Buddhist Terrorism in history “သမိုင်းထဲက အကြမ်းဖက်မှု”

“သမိုင်းထဲက အကြမ်းဖက်မှု”
ဒီနေ့ဇူလိုင်လ(၂၆)ရက်နေ့လွန်ခဲ့တဲ့၁၉၃၈ခုဒီလိုနေ့မှာဦးရွှေဖီရေးသားတဲ့ “မော်လဝီနဲ့ယောဂီ”စာအုပ်ကိုအကြောင်းပြုပြီးကုလား-ဗမာအဓီကရုန်းဖြစ်ခဲ့တာ(ရ၅)နှစ်ပြည့်တဲ့နေ့အမှတ်တရအဖြစ်ဒီပိုစ့်ကိုရေးပါတယ်။

“၁၉၃၈ ခု ကုလား-ဗမာ အဓိကရုဏ်းအတွင်းတောင်တွင်းကြီးမြို.တွင်ဗလီများ၊ဆိုင်များ၊အီမ်များမီးရှို.ဖျက်ဆီးပြီးအဓိကရုဏ်းဖြစ်အောင် လက်လုပ်ဗုံးပြုလုပ်ပေးသော သံဃာ ၂ ပါးအကြောင်း-ရေးသားသူ ရှင်ဥက္ကဌ”
၁၉၃၈ ခု(၁၃၀၀)ပြည့်အရေးတော်ပုံကြီးဖြစ်ပွားချိန်တွင်လွန်ခဲ့သော(၈)နှစ်ကထုတ်ဝေခဲ့သော (မော်လဝီနှင့်ယောဂီ) ဆိုသော စာအုပ်ကိုအကြောင်းပြု၍ကုလား-ဗမာအဓိကရုဏ်းကြီးဖြစ်ပွားခဲ့ပါသည်။တနိုင်ငံလုံးသို့ပျံ.နှံ့သွားသော်လည်းတောင်တွင်းကြီးမြို.ကားငြီမ်သက်နေသဖြင့်နေရှင်နယ်ကျောင်း(တောင်တွင်းကြီးတွင်ရှင်ဥက္ကဌထူထောင်ထားသောကျောင်း)သားများကမကြေနပ်ကြ။အစဉ်အလာရှိသောမြို.၏သိက္ခာကိုထိပါးသည်ဟုယူဆကြလေသည်။ထိုအချိန်ကနိုင်ငံရေးအသိအမြင်များမကျယ်ပြန့်ကြသေးပါ။လွတ်လပ်ရေးအတွက်မျိုးချစ်စိတ်ကိုသာအဓိကထား၍လှုံဆော်နေရချိန်ဖြစ်ပါသည်။ဤအဓိကရုဏ်း၏လက်သည်မှာဗြိတိသျှအစိုးရဖြစ်ကြောင်းသိလည်းမသိ၊မြင်လည်းမမြင်ပါ။ကုလားလည်းကျွန်၊ဗမာလည်းကျွန်ဟုပင်မတွေးမိပါ။မျိုးချစ်မျက်ကန်းသမားပဲဆိုဆို၊မိုက်ရူးရဲပဲခေါ်ခေါ် အင်္ဂလိပ်ရော၊ကုလားရော၊တရုပ်ပါ အားလုံးကိုတတန်းစားတည်းထား၍အခွင့်ကြုံလျှင် သတ်ချင်၊ဖြတ်ချင်စိတ်တစ်ခုတည်းသာရှိနေကြပါသည်။ထိုအထဲတွင်ဘာသာရေးပါ ပါလာသောအခါပို၍မုန်းတီးလာကြပါသည်။ဤစိတ်ဓါတ်ဖြင့်ကုလား-ဗမာအဓိကရုဏ်းတောင်တွင်းကြီးတွင်ပေါ်ပေါက်ရန်အတွက်နေရှင်နယ်ကျောင်းမှကျောင်းသားများနှင့်မြို.တွင်းရှိတို့ဗမာအစည်းအရုံးဝင်လူငယ်တချို.စည်းလားရိုက်ထားကြသည်။
အဓိကရုဏ်းကိုဖန်တီးပုံမှာ ဤသို့တည်း…..


နေရှင်နယ်ကျောင်းခေါ်ဗုဒ္ဓသာသနာပြုကျောင်းတွင်လက်မှုပညာ၌ဝါသနာထုံ၍လက်ရာမြောက်သော ဦးပဉ္ဓင်းတစ်ပါး(ဘွဲ.အမည် ဦးအရိယဝံသ)နှင့်ကိုရင်ကြီးတစ်ပါး(ဘွဲ.အမည်-ရှင်က္ကန္ဒောဘာသ-လူအမည်သခင်မောင်ကြီး-သာမဏေဝတ်ဖြင့်နေရှင်နယ်ကျောင်းတွင်စေတနာဆရာလုပ်နေသူ)တို့ရှိသည်။၎င်းတို့သည်ပေထုတ်ဝိဇ္ဇာ၊လက်ပစ်ဗုံးဝိဇ္ဇာတို့ဖြစ်ကြ၏။ပေထုတ်ကားအသံသာမြည်၍အန္တရယ်မရှိလှပေ။သို့သော်သူတို့၏နို့ဆီခွက်လက်ပစ်ဗုံးများမှာအန္တရယ်ရှိသည်။၎င်းကို အေနှင့်ဘီ ဟူ၍ခွဲထားသည်။အေ-အမျိုးအစားသည်ပေါင်လုံးလောက်ရှိသောသစ်ကိုင်းကိုပြတ်သွားစေနိုင်၍ဘီ-အမျိုးအစားမှာ ခြေသလုံးလောက်သစ်ကိုင်းကိုပြတ်ထွက်သွားစေနိုင်သည်။သူတို့၏လက်ပစ်ဗုံးနှင့်ပေထုတ်ကိုပထမဆုံးစမ်းသည်မှာ အစိုးရဟိုက်စကူးကျာင်းတွင်ခရစ်စမတ်နာတာလူးပွဲတော်ဆင်နွဲနေချိန်တွင်နေရှင်နယ်ကျောင်းသားကြီးတစ်ယောက်ကသစ်ပင်ပေါ်တက်ပြီးနို့ဆီဘူးလက်ပစ်ဗုံးဖြင့်ပစ်ပြီးလျှပ်စစ်မီးကြိုးများကိုဖြတ်ပြစ်သည်။မီးများငြီမ်းသွားသောအခါကျောင်းသားကြီးတစ်ယောက်ကပွဲသဘင်လူထုထဲသို့အင်အားပြင်းထန်သောပေထုတ်ကိုပစ်ပေါက်၍ဖောက်ခွဲလိုက်သည်။အုန်း—ဘုန်းဟူသောအသံကြီးနှစ်သံကြားကိုကြားရပြီးနောက်ရုတ်ရုတ်သဲသဲထွက်ပြေးကြသဖြင့်နာတာလူးပွတ်သဘင်ပွဲပျက်သွားရသည်။နေရှင်နယ်ကျောင်းကလုပ်ကြံတာဟုထင်ကြ၏၊စွတ်စွဲကြ၏၊သို့သော်ခြေရာလက်ရာမကျန်သဖြင့်သည်အတိုင်းနေလိုက်ကြရသည်။(အမှန်မှာ ဆရာတော်အရှင်ဇဝနကသိသဖြင့်ယမ်းထောင်းသည့်သံဆုံနှင့်ယမ်း၊ကန့်၊ပေါ်တက် တို့ကိုကြိုတင်ဖျောက်ဖျက်စေခိုင်းသည့်အပြင်၊ညအိပ်ဘော်ဒါကျောင်းသားများလက်မှတ်ရေးထိုးထားသည့်ကျောင်းခေါ်ကြီမ်ကိုလူကြီးများအားပြလိုက်သဖြင့်အဖမ်ခံရမည့်ဘေးမှလွတ်ကင်းခဲ့ရခြင်းဖြစ်ပါသည်)။
“ကုလား-ဗမာအဓိကရုဏ်း”
အဓိကရုဏ်းဖြစ်မည့်နေ့ နံနက် ၁၁-နာရီခန့်တွင်နေရှင်နယ်ကျောင်းမှကျောင်းသားကြီးနှစ်ယောက်သည်သာမန်အဝတ်အစားများဝတ်ဆင်လျက်(ကျောင်းယူနီဖောင်းမှာဖျင်လုံချည်နှင့်ပင်နီင်္ကျီဖြစ်သည်)လွယ်အိတ်ကိုယ်စီဖြင့်မြို.ထဲသို့ထွက်ခဲ့ကြသည်။အချိန်းအချက်ပြုလုပ်ထားသောတို့ဗမာအစည်းအရုံးဝင်လူငယ်များကိုသတ်မှတ်ထားသည့်နေရာအသီးသီးတွင်ပုံစံအမျိုးမျိုးဖြင့်ရောက်ရှိနေကြသည်ကိုတွေ.ရသည်။ကျောင်းသားကြီးနှစ်ဦးသည်လူအလစ်ကိုသတိထား၍ကြည့်ရှု.ပြီးနောက်တစ်ယောက်က ဘီ-အမျိုးအစားနို့ဆီခွက်လက်ပစ်ဗုံးကိုကုလားဆိုင်တစ်ဆိုင်၏ခေါင်မိုးပေါ်သို့ပစ်တင်လိုက်သည်။တစ်ချိန်တည်းမှာပင်အခြားတစ်ယောက်ကပေထုတ်လက်ပစ်ဗုံးကိုလူအုပ်ထဲသို့ပစ်ဖောက်လိုက်သည်။ထိုနောက်လူအုပ်ထဲရောနှောဝင်လိုက်ပြီးကျောင်းသို့ပြန်လာကြသည်။အုန်း-ဘုန်း ဟူသောအသံကြီးများထွက်ပေါ်လာသည်နှင့်တပြိုင်နက်ဇာတ်တိုက်ထားသည့်တို့ဗမာအစည်းအရုံးဝင်လူငယ်များသည်ကြိုတင်စီစဉ်ထားသည့်အတိုင်း(ကုလား-ဗမာရိုက်ကုန်ကြပြီ)ဟူ၍၎င်း၊(ကုလားတွေကဗုံးနဲ့ပစ်လို့ဟူ၍) ၎င်းအော်ဟစ်၍မြို.ထဲရှိလမ်းအသီးသီးသို့ထွက်ပြေးကြပြီးမြို.လူထုကိုလှုံဆော်သည်။ဤသို့ဖြင့်ကုလား-ဗမာအဓိကရုဏ်းဖြစ်ပွားပြီးတမြို.လုံးဆူညံကာ ကုလားဆိုင်များ၊အီမ်များ၊ဗလီများကိုဝင်ရောက်ဖျက်ဆီးကြသည်။ပစ္စည်းများကိုလုယက်ယူသူတောကြောင်များလည်းပါသည်။အဆောက်အဦးများကိုမီးရှို.ကြသည်။ဗလီကိုလည်းမီးရှို.လိုက်သည်။တွေ.မြင်သမျှကုလားများကိုရိုက်နှက်ထိုးခုတ်ဖျက်ဆီးကြသည်။နောက်တနေ့တွင်ရာဇဝတ်ဝန်-ဘက်စတော်ခေါင်းဆောင်သောဂေါ်ရခါးတပ်သည်နေရှင်နယ်ကျောင်းသို့ရောက်လာပြီးသက်သေခံပစ္စည်းများရှာဖွေရာကြိုတင်ဖျောက်ဖျက်ထားသဖြင့်ဘာတခုမှရှာမတွေ.ပဲ သခင်ကိုကြီး(တောင်တွင်း-ကိုကိုကြီး)၊ဗုံးပြုလုပ်ပေးသူ-ဦးအရိယဝံသ၊ရှင်က္ကန္နောဘာသနှင့်ကျောင်းသားကြီးအချို.ကိုဖမ်းဆီးသွားသော်လည်းဆရာတော်ရှင်ဥက္ကဌသည်ရန်ကုန်ထိသွားရောက်ကာနန်းရင်းဝန်ဦးပုနှင့်တွေ.ဆုံကာပြောဆိုသဖြင့်ခိုင်လုံသောသက်သေမရှိဟုဆိုကာကွင်းလုံးကျွတ်လွတ်ပေးလိုက်လေသည်။
၁၉၃၈ ကုလား-ဗမာအဓိကရုန်းအတွင်းနှစ်ဖက်ထိခိုက်သေကြေဒဏ်ရာရမှုစာရင်း
လူအုပ်ဖြင့်အကြမ်းဖက်မှုကြောင့်-သေဆုံးစာရင်း-မွတ်စလင်(၁၃၉)ယောက်၊ဟိန္ဒူ(၂၅)ယောက်၊ဗမာ(၁ရ)ယောက်။ဒဏ်ရာရစာရင်း-မွတ်စလင်(၅၁၂)ယောက်၊ဟိန္ဒူ(၁၉၉)ယောက်၊ဗမာ(၁၄၅)ယောက်။တခြား(၁၉)ယောက်။
ပုလိပ်အဖွဲ.၏ပစ်ခတ်နှီမ်နင်းမှုကြောင့်သေဆုံးစာရင်း-မွတ်စလင်(၃)ယောက်၊ဟိန္ဒူ(မရှိ)၊ဗမာ(၅၆)ယောက်၊ဒဏ်ရာရစာရင်း-မွတ်စလင်(၈)ယောက်၊ဟိန္ဒူ(၁)ယောက်၊ဗမာ(၉၉)ယောက်၊အခြား(၄)ယောက်တို့ဖြစ်ပါသည်။
စာကိုး-(၁)။သျှင်ဥက္ကဌ၏ဘဝဖြစ်စဉ်
(၂)Final Report Of The Riot Inquiry Committee(1939-Rangoon)
ယခုခေတ်တွင် မိတ္ထီလာမှရွှေဆိုင်ကိစ္စ၊ဥက္ကံမှသပိတ်ကျကွဲသည့်ကိစ္စ၊ဦးဝီရသူ၏တရားပွဲဗုံးကွဲမှုများသည်လည်းအလားတူပင်ဖြစ်နေလေမလားမေးခွန်းထုတ်စရာဖြစ်နေပါတယ်။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: