မြတ်စွာဘုရားရှင်က “ကဲ့ရဲ့ခြင်းကြာင့် လည်းကောင်း၊ ရှုတ်ချခြင်း)ကြောင့် လည်းကောင်း ပါစိတ်အာပတ် သင့်၏”
Source: Ko Lucky Ko Ko
မွတ်စလင် ကုလားကို ကုလားလို့ ခေါ်လို့ ဒေါ်အောင်ဆန်းစုကြည်က ကုလားဘက် လိုက်ပြောတယ် ဆိုတဲ့သူတွေ သေချာဖတ်ပါ၊ ကြည့်ရှု နားထောင်ပါ။
ဝတဲ့သူ တစ်ယောက်ကို ၀က်လို့ခေါ်ရင် ကြိုက်သလား?? ပိန်တဲ့သူတစ်ယောက်ကို ငဖောင်ရိုးလို့ ခေါ်ရင်ကြိုက်လား?? တိုင်းရင်းသား အချင်းချင်း လူမျိုးရေး ခွဲခြားပြီး ဟဲ့ကရင်၊ ဟဲ့ရခိုင်၊ ဟဲမြန်မာကောင်လို့ ခေါ်ရင် ကြိုက်သလား??
ယနေ့ အချိန်ထိ ကျုပ်တို့ ပြည်ထောင်စုမှာ တိုင်းရင်းသား ညီအစ်ကို မောင်နှမ အချင်းချင်း လူမျိုးရေး ခွဲခြားမှု ဆိုတဲ့ အမြင် ကျဉ်းမြောင်းမှုတွ နှင့်အတူ မြန်မာ လူမျိုးစု တစ်ခု လူမျိုးကြီး ၀ါဒကို စစ်အာဏာရှင် အဆိုးရ အဆက်ဆက်က ရိုက်သွင်းခဲ့လို့ ကျုပ်တို့ ပြည်ထောင်စု ခုချိန်ထိ မအေးချမ်းဘဲ ပြည်တွင်းစစ်မီးက ခုချိန်ထိ လောင်မြိုက်ဆဲ ဖြစ်နေတာကို အားလုံး အမြင် အသိပါ။
ကိုယ်ချင်းစာ တရားနဲ့ လူမျိုးရေး ခွဲခြားမှုကို ကုလား မျိုးနွယ်စုနဲ့ ဥပမာထားပြီး ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့ခြင်းကို မွတ်စလင် ကုလားဘက် လိုက်ပြောတယ် ဆိုပြီး ၀ါဒမှိုင်းတိုက် ခံခဲ့ရတာကို သေချာ စဉ်းစားပါ၊ ဆင်ခြင်ပါ၊ သုံးသပ်ပါ။
မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး ကိုယ်တိုင်က “ဥဇ္ဈာပနကေ ခိယျနကေ ပါစိတ္တိယံ” မြန်မာလို အနက်အားဖြင့် “အထင်သေး အမြင်သေး စေကြောင်း စကားကို ပြောဆိုခြင်း (ကဲ့ရဲ့ခြင်း)ကြောင့် လည်းကောင်း၊ အပြစ်ကို ထင်ရှားပြခြင်း (ရှုတ်ချခြင်း)ကြောင့် လည်းကောင်း ပါစိတ်အာပတ် သင့်၏” ဆိုပြီး ဘူတဂါမ၀ဂ်မှာ သိက္ခာပုဒ်တော်ကို ချမှတ် တားမြစ်တော် မူခဲ့ပါတယ်။
ထို့အပြင် “သြမသ၀ါဒေ ပါစိတ္တိယံ” အနက်အားဖြင့် “နှုတ်တည်းဟူသော လှံဖြင့် ထိုးခြင်းကြောင့် ပါစိတ်အာပတ် သင့်၏” ဆိုပြီး သူတစ်ပါး ထိခိုက် နစ်နာအောင် ပြောဆိုခြင်းကို တားမြစ်တော် မူခဲ့ပါတယ်။
အမျိုးဇာတ်ကို ထိခိုက်၍ လည်းကောင်း၊ နာမည်ကို ထိုခိုက်၍ လည်းကောင်း၊ အနွယ်ကို ထိခိုက်၍ လည်းကောင်း၊ မျိုးရိုးအလိုက် လုပ်ကိုင်ခဲ့သော အလုပ်ကို ထိခိုက်၍ လည်းကောင်း၊ အသက်မွေး ၀မ်းကြောင်းဖြစ်သော အတတ်ကို ထိခိုက်၍ လည်းကောင်း၊ အနာ ရောဂါကို ထိခိုက်၍ လည်းကောင်း၊ အသွင်သဏ္ဍာန် ပုံဟန်ကို ထိခိုက်၍ လည်းကောင်း၊ ရာဂကြီးသူ စသည်ဖြင့် ကိလေသာကို ထိခိုက်၍ လည်းကောင်း၊ သင့်နေသော အာပတ်ကို ထိခိုက်၍ လည်းကောင်း၊ တစ်စုံတစ်ခုကို မထိခိုက်ဘဲ နွားကြီးပဲ၊ ခွေးပဲဟု လည်းကောင်း၊ ဤသို့ စသဖြင့် ဆဲရေးကြ ရှုတ်ချကြလေသည်၊ ထိုအမှုကြောင့် ဤသိက္ခာပုဒ်ကို ပညတ်တော် မူရသည်လို့ ချမှတ်ခဲ့ပါတယ်။
စကားတို့သည် သက်သက် အကျိုး မရှိသော၊ အချို့လည်း အနက် အဓိပ္ပါယ် မရှိသော သမ္ဖပ္ပလ္လာပစကား ဖြစ်၍ ရဟန်းသံဃာတို့ မဆိုထားဘိ လူကြီး လူကောင်းများပင် မပြောသင့်ကြောင်း၊ အကြောင်း အားလျော်စွာ ပြောခွင့် ကြုံလာလျှင်လည်း သဒ္ဓါတရား ရှိကြောင်း၊ စိတ်ကောင်း နှလုံးကောင်း ရှိကြောင်း၊ သို့မဟုတ် မတရား လုပ်သဖြင့် လောကမှာပင် ပျက်စီးကြောင်း၊ အားလုံး အနိစ္စချည်း ဖြစ်ကြောင်း စသည်ဖြင့် တရားနှင့် မကင်းအောင် ဆက်သွယ်၍သာ ပြောဆိုသင့်ကြောင်းကို အရှင်ဇနကာဘိဝံသ ဆရာတော်ကြီးက ရှင်းလင်း တင်ပြ ရေးသားတော် မူခဲ့ပါတယ်။
ကျုပ်တို့ဟာ ဗုဒ္ဓဘာသာဝင် တွေ ဖြစ်ကြပါတယ်။ ဗုဒ္ဓရဲ့ အယူဝါဒကို လက်ခံ လိုက်နာ ကျင့်သုံး စောင့်ထိန်းမှသာလျှင် ဗုဒ္ဓဘာသာဝင် ဖြစ်မှာပါ။ ဒါကြောင့် တရား သိအောင် လုပ်သင့်သလို၊ တရားရှိအောင့်လဲ ပြောဆို နေထိုင် သင့်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ချင်းစာ တရား လူအချင်းချင်းမှာ ရှိသင့်ကြောင်းနဲ့ လူတစ်ဦးနှင့် တစ်ဦး စော်ကား ပြောဆိုခြင်း မပြုကြဘဲ သိက္ခာရှိတဲ့ ပြည်သူ၊ ပြည်သားတွေ ဖြစ်စေဖို့ လက်ဦးဆရာ မည်ထိုက်စွာ ပုဗ္ဗာစရိယ မိနှင့်ဖ ဆိုတဲ့ အတိုင်း မိဘရဲ့ ဆိုဆုံးမမှုနဲ့ ကျောင်းမှာ ပညာ သင်ကြား ပေးရတဲ့ ဆရာ၊ ဆရာမတွေ ကလည်း သင်ကြား သင့်ကြောင်း၊ ကျောင်း သင်ရိုးအနေနဲ့ပါ ထည့်ပြီး သင်ကြားသင့်ကြားကို ပြောကြားခဲ့ခြင်းသာ ဖြစ်ပါတယ်။
ယခင်က ဆိုလျှင် ကျောင်းစတက်တဲ့ အခါမှာ ဘုရားရှိခိုး၊ (၃၈)ဖြာ မင်္ဂလာ စသည်တို့ကို သင်ကြားခဲ့တာ၊ မိဘ၀တ်၊ သားသမီးဝတ်၊ ဆရာဝတ်၊ တပည့်ဝတ် စသည်တို့ကို သင်ကြားခြင်း ပြောဆို ဆုံးမခြင်းတွေ ပြုလုပ်ခဲ့တာကို အချို့တွေ (အသက်ကြီးသူများ အနေဖြင့်) သိရှိကြမှာ ဖြစ်ပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် ဗုဒ္ဓ စာပေထဲက လောကီ လူသား တွေ ပြုမူ နေထိုင်သင့်ပုံတွေကို မိဘ၊ ဆရာတွေက သင်ကြား ပေးသင့်ကြောင်းနဲ့ ကျောင်းသင်ရိုး ညွှန်တမ်းထဲမှာပါ ထည့်သွင်းသင့်ကြောင်းကို သွယ်ဝိုက်ပြီး အမေးရှိ၍ အဖြေညှိပေးခဲ့ခြင်းကို သင်တို့ အနေဖြင့် ဘာများ ငြင်းချင် လို့ပါလဲ??
~~~~~~~~~***~~~~~~~~~
မေး ။ ။ ကျွန်တော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေး ခွဲခြားမှုတွေ သိပ်ကို များပါတယ်။
မိဘ၊ ဆရာများက အစ အဲ့သလို လုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန် နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင် စသဖြင့် လူမျိုးရေး နှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ၀န်မလေးကြပါ။ ယနေ့အထိ တွေ့နေရပါတယ်။
ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ဘယ်လို ကိုင်တွယ် ဖြေရှင်းသွားဖို့ စိတ်ကူးပါသလဲ??
ဖြေ ။ ။ အဲ့ဒီဟာလေ တော်တော်ကို ဟုတ်တယ်။ ဒါ မိဘတွေက မသင်တာဘဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားရမှာ။
ဥပမာ ဆိုရင် ကုလားပေါ့နော်။ ကျမတို့ မိတ်ဆွေတွေက ကုလားလို့ ခေါ်တာ မကြိုက်ဘူး ဆိုတာ ကျမ သိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမ အိန္ဒိယ မျိုးနွယ်လို့ ခေါ်ရင် ခေါ်တယ်။ မွတ်စလင်လို့ ခေါ်ရင် ခေါ်တယ်။ ဘာသာရေး အရ ဟိန္ဒူလို့ ခေါ်ရင် ခေါ်တယ်။
အဲ့ဒီ ဘာဖြစ်လို့ သူတစ်ပါး မကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ?? ကိုယ်မကြိုက်တဲ့ အသုံးအနှုန်းကို ကိုယ့်ကို သုံးရင် ကိုယ် ဘယ်လို ထိခိုက်မလဲ?? ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ အဲဒီလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။
နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာ ကျတယ် ဆိုတာလဲ နဲနဲလေးတော့ စဉ်းစား စေချင်ပါတယ်။
ပြီးတော့ သိက္ခာမဲ့တဲ့ လူတွေသာ သူများကို စော်ကားပြီး ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလည်း မသင်တာ ပါတယ်။ ဆရာ၊ ဆရာမတွေကလည်း မသင်တာ ပါတယ်။
အဲဒီတော့ ဒါ ကျမတို့ကတော့ ကျောင်း သင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေး မတူတာ၊ လူမျိုး မတူတာ၊ အတွေးအခေါ် မတူတဲ့ လူတွေကို လေးစားသင့်တယ် ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းဘဲ ထင်ပါတယ်။
16 Responses to “မြတ်စွာဘုရားရှင်က “ကဲ့ရဲ့ခြင်းကြာင့် လည်းကောင်း၊ ရှုတ်ချခြင်း)ကြောင့် လည်းကောင်း ပါစိတ်အာပတ် သင့်၏””
  1. drkokogyi Says:
    Kyaw Nay Hlwan ဟေ့စစ်ခွေးတွေ စောက်စကားရှည် မ နေနဲ့။
    ကုလားမကလို့  တရုပ်ပါထပ်ယူယူ
    မင်းတို့ သောက်လုပ် တစက် မှ
    မရှိဘူးကွ ။
    အရည် အချင်းက အဓိက ကွ။
    ကုလားပြည်မှာ နေရလို့  ကုလားနဲ့ညားတာဆန်းလား
ီသီပေါမင်းရဲ့ သမီးတောင် မြင်းလှည်းမောင်းတဲ့ ဂိတ်စောင့်
    ကုလားနဲ့ညားသေးတာဘဲ။
    အရူးလိုလို ခွေးလိုလိုဒီမှာလာအူမ နေနဲ့
    လူလိုသူလိုရှင်းပြတာ ကိုနားမလည်တဲ့ ဟိုရခိုင်ကောင်ရောဘဲ။
  2. drkokogyi Says:
    What kind of monk is this ဦးဝရသာမိ a shameless person?
    Likely to be a Rakhine 969 FAKE monk.
    ရန်ကုန် ကုလားမူဆလင်ဆိုတဲ့အမျိုးဟာ ကမ္ဘာပေါ်မှာအရင်ကတည်းကလည်း အကြမ်းဖတ်လူမျိုတဲ့စနစ်နဲ့ နိုင်ငံတွေကို သိမ်းပိုက်ခဲ့တယ် အခုလည်းကမ္ဘာ့နိုင်ငံအသီးသီးမှာဆိုသလို စီမံကိန်းကျကျအစီအစဉ်စွဲပြီး ရရင်ရသလောက်ဝါးမျိုဖို့လုပ်နေကြတယ်ါတောင်သမိုင်းမသိ မျက်စိကန်း နားကန်း ဦးနှောက်ပါကန်းနေတဲ့ကောင်တွေက ပုဂ္ဂုလ်စွဲတွေနဲ့ဝိုင်းဟောင်
    အာဏာရူးနေတဲ့ “မွတ်စု” ကလည်းသမ္မတရူးပဲရူးနေတော့တယ် ကို့အဖေလွတ်လပ်ရေးရအောင်လုပ်ပေးခဲ့တဲ့မြေ ရခိုင်ပြည်ကြီးဟာ တို့ရခိုင်တိုင်းရင်းသားတွေဆီကနေ ကုလားပြည်ဖြစ်လာပါလားဆိုပြီး ဘယ်လိုလုပ်ပေးရမယ်ဆိုတာမစဉ်းစားနိုင် ရူးလိုက်လေချင်းအာဏာ ဘယ်မှဝေးဝေးမမြင်ရင်တောင် ရခိုင်ပြည်နဲ့ ထိုင်းနိုင်ငံတောင်ပိုင်းသာကြည့် မျက်ကန်းတွေသေချာစဉ်းစား မျက်စိစုံမိတ်ပြီးအရူးထမနေကြနဲ့ နိုင်ငံရေးဝါသနာပါလို့မဟုတ်ပါ ထိုင်းတောင်ပိုင်းမှာ စစ်သားက သေနပ်ထမ်းပြီးဆွမ်းခံကြွတဲ့ကိုတော်တွေကို လိုက်စောင့်နေရတယ်
    တို့ရခိုင်ပြည်ကကိုတော်တွေတနေ့ဒီလိုမဖြစ်လာပါဘူးလို့ “မွတ်စု” ထည့်စဉ်းစားရဲ့လား အမေကျော်ပြီး ဒွေးမွတ်ကိုလွမ်းနေတဲ့အကန်းတွေ ချီးစားနေဖို့ပဲကောင်းတယ်
    ဥယျာဉ် မှူး>>> ဒါဘုန်းကြီးပြောရမဲ့စကားလားအရှင်ဘုရား
    Oupe Soe >>>အရှင်ဘုရား ဖရုသဝါစ တွေရှောင်ပြီး နုတ်ဖြင့်စောင်မ ပါဘုရား
  3. drkokogyi Says:
    Kyaw Nay Hlwan အရှင် ဘုရားက ဗိုလ်ချုပ်ထည့်မိန့် လို့ 
    တပည့်တော်လည်းလျှောက်ထားပရ စေ။
    ရခိုင်တွေကို ဗိုလ်ချုပ်လည်း သိပ် မယုံခဲ့ပါဘူးဘုရာ့
    အရှင်ဘုရားက ရခိုင်ဘုန်ကြီးဆိုရင်တော့ တပည့်တော် ဘာမှ ထပ်လျှောက်စရာမရှိတော့ပါဘုရား။
  4. drkokogyi Says:
    Zarni Thway မြန်မာပြည်တွင် အန္ဒိယနှင့် အတူ တွဲရေးခွဲရေး ပြဿနာကြီးတက်ခဲ့ ဘူးပါသည် တွဲရေးခွဲရေး ဟောပြောပွဲ လုပ်နေစဉ် ဘုန်းကြီး တစ်ပါး ၏ ဖိနပ် တစ်ဖက် စင်မြင့်ပေါ်သို့ ဝဲ ခနဲ ရောက်လာသည် ထိုအချိန်မှစ ဘုန်းကြီး များ နိုင်ငံရေး ပါသင့် မပါသင့် ငြင်းကြခုန်ကြသည် အဲဒီမှာ စင်အောက်က ဂဒုံးဆံပင်ပေါက်နှင့် ကောင်လေး မှ ထအော်သည် အပ္ပကိစ္စာစ ဘုန်းကြီးများအမှု ကိစ္စ မများ အပ်ဟု ပါဠိဘာသာကို ရွတ်၍ ပြောသွားသူကတော့ ဗိုလ်ချုပ်အောင်ဆန်းပါပေတကား
  5. drkokogyi Says:
    Yan Naing Min ဒီပို့ စ်တင် ထားတဲ့ သူရှင်းပြထားတာ သိပ် ကောင်းတယ် လုံးဝရှင်းတယ် လေ။ ရေးထားတဲ့ စာသေချာမဖတ်ပဲ စကားများနေကြတာ အချိန်ကုန်တာပေါ့ဗျာဘာလုပ်မလည်း။ ဘုန်းကြီးကဘုန်းကြီးအလုပ် ဘုန်ကြီးလုပ်ပါ အရှင် ဘုရား ဗုဒ္ဓဘာသာသိက္ခာကျမယ့် အလုပ် မျိုးအ ပြောမျိုးတွေ ရှောင် ကျဉ်ပေးပါလို့ လျှောက်ထားပါတယ် ဦးဝရသာမိ ရန်ကု
    20 hours ago via mobile · Unlike · 12
    Zarni Thway ကျောင်းသားသပိတ်ကြီးပေါ်ထွန်းစေခဲ့ တဲ့ သပိတ်ဘီလူး လေးယောက်ကတော့ ဦးနု ဦးရာရှစ် ကိုအောင်ဆန်း ကိုညိုမြတို့ ဖြစ်သည် ထိုထဲတွင် ဦးရာရှစ်သည် မွတ်ဆလင်ဖြစ်သည် ဦးရာရှစ်ကို ကျောင်းသားတွေ လက်မခံလို့ ကျောင်းသားတွေကို ဗိုလ်ချုပ်ကပြောသည် မင်းတိုသတ္တိရှိရင် စဉ်ပေါ်မှာတက်ဟော ပါ ဒီအချိန်မှာ မွတ်ဆလင်လဲ လူသားပါဘဲ စည်းလုံညီညွတ်မှုသည် အဓိက ပါ မညီညွတ်ရင် ဘယ်တော့မှ လွတ်လပ်ရေးမရဘူး ဟု ဗိုလ်ချုပ်မိန့်ဆိုဘူးပါသည်။
  6. drkokogyi Says:
    Moe Set ဒေါ်စုကိုဝေဖန်ရအောင် ဒေါ်စုရဲ့ လုပ်ဆောင်မှုတွေထဲက တခုလောက်များလုပ်မယ်လို့ သင်တို့ စဉ်းစားမိရဲ့လား
    19 hours ago via mobile · Like · 2
    Ko Yin Maung အပေါ်ကဘုန်းကြီးရောင်ရောင် စစ်ခွေးရောင်ရောင်နဲ့ကောင် သံဃာဆိုတာ သတ္တဝါတိုင်းအပေါ်မေတ္တာထားရတယ်ဆိုတာ နားလည်လား
    19 hours ago via mobile · Unlike · 4
    Soe Thiha အရှင်ဘုရားကလည်းရှင်းနေတာဘဲအရှင်ဘုရားရေးသွားတဲ့နောက်ဆုံးcommမှာပါတယ်လေ စစ်ဖြစ်မသင့်တာအရှင်ဘုရားကမတားဘဲ လှုံဆော်နေသလိုမဖြစ်ဘူးလားဘုရား ခွင့်လွှတ်ပါဘုရားနည်းမှန်သောစကားကိုရေးရခြင်ဖြစ်ပါတယ်ဘုရား
    19 hours ago via mobile · Like · 8
    Earnshaw Michel ဘုန်းကြီးကဘုန်းကြီးလိုနေပါသိတယ်မလား၂၀၀၇တုန်းကဖြစ်သွားတာသိလားဒါဘဲပြောချင်တယ်
  7. drkokogyi Says:
    Soe Thiha တို့ဗုဒ္ဓဘာသာလူမျိုးတွေအတွက်တော့ရင်လေးတယ် မေတ္တာတရားကြီးမားတဲ့ဆရာတော်တွေနဲ့ကြုံရဆုံရဖူးခွင့်ရရင်တော့တကယ်ကံကောင်းတယ် လမ်းမှာရောက်အောင် မနာလိုစိတ် တဘက်စောင်းနင်း အယောင်ဆောင်နဲ့တွေ့ရင်တော့ စိတ်ပျက်စရာဘဲ
    19 hours ago via mobile · Like · 2
    Zarni Thway ခုပြည်သူတွေ လိုချင်နေတာ ဒီမိုကရေစီ အလုပ်အကိုင်အွင့်အလမ်း အတွက်တိုက်ပွဲဝင်နေကြတာ ပါဘုရား အရှင်ဘုရားတို့ က မုန်းတီးရေးစကားတွေ ပြောနေတော့ သွေးဆူလူသတ်မီးလောင် ဖြစ်ဖို့ ပိုများမနေဘူးလား ဒီလို မုန်းတီးရေး အစွန်းတွေ များလာလို့ ဆူပူနေရင် ဘယ်လိုလုပ် ရတော့ မလဲ ပြည်သူမျှော်လင့်တဲ့ ပန်းတိုင်
    19 hours ago via mobile · Unlike · 4
    ဥယျာဉ် မှူး အေး… ဟုတ်ပြီ။ ကုလားကို စွပေးတိုင်းစွတ်မဲ….။ တရုတ်နောက်က သယံဇာတ၊ ကျွန်းသစ်၊ သတ္တု၊ ရွှေ၊ ကျောက်စိမ်း၊ မြန်မာမိန်းကလေးတွေ သိန်းသုံးဆယ်နဲ့လူကုန်ကူးတာတွေ၊ မြတန်မာပြည်ပေါ်ကန့်လန့် ဖြတ်ဖောက်ထားတဲ့ ဓါတ်ငွေ့ပိုက်လိုင်းတွေကိစ္စ ကာဘာလုပ်ချင်တာနဲ့ ကုလားနဲ့ စွပေးတာ ဘယ်ခွေးသူတောင်းစားတွေ တရုတ်ကိုအော်ရဲလဲ။ ပြောရဲလဲ ။ တ၊ရုတ်ဆိုရင် အမြီးကုပ်နေကြတာ ဒါလားအမျိုးချစ်တာ။ ကုလား တွေခိုးသွင်းပြီး ကတ်ထုတ်ပေးတဲ့ မင်းတို့ အဖေတွေကျ မအော်ရဲကြပါ့လား။ လူထုခေါင်းဆောင် တစ်ယောက်ထဲပဲ ဝေဖန်လို့ရလား။ ဖြေကြစမ်းကွာ
    19 hours ago · Like · 13
    Zarni Thway Thuta Maung ဘုန်းကြီးကို အရင်လျှောက်လိုက်ပါ သံဃာနဲ့ မညီညွတ်တဲ့ မန့်မျိုးတွေကို မမန့်ပါနဲ့ လို့ သာသနာ သိက္ခာကျသလို သာသနာလည်းညိုးနွမ်းစေပါတယ်လို့ တကယ်လို့မှ မန့်ချင်တယ်ဆို profile လေးပြောင်းလိုက်ပါလို့ ပြောဦး
    19 hours ago via mobile · Like · 4
    Zaw Latt ဘုန်းဘုန်းဒီည ဘော်ဒီဘာကြိုက်လဲ
    19 hours ago via mobile · Like
    Earnshaw Michel ဘုန်းဘုန်းဘာဂဏန်းထိုးရမလဲ
    19 hours ago via mobile · Like
    ဥယျာဉ် မှူး ဘုန်းကြီးစစ်မှန်တယ်ဆိုရင်လည်း ဒဲ့ပဲပြောမယ်။ ဘုန်းကြီးနဲ့ ဖေ့ဘွတ် ဘာဆိုင်လည်း။ ၀ိနည်းသိက္ခာပုဒ်ထဲမှာ ပညတ်ထားတာမသိဘူးလား။
    19 hours ago · Like · 4
    Zarni Thway ကျွန်ပ်လဲ ခုချက်ချင်း သာသနာအလံသော် ၄င်း ဘုန်းကြီးပုံသော်၎င်း Profile ပြောင်းလို့ရပါသည်။သို့သော်ကျွန်ပ်ကြောင့် သာသနာညိုးနွမ်းသွားမှာကို စိုးစိမျှ မလိုလားပါ။
  8. drkokogyi Says:
    Zarni Thway ထို့ အတူအာဏာရှင်များသည် သံဃာ အတုများဖန်တီး၍ သာသနာကိုညိုးနွှမ်းအောင် လုပ်နေပါသည် အတွင်းရန်သူကို အရင်ရှင်းပါမည်။
    19 hours ago via mobile · Like · 4
    ဥယျာဉ် မှူး ဘုန်းကြီး၊ ရဟန်းများ လိုက်နာရသော ၂၂၇ သွယ်သော ၀ိနည်း ၁
    ၀ိနယ – ၀ိနည်း
    “၀ိနယော နာမ ဗုဒ္ဓ သာသနဿ အာယု”
    “၀ိနယေ ဌိတေ သာသနံ ဌိတံ ဟောတိ”
    အာပတ်ဟုခေါ်သော အပြစ်ရောက်ခြင်း ၇ မျိုး
    ၁။ ဂရုကအာပတ် ၂မျိုး (ကြီးလေးသော)
    ၂။ လဟုကအာပတ် ၅မျိုး
    ဂရုကအာပတ် ၂မျိုး
    ၁။ ပါရာဇိက အာပတ် (ရဟန်းဘ၀မှ ဆုံးရှူံးရသော အပြစ်)
    ၂။ သံဃာဒိသိသ်အာပတ် (ရဟန်း သံဃာမှ ၀ိုင်းဝန်းကူညီ စောင့်ရှောက်ပေးမှ
    ကုစားလို့ရသော အပြစ်
    လဟုကအာပတ် ၅မျိုး
    ၃။ ထုလ္လစ္စဉ်းအာပတ် (ကြီးလေးသော အပြစ် သံဃာဒိသိသ်အောက် ကြီးလေးသော အပြစ်)
    ၄။ ပါစိတ်အာပတ်(ကုသိုလ်စိတ်မှ လျောကျစေသော အပြစ်)
    ၅။ ပါဋိဒေသနီအာပတ်(သီးခြားထုတ်ဖော် ပြောကြားရသောအပြစ်)
    ၆။ ဒုက္ကဋ်အာပတ် (မကောင်းသော လုပ်ဆောင်ချက်အဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
    ၇။ ဒုဗ္ဘာသီအာပတ် (မကောင်းသော ပြောဆိုမှုအဖြစ် လူအများ ကဲ့ရဲ့ဖွယ် အပြစ်)
    ၁။ပါရာဇိက သိက္ခာပုဒ် ======၄ပါး
    ၂။သံဃာဒိသိသ် သိက္ခာပုဒ်====၁၃ပါး
    ၃။အနိယတ သိက္ခာပုဒ်======၂ပါး
    ၄။နိဿဂ္ဂိပါစိတ် သိက္ခာပုဒ်=====၃၀ပါး
    ၅။သုဒ္ဓပါစိတ် သိက္ခာပုဒ်======၉၂ပါး
    ၆။ပါဋိဒေသနီ သိက္ခာပုဒ်======၄ပါး
    ၇။သေခိယ သိက္ခာပုဒ်=======၇၅ပါး
    ၈။အဓိကရဏ သမထ=======၇ပါး။
    သိက္ခာပုဒ်ပေါင်း===၂၂၇ပါး
    သိက္ခာပုဒ် အကျယ်အားဖြင့် ၉၁,၈၀၅,၀၃၆,၀၀၀
  9. drkokogyi Says:
    Zarni Thway ဦးဝီရသူ ဟောသွားတဲ့ ကုလားကဗမာမြင် ကြောက်ကို နေရမယ်ဆိုတာ သတ်ဖို့တော့ မပြောဘူးပေါ့ ဘုရား ဒုတ်ဓါးကိုင်ပြီး ခြောက်လှန့်ဆိုတဲ့ စကားကို သွယ်ဝိုက်သော ဆူပူရေးတရားပါဘဲ ဘယ်သူကသတ်ရမယ်လို့ တိုက်ရိုက် ဟောပါ့မလဲ စဉ်းစားပါ။
    19 hours ago via mobile · Like · 4
    Zarni Thway ဘုန်းကြီး မန့်တွေလဲ ဘုန်းကြီး ပြန်ဖတ်ပါဦး အစွန်းရောက်နေပီဆိုတာကော ပြန်တွေးမိပါရဲ့လား ဘုရား မြတ်စွာဘုရားက အလယ်အလတ် လမ်းစဉ်နော် ဘုရား အစွန်းထွက်တာ ဘာမှ မကောင်းဘူး
  10. drkokogyi Says:
    Zarni Thway လူတစ်ယောက် လူတစ်ဦးချင်းစီရဲ့ ရင်ထဲမှာ ဘာသာတရားအသိ ထည့်၍ နှလုံးသားမှာ ဘုရားတည်စေချင်ပါသည် ကိုယ့် အိမ်တွင်းကို နိုင်အောင်ထိန်းပါ သူများဘာသာကို ကျွန်တော် လည်းမပုပ်ခတ်ပါ ပုပ်ခတ်တာကို လည်းမနှစ်သက်ပါ ကျွန်တော်ထေရဝါဒ ဗုဒ္ဓဘာသာ စစ်စစ်ပါ
    19 hours ago via mobile · Unlike · 4
    Zarni Thway ထိုသို့ ပုပ်ခတ်ပြောဆို ခြင်းကို မြတ်စွာဘုရားလည်းနှစ်သက်မည်မထင်ပါ
  11. drkokogyi Says:
    Ko Naing ဘာသာ သာသနာကို ကိုယ်ထိလက်ရောက် ကမ္ဘာသိ မိုက်ရိုင်းစော်ကားခဲ့တာ ဘယ်သူတွေလဲ…… ကုလား ကြောင့် အမျိုးဘာသာ သာသနာ ဒီနိုင်ငံမှာ ကွယ်စရာ အကြောင်းမရှိပါ…. မင်းဆိုးမင်းညစ်နဲ့ အပေါင်းအပါ များကြောင့်သာ ကိုယ်ဘာသာ သာသနာကွယ်ရို ထုံးစံပဲရှိပါတယ်….. နှစ်ပေါင်း ၂၅ ကျော်လုံးလုံး ကုလားတွေ ထင်တိုင်း ကျဲခွင့်ပေးခဲ့တုန်းက အမျိုးဘာသာ သာသနာ ကာကွယ်စောင့်ရှောက်ဖို့ မေ့နေတာလား… မေ့ချင်ယောင်ဆောင်နေကျတာလား….. သေနတ်ပြောင်းဝကို ကြောက်လို့ ရေငုံ နှုတ်ပိတ်နေကြတာလား….. ကိုယ်ကိုကိုယ် ပြန်မေးကြည့်လိုက်ပါအုန်းလို့…….
    Ko Naing’s photo.
    19 hours ago · Unlike · 9
    Zin Aung Htwe မှန်တာပေါ့ ဝရသာမိဆိုတဲ့ကောင် ကသံဃာယောင် စစ်ခွေး အစစ်ပဲ မြေ ခွေးလို ကောက် ကျစ်တယ်
    19 hours ago via mobile · Unlike · 2
    Zarni Thway တကယ်ဆို မြန်မာအမျိုးသမီးတွေရဲ့လူကုန်ကူးမှု ၈၀% ဟာ တရုတ်ပြည်ကိုပါ ပြည့်တန်ဆာအဖြစ်သော်၎င်း အိမ်ဖော်အဖြစ်သော်၎င်း မယားငယ်အဖြစ်သော်၎င်း နှိပ်စက်နေတာ တရုတ်ပါ
    19 hours ago via mobile · Like · 8
    Zarni Thway မြန်မာပြည်ရဲ့မြေတွေ ကို တစ်စချင်စီ ဖဲ့ခြွေနေတာ တရုတ်ပါဘုရား
    19 hours ago via mobile · Like · 5
    Zarni Thway အဲဒီတရုတ်ကို ဘယ်သူတွေ အားကိုးနေလဲ အာဏာရှင်ပါဘုရား
    19 hours ago via mobile · Like · 5
    Zarni Thway အဲဒီအာဏာရှင်ကို ဘုန်းကြီးပြောဘူးပါသလားဘုရား
    19 hours ago via mobile · Like · 4
    Zarni Thway အဲဒီတရုတ်ကို ဘုန်းကြီးပြောဘူးပါသလား ဘုရား
    19 hours ago via mobile · Like · 4
    Zarni Thway ကုလားတွေ ကို ထင်သလို White Card ထုတ်ပေးတဲ့ ကြံ့ခိုင်ရေး ကို ဘုန်းကြီးပြောဘူးပါသလားဘုရား
    19 hours ago via mobile · Like · 5
    Ko Naing မှန်တယ်ဗျို့…… ဒီစစ်အုပ်စု အစိုးရ နဲ့ဆို မကြာသော ကာလမှာ တရုတ်ကျွန် ဖြစ်မှာ အသေချာပဲ…..
    19 hours ago · Like · 3
  12. drkokogyi Says:
    Zarni Thway ဘုန်းကြီးက ဘာကြောင့် ဒေါ်စုကိုအပြစ်ပြောသလဲ ဆိုတာ နားမလည်နိုင်အောင်ဖြစ်မိပါတယ်
    19 hours ago via mobile · Unlike · 5
    ဥယျာဉ် မှူး အရှင်ဘုရားကိုဒကာငရဲသားမေးထားပါတယ်။ ပြန်ဖြေလိုက်ပါဦးဘုရား
    19 hours ago via mobile · Like · 3
    Arzarni Thuye Kaung ဘုန်းကြီးအတုတွေပါ… အရေးမလုပ်ကျပါနဲ့။
    19 hours ago · Unlike · 1
    Kyaw Nay Hlwan ကိုငရဲသားဖေါ်မှဘဲ ငါတို့ တော့သွားပြီ
    ဘုန်းကြီးအစစ်မှတ်လို့  ကိုယ်တွေက တရိုတ သေဆက်ဆံနေတာ..ဟူး..
    19 hours ago via mobile · Unlike · 3
    Arzarni Thuye Kaung စစ်ခွေးတွေ ဘုန်းကြီးယောင်ဆောင်ပြီး လူတွေကို ကုလားခရေစီဖြစ်အောင် ဖွနေတာပါ။ အသိသာကြီးပါ။
    19 hours ago · Edited · Unlike · 1
    Zarni Thway ငရဲ သား ရဲ့ မေးမြန်မှုကို အရှင်ဦးဝရသာမိ ပြန်လည်ဖြေကြားပေး ရန်မျှော်လင့်ပါသည်။
    19 hours ago via mobile · Unlike · 4
    Aung Aung Shwe အစွန်းရောက် တဲ့ အယူဝါဒ ရှိ တဲ့ ဘယ်ဘာသာ ဝင် ကို မဆို လက်မခံပါ။ အဲ့ဒီ အစွန်းရောက် ဘာသာဝင် တွေရဲ့ ဆရာ တွေ အစွန်းရောက် ရင် ပို ကြောက်စရာ ကောင်းပါတယ်။ ဒို့ ဘုရားရှင် က မေတ္တာဝါဒ လက်ကိုင် ထားတဲ့ မဇ္ဇျိမ ပဋိ ပဋါ အလယ် အလတ် သမား ဆိုတာ မ မေ့ကြပါနဲ့ … အို.. အစွန်းရောက် ဥာဏ်ကန်း မျိုးချစ် ကျီး တို့….
  13. drkokogyi Says:
    Shinmin Khaung ဦးဝိရသူဟာဒေဝရတ်မသေခင်
    ပြုခဲ့တဲ့ကောင်းမှူတခုကြောင့်အခုဘဝ
    လူဖြစ်ပြီးဘုရားသာသနာကိုဖြတ်စီး
    ဖို့ကြိုးစားနေတာအပေါင်းပါများသံဝေ
    ဂရသင့်ပြီသံသရာမပါပါစေနဲ့်
  14. drkokogyi Says:
    Ko Naing သေသေချာချာ လေ့လာစေချင်ပါတယ် နိုင်ငံကိုပါဖျောက်ပစ်ခဲ့ကြတဲ့ ဂျီဟတ်ဆို ပေါ်ချင်တိုင်ပေါ် လုပ်ချင်တိုင်း လုပ်လို့မရပါဘူး….. သမိုင်းကြောင်းကို သေချာ ပြန်ကြည့်ပါ… မင်းဆိုးမင်းညစ် သောက်သုံးမကျ အာဏာရူးဖို့သက်သက်ပဲ သိတဲ့ ကိုယ်ဘာသာ သာသနာကိုပါ ချိုးနှိမ် စော်ကားတဲ့ မင်းတွေလက်ထက်မှာပဲ ဂျီဟတ်ဆိုတဲ့ အန္တရယ်ရှိတယ်….. ပုံကြီးမချဲ့ပါနဲ့ ….. လမ်းကြောင်းလွဲဖို့ မကြီုးစားပါနဲ့….
    18 hours ago · Unlike · 6
    Than Oo ကမ္ဘာအေး ဗုဒ္ဓတက္ကသိုလ်က ဆရာတော်တွေရဲ့ ပြောဟန် ဆိုဟန်နဲ့များ ကွာပါ့.,ကြုံမှ ဆရာတော်တွေကို လျှောက်ရအုံးမယ်ဗျာ…
    18 hours ago via mobile · Unlike · 3
    Soe Thiha မြတ်စွာဘုရားရှင်ဟာ သတ္တဝါတွေကိုသနားကြင်နာတဲ့စိတ်အပြည့်ရှိနေလို့ ဘယ်အရာကိုမှခွဲခြားပြီး မဆက်ဆံ မသက်မှတ်ခဲ့ပါ အရှင်ဘုရားရဲ့အရေးအသားတွေကပေါ်လွင်နေတာကြောင့်ရေးသားရခြင်းပါ ဘုရားရှင်ဟာ သတ္တဝါအားလုံးကို တန်းတူချစ်ခင်သနားခဲ့တာပါ
    18 hours ago via mobile · Unlike · 6
    Soe Thiha တပည့်တော်တို့ ဘုရားရှင်ဟာ မင်းကုလား ငါဗမာရယ်လို့ခွဲခြားပြီး ဆက်ဆံဖို့မဆုံးမခဲ့တာတော့သေခြာပါတယ်ဘုရား
    18 hours ago via mobile · Unlike · 7
    Aung Aung Shwe အရှင် ဘုရား က အပြစ်သား ဒကာတွေ ကို ချီးစား ဘာညာနဲ့ ရုန့်ရင်းကြမ်းတမ်း တဲ့ စကား တွေ ပြောတာ ကို ဘာသာခြား(မွတ်စလင် တစ်မျိုးတည်းမဟုတ်ပါ) တွေ မြင် ရင် ဘယ်လို ယူဆ သွားမလဲ ဘုရား??
    18 hours ago via mobile · Like · 3
    Kyaw Nay Hlwan ဦဇင်းဘွဲ့နာမည်တူတာကို လက်ခံပါတယ်။
    profile ပုံလည်း အတူတူဘဲလား ဘုရာ့
    18 hours ago via mobile · Like · 3
    Aung Aung Shwe အရှင် ဘုရား… အစွန်း နှစ်ဘက် လွတ်အောင် ရှောင် ဖို့ လောက သုံးပါး ထွဋ် ခေါင် ဘုရားရှင် တိုင်းက ပညတ်ထားတော်မူခဲ့ပါတယ်..
    18 hours ago via mobile · Like · 3
    ဦးဝရသာမိ ရန်ကုန် ဒါဟာ ဦးဇင်းပုံအစစ်ပါ သူများပုံကိုလိမ်ညာပြီးမသုံးပါ တူနေရင်တောင် တစ်ဖက်လူက ယူသုံးတာနေပါလိမ့်မယ်
  15. drkokogyi Says:
    Arzarni Thuye Kaung သာသနာအတွက်ရင်လေးတယ်
    18 hours ago · Like · 2
    Ko Naing ဘုန်းကြီးကျောင်းတွေကို သေနတ် ဒုတ်ဓါးနဲ့ ညကြီး အချိန်မတော် ၀င်ရောက်စီးနင်း ဖျက်စီးစော်ကားတာ ဂျီဟတ်တွေလား….. သံဃာတော်တွေကို သေနတ်နဲ့ပစ် ဒုတ်နဲ့ရိုက် အချုပ်ကားနဲ့ ဖမ်းဆီး လူဝတ်လဲ ထောင်ထဲထည့် ခဲ့တာ ဂျီဟတ်တွေလား…… တနိုင်ငံလုံး အထွဋ်အမြတ်ထားတဲ့ မြတ်ရွှေတိဂုံ စေတီတော်ခြေရင်းမှာ သံဃာတော်တွေ နဲ့ ပြည်တွေကို ရက်ရက်စက်စက် ပစ်ခတ်ဖြိုခွင်ခဲ့တာ ဂျီဟတ်တွေလား…….. ဘုန်ကြီးဂေါင်းကို တကယ်ရိုက်ရဲတဲ့ သူတွေရဲ့ ရန်က အရင် ကာကွယ်ပါ….. ပြီးမှ အမျိုးစောင့်ပါ…….
  16. drkokogyi Says:
    မီး လုံးကြီး ဦးဇင်းဦးဝရသာမိ….
    တပည့်တော်တို့ မြန်မာတွေအနေနဲ့  ဘုန်းကြီး အကြောင်းလဲသိပါသည်။
    ကုလားအကြောင်းလည်း သိပါသည်။
    အနည်းငယ် မေးမြန်း ချင်ပါသည်။ဦးဇင်းအနေနဲ့ 
    (၁)မြန်မာတွေကို ကုလားအကြောင်း မသိဘူးလို့ ထင်ပါသလား?
    (၂)ကုလားနဲ့  အုပ်ချုပ်သူ စစ်အစိုးရ ဘယ်ဟာက ပိုအန်တရယ်
    ကြီးပြီး ဘယ်သူက ပြည်သူတွေကို ဒုက္ခပိုပြီး ပေးခဲ့ပါသလဲ.?
    (၃)တကယ်လို့ လူမျိုးခြားတွေကို အဓိကရုန်းဖြစ်ရန် ရည်ရွယ်ပြီး မြောက်စားခဲ့တာ မွေးထားခဲ့တာဖြစ်မယ်ဆိုရယ် ဦးဇင်းအနေနဲ ဘယ်လို ဆုံးဖြတ်ပါမည်လဲ..?့
Leave a reply to drkokogyi Cancel reply