ရာမညဆိုတာ လေးမွန်တိမွန်စဆိုပြီး ပဲခူး၊ ဒလ၊ မုတ္တမ၊ တွံတေးကို ဗဟိုပြုခဲ့တယ်။ ဟိုမှာဘက်က သုဝဏ္ဏဘုမ္မိဆိုတဲ့ ရွှေမြေသထုံပြည်ကလည်း မွန်ဘုရင်တွေပဲ စိုးစံခဲ့တာပဲ။ (မနူဟာမင်းကြီးကို ပြောတာနော်) အောက်မြန်မာပြည်က တန်ခိုးကြီး ဘုရားပုထိုးတွေရဲ့ ဘွဲ့တော်တွေဟာ မွန်ဘာသာနဲ့ “ကျိုက်” လို့ အစချီထားတာကို ကြည့်ရင် ဗုဒ္ဒသာသနာတော်ကြီး နေလိုလလို ထွန်းကားအောင် ချီးမြှောက်ခဲ့တယ်ဆိုတာလည်း ငြင်းစရာ မရှိပါဘူး။ သမိုင်းတင်ကတည်းက မြန်မာဘုရင်တွေနဲ့ အရှည်ကြာဆုံးတိုက်ပွဲဖြစ်တဲ့ နှစ်လေးဆယ်စစ်ပွဲဆိုတာ မွန်ဘုရင်တွေနဲ့ တိုက်ရတဲ့ပွဲပါ။ ဒါနဲ့တောင် သည်ကနေ့ခေတ်ရောက်မှ မွန်လူမျိုးတွေ မျိုးတုန်းတော့မယ် ဆိုတာကို ရာဇ၀င်ရိုင်းရချေရဲ့။ မွန်ကလေးတွေ မွန်မကလေးတွေက ဘယ်ကိုရောက်ကုန်လို့ ရှာမှရှား ဖြစ်ကုန်ရပါလိမ့်။ ဘယ်သွားနေလဲ မောင်ရေခဲတို့။ ဘယ်သွားနေလဲ မရွှေဖဲတို့။
ကိုယ်တိုင်စစ်တမ်းကောက် လိုက်ရေတွက်နိုင်တဲ့ ကိစ္စမဟုတ်လို့ သူများတကာ လေ့လာတွေ့ရှိချက်တွေကို သံသယထားရတာ ဘယ်တရားပါ့မလဲလေ။ ဒါပေမယ့် ဟုတ်လောက်မှန်လောက်တဲ့ အကြောင်းရင်းခံတွေကို ဆင်ခြင်မိတဲ့အခါမှာ သူတို့လိုပဲ ဘုရားတမိတာပေါ့။ မြေအကျယ်အ၀န်းအားဖြင့် အောက်ပြေအကြေတကြောကို အုပ်စိုးခဲ့ရာက အခုမွန်ပြည်နယ်နေရာ ကွက်ကွက်ကလေးကို ပိုင်းပေးလိုက်တော့ နဂိုက မွန်ဇာတ်ရှိခဲ့သူတွေလည်း ဗမာဇာတ်သွင်းစရာမလိုပဲ အချိန်တွေကြာ မျိုးဆက်သစ်တွေ ပေါက်ဖွားလာတာနဲ့အမျှ သူတို့ကိုယ်သူတို့တောင် ဗမာလို့ပဲ ဆက်ခံသတ်မှတ်လိုက်ကြတော့မှာပေါ့။ နတ်ကိုးကွယ်တဲ့ ရိုးရာရှိသူတချို့တလေသာ အမေနံကရိုင်းရဲ့ အဆက်အနွယ်အဖြစ် တလိုင်းမယ်တော်ကြီးရဲ့ သားတော် သမီးတော် မြေးတော်များ အဖြစ် ကျန်ရစ်ကြတယ်။ ဒါပေမယ့် မွန်စကားတော့ မပြောသလောက်ပဲ။
ဘာသာ စာပေ နဲ့ ယဉ်ကျေးမှုကို သပ်သပ်ခတ်ခတ် ထိန်းသိမ်းမထားနိုင်ရင် လူမျိုးဆိုတာ အချိန်နဲ့အမျှ တိုက်စားခံရပြီး ပျောက်ကွယ်သွားတတ်ပါကလား လို့ အခုမှပဲ သေသေချာချာ တွေးမိပါတော့တယ်။ အောက်မြန်မာပြည်က မွန်တွေဟာ ကျိုက်မရော၊ မုဒုံ၊ သထုံ၊ ကျိုက်ထိုကလူတွေလို “ကောက်ပွေမွန်” လို့ မွန်ဘာသာနဲ့ မပြောတတ်ကြတော့ပဲ နဂိုက မွန်သံဝဲနေရင်တောင် ဗမာတွေလို အသံထွက်ပီအောင် လိုက်တုပြောနေကြတော့ သူများတွေက မွန်တွေရယ်လို့ မသိတော့ဘူး။ သူတို့ကိုယ်သူတို့လည်း မွန်တွေမှန်း မမှတ်မိကြတော့ဘူး။ ဒါကြောင့် မွန်လူမျိုး အရေအတွက် နည်းသွားတယ်ဆိုတာဟာ ဟိုးအနောက်နိုင်ငံတွေမှာလို လူမျိုးတုန်းသတ်ဖြတ် ညှင်းပန်းခံရလို့ မဟုတ်ပဲ မြန်မာတွေအဖြစ်ကို ကူးပြောင်းဆက်ခံသွားလို့ လျော့ကုန်တာသာ ဖြစ်ပါလိမ့်မယ်။
ဒုတိယအချက်အနေနဲ့ မွန်လူမျိုးတွေ အထူးသဖြင့် လူငယ်လူရွယ်တွေ နည်းပါးသွားရတဲ့ အကြောင်းကတော့ မိမိတို့နေရင်းဇာတိမှာ စီးပွားရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ အဆင်မပြေတော့လို့ ရေကြည်ရာ မြက်နုရာမှာ စားဝတ်နေရေး၊ ဘ၀ရှေ့ရေး ရုန်းကန်ရင်ဆိုင်ကြရင်း အရပ်တပါးမှာ ရွှေ့ပြောင်းလုပ်သားတွေ ဖြစ်ကုန်တာပါ။ ခုချိန်ဆိုရင် မွန်ရွာတွေမှာ လုပ်နိုင်ကိုင်နိုင် ငယ်ငယ်ရွယ်ရွယ်တွေ ဘယ်သူမှ မကျန်တော့ဘူး။ မြို့တက်ရုန်းကန်ကြ၊ တဘက်နိုင်ငံမှာ အသက်မွေးဝမ်းကျောင်းကြနဲ့ဆိုတော့ “စာအုရေ ရွာအရောက်ပြန်ခဲ့ပါ” လို့တောင် မမှာနိုင်ကြတော့ဘူး။ “အမေမလာရင်လည်းနေ ငွေသာပို့လိုက်ပါတော့” လို့ ဖုန်းဆက် တောင်းကြရတယ်။ ဟိုကငွေလာမှ ရွာမှာ ထမင်းနပ်မှန်မယ့်ဘ၀ဆိုတော့ သွားသူရော ကျန်သူပါ “ပြန်လာပါတော့” စကားကို ဘယ်သူမှ မစကြတော့ဘူး။ ပြန်လာရင်လည်း အိမ်ရှိတဲ့တစ်ယောက်ယောက် ထပ်ထွက်ဖို့သာ ပြင်ထားတော့။ ရောဂါရမှပြန်လာသူကို ဆေးကုဖို့ ရွာမှာ ဘယ်လိုမှ ရှာမရနိုင်ဘူး။ အဆင်ပြေ အခြေကျနေသူများမှာတော့ နောက်လူတွေ လိုက်သွားစရာ အိမ်ခံအဖြစ် ဆက်နေရပြန်တယ်။ ဒါကြောင့် မွန်ရွာတွေမှာ မွန်လူငယ်ကလေးတွေ ပျောက်ပျောက်သွားတယ်ဆိုတာ ဘီလူးကြီးတွေ ၀င်ဝင်စားလို့ မဟုတ်ဘူး။ ဟိုဘက်နိုင်ငံရောက်ကုန်တာ။ ဒီလိုဘ၀ပေးအခြေအနေမို့လို့ မွန်လူမျိုးတွေအတွက် မွန်ဘာသာစာပေ လေ့လာနေလို့ အကျိုးမရှိဘူး။ ယပက်လက်လို သွက်သွက်လက်လက် ပြောနိုင်ဆိုနိုင်မှ ထမင်းစားလက်မှတ်ရလိမ့်မယ် လို့ နားလည်ကုန်ကြတယ်။ ခုဆိုရင် မွန်သံဝဲတဲဝဲတဲနဲ့ မပီကလာပီကလာ ပြောပြောနေတဲ့သူဆိုလို့ ဇာတ်ထဲက လူပြက်ကြီးတွေပဲ ရှိတော့တယ်။ “ကျမကို ကလိုက်လို့ အောက်နှိုက်လာ၊ ကျမက မကလိုက်တော့ ကလိန်နဲ့ထိုး၊ အဖေကနိုးတော့ တုတ်နဲ့လိုက်၊ သူထွက်ပြေးတော့ ခွေးလိုက်ကိုက်။” ဆိုတာမျိုး ပြက်လုံးထုတ်ပြလို့ လူတွေကနားလည်ပြီး ၀ိုင်းရယ်ကြရင် တော်တော် ကံကောင်းတယ် မှတ်ရမှာ။
နောက်တစ်ချက်ကတော့ လူကြီးသူမများအနေနဲ့ မျိုးဆက်သစ်လူငယ်တွေကို ကိုယ့်လူမျိုး၊ ကိုယ့်ယဉ်ကျေးမှုမပျောက်အောင် မြတ်မြတ်နိုးနိုး ထိန်းသိမ်းချင်စိတ်ကလေး လက်ဆင့်ကမ်း ပျိုးထောင်ပေးဖို့ လိုတယ် လို့ အသိရှိသင့်တာပါ။ ဒါကတော့ မွန်ဘာသာ စာပေနဲ့ ယဉ်ကျေးမှု အဖွဲ့က တစိုက်မတ်မတ် အားထုတ်ဆောင်ရွက်နေကြရှာပါတယ်။ ခက်တာက အဲဒီအဖွဲ့အစည်းမျိုးကို အားပေးထောက်ပံ့အပ်ကြောင်း မွန်လူမျိုးတွေထဲမှာတောင် သိနားလည်တဲ့သူ အင်မတန်ရှားတယ်။ ပညာတတ်တွေရှိပေမယ့်လည်း တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ကို ပညာတတ်တွေ နေရာမရတဲ့ကာလမို့လို့ သူတို့လည်း ဘွဲ့ဓါတ်ပုံအိမ်ချိတ်ပြီး ဈေးရောင်းကုန်ကူးစားကြတာဆိုတော့ အတွက်အချက်သာ လျှင်ချင်လျှင်မယ်။ အတွေးအခေါ်ကတော့ သံချေးတက်ကုန်တာပေါ့။ အများစုက မိသားစုစားဝတ်နေရေးအတွက် ပညာရေးပန်းတိုင်ဆိုတာ မေ့ပလိုက်ကြရသူတွေချည့်ပဲ။ ပညာမတတ်လို့ လူမျိုးတုန်းတယ် လို့ မဆိုနိုင်ပေမယ့် ပညာမတတ်ရင် ကိုယ့်လူမျိုးကိုယ် ကာကွယ်ရကောင်းမှန်း မသိကြဘူး။ အသိဥာဏ်နုံနဲ့ရင်တော့ အမျိုးသားရေး၊ လူမျိုးရေး၊ ဘာသာရေး အရောင်ဆိုးပြီး သူများကိုယ်ကျိုးအတွက် အသုံးချခံရတတ်တယ်။ (ဒီနေရာမတော့ မွန်တွေတင် မကဘူး။ ဗမာတွေက သာတောင် ပြိန်းသေး)
ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦ (Infrastructures) တွေကို နိုင်ငံတော်က ပံ့ပိုးမပေးနိုင်တဲ့ အားနည်းချက်ကြီးကိုလည်း မသိချင်ယောင်ဆောင်နေလို့ မရပါဘူး။ လမ်းပန်းဆက်သွယ်ရေးမှာ ပြည်နယ်နဲ့ ပြည်မ ဘယ်လောက်ကွာနေသလဲဆိုတာ ထည့်ပြောစရာ လိုသေးသလား။ ဘုန်းကြီးတွေသာ လမ်းဖောက်မပေးခဲ့ရင် ကျိုက်ထီးရိုး၊ သာမည၊ မြိုင်ကြီးငူဆိုတာ အလောင်းတော်ကဿပသွားသလို ဆင်စီးတောင်တက်နေရဦးမှာ။ မီးလာဖို့နေနေသာသာ သောက်သုံးရေ အလုံအလောက် ရအောင်တောင် ကိုယ့်အားကိုယ်ကိုး နှစ်ကျပ်ဖိုးနဲ့ ၀ါးပိုးခြမ်းတွေသွယ်ပြီး ခပ်ရသယ်ရတယ်။ ပြောရင်းပြောရင်းနဲ့ စိတ်ကုန်လာလို့ ပြောတောင် မပြောချင်တော့ဘူး။ ဖမ်းမှာဖြင့်လည်း မြန်မြန်သာလာဖမ်းပါတော့။ ဘယ်တောင်မှာ ဘာထွက်သလဲဆိုရင် သူတို့လောက် သိတာ မရှိဘူး။ အဲဒီက လူတွေ ဘာမရှိဘူး ဘာလိုအပ်တယ်ကြတော့ မသိချင်ယောင်ဆောင်နေတာ ထုံးစံ။ အရေးအကြောင်းရှိလာရင် မွန်တွေကို အကာအကွယ်ပေးမယ့် မွန်နိုင်ငံရေးပါတီတွေဟာ လွှတ်တော်ထဲမှာတောင် မူးလို့ရှူစရာ မနည်းရှာရတာ။ ငြိမ်းချမ်းရေး မယူရသေးတဲ့ လက်နက်ကိုင်အဖွဲ့ကလေးတွေကျတော့ မွစိကိုတက်လို့။ အစိုးရနဲ့ ငြိမ်းချမ်းရေး မယူခင် သူတို့ချင်း ငြိမ်းချမ်းရေးကို အရင်ညှိမရလို့ ခက်နေသတဲ့။ ဒီဘက်ကတော့ ပြောကောင်းတာပေါ့လေ။ နယ်မြေဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ ဒေသတွင်း ငြိမ်းချမ်းရေးကို အရင်တည်ဆောက်ရတယ် လို့ ပြောလာရင် အောင့်သက်သက်နဲ့ ပြန်ချေပစရာ စကားမရှိဘူး။ တကယ်တော့ ငြိမ်းချမ်းရေးဆိုတာလည်း လက်ခုပ်လိုပဲ။ တစ်ဘက်တည်းတီးလို့ မြည်မယ့်ကိစ္စလည်း မဟုတ်ပဲနဲ့။
မွန်လူမျိုးတွေ လျော့ပါးပျောက်ကွယ်လုနီးဖြစ်လာတယ်ဆိုတာ အခုရက်ပိုင်း လူတော်တော်များများက မီးတုတ်တကိုင်ကိုင်နဲ့ ကာကွယ်နေကြတဲ့ လူကိုလူချင်း ၀ါးမျိုခြင်းကိစ္စတစ်ခုတည်းကြောင့်လို့ မထင်စေချင်ပါဘူး။ ၀ံသာနုရက္ခိတလို့ခေါ်တဲ့ ကိုယ့်အမျိုးကိုယ် စောင့်ရှောက်တဲ့ကိစ္စဟာလည်း အိမ်ထောင်သားမွေး၊ မှတ်ပုံတင်သန်းခေါင်စာရင်းပေါ်တင် ကာကွယ်နေလို့ မရသေးဘူး။ ကိုယ့်လူမျိုး ကိုယ့်ယဉ်ကျေးမှုတွေအပေါ်မှာ မြတ်နိုးတဲ့စိတ်ကလေးကိုလည်း ကာကွယ်ရဦးမှာ။ ခါးအောက်ကိုချည့် ကာကွယ်ဖို့ မဲမနေနဲ့။ ဦးနှောက်ကိုလည်း ကာကွယ်ဖို့ စဉ်းစားဦး။ ယဉ်ကျေးမှုလို့ဆိုကတည်းက စဉ်းစားကြည့်ရင် အသစ်တွေထက် အဟောင်းတွေချည့်ပဲ မဟုတ်လား။ လူငယ်ဆိုတာက ကိုယ့်ရှိတဲ့ အဟောင်းတွေထက် သူများဆီက အသစ်တွေကို မက်စက်ခုံမင်ကြတာ သဘာဝ။ မယုံရင် အသက် ၂၀အောက် မွန်လူငယ်ကလေးတွေကို မေးကြည့်။ အိုပါဂန်နန်းစတိုင် ဆိုတတ်တယ်။ ၀က ၀က အေ့အေ့ နဲ့ ကတတ်တယ်။ “မွန်တို့ဌာနီ ရာမည သာစွနေပြည် သာစွနေပြည်” လို့ ဆိုပြရင် အဲဒီသီချင်းကြီး ပိတ်လိုက်ပါတော့ လို့ ပြောကြမှာ မလွဲဘူး။ ကြားဖူးကြမယ်တောင် မထင်။ သူတို့တတွေ ရုန်းကန်ကြီးပြင်းရာ အရပ်ဒေသတွေမှာ မွန်လူမျိုးတို့ရဲ့ အငွေ့အသက်တွေ ပျောက်နေတဲ့အတွက် သူတို့ရဲ့ စိတ်နှလုံးဝိဥာဉ်မှာလည်း မွန်စိတ်မွန်သွေးတွေ အေးကုန်တာ၊ စိမ်းကုန်တာ ဆန်းသလား။
“မွန်တွေ မပျောက်ပါဘူး။ ဗမာတွေ ဖြစ်ကုန်တာပါ။” လို့ ပြောလိုက်ရင် “အော် ဟုတ်လား။ တော်သေးတာပေါ့။ ဒါဆိုရင်လည်း ပြီးရောလေ။” လို့ စိတ်အေးလက်အေး ဖြစ်သွားပြီး မောင်ပိုနေမြဲ ကျားနေမြဲ “တို့နှစ်ယောက် အတူဖူးခဲ့တဲ့ ကျိုက်ထီးရိုးဘုရား ဆံတော်ရှင်” ဆို ဗမာသီချင်းတွေ ပြောင်းဆိုကြတော့မလို့လား။ စဉ်းစားပါဦးလေ။ ရာဇ၀င်မှာ ပျူလူမျိုးတွေပျောက်ကုန်တာလည်း ဗမာတွေ ဖြစ်ကုန်လို့ မဟုတ်ဘူးလား။ အဲသလိုဖြစ်လာရင် ရှေ့ဆက်ရောက်မယ့် ဘူတာတစ်ခုရှိသေးတယ်။ အဲဒါ သြစတြေးလျကို ကြည့်။ ခုနေချိန် လူတွေပါးစပ်ဖျားက အော်ဇီ လို့ ပြောလိုက်ရင် အဖြူကောင်နီစပ်စပ်တွေပြီးရင် သားပိုက်ကောင်တွေကိုပဲ ပြေးမြင်လိမ့်မယ်။ Aborigine လို့ခေါ်တဲ့ ဌာနေဒေသခံတိုင်းရင်းသားတွေဟာ 2nd Class Citizen နေရာတောင် မရတော့ပဲ အနီးပါးနားက ကျွန်းနိုင်ငံတွေဖြစ်တဲ့ ဖီဂျီ၊ နော်ရူး၊ ပါပူဝါနယူးဂီနီနိုင်ငံကလေးတွေမှာ အခြေချကြရတယ်။ ဘယ်ကရောက်လာမှန်းမသိတဲ့ အလေအလွင့် အပေအတေတွေလို ဆက်ဆံခံရတယ်။ သူတို့ကို သြစတြေးလျတိုက်က အိမ်ရှင်တိုင်းရင်းသားတွေ ဖြစ်တဲ့အကြောင်း တကမ္ဘာလုံးက မေ့ကုန်ကြပြီ။ အဲဒါ ဘာမှ ကြာသေးတာ မဟုတ်ဘူး။ နီကိုးကစ်မန်းကြီးရိုက်တဲ့ သြစတြေးလျဇာတ်ကားမှာတောင် သူတို့ကိုတွေ့ခဲ့ရသေးတယ်။ ဂျပန်တွေ ပုလဲဆိပ်ကမ်းကို ဗုံးကျဲတော့ သူတို့ရှိသေးတယ်။ ဒီနေ့ဘယ်ရောက်ကုန်ပလဲ။ လိုက်ရှာကြည့်ပါဦး။ ဒီလိုပါပဲ။ အမေရိကမှာရှိတဲ့ ရက်အင်ဒီးယန်းတွေလည်း ပိုကာဟွန်းတာ အဖြစ်နဲ့ ဒဏ္ဍာရီထဲရောက်သွားတာပဲ မဟုတ်လား။ နောင်ကျရင် ဒီကလူတွေလည်း မွန် လို့ ပြောလိုက်ရင် ရာဇာဓိရာဇ် နဲ့ ရှင်စောပုလောက်မှ မသိတော့ဘူးဆို ဒုက္ခပါပဲ။
ခုနေခါမှာ လူတွေဟာ အကာကိုပဲ အရူးအမူးလိုက်ခြုံချင်ကြတယ်။ အနှစ်ကိုတော့ ဘယ်သူမှ သတိမရကြဘူး။ မှတ်ပုံတင်ထဲမှာ မြန်မာဗုဒ္ဓဘာသာ လို့ အရေးခံရဖို့က ဘာမှ ခက်တာ မဟုတ်မှန်း လူရည်လည်တဲ့ ပြည်တွင်းနေစောဖေတို့က နောကျေနေပြီ။ ဒီအပေါ်မှာ မြန်မာလို တစ်လုံးနှစ်လုံး ပြင်လိုက်ရုံနဲ့ သူ့ဘ၀၊ သူ့ဘာသာ၊ သူ့မျိုးနွယ်တွေကို ပြောင်းလဲလို့ရသလား ပြောစမ်းပါ။ အဓိကက သူ့စိတ်နှလုံး၊ သူ့ဝိဥာဉ်မှာ ကိန်းအောင်းနေတဲ့ ယုံကြည်မှု သဒ္ဓါတရားတွေကို ဘယ်သူက ပြောင်းလို့ရသလဲ။ ဒီလိုပါပဲ။ ကိုယ့်သားသမီး ကိုယ့်မျိုးဆက်တွေ အပေါ်မှာ ကိုယ့်ဘာသာ ကိုယ့်ယဉ်ကျေးမှုကို အလေးထားမြတ်နိုးတတ်အောင် သင်မပေးပဲနဲ့ နင်တို့ကြီးလာရင် လူမျိုးခြားနဲ့ မယူကြနဲ့လို့ ပြောရတာ မိုးကြိုးပစ်ရာ ထန်းလက်နဲ့ကာသလိုသာ ရှိလိမ့်မယ်။ ကိုယ့်လူမျိုး ကိုယ့်ဘိုးဘေးတွေရဲ့ သမိုင်းကြောင်းရာဇ၀င်ကိုမှ ရေရေရာရာ မပြောနိုင်၊ ရွှေတိဂုံဆိုတာ နေပူတော်မှာလည်း ရှိတယ်လေ။ လားရှိုးမှာလည်း သေးသေးလေး တစ်ဆူရှိတယ်။ ရွှေဒဂုံဖျား သွားရင် သားကိုလည်း ခေါ်နော်။ အာမဘန္တေပါ အရှင်ဘုရားဆိုတာ အရှည်ကြီးပဲ။ အာမင် လို့ ဆိုလို့ မရဘူးလား ဟင်။ အစရှိတဲ့ နောင် မျိုးဆက်သစ်လူငယ်ကလေးများကို ဘယ်လိုသွန်သင်ကြရမလဲ။
မွန်လူမျိုးတွေရဲ့ ဇစ်မြစ်ရာဇ၀င်ကို မနုဿဗေဒပညာရှင်တွေကတော့ ပိုသိကြပါလိမ့်မယ်။ မြန်မာရယ်လို့ ဆင်းသက်လာတဲ့ အဓိကလူသားမျိုးနွယ်စုကြီးနှစ်ခုက တိဘက်မြန်မာ နဲ့ မွန်ခမာတဲ့။ သူတို့အဆက်အနွယ်တွေဟာ မြန်မာတင်မကဘူး။ ဟောသည် အင်ဒိုချိုင်းနား ကျွန်းဆွယ်ကြီးတလျှောက် အနှံ့အပြား ကျက်စားနေထိုင်ကြတယ်။ အခုတော့ အဲသည်မွန်လူမျိုးတွေဟာ မျိုးတုန်းပျောက်ကွယ်လုနီးပါးရှိနေပြီ ဆိုတဲ့အဖြစ်ဟာ ပေါ့ပေါ့တန်တန် သဘောထားလို့ မသင့်တော့ဘူး။ အဲဒီတာဝန်က မွန်လူမျိုးတွေ ပုခုံးပေါ်မှာချည့်ပဲ ရှိတဲ့အလုပ် မဟုတ်ဘူး။ ကိုယ်တွေနဲ့လည်း ဆိုင်တယ်။ ဒါပေမယ့် ဒီတိုင်းပြည် နေလာတာ အိုလို့ပဲ သေတော့မယ်။ သိတာပေါ့။ ဘယ်သူကမှ စိတ်ဝင်တစားရှိကြမယ့်အဖြစ် မဟုတ်ဘူး။ အခု ကိုယ်ရေးတဲ့စာ ဆုံးအောင်ဖတ်ပြီးရင်တောင် နောက်နှစ်ရက်လောက်နေတော့ မေ့သွားကြမှာ။ နိုင်ရေခဲလည်း တာ့တာ။ မိရွှေဖဲလည်း တာ့တာပါကွယ်။ မဟာဂီတထဲမှာပါတဲ့ အောက်က မွန်သီချင်းလေး ကြားဖူးရင် မုန့်ကျွေးမယ်။
“တလိုင်းသံ နှိုင်းစံပယ်ခွာ၊ သဘင်မှာ ယဉ်ရာထွင်ကာ၊ တေးလေးလေလေ့ တံတျာ ရေးသီကြရှာ။ တေးလေးလေလေ့ တံတျာ ရေးသီကြရှာ။ ပဲခူး၊ ဒလ၊ မုတ္တမ။ ပဲခူး၊ ဒလ၊ မုတ္တမရယ်နှင့် နာမငယ် သဉာ သဉာ။ အို အောက်ပြည်တပိုင်းမှာတော့ တို့တလိုင်းတို့ရွာ။ ….”
Tags: Bama, Burma, Mawlamyine, Mon, Myanmar, Ne Win, Thailand, Yangon
September 1, 2013 at 1:00 pm |
One small group of the original Aborigines of Malaysia called Orang Asli speak the Mon like language.
In the Sejarah Malaysia (history) Bago thars (Mon/Talines) are recorded as one of the tribes who started the first Malay Empire in Malacca.