အစ္စလာမ်ဘာသာဝင် တွေ ရဲ့ အီဒုလ်အသွဟာနေ့မှာ ကိုးကွယ်ရာအရှင်ကို ပူဇော်ပသ ရတာမျိုးလုံးဝ မရှိပါ လူမျိုး ဘာသာ အယုတ်အလတ်မရွေး ကို လှုရတဲ့ အလှုတစ်မျိုးပါ

 

လူသား ညီနောင်ကိုမျိုးဆက်သို့ (၁)

October 9, 2013

 

ကျွန်တော်ရေးတဲ့ status တစ်ခု နဲ့ပတ်သက်ပြီး လူသားညီနောင် ဗုဒ္ဓဘာသာဝင်

FB Figure တစ်ဦးဖြစ်တဲ့ ကိုမျိုးဆက် ဟာ တုန့်ပြန်ရေးသားခဲ့ပါတယ်။မိမိယုံကြည်

ရာ ကို ရဲရဲဝံ့ဝံ့ ပြတ်ပြတ်သားသားရေးရဲရုံမက၊ တစ်ဖက်သားအပေါ်လေးလေးစားစား

တန်ပြန်ရေးသားတဲ့ ကိုမျိုးဆက် ကို လှိုက်လှဲစွာလေးစားမိကြောင်း ပြောကြားအပ်

ပါတယ်။ ကိုမျိုးဆက်တန်ပြန် ရေးသားခဲ့တဲ့ status နဲ့ပတ်သက်ပြီး ပြန်ကြားဖို့ရာ

ကျွန်တော့် မှာ တာဝန်ရှိသွားတဲ့ အတွက် ကျွန်တော်ပြန်ကြားရေးသားပါ့မယ်။ ဒီလို

ရေးသားရာမှာ အခြေအနေ အနေအထားအရဗုဒ္ဓဘာသာဆိုင်ရာ ကျမ်းတွေကို ပါ

ကိုးကားရေးသားရမှာ ဖြစ်ပါသောကြောင့်၊အကယ်၍များ ကျွန်တော့်ရေးသားချက်

တွေဟာ ဗုဒ္ဓဘာသာဝင်တွေရဲ့အစဉ်အလာ ယုံကြည်မှုတွေ နဲ့ ဖီလာဆန့်ကျင်နေ

မယ်ဆိုရင်သဘောထားကြီးစွာ နားလည်ပေးဖို့နဲ့ ကျွန်တော့် အကိုးအကားတွေ

မှားယွင်းကြောင်းထောက်ပြနိုင်သူရှိရင် အမှားပြင်ဆင်ရန် အသင့်ရှိနေမှာဖြစ်ကြောင်း။

 

အောက်မှာ Quote လုပ်ပြထားတာ ကျွန်တော်ရေးခဲ့တဲ့ status ပါ။

 

“မွတ်စ်လင်မ်တွေနွားသတ်တာ ဘာဖြစ်တယ်၊ ညာဖြစ်တယ် အော်ဟစ်နေ

သူများ၊ အမဲသားငါး မစားရဘူး၊ အမဲသားငါးမလှုရဘူးလို့ ဂေါတမဗုဒ္ဓ

ကိုယ်တော်တိုင် သက်သေပြထားတဲ့တစ်ချက် ပိဋကတ်တော်ထဲ ကထုတ်ပြ

နိုင်ရင် ကျွန်တော် ရဲရင့်သစ္စာ က ထေရဝါဒ ဗုဒ္ဓဘာသာကိုမဆိုင်းမတွ

ကူးပြောင်းပါ့မယ်။ မပြနိုင်ရင်တော့ အော်ဟစ်မနေကြနဲ့ပေါ့။ ဘယ်နှယ်

လဲခင်ဗျ?”

ကိုမျိုးဆက်ရဲ့ တုန့်ပြန်ရေးသားချက် တွေကို ကျွန်တော် တစ်ချက်ချင်းစီ

quote ပြီး ပြန်ကြားပါ့မယ်။ ရှုစားတော်မူကြပါ ခင်ဗျား။

 

ကိုမျိုးဆက်ရေး-“ကိုရဲပြောတဲ့ အချက်မှာ Logical Fallacy ၁ချက် ကို

စတွေ့ရတယ်။(၁) အသက်သတ်ခြင်း (မွတ်ဆလင် တို့အစဉ်အလာအား

ဖြင့် နွားဖြင့်ပူဇော်ခြင်း)(၂) အသားစားခြင်း (အမဲသားငါး မစားရဘူး ၊

မလှူ၇ဘူး လို့ပြောထားရင်)အဲ့မှာ မတူတာက နွားနဲ့ ပူဇော်ဖို့နွား ကို

သေဆုံးစေရတာနဲ့ အမဲသားငါးကို(စားသုံးခြင်း၊ လှူခြင်း) ဟာ ထပ်တူ

ပြုလို့ မရတာပဲ။

“ပြန်ကြားချက်။ ကိုမျိုးဆက် က အထက်ပါ နှစ်ချက်

ကို ယှဉ်ပြပြီး၊ logical fallacy ၁ ချက် ကို တွေ့ရကြောင်းရေးသားထား

ပါတယ်။ “အသက်သတ်ခြင်း” နဲ့ “အသားစားခြင်း” ကို ထပ်တူပြုလို့

မရကြောင်းလည်းဆိုထားပါသေးတယ်။ယဉ်ကျေးတဲ့ လူသားတွေဟာ

သတ္တဝါတစ်ကောင်ကောင် ရဲ့ အသားကို အဲဒီသတ္တဝါ သေပြီးမှသာလျှင်

စားသုံးလေ့ရှိကြပါတယ်။ အရှင်လတ်လတ် သတ္တဝါအသားကိုလှီးစား

သူတွေဟာ ရှိနိုင်သော်ငြား၊ ဗုဒ္ဓဘာသာရှုထောင့်အရကြည့်ကြည့်၊

အစ္စလာမ်ဘာသာ ရှုထောင့်အရကြည့်ကြည့် ယဉ်ကျေးသူတွေလို့

သတ်မှတ်မရနိုင်ပါ။ ယေဘုယျအားဖြင့် ဆိုရလျှင်၊ သတ္တဝါ တစ်ကောင်

ကို သတ်ပြီးမှ/သေပြီးမှ အဲဒီ သတ္တဝါရဲ့ အသားကိုစားသုံးကြတာ ဖြစ်တဲ့

အတွက် “အသတ်သတ်ခြင်း” နဲ့ “အသားစားခြင်း” တို့ဟာ logical fallacy

မဟုတ်ဘဲ၊ logically theoretically practically proven FACT သာဖြစ်

ကြောင်းပါ။ သို့သော် ခြွင်းချက်တစ်ချက်တော့ ရှိပါတယ်။ ကိုမျိုးဆက်

ကိုယ်တိုင် က သတ္တဝါအရှင် ရဲ့ အသားကို အဲဒီ သတ္တဝါ ရှင်နေတုန်း

စားသုံးတတ်သူဖြစ်မယ် ဆိုရင်တော့၊ ကိုမျိုးဆက် အမြင်နဲ့ ကြည့်ရင်၊

“အသက်သတ်ခြင်း” နဲ့ “အသားစားခြင်း” တို့ဟာ ဘယ်လိုမှ မပတ်သက်

တဲ့ အတွက် logical fallacy ဖြစ်ကောင်းဖြစ်နေပါလိမ့်မယ်။

 

အစ္စလာမ်ဘာသာဝင် တွေ ရဲ့ အီဒုလ်အသွဟာနေ့မှာ နွား၊ကျွဲ၊ဆိတ်၊သိုး၊

ကုလားအုတ် သတ္တဝါတွေ ကို သတ်ဖြတ်ခြင်းဟာ “ပူဇော်ခြင်း” ဖြစ်တယ်

လို့ကိုမျိုးဆက် က အထောက်အထားမဲ့ ရမ်းဆရေးသားထားပါတယ်။

အဲဒီလိုသတ်ဖြတ်ခြင်း ဟာ “ပူဇော်ခြင်း” ဖြစ်ကြောင်း အစ္စလာမ်ဘာသာဝင်

တို့ရဲ့ကျမ်းစာကနေ အထောက်အထားပြဖို့ ကိုမျိုးဆက်မှာ တာဝန်ရှိသွား

ပါတယ်။”ပူဇော်ခြင်း” ဟုတ်မဟုတ်၊ ဆင်ခြင်နိုင်ဖို့ရာ ကုရ်အာန်ကျမ်းလာ

ကျမ်းပိုဒ်တစ်ပိုဒ် ကို တင်ပြပေးပါရစေ။”အလ္လာဟ်အရှင်မြတ် အထံတော်

သို့ ယင်း ကုရ်ဗာနီသားကောင်တို့၏အသားများသည် အလျင်းရောက်ရှိ

သည် မဟုတ်ပေ။ ထိုနည်းတူစွာယင်းကုရ်ဗာနီ သားကောင်တို့၏ အသွေး

များသည်လည်း အလျင်းရောက်ရှိသည် မဟုတ်ပေ။ စင်စစ် အသင်တို့ ၏

ရိုသေလေးမြတ်မှု၊ အမိန့်တော်ကိုရိုသေလိုက်နာမှု၊ ကောင်းမြတ်သော

အကျင့်သီလသည်သာလျှင်ထိုအရှင်မြတ် အထံတော်သို့ ရောက်ရှိပေသည်။

……”(၂၂း၃၇)

 

ကျွန်တော်တို့ ရဲ့ ကိုးကွယ်ရာ အရှင်ဟာ လိုလားတောင့်တခြင်းမှ ကင်းစင်

တော်မူပါတယ်။ လူသားများ ကို မှီခိုအားထားခြင်းမှ ကင်းစင် တော်မူပါတယ်။

ကျွန်တော်တို့ က ကိုးကွယ်ရာ အရှင်ကို အသား၊ ငါး၊ ဟင်းသီးဟင်းရွက်

ကျွေးမွေးနေစရာမလိုပါ။ ပန်း၊ရေချမ်း၊ ဆက်ကပ်စရာ မလိုပါ။ နံနက်စောစော

ထမင်း၊ ဟင်း၊ ကောက်ညှင်းပေါင်း၊ အီကြာကွေး၊ စမူဆာ စသဖြင့် ပူဇော်ရန်

မလိုပါ။ အမွှေးတိုင်၊ ဖယောင်းတိုင်၊ ဆီမီး ထွန်းညှိ ပူဇော်စရာမလိုပါ။ ရေချိုး

ပေးခြင်း၊ ခေါင်းလျှော်ပေးခြင်း၊ အမွှေးနံ့သာထုံမွှမ်း ပူဇော်ခြင်း မလိုအပ်ပါ။

တကယ်တော့ ကုရ်ဘာနီပြုခြင်းဆိုတာ အမိန့်နာခံခြင်း၊ စွန့်လွှတ် အလှုပြုခြင်းပါ။

ကိုးကွယ်ရာ အရှင်ကို လှုရတာ မဟုတ်ဘဲ၊ ကိုးကွယ်ရာ အရှင်ရဲ့ အမိန့်ကိုနာခံပြီး

လူသားတွေ ကို လှုရတာပါ။ ကျွဲ၊နွား တို့ ကို သတ်ဖြတ်ပြီး ရလာတဲ့ အသား

ဘယ်နှစ်ပုံ ကို စင်မြင့်မှာတင်၊ ကိုးကွယ်ရာအရှင်ကို ပူဇော်ပသ ရတာမျိုးလုံးဝ

မရှိပါ။ လူမျိုး၊ ဘာသာ အယုတ်အလတ်မရွေး ကို လှုရတဲ့ အလှုတစ်မျိုးပါ။

ကျွန်တော် ပြောတာကို ကိုမျိုးဆက် သံသယရှိမယ်ဆိုရင်အဲဒီ နေ့ကျရင်

ကုရ်ဘာနီပြုတဲ့ မွတ်စ်လင်မ်တစ်ဦးအိမ် ကိုသွားရောက်ပြီး အသားလိုချင်ကြောင်း

တောင်းခံကြည့်ပါ။ လူမျိုး ဘာသာမရွေး ပေးကမ်းကြောင်း မျက်တွေ့လက်တွေ့

မြင်ရမှာဖြစ်ပါတယ်။

 

ကိုမျိုးဆက်ရေး-“အမဲသားငါးကို စားသုံးတာကို မတားမြစ်ပါ။ ဒါပေမယ့် သတ်ခြင်း

ကိုတားမြစ်ပါတယ်။ သတ်တဲ့သူ တယောက်မှ မရှိလို့ ရောင်းမည့်သူမရှိရင်လဲ ကိုယ့်

ဝမ်းအတွက် သူတပါးအသက်နဲ့ မဖြည့်ရပါ။ အခြေခံ ဒသနကသူလဲ ကိုယ့်လို အသက်

ရှင်ချင်သူ…ကိုယ်လဲ သေရမှာ ကြောက်သူ။ဒါကြောင့် ကိုယ်ချင်းစာစိတ်နဲ့ သူများဘဝ

ကို မဖျက်ဆီးဘူး ဆိုတဲ့ အခြေခံပါ။”

 

ပြန်ကြားချက်။ ဒီနေ့ ဒီခေတ်သမယ၊ အသက်သတ်လွတ်စားသုံးခြင်းဟာ ဗုဒ္ဓဝါဒ

ဖြစ်သယောင်ယောင် ဟောပြောခံယူကျင့်သုံး နေကြတဲ့အချိန်၊ အမဲသားငါး စားသုံးခြင်း

ကို ဗုဒ္ဓ က မတားမြစ်ခဲ့ကြောင်း ကိုမျိုးဆက်ကိုယ်တိုင် က ဝန်ခံရေးသားလိုက်တဲ့

အတွက် အလွန်ပီတိဖြစ်မိပါတယ်။အမှန်တရား တစ်ရပ်ကို အတင်းပိတ်ဆို့ငြင်း၊

ကျားကျားမီးယပ်လုပ်သူတွေထဲ မပါဝင်တဲ့ ကိုမျိုးဆက် နဲ့ သိကျွမ်းခွင့်ရတဲ့ အတွက်

လည်းဂုဏ်ယူမိပါတယ်။

 

ဗုဒ္ဓဘာသာမှာ သတ်ခြင်းကို တားမြစ်ကြောင်း ကိုမျိုးဆက်ဆိုထားပါတယ်။ ဟုတ်ပါတယ်၊

ဗုဒ္ဓ က သတ်ဖြတ်ခြင်းကို တားမြစ်ခဲ့တာအမှန်ပါ။ သို့သော် ကျွန်တော့် status မှာရေးထား

တာ က ဒီလိုပါ။”ဂေါတမဗုဒ္ဓကိုယ်တော်တိုင် သက်သေပြထားတဲ့တစ်ချက် ပိဋကတ်တော်

ထဲ ကထုတ်ပြနိုင်ရင်…..”ဆိုလိုတာက ဂေါတမဗုဒ္ဓဟောခဲ့တာကိုထား၊ လက်တွေ့လုပ်ဆောင်

ပြခဲ့တာ ရှိရင် ထုတ်ပြပါလို့။ အသတ်မသတ်ရလို့ ဟောခဲ့ပြီး၊ ကိုယ်တော်တိုင် က တော့

ပန်းထိမ်သည်သား စုန္ဒကပ်တဲ့ ဝက်ပျိုသားဆွမ်းကို ဘုဉ်းပေးတော်မူခဲ့တယ်။ (ကိုးကား-

မဟာပရိနိဗ္ဗာနသုတ်) ဂေါတမဗုဒ္ဓ နေရာမှာ သာမန်လူတစ်ဦးဆိုရင်တော့၊ စုန္ဒဆွမ်းကပ်

တဲ့ ကိစ္စကို ဒီနေရာ မှာ အထောက်အထားအဖြစ် ပြဖို့မသင့်ပါ။ သို့သော် သဗ္ဗညုတ

ဥာဏ်တော်ရှင် ဖြစ်တော်မူတဲ့ ဗုဒ္ဓဟာ စုန္ဒ က ဆွမ်းစားဖိတ်စဉ် ကတည်း က ဝက်ပျိုသား

နဲ့ ဆွမ်းကပ်မယ်ဆိုတာ သိတော်မူခဲ့မှာပါ။ မိမိကြောင့် သတ္တဝါ တစ်ကောင်ရဲ့ အသက်သေ

မှာကို သိတော်မူခဲ့ရဲ့သားနဲ့ မတားမြစ်ခဲ့ဘဲ (သို့မဟုတ်) သစ်သီးဆွမ်း၊ အသက်လွတ်ဆွမ်း

သာကပ်ပါဟု မိန့်တော်မူခဲ့ခြင်း မရှိခဲ့ဘဲ၊ ဖိတ်ကြားမှု ကို လက်ခံခဲ့ခြင်းဟာ အမဲသားငါး

သတ်ဖြတ်လှုနိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေပါ။လိုအပ်ပါက သတ္တဝါ

အသက်ကို သတ်ဖြတ်နိုင်ကြောင်း ဗုဒ္ဓကိုယ်တော်တိုင်ပြခဲ့တဲ့ သက်သေ နှစ်ခု ပိဋကတ်

သုံးပုံ ကနေ ထပ်မံထုတ်နှုတ်ပြပါ့မယ်။

 

၁။ ဒီဃနိကာယ်၊ အမ္ဗဋ္ဌသုတ် ၂၇၀-၂၇၁ဂေါတမဗုဒ္ဓ နဲ့ အမ္ဗဋ္ဌလုလင် တို့ အပြန်အလှန်

ပြောဆိုရင်း၊ တစ်ချက်မှာ ဂေါတမဗုဒ္ဓ ရဲ့ အမေးစကား တစ်ခုကို အမ္ဗဋ္ဌလုလင် က မဖြေကြား

ဘဲ၊ ဆိတ်ဆိတ်နေခဲ့ပါတယ်။ ဂေါတမဗုဒ္ဓသုံးကြိမ်တိုင်တိုင် မေးပြီး၊ အကယ်၍ ဘုရားက

သုံးကြိမ်တိုင်တိုင် မေးမြန်းတာကို မဖြေကြားဘဲ နေလျှင်၊ အဲဒီလူရဲ့ ဦးခေါင်းဟာ အဲဒီနေရာ

မှာပဲ ခုနှစ်စိတ်ကွဲ မှာ ဖြစ်ကြောင်း ခြိမ်းချောက်မိန့်တော်မူခဲ့ပါတယ်။ အဲဒီ အချိန်မှာ သိကြား

မင်းဟာ ဘီလူးအသွင်ဆောင်ပြီး သံတူ ကြီးစွဲကိုင်၊ မေခွန်းဖြေဖို့ ပျက်ကွက်ရင် ခေါင်းကို

ခုနှစ်စိတ်ကွဲ အောင် ထုသတ်ဖို့ အထက်ကောင်းကင်မှာ ရပ်နေခဲ့ပါတယ်။ မေးခွန်းလေး

မေးတာ မဖြေတာကို တောင် ဦးခေါင်း ခုနှစ်စိတ် ခွဲသတ်ဖို့ ဂေါတမဗုဒ္ဓ က ကြံရွယ်တော်

မူခဲ့ပါတယ်။ အကယ်၍ အမ္ဗဋ္ဌ လုလင်ကသာ မေးခွန်း ကို မဖြေခဲ့ရင်၊ ဦးခေါင်း ခုနှစ်စိတ်

ကွဲသေပွဲဝင်ခဲ့ရမှာပါ။

 

၂။ အောင်ခြင်းရှစ်ပါးကို ကြားဖူးမှာပါ။

 

မာရံ ယက္ခံ ဂဇံ စောရံ ၊စိဉ္စမာဏဉ္စ သစ္စကံ ။နာဂံ ဗကံ ဇိနော ဇိနိ ၊ဟောတု မေ ဇယမင်္ဂလံ ။

 

ဆဋ္ဌမမြောက် အောင်ခြင်းဟာ “သစ္စက ပရဗိုဇ်ကို အောင်တော်မူခြင်း”ဖြစ်ပါတယ်။

မူလပဏ္ဏာသ၊ စူဠှသစ္စကသုတ် ၊ ၃၅၇ ကို လေ့လာကြည့်ပါ။ အဲဒီမှာလည်းပဲ၊ ဂေါတမဗုဒ္ဓ

မေးတဲ့ မေးခွန်းကို သစ္စက ပရဗိုဇ် က မဖြေတော့ ဦးခေါင်းခုနှစ်စိတ်ကွဲ ရမယ်လို့

ဂေါတမဗုဒ္ဓ က ခြိမ်းချောက် တော်မူခဲ့ပါသေးတယ်။ ဆိုလိုတာ က အသက်ဟူသမျှ

မသတ်ရလို့ဟောကြားခဲ့သော်ငြား လက်တွေ့မှာတော့ ဂေါတမဗုဒ္ဓဟာ လိုအပ်လာ

လျှင်တော့ အသက်ကိုသတ်ဖို့ အထိအသင့်ရှိခဲ့ကြောင်းပါ။

 

ဂေါတမဗုဒ္ဓ က အသက်ကိုမသတ်ဖို့ ဟောကြားခဲ့သောငြား၊ မိမိအသက်ရှင်ဖို့ရာ၊

အသက်ပေါင်းမြောက်များစွာကို သတ်ဖြတ်ခဲ့ကြောင်း အနှစ် ၈၀ ပတ်လုံး အသက်ရှင်

တော်မူခဲ့တဲ့ ဂေါတမဗုဒ္ဓ ကိုယ်တော်တိုင် သက်သေပါ။ဆိုလိုတာက လူတစ်ယောက်

အသက်ရှုရင် လေထဲက မြောက်များစွာသောသတ္တဝါတွေ သေကြေပျက်စီးကြရပါတယ်။

လူတစ်ယောက်ခြေတစ်လှမ်းလှမ်းရင် မြေကြီးပေါ်က မြောက်များစွာသော ဇီဝရုပ်တွေ

သေကြေပျက်စီးကြရပါတယ်။ သတ္တဝါတွေ ရဲ့ အသက်ကို မသေကြေစေဘဲ၊

လူတစ်ယောက်ဟာ အသက်ရှင်ဖို့လုံးဝ မဖြစ်နိုင်ပါ။

 

ဆက်ရန်-လူသား ညီနောင်ကိုမျိုးဆက်သို့ (၂)

Leave a Reply

Fill in your details below or click an icon to log in:

WordPress.com Logo

You are commenting using your WordPress.com account. Log Out /  Change )

Google photo

You are commenting using your Google account. Log Out /  Change )

Twitter picture

You are commenting using your Twitter account. Log Out /  Change )

Facebook photo

You are commenting using your Facebook account. Log Out /  Change )

Connecting to %s


%d bloggers like this: