အွန်လိုင်းပေါ်မတက်ချင်တာနဲ့ ဆွဲမိဆွဲရာ ရှာဖတ်ရင်း ပေါ်တူဂီ စစ်ဘုရင် ဒီဘရစ်တို အကြောင်းဖတ်နေရင်း အနောက်ဖက်လွန်မင်းရဲ့ ၁၉၊ ဖေဖေါ်ဝါရီလ ၁၆၁၃ ခု ကနေ ၃၆ရက်ကြာ သံလျှင်မြို့သိမ်းတိုက်ပ္ဗဲမှာ မြန်မာစစ်သည်အင်အား ၁၂၀၀၀၀၊ ရေကြောင်းချီသင်္ဘော ၄၀၀အပြင်၊ အာရပ်မွတ်စ်လင် စစ်သည် ၆၀၀၀ ပါဝင်တဲလို့ရေးထားတော့ အဲ့ဒီလောက်များတဲ့ မွတ်စ်လင်တွေ အင်းဝမှာရှိနေတာ အံ့သြမိသားဗျ။
( ဒါပေမယ့် အာရပ်၊ပထန်၊ပါရှန်းတွေပါဝင်တဲ့ ရခိုင်ဘုရင် မင်းရာဇာကြီးရဲ့ ရေတပ်နဲ့ ဒီဘရစ်တိုရဲ့ ပေါ်တူဂီ ရေတပ်တို့ ၁၆၀၇ မတ်လနဲ့ ဧပြီလအတွင်းမှာဖြစ်တဲ့ မော်တင်းစွန်းက ရေကြောင်းတိုက်ပွဲတွေကိုလည်း အသေးစိတ် ရေးထားတာတွေ့မိတော့မွတ်စ်လင်ဘာသာဝင်စစ်သည်တွေ မြန်မာဘုရင်တွေထံမှာစစ်မူ့ထမ်းတာ မဖြစ်နိုင်စရာမရှိ။ စာအုပ်ကတော့ ပေါ်တူဂီမှတ်တမ်းများကို ပြန်လည်ရေးထားတဲ့ ၁၉၃၀ခုနစ်ထုတ်Jahangir And The Jesuits ပါ။)
စာမျက်နှာ ၂၇၆မှာ Carapuça ရဲ့ အဓိပ္ပာယ်ကို ဒီလိုပေးထားပါတယ် ဦးKo Myo ရေ့။
Carapuça – The Portuguese dictionaries define Carapuça as a conical cap, usually of some blue or reddish material. Can the soldiers in question have been Kizilbashes who were distinguished by their red caps, and many of whom were to be found in the Mogul armies.
Tags: Catholic Church, Christianity, Denominations, Jahangir, Jesuit, Portuguese language, Religion and Spirituality, Society of Jesus
Leave a Reply