ကျေးဇူးအထူးတင်ရှိပါတယ် … လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဌ မစ္စတာသောမတ်စ်အင်ဒရူး

Maung Maung
ကျေးဇူးအထူးတင်ရှိပါတယ် fmr Congressman Hor Mr Thomas H Andrews ခင်ဗျား-

ပြီးခဲ့တဲ့ ၁၉-၉-၂၀၁၃ ကြာသာပတေးနေ့က အမေရိကန်အောက်လွှတ်တော်မှာ
“မြန်မာနိုင်ငံမှာ အသွင်ကူးပြောင်း ရေးအစီအစဉ်တွေ လုပ်ဆောင်နေ
တယ်ဆိုပေမဲ့ ခိုင်ခိုင်မာမာမရှိသေး တဲ့အခြေအနေမျိုးမှာ ထိတွေ့ဆက်
ဆံမှုတွေကို တိုးမြှင့်လာနေတဲ့ အမေရိကန်အစိုးရရဲ့မူဝါဒတွေ ဟာ
လက်တွေ့ကျရဲ့လား” ဆိုတဲ့ခေါင်းစဉ်နဲ့ ကြားနာဆွေးနွေး
ခဲ့ကြပါတယ်။


အဲ့ဒီ ကြားနာမှုမှာ လူမျိုးတုန်းသတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဌ ဖြစ်တဲ့
Hor Mr Thomas H Andrewsဆွေးနွေးတင်ပြသွားတာတွေ
အတွက် များစွာအားရမိပါတယ်။
မစ္စတာသောမတ်စ်အင်ဒရူး ဟာ၂၀၁၃ခုနှစ် ဇွန်လအတွင်းက
မြန်မာနိုင်ငံကို ရောက်ရှိစဉ်Harry Mdy မိတ်ဆက်ပေးမှု
ကြောင့် မန္တလေးက ကျွန်တော့်ဆိုင်မှာညစာစားရင်း လက်ရှိ
မြန်မာနိုင်ငံရေးအခြေအနေနဲ့အမေရိကန်အစိုးရဆက်ဆံနေပုံ
အလွဲများကို အချိန် ၂နာရီလောက်ဆွေးနွေးခဲ့ဘူးပါတယ်။
တွေ့ဆုံပြီးနောက်တစ်နေ့မှာမိတ္ထီလာကိုခရီးသွားပြီး-ဒေသခံ
တွေနဲ့တွေ့လိုတယ်-ဒုက္ခသည်စခန်းတွေလေ့လာချင်တယ်ဆိုလို့
ခရီးစဉ်အတွက် ကျွန်တော်အကုန်စီစဉ်ပေးခဲ့ပေမဲ့ မိတ္ထီလာမြို့မှာ
ဌာနဆိုင်ရာပေါင်းစုံရဲ့ တားဆီး ပိတ်ပင်ခြင်း ခံခဲ့ရပါတယ်။
ဒါပေမဲ့ ဒေသခံတွေတော်တော်များများနဲ့တွေ့ဆုံဖို့ စီစဉ်နိုင်ခဲ့ပါ
တယ်။
သူ့ရဲ့ အခု အမေရိကန်အောက်လွှတ်တော်ကြားနာမှုတွေဟာ
မန္တလေးမှာ ကျွန်တော်နဲ့ ဆွေးနွေး စဉ်ကအတိုင်း မပြောင်းမလဲ ရပ်တည်ဆွေးနွေးသွားတဲ့အတွက်
အထူးကျေးဇူးတင်ရတာပါ။
ဒီလိုပုဂ္ဂိုလ်မျိုးနဲ့ မိတ်ဆက်ပေးတဲ့တူတော်မောင် Harry ကိုလဲအထူးကျေးဇူးတင်မိပါတယ်။

မောင်မောင်
(ရွှေကရ၀ိက်)

One Response to “ကျေးဇူးအထူးတင်ရှိပါတယ် … လူမျိုးတုန်း သတ်ဖြတ်မှု အဆုံးသတ်ရေး လှုပ်ရှားမှုအဖွဲ့ရဲ့ ဥက္ကဌ မစ္စတာသောမတ်စ်အင်ဒရူး”

  1. drkokogyi Says:

    Maung Maung
    မြန်မာနိုင်ငံရဲ့ပြသနာအရင်းအမြစ်
    တွေဆိုတာ-

    စစ်အစိုးရ သက်တမ်းအဆက်ဆက်
    ခိုးဝှက်ထားတာတွေကို
    ကာကွယ်လိုယုံတင်မကဘူး-

    သားစဉ်မြေးဆက်
    ဆက်ခိုးချင်နေကြသေးတယ်-
    မတော်တရော်အလုပ်တွေ
    ဆက်ပြီးလုပ်ချင်နေကြသေးတဲ့
    ပြသနာပါ။

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: